ဗိုလ်ချုပ်ဘဝဇတ်လမ်း ကဗျာ

ဗိုလ်ချုပ် အောင်ဆန်း ဘဝဇာတ်လမ်း ကဗျာ

တောက မိရွှေတုတ် သီကုံးသည်။

 

ဗိုလ်ချုပ်အောင်ဆန်း

ရှေ့သို့ ဂျာနယ်

၁၉၆၅-ခုနှစ် ၊ ဇူလိုင်လ ၊ စာ – ၂၄ မှ ၂၉ အထိ ၊ တန်ဖိုး – ၂၅ ပြား ။

( ၆၄ )နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ

 

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ အား

ဦးညွှတ် အလေးပြုလျက် …

ဟောဒီလမှာ ၊ အာဇာနည်မျိုး ၊ အညွန့်ကျိုးလို့ ၊ ဆဲ့ကိုး ဇူလိုင် ၊ တိုင်ပလားဆို ၊ ရွှေတုတ် ငိုရ ၊

ဗိုလ်ချုပ် အောင်ဆန်း ၊ သူ့ကို  လွမ်းလို့ ၊ ဇာတ်လမ်း ပမာ ၊ ဘဝလွှာ ဖြင့် ၊  လင်္ကာ ကျူးလို့  ၊

ဖူးပါရစေ တော် … ။

 

ဗိုလ်ချုပ် အောင်ဆန်း ဇာတိချက်ကြွေ ဖွားရာမြေ

ဆွေကြီး မျိုးမြတ် ၊ နတ်မောက်မြို့သား ၊ ဦးဖား ရှေ့နေ ၊ အမေ ဒေါ်စု ၊ ရွှေဥ သက်မှန်း ၊

သားအောင်ဆန်းပေါ့ ၊ ဂဏန်း သက္ကရာဇ် ၊ တစ် နှစ် ခွန် ခြောက် ၊ နွေဦးပေါက်မှာ ၊ဆောင်းနောက်

မြီးညောင်း ၊ တပေါင်းဆန်းရွှေ့ ၊ တရက်နေ့တွင် ၊ စက်ငွေ့နဂါး ၊ စနေဖွားမို့ ၊ နံအားလျော်ခြင်း ၊

“မောင်ထိန်လင်း´´ တဲ့ ၊ ကိုရင်း အောင်သန်း ၊ ကာရန် မှန်းလို့ ၊“အောင်ဆန်း´´ပေါ့တော် ၊

နောက်တော့ခေါ်ကြ … ။

 

ကျောင်းသား မောင်အောင်ဆန်း

ခုနနှစ်ရွယ် ၊ သားငယ်ငယ်ကို ၊ နာမယ်အကျော် ၊ ဆရာတော်ပေါ့ ၊ “ ဦးသော်ဘိတ ´´ ၊

ဘွဲ့မည်ရတဲ့ ၊ ဆရာ့အထံ ၊ ကျောင်း အပ်နှံဘို့ ၊ ပွဲရံစုံညီ ၊ ဆွမ်းအုပ် နီ နက် ၊ အမေရွက်လို့ ၊

သားလက်ကိုလဲ ၊ အဖေဆွဲကာ ၊ ကျောင်း အပ်ပါသတဲ့ တော် … ။

 

ရေနံချောင်းပြောင်း ကိုအောင်ဆန်း

နုနယ်ပျိုမျစ် ၊ ဆယ့်သုံးနှစ်တွင် ၊ တထစ်ရွှေ့ပြောင်း ၊ ရေနံချောင်းကို ၊ ကျောင်းအထက်တန်း ၊

ကိုအောင်ဆန်းမှာ ၊ ညာဏ်စွမ်းတံခွန် ၊ ချွန်သည် တခြား ၊ ကြိုးစားတချက် ၊ စာကျက် မပြင်း ၊

ညာဏ်သွင်းတွေးဆ ၊ ပြုလုံ့လကြောင့် ၊ ကျသည် မရှိ ၊ ဆယ်တန်းထိအောင် ၊ တန်းတိုင်း အောင်၏ ။

တက္ကသိုလ် ရောက် ကိုအောင်ဆန်း

တစ် ကိုး သုံး နှစ် ၊ ခရစ်ကောဇာ ၊ ရောက်သောခါဝယ် ၊ ပညာဗဟို ၊ တက္ကသိုလ် လို့ ၊ ခေါ်ဆို

ထွန်းတောက် ၊ ကျောင်းတော်ရောက်ပြီး ၊သောက်စို့ ပညာ ၊ သင်လေပါ၏ ။

တက္ကသိုလ်လား ၊ ကိုကျောင်းသားတဲ့ ၊ သူများတွေကို ၊ ကြွားမပိုဘဲ ၊ ဖိုသီဖတ်သီ ၊ ဖျင်ပင်နီ နဲ့ ၊

