Studio 65 မှာလုပ်မယ့် ဓာတ်ပုံ ပြပွဲ ဖိတ်စာ

Mလုလင္May 17, 20121min24627

Today Photography ရဲ့ ၃ နှစ်ပြည့် အမှတ်တရ သင်တန်းသား များလက်ရာ ဓာတ်ပုံပြပွဲ ကို လာမယ့် 26,27,28 ရက် တွေအတွင်း ယောက်လမ်း က Studio 65 မှာ လုပ်ပါမယ်တဲ့။
ရန်ကုန် က ဓာတ်ပုံ ဆြာတွေလဲ လာကြမှာမို့ .. ရွာ ထဲက ဆြာတွေကို သွားကြည့်စေချင်တယ်။ အကဲဖြတ် .. ဝေဖန် .. အကြံပြု .. ဆွေးနွေး ..မေးမြန်း လို့ရမှာမို့ … ကျွန်တော် လဲ သွားကြည့်ဖြစ်မှာ ပါ…
အောက်မှာ ကတော့ ဖိတ်စာ ပါ။

၁။ ဖိတ်စာ ပါ။

ဒါကတော့ ကယား သွားတုန်းက ရိုက်ဖြစ်တဲ့ ပထမ ဆုံး ပုံပါ။
light room နဲ့ ကလိ ထားတဲ့ ပုံပေါ့..။

၂။ ငါးရက်ဈေး

ကြိုက်ပြီး ဘယ်ပွဲမှ မတင်ဖြစ်တဲ့ ပုံတွေထဲမှာ ဒီပုံ လဲ ပါရဲ့ …။ ဘယ်တော့ မှ ကောင်းတယ် မပြောတဲ့ ဆရာသမား ရဲ့ မဆိုးဘူး ဆိုတဲ့ မှတ်ချက် ရခဲ့တဲ့ ပုံမို့ လို့ထင်ပါရဲ့ ..။

လေးစားစွာဖြင့်
Mလုလင်

27 comments

  • bluerose

    May 17, 2012 at 1:11 pm

    သွားကြည့်ပြီးရင်လည်းသတင်းလေးဘာလေးပြောပြအုံးနော်

  • Ch@vez

    May 17, 2012 at 1:25 pm

    ဖေ့စဘုတ်ပေါ်ကပဲ အားပေးတော့မယ်ဗျာ..
    တင်ကြမယ် မျှော်လင့်ရပါရဲ့

  • amatmin

    May 17, 2012 at 1:32 pm

    ဒီပွဲလာကြည့်ဖို့ ပြောပြပေးထားတဲ့ ..
    ရွာထဲက ပြိုင်ပွဲဝင်ဆုရ ဓါတ်ပုံဆြာကို ကြိုချိတ်ထားပြီးမှ သွားရင်တော့…
    ပုံတွေကြည့်ပြီးနောက် ကော်ဖီတခွက်တော့ သေချာလောက်မယ်လို့ မျှော်လင့်မိတာပဲ .. 🙂

  • Khaing Khaing

    May 17, 2012 at 2:25 pm

    ကိုMလုလင်ရေ ……. (၃) ရက်လုံး စတီဒီယို ၆၅ မှာရှိမှာလား ……… ကိုလုလင်ဆုရတဲ့ ဒါ့ပုံလေး လက်ဆောင်ပေးမယ်ဆိုတာကော တကယ်လား ညီမရဲ့အိမ်အသစ်လေးမှာ ချိတ်ချင်လို့ ……. လာဖြစ်ရင် တစ်ခြားသူငယ်ချင်းတွေကိုလည်း ခေါ်လာမယ် ……

  • Mလုလင်

    May 17, 2012 at 3:16 pm

    အောက်ပါ list က တော့ ဆုရ ဆယ်ပုံ ရဲ့ .. ဖန်တီးရှင် တွေဖြစ်ပါတယ် လို့ နော့ ..။
    First Prize Sai Lao Leng
    Second Prize Allure Citizen (Lynn Thaw Zin)
    Third Prize Mg YinAung(M-YinAung)
    Consolation #01 Tun Tun Aye
    Consolation #02 Tun Tun Aye
    Consolation #03 Kyawzawe Win
    Consolation #04 Lynn Thaw Zin
    Consolation #05 Bo Bo Oo
    Consolation #06 Yan Naing Lynn
    Consolation #07 U Thi Ha

  • ဗိုက်ကလေး

    May 17, 2012 at 3:39 pm

    မဆိုးဘူး ဆိုတဲ့ပုံက များတို ့အတွက် ရှယ်ဘဲဗျာ..

