အချစ်ဆိုတာ တစ်ခါတစ်လေ ခဏတာနဲ့ဖြစ်ပေါ်သလို ခဏတာပျောက်ကွယ်သွားတတ်ပါတယ် ….. တစ်ခါတစ်လေကျပြန်တော့လည်း ခဏတာဖြစ်ပေါ်လာတဲ့အချစ်က တသက်တာချစ်သွားခဲ့မိတာတွေ လည်းရှိပါတယ် …….. လူတစ်ယောက်နဲ့တစ်ယောက်က ချစ်ပုံကြိုက်ပုံ ခံစားချက်ခြင်းမတူညီကြပါဘူး ချစ်ပြီးမှ အိမ်ထောင်ပြုကြတာများပါတယ် …….. အဲဒီအချိန်မှာလည်း အချစ်ကိုနားလည်အောင် သင်ယူသင့်ပါတယ် …… ကိုယ်ကလူတစ်ယောက်ကို စချစ်ချစ်ခြင်းသူ့အကြောင်းကို အစုံသိချင်မှ သိမယ် သူ့အကြောင်းအရင်သိပြီးမှချစ်တာလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ် ကိုယ့်ဘ၀အတွက်လက်တွဲဖော်လို့ သတ်မှတ်ပြီးရင်တော့ သူဘာကြိုက်တတ်သလဲ ကိုယ်ဘာကြိုက်လဲဆိုတာ အပြန်အလှန်သိအောင် ကြိုးစားသင့်ပါတယ် သူ့အကြိုက်ကိုလိုက်နိုင်အောင်ကြိုးစားသင့်ပါတယ် …… တစ်ခါတစ်လေကျတော့လည်း ခက်သား သူ့အကြိုက်ဟာ ကိုယ်မလိုက်နိုင်တဲ့အခါ အဲလိုလူမျိုးကိုလမ်းခွဲဖို့ ၀န်မလေးသင့်ဘူး အဲဒါအချစ်ကို နှလုံးသားနဲ့ဆုံးဖြတ်တာမဟုတ်ဘဲ ဦးနှောက်နဲ့ဆုံးဖြတ်တာပါ ……..

ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြချင်ပါတယ် …….

တွယ်တာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဠီကာ ဆိုတဲ့ ကောင်လေးတစ်ယောက် ငယ်စဉ်ကလေးဘ၀မှာ ချစ်ကြိုက်မိကြတယ် ……. အထက်တန်းကျောင်းသူကျောင်းသားဘ၀ဆို ပိုမှန်ပါလိမ့်မယ် အဲဒီအချိန်ဟာ ကျီးကောင်ပေါက်စအရွယ်လို့ပြောရမလား မလှတလှ အလှသွေးဝင် ချိန်ပေါ့ တွယ်တာက ရိုးတယ် ခေတ်မဆန်ဘူး မပြင်တတ်မဆင်တတ်နဲ့ပေါ့ … ဠီကာလည်းရိုးပါတယ် ဒါပေသည့်ဠီကာ့အတွင်း စိတ်ကခေတ်ဆန်သည် ဒါတွေကို တွယ်တာက ရိပ်မိလာခဲ့တယ် ….. တွယ်တာက အထက်တန်းအောင်တော့ တက္ကသိုလ်ကျောင်းဆက်တက်တယ် ဠီကာကတော့ စာမေးပွဲကျနေခဲ့ လေရဲ့ တက္ကသိုလ်ကျောင်းသူဘ၀မှာ တွယ်တာနဲ့ဠီကာ သိပ်မတွေ့ဖြစ်ကြတော့ …… တစ်ခါတစ်ရံ တွေ့ချိန်ဆို တွယ်တာသည် သူ့အစွမ်းအစရှိသမျှနှင့် အစွမ်းကုန်ပြင်လေ့ရှိသည် အဘယ့်ကြောင့်ဆိုသော် ဠီကာစိတ်ကိုသိနေသဖြင့် သူမကိုပိုချစ်စေရန်အတွက်ဖြစ်သည် တွယ်တာက ဠီကာကိုသိပ်ချစ်သည် ဠီကာဘာလုပ်လုပ် တွယ်တာဘာမှမဝေဖန် သည်းခံခဲ့သည် အခြားမိန်းကလေးများကိုလည်း ရည်းစားထားတတ်သေးသည် ထိုအကြောင်းများကို တွယ်တာ့ထံ လာရောက်ပြောပြလေ့ရှိသည် တွယ်တာက စိတ်မဆိုးသည့်အပြင်ဂုဏ်တောင်ယူတတ်သေး၏ သူဘယ်လောက်ပဲပွေပွေ င့ါကိုတော့ ချစ်နေပါလားဆိုတဲ့အသိနဲ့ပေါ့ ဒါပေသည့် လူ့စိတ်ဆိုတာ ခက်သားလား တွယ်တာက ရိုးရိုးအေးအေးနေသည့် မိန်းကလေး….  ဠီကာက ကြီးလာသည်နှင့်အမျှ ပွေရှုပ်အလှမက်လာလေသည် ထိုဒဏ်ကိုတွယ်တာမခံနိုင် တွယ်တာက ခေတ်မဆန် ဠီကာကိုယ်တိုင်ကလည်း တွယ်တာအပေါ်တွင် သိပ်စိတ်မ၀င်စားတော့ နောက်ဆုံး တွယ်တာက ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချလိုက်သည် ဠီကာနှင့်လမ်းခွဲလိုက်တော့သည် …… အမှန်ကား မချစ်လို့တော့မဟုတ် မဖြစ်နိုင်တော့သောကြောင့်သာဖြစ်သည် … ဠီကာကို ဆက်ချစ်နေလျှင်သူမ ဘ၀သာ အချိန်တွေကုန်သွားမည် နံမည်ပျက်မည် ဠီကာက သူမကို လက်ထပ်ယူမည် မဟုတ်ကြောင်းကို သိသောကြောင့် လမ်းခွဲခဲ့သည် ……..