ဝတ်သည် ပုဆိုး ၊ ခပ်ရိုးရိုး ပေါ့ ၊ နေ မိုး ကာ ဆီး ၊ ပုသိမ်ထီး နဲ့ ၊ စီးသည့် ဘိနပ် ၊ သားရေချပ် မို့ ၊

မဟတ် အသွင် ၊ သူ့ကိုမြင်တော့ ၊ ရယ်ချင်သူက ၊ များသတဲ့ တော့ … ။

 

သမဂ္ဂအမှုဆောင် ၊ အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်း

ကျောင်းကြီး တက္ကသိုလ် ၊ ဘိုကရို နဲ့ ၊ ခိုမှီရောက်ထ ၊ နေသားကျတော့ ၊ သမဂ္ဂ ဘောင် ၊

အမှုဆောင် နှင့် ၊ စာစောင် အိုးဝေ ၊ တွန်ကျူးလေသည် ၊ သူပေ ဆရာ ၊ အယ်ဒီတာ ပေါ့ ။

ဒေါင်း အိုးဝေ သံ ၊ ကျူးကြော်ညံ လို့ ၊ တရံရော ခါ ၊ အိုးဝေ မှာပေါ့ ၊ ပါလာ ဆောင်းပါး ၊

ရေးအသားကြောင့် ၊ နှောင့်သွား မလွတ် ၊ ဟိုပွတ် ဒီစောင်း ၊ ဘယ်သူ့ခေါင်းလဲ ၊ မကောင်းဆဲရေး ၊

“ ခွေး သရမ်းကြီး လွတ်နေသည်  ´´  တဲ့ ၊ အနှီ ဆောင်းပါး ၊ ထည့်ရလား ဟု ၊ ရှူးရှား ဆူပွက် ၊

ဝက်နှယ် ပက်၍ ၊ အထက်တော်က ၊ ထုတ်ဖေါ်ပြဟု ၊ ပြောကွ ဘယ်လူ ၊ ရေးသောသူကို ၊ နားပူ

စစ်ကြော ၊မဖြေသောကြောင့် ၊ဒေါသချုတ်ချုတ် ၊ကျောင်းက ထုတ်သော် ၊ မဟုတ်မခံ ၊ ကျောင်းလုံး

လျှံအောင် ၊ ဆူညံ ကျိတ်ကျိတ် ၊ သပိတ် သပိတ် ၊ မှောက်ပါရော့ တော် … ။

 

သမဂ္ဂ ဥက္ကဌ ၊ တက္ကသိုလ် ကောင်စီဝင် ကိုအောင်ဆန်း

တက္ကသိုလ်ဘောင် ၊ ပဲခူးဆောင် မှ ၊ အောင် ဝိဇ္ဇာတန်း ၊ ကိုအောင်ဆန်း မှာ ၊ ပွင့်လန်း ထင်ရှား ၊

ရေပန်းစားပြီး ၊ သူ့အား သမဂ္ဂ ၊ ဥက္ကဌ တဲ့ ၊ ဟိုကလဲ ဌ ၊ ဒီက ဌ နဲ့ ၊ မြှောက်ကြသူ့ကို ၊ ဥဒဟိုပေါ့ ၊

ပုဂ္ဂိုလ် အရ ၊ကြည်ညိုကြ နဲ့ ၊ ထက်စွ ကြံစည် ၊ နှလုံးရည်ကြောင့် ၊ ကောင်စီမှာလဲ ၊ ကျောင်းသား

ထဲက ၊ သူဘဲ ပဌမ ၊ရွေးခံရ၏ ။

 

ဒို့ဗမာ အစည်းအရုံး ၊ အထွေထွေ အတွင်းရေးမှူး သခင် အောင်ဆန်း

ခရစ် သက္ကရာဇ် ၊ တစ် ကိုး သုံးဆယ် ၊စွန်း ရှစ်ကယ်၌ ၊ ကြယ်သို့ ပွင့်လန်း ၊ ကိုအောင်ဆန်း မှာ ၊

ပတ်သန်းဝန်းကျင် ၊ သူ ခုံမင်လို့ ၊ သခင် ဘွဲ့မှတ် ၊ ရှေ့က တပ်ပြီး ၊ ပညပ်သညာ “ ဒို့ဗမာ´´တဲ့ ၊

ကမ္ဘာ ရိုက်ချုန်း ၊ စည်းအရုံးမှာ ၊ ထိပ်ဆုံး စာရင်း ၊ ခေါင်က သွင်းလျက် ၊ “  အတွင်းရေးမှူး ´´ ၊

ကြယ် သောက်ရှူး သို့ ၊ တောက်မြူး ထိန်ထိန် လင်းခဲ့၏ … ။

 