  • Thel Nu Aye

    May 17, 2012 at 5:49 pm

    ဓါတ်ပုံပေးမှာလား။ လာခဲ့မယ်နော်။

  • pooch

    May 17, 2012 at 6:24 pm

    ဓာတ်ပုံတွေကို ကတ်တလောက်အသေးလေးတွေ လုပ်ပြီးရော မထုတ်ဖူးလား ။ ဖေ့ဘုတ်မှာတင်ရင်လည်း အားပေးရတာပေါ့ ။ ကိုယ်မှ မသွားနိုင်တာ။

    • Mလုလင်

      May 17, 2012 at 11:19 pm

      Catalog sponsor ရထားတာမို့ … ထုတ်ဖြစ်တယ် တီတီ ပုရ်ှ ရေ …။

  • ညလေး

    May 17, 2012 at 10:45 pm

    ရိုက်ချက်ကတော့လန်ထွက်နေတာပဲနော်………
    ဆြာရီး…..
    အားပေးသွားပါတယ်…….
    ပုံကbackground ပြောင်းထားတာလားနော်……
    ကာလာကတော့အမိုက်စား..

    • Mလုလင်

      May 17, 2012 at 11:22 pm

      လန်ထွက်နေတယ် ဆိုလို့ လက်သင်ပီပီ ကျေနပ်ရပါတယ်။ ဒါနဲ့ စကားမစပ် ညလေး ရေ … အစ်ကို က photography စိတ်ဝင်စားသူပါ။ Graphic Designer မဟုတ်ပါဘူး။ background တစ်ခုလုံး ပြောင်းထားတယ် လို့ ထင်ရတယ် ဆိုရင်တော့ ကျွန်တော် ညံ့ လို့ပဲ .. အမှန်ကတော့ ND filter သုံးထားတာ မို့ …… (ဓာတ်တိုင် တော့ ဖြတ်ထုတ်ထားပါကြောင်း…)

    • Mလုလင်

      May 17, 2012 at 11:26 pm

      ဟုတ်ပါ့ ဦးပေါက် ရေ ….. ရာသူ၊သားတွေထဲက photography စိတ်ဝင်စားတဲ့ သူတွေကို လဲ သွားကြည့်စေချင်ပါတယ်။ ဒီ ဒါ့ပုံ ဘယ်လိုဖြစ်လာရလဲ . ဆိုတဲ့ စိတ်ဝင်စားစရာ behind the scence လေးတွေကလဲ သိရတာပေါ့ ….။ အတွေ့အကြုံ ရတာ ပေါ့ဗျာ ..။

    • Mလုလင်

      May 18, 2012 at 12:41 am

      ဟုတ်တယ် ခင်ဗျ .. ပင်ခို ငါးရက်ဈေး မှာပါ ..

  • padonmar

    May 18, 2012 at 1:59 am

    လုလင် ပုံလေးက 3D လေးလို ကြွနေတာပဲ။ဈေးနေ့ ကိုယ်တိုင်ရောက်ရသလိုခံစားရပါတယ်။
    ဆုရတာကြားမိပေမယ့် ခုမှပဲ belated congatulations!!!!!!!!!!! နော။
    ပြပွဲလာနိုင်အောင်ကြိုးစားပါမယ်။

