MG ၇ွာထဲကိုရောက်ရောက်ချင်းပဲ ကြိုဆိုကြတဲ့အတွက် အားလုံးကိုအထူး ကျေးဇူးတင်ပါတယ်နော်။ ညီမရဲ့ကံမကောင်းပုံကတော့ MG ထဲကို မှတ်ပုံတင်ပြီးဝင်တဲ့နေ့မှာ ပဲ connection ကတော်တော်လေးဆိုးနေတယ်။ မိတ်ဆက်စာတင်တော့ တင်နေရင်းနဲ့ network error ဆိုပြီးလိုင်းကျသွားတယ်။ အဲဒါညီမကလည်းဖြစ်နေကျပြသနာဆိုတော့ ပြန် refresh လုပ်ပြီးထပ်တင်တာပေါ့။ အဲဒါ ပို့စ်ကနှစ်ခါထပ်သွားတယ်။ ပြန်လည်းမဖျက်တတ်ဘူး။ G-mail သုံးရင်လည်းအဲဒီလိုလိုင်းကျတာမကြာခဏဖြစ်တယ်။ အရင်ကတော့စာတွေအများကြီးရိုက်ပြီးမှဖြစ်ရင်ဒေါသတွေထွက်တာပေါ့။ နောက်ပိုင်းကျတော့ စာတွေရိုက်ပြီးပြီဆိုရင် ကော်ပီလုပ်ပြီး အရင်သိမ်းထားရတယ်။ နောက်ပြီးအကုန် select မှတ် Ctrl+C အဆင်သင့်ပြင်ထားတယ်။ “Your message have been sent” ဆိုတဲ့စာကြောင်းပေါ် မလာမချင်းဆက်ပို့ပဲ။
ညီမက အင်တာနက်ကိုပုံမှန်သုံးဖြစ်ပေမယ့် website တွေကို တော်ရုံဝင်မကြည့်ဖြစ်ခဲ့ဘူး။ တချို့ site တွေကို ၀င်ကြည့်ပြီးနောက် ဒေါသချောင်းချောင်း ထွက်ပြီးပြန်ထွက်လာရတာတွေလည်းရှိတယ်။ ဥပမာ Myanmar Exp; တို့လိုပေါ့။ ဒါပေမယ့် MG နဲ့တွေ့တော့ စိတ်ထဲပေါ့ပါးသလိုခံစားရတယ်။ ငြင်းကြခုန်ကြတဲ့အခါလည်းသူတို့နဲ့ အတူလိုက်ပြီးစဉ်းစားပြီး ဘယ်သူပြောတာမှန်တယ် မှားတယ် ဆန်းစစ်ဝေဖန်ပေး၊ ပျော်စရာအကြောင်းလေးတွေ ဟာသ၊ သရော်စာတွေဖတ်တဲ့အခါမှာ တော့ စိတ်ညစ်စရာရှိနေတဲ့အချိန်မှာတောင် အကုန်မေ့စေတယ်၊ ဗဟုသုတတွေကျတော့လည်း မှတ်သားလေ့လာပြီး သိမ်းထားသင့်တာလေးတွေကျတော့လည်း သိမ်းထားတာပေါ့နော်။ ဟင်းချက်နည်းတွေကျတော့လည်း အစားမက်တဲ့သူဆိုတော့ မချက်ဖူးတာ မလုပ်တတ်တာတွေဆို စုထားပြီး စိတ်ပါတဲ့နေ့ချက်စားကြည့်တယ်။ ခရီးသွားမှတ်တမ်းလေးတွေ ဓါတ်ပုံလေးတွေတွေ့ပြန်တော့လည်း ခရီးသွားတာကိုဝါသနာပါတဲ့သူဆိုတော့ စိတ်ဝင်တစားဖတ်မိတယ်။ ဓါတ်ပုံလေးတွေနဲ့တကွတင်ထားတာတွေ့ပြန်တော့လည်း ကိုယ်အဲဒီလိုမလုပ်ခဲ့မိတဲ့အတွက် နောင်တရတယ်။ ကျမသွားခဲ့တဲ့ခရီးသွားအတွေ့အကြုံလေးတွေကိုလည်း အခါအခွင့်သင့်ရင်ဝေမျှပါအုန်းမယ်။ ထူးထူးဆန်းဆန်းပုံလေး တွေ အလှအပဓါတ်ပုံလေးတွေကိုလည်း စုဆောင်းထားမိတယ်။ ရေးသားသူကိုမမှတ်မိပေမယ့် exchange နဲ့ပတ်သက်ပြီးတင်ပေးတဲ့ g-talk address လေးကတော့ကျမအတွက် သိပ်ကိုအသုံးဝင်တယ် ကိုယ့်မိတ်ဆွေတွေကိုလည်းဝေငှဖြစ်တယ်။ တခါကတော့ ပန်းဂေါ်ဖီစိမ်းသုပ်ကိုလက်တဲ့စမ်းမိတာ ဘာမှားသွားလည်းမသိပဲ အစာမကြေဆေးခန်းသွား လိုက်ရသေးတယ်။ ကိုယ်ကတော့ သေချာတော့ဆေးမိပါတယ်။ ပန်းဂေါ်ဖီကပဲဆေးပါတာ လား။ အဆင်မသင့်လို့ဖြစ်သွားတာပါ။ အဲဒါလေးကတော့မှတ်မှတ်ရရပါပဲ။ ပိန်နည်းဆိုလည်း မှတ်ပြီးလိုက်လုပ်ပေါ့။ ကျမတကယ့်ကို နှစ်သက်စွာနဲ့အားပေးတဲ့ Site လေးပါပဲ။
အဲဒါနဲ့စကားမစပ် သူကြီးမင်းရဲ့နာမည်က Kai ဆိုတာ မြန်မာလိုဘယ်လိုအသံထွက်ရလဲ
ကိုင် or ကိုင်း?….သူကြီးမင်းကိုနောက်ဆုံးမှမေးမိလို့ စိတ်မရှိပါနဲ့နော်။

အားလုံးကိုခင်တဲ့
Crystalline

About Crystalline

Miss Crystalline has written 5 post in this Website..