ဝရန်း ထုတ်ခြင်း ခံရတဲ့ သခင် အောင်ဆန်း

လေးဆယ်ခုနှစ် ၊ စစ်ကြိုခေတ်ပေါ့ … ၊ မျိုးချစ် မေတ္တာ ၊ ကြီးမား ရှာလို့ ၊ ကျောင်းစာလဲ ကိုင် ၊

နိုင်ငံ ရေးရာ ၊ ဆိုသည်မှာ လဲ ၊ ဘယ်ဟာ မလပ် ၊ ခြေရာ ထပ်ခဲ့ ၊ တတ်နိုင် ပ လေ ၊ သူ မို့ ပေ ပ ၊

ညာကြေတလွှား ၊ ထပ် မနားဘဲ ၊ တရား သခင် ၊ ပွဲတွေ ဆင်ပြီး ၊ တွင်တွင် ဟော ပြော ၊ သို့ ဖြစ်

သောကြောင့် ၊ ကျော စိမ့်လို့ ကြွ ၊ အစိုးရ က ၊ ဟင်္သာတ မှာ ၊

“ဖမ်းဟ မိအောင်၊ သခင်ကောင် တဲ့´´

ငွေတောင် ငါးကျပ် ၊ ဆုငွေ သတ်ပြီး ၊ မြို့ရပ် ဇနပုဒ် ၊ ဝရန်းထုတ်တော့ ၊ ကျုပ်တို့ ထိပ်ပန်း ၊

မောင်ကြီး ဆန်းဟာ ၊ အဖမ်း မခံ ၊ မြေကိုလှန်ပြီး ၊ နိုင်ငံတွင်းမှာ ၊ သန်းကို ရှာလဲ ၊

ဘယ်မှာ တွေ့ပါ့ မလဲ တော် … ။

 

မြေအောက်တော်လှန်ရေး သခင် အောင်ဆန်း

ငှက် ဖြစ်၍ပျံ ၊ ခံနိုင်မလား၊ နဂါးလိုတိုး ၊ မြေထဲလျှိုးမလား ၊ ဖမ်းလားဆီးလား၊ ဝရန်းသားလဲ ၊

အလကားပင် ၊ ရာ မထင်ဘူး ၊ သခင် ထိပ်တန်း ၊ ကိုအောင်ဆန်း နဲ့ ၊ စိတ်ဝမ်း တူမျှ ၊ သခင်မြ တို့ ၊

ဗမာ့ လွတ်ရေး ၊ မြှော် ထောက်တွေးပြီး ၊“အရေးတော်ပုံ ´´ ၊ ကမ္ပည်း ခြုံတဲ့ ၊ မြေခုံ အောက် ဘေး ၊

တော်လှန်ရေးတွက်၊ သွေးစည်းချည်နှောင်၊ ပါတီထောင်ကြ၊ တိုင်းဘောင်တွင်းက၊ ရေးရာကျတော့၊

သခင်မြ ကိုင် ၊ နိုင်ငံပြင်ဘေး၊ ဆက်ဆံရေးကို၊ ချပေးဝန်ထမ်း၊ ကိုအောင်ဆန်း တဲ့ ၊ ခွဲခြမ်းဝန်တာ ၊

လျှို့ဝှက်စွာ နဲ့ ၊ ဗမာလွတ်ကြောင်း ၊ စက်ကုန်မောင်းသည် ၊ အကြောင်း နင်တို့ သိစေမဟဲ့ … ။

 

ဂျပန် ပြည်ရောက် သခင်အောင်ဆန်း

ပြည်ပဆက်ဆံ၊ တာဝန်ခံဖြင့် ၊ တော်လှန်ရေး တွက် ၊ အသက် သေသေ ၊ အရေ ခန်းခန်း ၊

စွန့်စားခန်း ပေါ့ ၊ အောင်ဆန်း ဗိုလ်ချုပ် ၊ လ ဩဂုတ် မှာ ၊ တရုတ် ဟန်သွင် ၊ ခံ အိုင်တင် နှင့် ၊

ထင်ထင် ရှစ်ရက် ၊ ပြည်မှ ထွက်လို့ ၊ စက်သင်္ဘောခေါ် ၊ “ဟိုင်လီ ´´ ပေါ်၌ ၊ စေဖော် လုပ်သား ၊

မီးထိုး လားသို့ ၊ လိုက်သွားပြီးနောက် ၊ ဂျပန် ကို ရောက်ပါလေရော့တော် … ။

တခေါက် မြန်မာ ၊ ပြန်လာရာတွင် ၊ သွားမှာ အတု ၊ ခေါခေါ ပြုလို့ ၊ သူဟု တတ်အပ် ၊ ဘယ်သူ

မှတ်လိမ့် ၊ ပါးနပ်ပိပိ ၊ ရောက်တုံ ဘိသော်၊ သတိ ချွန်းချိတ် ၊ တိုးတိတ်တိတ် ဖြင့်၊ သုံးကျိပ် ရဲဘော်၊