    • Mလုလင်

      May 18, 2012 at 5:08 pm

      ကျေးဇူးပါ တီတီ padonmar ရေ …

  • MaMa

    May 18, 2012 at 7:07 am

    အဲဒီပုံလေး ခဏငှားပါလား။
    ဈေးသည်ဓာတ်ပုံပြပွဲမှာ ပြချင်လို့ 😀

    • Mလုလင်

      May 18, 2012 at 5:07 pm

      အစ က .. အဲ့ဒီ့ပုံကို ဈေးသည်ပြပွဲမှာ တင်မယ်စိတ်ကူးထားတာ တီတီ မမ ရေ.. နောက်တော့ .. ပုံအသစ် ပြချင်တာနဲ့ ..ဒီပုံကို ဒီပို့စ် မှာ တင်လိုက်တာ .. ခုကျတော့ ပုံအသစ်လဲ မရိုက်ဖြစ် …. dead line က လဲနီး … ဂွကျနေပြီ ဗျို ့ ……။

  • ဆူး

    May 18, 2012 at 10:13 am

    မနေ့က ဝင်ကြည့်တာ ဈေးသည်ပုံ မတွေ့ဘူး။
    အခုမှ တွေ့တယ်။
    ဈေးသည် လက်ထဲက ကြက်သွန်မိတ်တွေက အရမ်း ဆွဲဆောင်မှု ရှိတယ်။

    • Mလုလင်

      May 18, 2012 at 5:11 pm

      မကြီးဆူးရေ … သူတို့စီက ကြက်သွန်မိတ် တွေကရှယ်ပဲဗျ .. အကြီးကြီး တွေ .. …. ဝက်ခြေထောက်စွပ်ပြုတ် ဖြစ်ဖြစ် ဝက်လက်စွပ်ပြုတ်ဖြစ်ဖြစ် ကို ငရုတ်ကောင်းလေးရယ် အဲ့ ကြက်သွန်မြိတ် တွေရယ် အချဉ်ရည်လေးရယ် နဲ့ စားလိုက် ရလို့ကတော့ … ရှလွတ် …

      • Khin Latt

        May 18, 2012 at 8:19 pm

        အဲဒါလေးကို မှတ်တမ်းတင်ပါဟယ်။
        အဲဒါကို အရီး မဲပေးပါ့မယ်။ 😉

        ဟေ့ – မင်း အဲဒီပုံလိုမျိုးကို တင်ဘူးတယ်။
        အဲဒီက ဈေးက သန့်ရှင်းကြောင်း၊ လူတွေ ဝတ်စားပုံ ကြည့်ရတာ သပ်ရပ်ကြောင်းပြောဘူးတယ်။

        • Mလုလင်

          May 18, 2012 at 10:20 pm

          ဟုတ်တယ် အရီး .. အဟီးဟီး .. အဲ့ဒီ့တုန်းက lightroom software မသုံးတတ်သေးဘူး .. ခု အဲဒါနဲ့ ကလိ ပြီး cropping ပြန်ဖြတ် ပြီးတင်ဖြစ်တာ ….

  • သူရဇော်

    May 18, 2012 at 10:50 am

    ဟေဟေ့ ပွဲကြီးပွဲကောင်းပဲဗျို့……… ဒါ့ပုံတွေအများကြီးကြည့်ရမယ်ဗျို့…..

  • windtalker

    May 18, 2012 at 2:09 pm

    အောက်ဆုံးက ပုံလေး ကို ပြပွဲတင်ဖြစ်ခဲ့ရင်တောင် ကိုလုလင် ဖော်ဆေး လို ့ခေါင်းစဉ်တပ်မယ်လို ့မထင်ဘူးဗျို ့။

  • MaMa

    May 19, 2012 at 6:04 am

    ဆုရသူစာရင်းထဲမှာ တတိယ ရတာ ဘယ်သူများပါလိမ့်။ 😀

  • ချစ်ရင်ထူးနှစ်

    May 19, 2012 at 9:05 pm

    တစ်ကယ်ကောင်းတဲ့ပုံပါပဲ .. အားပေးသွားပါတယ်နော် ..
    ဒါပေမယ့် နည်းနည်းတော့ ဝမ်းနည်းမိတယ် ..
    ကျွန်တော်က ဘာကောင်မှ မဟုတ်သေးပါလားလို့လေ ..
    ခုပုံစံမျိုးနဲ့ဝင်ပြရင်တော့ .. .

Leave a Reply