ဒီလိုနှင့် ဠီကာနှင့်လမ်းခွဲပြီးနောက်ပိုင်း တွယ်တာ မည်သည့်ယောက်ျားလေးအချစ်ကိုမျှမယုံကြည် တော့ပေ ယောက်ျားလေးမှန်သမျှ သူမကို အပျော်သဘောသာ ချစ်သည်ဟု ခံယူချက်ထားကာ စိတ္တဇ၀င်ခဲ့လေသည် သူမကို ချစ်သောယောက်ျားလေးများကိုလည်း သူမကိုယ်တိုင် ဠီကာလောက်မည်သို့မျှ စိတ်ဝင်စားလို့မရဟုထင်ခဲ့သည် ………… တွယ်တာဘုရားမှာ အမြဲဆုတောင်းတာတစ်ခုရှိတယ် “စစ်မှန်သော ဖူးစာရှင်နဲ့တွေ့ရပါလို၏ ဘုရားလို့” နေ့စဉ်ဘုရားဝတ်ပြုတိုင်းဆုတောင်းခဲ့တယ် ……..

အချိန်တွေကြာလာသည်နှင့်အမျှ တွယ်တာလည်း ပတ်ဝန်းကျင်မျိုးစုံတွင်ကျင်လည်လာခဲ့လေသည် တွယ်တာအသက် (၂၄) နှစ်မှာ တွယ်တာဆုတောင်းပြည့်ဖို့အတွက် မထင်မှတ်ပဲ ကောင်လေးတစ်ယောက်နှင့်ဆုံတွေ့ခဲ့သည် ထိုကောင်လေးသည် တွယ်တာထက်တော့အသက်ငယ်မည်ထင် …. တွယ်တာသူ့ကိုမြင်မြင်ချင်းချစ်မိသည် အဆန်းတော့အဆန်းသား ဒါပေသည့် သူမနှလုံးသားကို သူမဆုံးမခဲ့သည် မဖြစ်သင့်ဘူးဆိုတာကိုပေါ့ ……… ကောင်လေးက တွယ်တာ့ကိုသိပ်ချစ်သည် တွယ်တာကတော့ သူမရဲ့စိတ္တဇအတိုင်း မည်သည့်ယောကျားလေးကိုမျှမယုံကြည် …. သို့ပေသည် အချစ်စစ် မေတ္တာစစ်လျှင် သကြားမင်းဖျက်လျှင်တောင် ပျက်ရိုးထိုးစံမရှိပါဆိုသည့် စကားလဲအရှိသားလား …..တွယ်တာနှင့် ကောင်လေး ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြသည် …….  သူမမနှစ်သက်သော အပြုအမူတွေ သူမခံစားချက်တွေကို ကောင်လေးကို ပြောခဲ့သည်……… ကောင်လေးကလည်း တွယ်တာမည်သို့ဖြစ်နေပါစေ လက်ထပ်ပြီး သက်ဆုံးတိုင် လက်တွဲသွားပါမည်ဟု ဘုရားတွင် သစ္စာဆိုကတိပေးခဲ့သည် …….. (စကားပုံတစ်ခုထဲကလိုပေါ့ မိန်းမဆိုလိမ်မှ ရည်းစားဆိုကျိန်မှဆိုသလို ) တွယ်တာ ကောင်လေးကို အလွန်ပဲ ယုံကြည်သွားခဲ့သည် ….. တွယ်တာသည် ရုပ်ဆိုးသည် သ၀န်တိုတတ်သည် ၀မ်းနည်းလွယ်သည် စိတ်ကောက်တတ်သည် သူမ၏ ကောင်လေးသည် သူမမလွဲလျှင် မည်သည့်မိန်းကလေးကိုမှ စိတ်မ၀င်စားဟု တွယ်တာ့ကိုပြောသည် တွယ်တာစိတ်ထဲတွင်လည်း