ခေါင်းဆောင်ခေါ်ပြီး ၊ ကျွန်းမော် “ဟိုင်နမ်´´၊ တော်လှန် ရန် ဟု ၊ ကိုယ်ခံ အလွှာ ၊ စစ်ပညာကို ၊

လေ့လာ ဆည်းပူးကြပါတယ် ။

 

အရှေ့ အာရှ စစ်ကြီး စ၍ ဖြစ်လာခြင်း

ဤသို့ ဂျပန် ၊ ကျွန်းဟိုင်နမ် မှာ ၊တော်လှန်ဘို့ရေး ၊ စစ်အားမွေးကာ ၊ သွေးလို့ ကောင်းတုန်း ၊

ဗြုံးကနဲတော် … ၊ လန့်လို့အော်မိ ၊ မြေပေါ် ရေပေါ် ၊ ဆော်ပလော်တီး ၊ စစ်မီးလျှံစွဲ ၊ မိုးလုံးရဲလို့ ၊

စွန်ဝဲဟန်ညီ ၊ လေတပ်ချီပြီး ၊ ဒီဇင်ဘာလ ၊ ရှစ်ရက် စခဲ့ ၊ အာရှ အရှေ့ ၊ စစ်မီး ဝှေ့လို့ ၊ ငွေ့တ

ထောင်းထောင်း၊ ဘယ်မြင်ကောင်းလိမ့်၊ အလောင်းချင်းဖက်၊ လည်ချင်းယှက်တဲ့ ၊ စစ်သက္ကရာဇ်၊

လေးဆယ့် တစ် မှာ … ။

 

သခင် အောင်ဆန်းမှ ဗိုလ်တေဇ သို့

ဒုတိယ ကမ္ဘာ ။ ထိန်ဝါလျှံညီး ၊ စစ်မီးလောင်ခိုက် ၊ ခွင့်ကောင်းဆိုက်ဟေ့ ၊ “ကြိတ်လိုက်ကြစို့ ၊

ရဲဘော်ရို့“ဟု ၊ ပျို့ပျို့ ဆောင်စိတ် ၊ ရဲသုံးကျိပ် တို့ ၊ စစ် ရိပ် အောက် လွှား ၊ ရွေ့ကာ ရှားလို့ ၊

ယိုးဒယား ရောက် ၊ မြို့ဘန်ကောက်မှာ ၊ ကွန်းထောက်ချနေ ၊ “ဘီအိုင်အေ´´ လို့ ၊ တွင်စေမဟဲ့ ၊

တပ်ကြီးဖွဲ့ပြီး ၊ တကဲ့ ရဲတောက် ၊ မောင်းသွေးဖောက်လို့ ၊ သောက်ကြရွှင်လန်း ၊ မောင်ကြီး ဆန်း

မှာ ၊ ဘုန်းတန်း ထွန်းပ ၊“ ဗိုလ်တေဇ ´´ တဲ့ ၊ ဘွဲ့လှ တပ်ဆင် ၊ စစ်ရေးပြင်ပြီး ၊

ပြည်တော် ဝင်ကြမလို့ တဲ့တော့ ။

 

ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်ကို သိမ်းပိုက်ခြင်း

( ၁၉၄၂ ) ခု ၊ နှင်းဥ ဆိုင်းဆိုင်း ၊ နှစ်ဦးပိုင်းမှာ ၊ သမိုင်း ကဏ္ဍ ၊ အသစ် စခဲ့ ၊ ဗမာ့တပ်မတော် ၊

ရဲဘော် ဂျပန် ၊ အလံပြိုင်တူ ၊ တလူလူပေါ့ …၊ ဇမ္ဗူကျော်သောင်း ၊ မြေကြီး စောင်းမျှ ၊ တပ်ပေါင်း

လျှိုးလျှိုး၊ စွယ်ရောင်ပျိုးပြီး၊ မိုးလုံးဖြန့်ရစ် ၊ မာရ်မင်းစစ်သို့ ၊ ကြွေးဟစ်ကြေငြာ ၊ ပြည်ဗမာ – သို့ ၊

ချီလာ စစ်ခင်း၊ တိုက်တုံလျှင်းက ၊ ဗိုလ်မင်း တေဇ ၊ ခေါင်းဆောင်ရတဲ့ ၊ ဗမာ့ရဲကျော်၊ တပ်မတော်

က ၊ မြို့တော် ရန်ကုန် ၊ လေးဘက် ခြုံပြီး ၊ မာန်ဟုန်ပြင်းပျ ၊ တိုက် ခိုက် ကြလို့ ၊ မတ်လ ရှစ်ရက် ၊

ဗိုလ်ချုပ် လက်သို့ ၊ ကြွေသက်လျှောကျ ၊ ရန်ကုန် ရသည် ၊ တေဇ ဟေ့နော် … တေဇနော် … တဲ့ ။

 

အိမ်ထောင်ရှင် ဗိုလ်ချုပ်အောင်ဆန်း

ရန်ကုန်မြို့ကြီး ၊ သိမ်းပိုက်ပြီး၍ ၊ ခရီးကကြမ်း ၊ စစ်ကြောင့်နွမ်းမို့ ၊ အပန်းဖြေရင်း ၊ ဆေးရုံ

ချဉ်းပြီး ၊ အားသွင်း နေစဉ် ၊ “ဖူးစာရှင်´´ တဲ့ ၊ ဒေါ်ခင်ခင်ကြည် ၊ ဆင်းသိင်္ဂ ီ နဲ့ ၊ ချစ်ရည် တူမျှ ၊

လက်ထပ်ကြပြီး၊ လ-ဇူလိုင်ရောက် ၊ မြှောက်စားရာထူး၊ ဗိုလ်မှူးကြီးအရာ၊“မဟာသေနာပတိ´

 

ကျော်ကိတ္တိဖြင့် ၊တိုင်းသိပြည်ပေါ် ၊ ကမ္ဘာကျော်ရော့ ၊နောက်သော် ဆင့်ပြီး ၊ “စစ် ဝန်ကြီး´´တဲ့ ၊

ချီးအံ့ဖုံဖုံ ၊ ဘယ်မှာ ကုန်လိမ့် ။

 

ဂျပန် ကို တော်လှန်ရန် မဟာမိတ်နှင့် ဆက်သွယ်ခြင်း

ကိုယ့်ပြည်တိုင်းခွင် ၊ လွတ်လပ်ချင်၍ ၊ ပြင်ပအကူ ၊ ဂျပန်ယူပြီး ၊ ရန်သူအပြုတ် ၊ မောင်းနှင်

ထုတ်လဲ ၊ ကျုပ်တို့ အပေါ် ၊ အဆွေတော် တဲ့ ၊ ခေါ်လာ ဂျပန် ၊ အကျင့် တန်လို့ ၊ မခံနိုင်အား ၊

အသဲယားခဲ့ ၊ ကျားကြောက် ရှင်ကိုး ၊ ကျားထက်ဆိုးကို ၊ ဒဲ့ဒိုး ပက်ပင်း ၊ ကြုံရလျှင်းက ၊ ခံပြင်း

အံကြိတ် ၊ တိတ်တဆိတ်ပေါ့ ၊ မဟာမိတ်နဲ့ ဆက်သတော့ … ။

ဖက်ဆစ်ဂျပန် ၊ နှံဘို့ အတွက်၊ နှက်ဖို့ အရေး၊ မက်လုံးပေးလို့ ၊ ရှေးကရန်သူ၊ ဖြစ်ခဲ့မူလည်း ၊

ခုမူ မိတ်ဖြစ် ၊ ကြိုးနှယ် ကျစ်ပြီး ၊ ဖက်ဆစ် တွန်းလှန် ၊ လွတ်မြောက်ရန် ဟု ၊ ပြင်းထန် ဆန္ဒ ၊

လျှို့ဝှက်စွဖြင့် ၊“ဖ ဆ ပ လ ´´ ၊ ဥုံဖွ လူပေါင်း ၊ စုစည်းဆောင်းပြီး ၊ ချက်ကောင်း စောင့်လို့

နေခဲ့၏ ။

 

ဗိုလိချုပ် အောင်ဆန်း ဂျပန်ကို တော်လှန်ပြီ

( ၁၉၄၅ ) ခု ၊ ရတု နွေဦး ၊ လေရူးသုန်သုန်၊ ဝေမှုန်မှုန်ဝယ် ၊ ဒဂုန်တောင်အောက်၊ ဆံတော်

မှောက်မှာ ၊ လျှံတောက်ညီးညီး ၊ တပ်တော်ကြီး ကို ၊ “ရန်မီးတောက်လျှံ ၊ ငြိမ်းသတ်ရန်တွက် ၊

ငါတို့ ထွက်အံ့´´၊ လက်နက်ကိုယ်စီ၊ ရဲတေးသီလို့ ၊ တပ်ချီကာထွက် ၊ မြေကြီးအက်မျှ ၊ ဖက်ဆစ်

သို့ ညွှန် ၊ စစ်တံခွန်သည် ၊ မိုးစွန် ကြွားကြွား လွှားသတော့ … ။

ရဲသွေးတံခွန် ၊ ကြွားကြွား ကွန်လို့ ၊ အားသွန် တိုက်ဖျက် ၊ တော်လှန်ရက် မှာ ၊ သက္ကရာဇ်