ထိုကောင်လေးကိုအလွန်ချစ်သည် သူမကိုမယူလည်း ဒီတသက် အပျိုကြီးလုပ်သွားမည်ဟုဆုံးဖြတ်ကာ မျက်လုံးစုံမှိတ်ချစ်ခဲ့သည် အတူသွားလာစဉ်မှာလဲ သူမအမြဲအကဲခတ်သည် ကောင်လေးသည် အခြားမိန်းကလေးများကို ဘယ်တော့မှ မကြည့် …… သူမကိုလည်းအလွန်ကြင်နာသည် သူမ သနပ်ခါးများကို ပဲဟင်းအိုးမှောက်သလိုလိမ်းထားလျှင် ကောင်လေးက တစ်သျှူးနှင့်လှပအောင် ဖျက်ပေးလေ့ရှိသည် တွယ်တာ့ကျန်းမာရေးကိုအလွန်ဂရုစိုက်သည် နေ့စဉ်တွယ်တာထံဖုန်းဆက်သည် တွယ်တာသည် ကောင်လေးခွဲသွားမှာကို အလွန်စိုးရိမ်ပြီး မျက်ရည်များကျခဲ့တာအကြိမ်မနည်း ကောင်လေးက အဲဒီအချိန်တွေဆို “အပြာရောင် အချစ်ည ” ဆိုတဲ့ သီချင်းလေးနဲ့ တွယ်တာကို အမြဲအားပေးခဲ့သည် ….. တွယ်တာအလွန်ပဲပျော်ရွင်သာယာမိသည် မေတ္တာဆိုတာအသွား အပြန်ရှိတယ်ဆိုတာကို တွယ်တာယုံကြည်လာသည် …… နောက်ဆုံးတွယ်တာနှင့်ကောင်လေး ဘ၀တစ်ခုကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သည် ……. ကောင်လေးသည် အပြောနှင့်အလုပ်ညီသည် တွယ်တာနှင့် အိမ်ထောင်ကျသည့်တိုင် တွယ်တာ့အပေါ်တွင် လွန်စွာကြင်နာသည် ……တွယ်တာ့ဘ၀တွင် အချစ်စစ်အချစ်မှန်ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် အလွန်ပင်ကျေနပ်ပျော်ရွင်မိပါသည် တွယ်တာလည်း ကောင်လေးအပေါ်တွင် ဘ၀တစ်သက်လုံးမေတ္တာစစ် အချစ်စစ်တွေနှင့် ချစ်သွားပြီး ပေးဆပ်သွားမည်လို့ ဆုံးဖြတ်ချက်ချလိုက်မိပါသည် …………..

 

ဒီပို့စ်လေးရဲ့အဓိကရည်ရွယ်ချက်က မိမိဘ၀လက်တွဲဖော်ကို ထိုသူရဲ့စိတ်နဲ့ အများကြီးမဟုတ်တောင် အချို့အချက်တွေ ထပ်တူကျမှသာ ရွေးချယ်သင့်ကြောင်း ….. ရွေးချယ်ပြီး သူမှာလည်း မိမိစိတ်နှင့် ထပ်တူမကျဟုထင်မြင်ခဲ့ပါက လမ်းခွဲရန် ၀န်မလေးသင့်ကြောင်း ရည်ရွယ်ခြင်းပါ …….. အခြားသူများနှင့် အမြင်မတူတာလည်းရှိနိုင်ပါတယ် …….. ကျွန်မရဲ့အမြင်ကလေးတင်ပြခြင်းဖြစ်ပါတယ် ………

 

ခင်မင်လေးစားစွာဖြင့်

Khaing Khaing

About Khaing Khaing

- - has written 38 post in this Website..