လေးဆယ် ၊ ငါးခု ကယ်တဲ့ ၊ လဝယ် မတ်လ ၊ အောင်ကိန်းရ လို့ ၊ ရက်က နှစ်ဆယ့်ခွန် ၊ နိပွန်

ဘန်ဇိုင်း ၊ တွေ့လေတိုင်းကို၊ ဆုတ်ဆိုင်းမရှိ ၊ နှံတုံဘိကို ၊ ဇာတိ ဂျပန် ၊ ဝိဉာဉ်ပြန်လဲ ၊ ကျန်ခဲ့

ရုပ်ကြွင်း ၊ နုပ်နုပ်စဉ်းလို့ ၊ သွေး ချင်းချင်းသာ  နီတော့တယ် … ။

 

နေသူရိန် အစည်းအဝေးမှ လွတ်လပ်ရေး တောင်းဆိုခြင်း

ဖက်ဆစ် ကျင့်တန် ၊ ဂျပန် စစ်မီး ၊ ငြိမ်းပြီးသည့် နောင် ၊ ဗိုလ်ချုပ်အောင်ပေါ့ ၊ တထောင်

ကိုးရာ ၊ လေးဆယ် သာတဲ့ ၊သချင်္ာ အညွှန်း ၊ ငါးခု စွန်းမှာ ၊ရေမွန်း ကမ်းလျှံ ၊ မြစ်ယံ သမုဒ် ၊

ဩဂုတ် ဆဲ့ကိုး ၊ ရေဖြိုးဖြိုး နဲ့ ၊ မိုးတွင်းအချိန် ၊ ရွှေ သိင်္ဂုတ္တရ ၊ တောင်များ ရှေ့စောင်း၊ ကန်

တော်ချောင်းဝယ် ၊ သိန်းသောင်း အရှိန် ၊ “နေသူရိန်´´တဲ့ ၊ ဝေထိန်လျှံဝင်း ၊ ရုံတော်တွင်းမှာ ၊

ရဲတင်း သံကြွေး ၊ “လွတ်လပ်ရေး´´ ကို ၊ ပေးဘို့ စကား ၊ ကမ္ဘာ ကြားအောင် ၊ နားကွဲ မတတ်

ပါဘဲတော် … ။

 

အောင်ဆန်း – အက်တလီ စာချုပ် ချုပ်ဆိုခြင်း

ကောဇာ မှတ်ရေး ၊ လေးဆဲ့ခုနစ် ခု ၊ ရတု နှင်းအံ ၊ ဆီးကျံကျံနှင့်၊ ဇန်နဝါရီ ၊ ခွါညိုစီတဲ့ ၊

ရာသီ ညို့မှိုင်း ၊နှစ်ဦးပိုင်း မှာ ၊ တိုင်းပြည် လွတ်ရန် ၊ အင်္ဂလန် နှင့် ၊ ဖန်ဖန် ကူးသန်း ၊ ဗိုလ်

အောင်ဆန်း က ၊ နန်းရင်းဝန်မည် ၊“အက်တလီ´´ကို ၊“ကိုယ့်ပြည်ကိုယ့်မင်း၊ကိုယ်

ပိုင်နင်းပြီး

ရှင်းရှင်း လွတ်လွတ် ၊ ကွင်းလုံးကျွတ် တဲ့ ၊ လွတ်လပ်စွာ ဒို့ ၊ နေမဗျို့´´ လို့ ၊ ကျို့သံ မပါ ၊

မာသံ မနှော ၊ မှန်ရာပြော ကို ၊ သဘောကြိုက်ညီ ၊ အက်တလီ က ၊“ကောင်းပြီ ကွယ်ရို့ ၊

ပေးမည် ဒို့ ´´ဟု ၊ ချုပ်စို့လား စာ ၊ စက္ကူလွှာတွင် ၊ လွတ်ရာစာတမ်း၊ လက်ဆင့်ကမ်းသည် ၊

“အောင်ဆန်း အက်တလီ စာချုုပ်´´ တဲ့ ။

 

ပင်လုံညီလာခံ၌ သွေးစည်းခြင်း တိုင်းရင်းသား

သည်ဆောင်း ဟေမန် ၊မြောက်ပြန် လေညင်း ၊ ငွေနှင်း ဝေဝေ ၊ မှုန်ပြေပြေ တည့် ၊

ဖေဖေါ်ဝါရီ ၊ လ ရာသီ ဝယ် ၊ အက်တလီ  ထံ ၊ အင်္ဂလန်  မှ ၊ ပြန်လို့  ဆိုက်ရောက် ၊ ယား

မဖျောက်ဘဲ ၊ တောက်လျှောက်ဘဲတော် ၊ ဟိုတောင်ပေါ်ပေါ့ ၊ ပျော်စချင့်ညို့ ၊ တောင်စို့စို့

နှင့် ၊ မြို့တော် ပင်လုံ ၊ စုံသည်လူမျိုး ၊ မိုးသို့ စွင့်ပျံ ၊ ညီလာခံ ၌၊ နှုတ်သံရွတ်ရွတ် ၊တတွတ်

တွတ်နှင့်၊ လွတ် လွတ်လပ်ရေး၊ စိတ်ဓါတ် နွှေးခဲ့၊ မဝေးမပြား ၊ တသွေးသားမို့၊ ကျားကျား

မမ ၊ မကွဲကြနဲ့ ၊ ပြည်မ တောင်စောင်း၊ ညီတုံရှောင်းက၊ နှာခေါင်းသို့ ချဉ်း၊ ကျွန်ဗွက်တွင်း

မှ ၊ လွတ်ကင်း ရအောင် ၊ ကျုပ် ကယ်ဆောင်အံ့ ၊ ညီနောင် မခြား ၊ တိုင်းရင်းသားကို ၊

ရွှေပြားနှယ် ကုပ် ၊ မေတ္တာ အုပ်လို့ ၊ ဗိုလ်ချုပ် သွေးစည်းခဲ့တာလေ ။

 

 

 မြို့တော်ခန်းမကြီး၌ အရေးကြီးသော မိန့်ခွန်း မြွက်ကြားခြင်း

ဇူလိုင်ဆယ့်သုံး ၊ မြို့လုံးအကျွတ် ၊ မြေကြီးညွှတ်မျှ ၊ လွတ်လပ်တော့မှာ ၊ သေချာတာမို့ ၊

လွတ်လာတော့ကို ၊ ဘာတွေ လို၍ ၊ ဘယ်လို နေထိုင် ၊ ဘာ လုပ်ကိုင် ဟု ၊ နိုင်ငံလွတ်စ ၊

နေတတ်ကြအောင် ၊ ခန်းမမြို့တော် ၊ စည်းဝေး ခေါ်ပြီး ၊ အုတ်အော် သောင်းသောင်း ၊

လူထုပေါင်း ကို ၊ နွေနျောင်းဝသန် ၊ ဂျိုးဂျိမ့်ညံ၍ ၊ မိုးသံကလှုင် ၊ ချောင်း ရေ အိုင် နှင့် ၊

ချမ်းနိုင်ရှာဘဲ ၊ ရွှဲချင် ရွှဲတဲ့၊ မိုးဖွဲ ဖြုန်းဖြုန်း ၊ လေဟုန်းဟုန်း တွင် ၊ ဆုံးလဲ ဆုံးမ ၊ဩဝါဒ

ဖြင့် ၊ လမ်းပြရှေ့တန်း ၊ ဗိုလ်အောင်ဆန်းကား ၊ လွမ်းပန်း သီခဲ့ရှာ ထင်ရဲ့ … ။

 

နယ်ချဲ့လက်ပါးစေများ လက်ချက်ဖြင့် ကျဆုံးခြင်း

ခန်းမ မြို့တော် ၊ စည်းဝေး ခေါ်၍ ၊ ရက်သော် မကြာ ၊ ကာလမများ ၊ ခြောက်ရက်

ခြားပေါ့ ၊ ဒို့များ ရက်ဆိုး ၊ ရွှေရင် ကျိုးခဲ့ ၊ ဆဲ့ကိုး ဇူလိုင် ၊ ဘယ် မေ့နိုင်လိမ့် ၊ မဏ္ဍိုင်

တံခွန် ၊ ပြည့် သားမွန် ကို ၊ စွယ်ချွန်  ပြူးပြူး ၊ ခွေး ဘီလူးတို့  ၊ ရှူးရှူး  တိုက်တိုင်း ၊

လွှတ်စည်းဝိုင်းတွင် ၊ မဆိုင်းဝင်ကပ် ၊ ပစ်ခွင်းသတ်လို့ ၊ ကင်းပြတ်ဇီဝိန် ၊ ခါသည်ချိန်မှာ ၊

မငြိမ် စိတ် ဝမ်း ၊ ရွှေတုတ်  နွမ်းခဲ့ ၊ အလွမ်း  မှလေ ၊ ပြေပါစေ လို့ ၊ ရွှေသဲပြင်သွေး ၊

မျက်ရည် နွေးနဲပ ၊ ရေးရ တုံရီ ၊ စာမပီလဲ ၊ သီလို့ သ ရ ၊ ဘဝ ကဗျာ ၊ ဤ အလွှာဖြင့် ၊

ဂါရဝမှု ၊ အလေးပြုပါတယ် ဗိုလ်ချုပ်ရယ် … ။                     ။

 

 

တောက မိရွှေတုတ်

——————————————————————————————

———-

နာဂစ် မုန်တိုင်း ရိုင်းခဲ့ပြီးကာလများမှာ ကျန်ရှိနေသေးသော စာအုပ် စာစောင်များ ကို

ရှင်းလင်း ရပါသည် ။ မွမွ ကျေအောင် ရေစို စုတ်ပြဲ ဆွေးမြေ့မှု များကို တတ်နိုင် သမျှ၊

ထိန်းသိမ်းနိုင်သမျှ စုစည်းမိပါသည် ။ နှမျော တသမှု ကြောင့်လည်း ဖြစ်ပါသည် ။ ၎င်း

တို့ အထဲမှ ဤ စာရွက်အပိုင်းလေးများ ကို တွေ့ရှိရပြီး အချိန်မီအောင် နေလှမ်း၊ ဆက်

စပ် စသည်ဖြင့် ယခုကဲ့သို့ တင်ဆက်နိုင်ခဲ့ပါသည် ။ နောက်ဆုံးစာပိုဒ်တွင် အချို့ စာလုံး

များ မပီသ သည်ကို ဖြည့်စွက် မိပါသည် ။ မူရင်း နှင့် မညီ ပါလျင် ပြင်ဆင် ပေးကြ စေ

ချင်ပါသည် ။ ယခု စာသားများမှာ ယခင်က သတ်ပုံအတိုင်း ဖော်ပြထားပါသည် ။ ပန်းချီ

ပုံများမှာ ဆရာကြီး “ပန်းချီ တင်ဝင်း´´ ၏ လက်ရာဖြစ်၍ ကိုကြည်နိုင် ၏ အားထုတ်မှု

ဖြင့် ဖြည့်ဆည်းထားခြင်း ဖြစ်ပါသည် ။

“တောက မိရွှေတုတ်´´ ကလောင်အမည် မှာလည်း စာဆို မည်သူဖြစ်သည်ကို မသိပါ ။

သိသူများ က ထုတ်ဖေါ် ပေးကြစေချင်ပါသည် ။ သမိုင်းတန်ဖိုး ကြောင့် ဖြစ်ပါသည် ။

လက်လှမ်းမီသူများက ဖြည့်စွက်ပေးကြပါရန် လေးစားစွာ ပန်ကြားပါသည်။

 

သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ

ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ …

ငြိမ်းစိုးဦး

 

 

( JULY ; 14 ; 2011 )

Tags: အမှတ်တရ, ရက်စွဲ ( 2011 )

ဗိုလ်ချုပ်ကိုသတိရမိလို ့ ရှာဖွေဖတ်ရင်း တွေ ့လို ့ အောက်ပါလင့်ခ်မှ ကူးယူပြိး ပြန်လည်မျှဝေပေးလိုက်ပါတယ် ..။

 

http://nyeinsoeoo.multiply.com/journal/item/373?&show_interstitial=1&u=%2Fjournal%2Fitem

2 comments

  • ကျေးဇူးတင်ပါတယ်ဗျာ။ခုလို ပြန်ဝေမျှပေးလို ့ပါနော်။
    ကျေဖေ့စ်ဘွခ် ့ကနေ သူငယ်ချင်းတွေကို ပြန်ဝေမျှရပါမယ်။

  • မိုးတိမ်

    May 18, 2012 at 12:40 am

    ဖတ်ရင်းမျက်ရည်ဝဲခဲ့ရပါတယ်။
    ဗိုလ်ချူပ်ကိုတောင်မကောင်းရေး၊ ဗမာတစ်စုပဲကောင်းအောင်လုပ်ခဲ့တယ်ပြောတဲ့
    ခွေးကုလားတွေ(အေးဆေးနေသူများမပါပါခင်ဗျာ)စောက်ရမ်းမုန်းတဲ့စိတ်ကပိုနေတယ်။
    ဖခင်ကြီးအားဦးညွှတ်ပါသည်။ဖခင်လိုလားသော ရခိုင်ပြည်သာဖြစ်ရမည်။ရိုဟင်ဂျာနယ်မဖြစ်စေရ။
    လိုအပ်ပါက စစ်ထဲဝင် အသေခံပြီး ရိုဟင်ဂျာဆိုသောကုလားများအားတိုက်ခိုက်သွားပါမည်။
    တိုက်ခိုက်ပြီး အာဇာနည်မဖြစ်တောင် ကျေနပ်စွာအသက်အား ဖခင်ကဲ့သို့စွန်လွှတ်ရဲပါသည်။
    ယခုစာရေးနေစဉ် ကျွန်တော်ကျသောမျက်ရည်တစ်စစ်သည် ရိုဟင်ဂျာ တစ်သက်ဖြစ်ပြီး
    အာလာအရှင်ထံ ရိုဟင်ဂျာများနားခိုပါစေသား။။။။။။။။။
    မင်းတို့စော်ကားနေတာများနေပြီကွ…..http://leebamar.blogspot.com/

Leave a Reply