ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် ကြည့်နေစဉ် မီးပျက်လို ့ ဆန္ဒပြကြမှု ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားခဲ့

BayoteJune 17, 20101min1045

လွန်ခဲ့တဲ့ စနေနေ ့က ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနားနဲ ့နိုင်ဂျီးရီးယား ဘောလုံးကန်နေစဉ်အတွင်းမှာ မီးပျက်သွားလို ့ဆိုပြီး စိတ်ပျက်ဒေါသူပုန်ထကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘောလုံးဝါသနာရှင် ရာပေါင်းမြောက်များစွာဟာ လမ်းတွေကို ပိတ်ဆို ့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ညဘက်အချိန် ၂ နာရီကျော်ကျော်တိုင်အောင် လမ်းတွေပိတ်ဆို ့ဆန္ဒပြကြလို ့ ကားတွေပိတ်ဆို ့ကုန်ပါတယ်။ ဒိမီးပျက်ရတာနဲ ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို ့ ဂက်စ်ဓါတ်ငွေ ့ မလုံလောက်လို ့ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီလို ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေ ပြသနေတဲ့နေ ့ရက်တွေမှာ မီးပျက်လို ့ဆိုပြီး ဆန္ဒပြမှုတွေဟာ အရင်နေ ့ကတည်းက အစပျိုးခဲ့ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲ ဖွင့်ပွဲအခမ်းအနားကို မီးပျက်လို ့ မကြည့်လိုက်ရတဲ့ ပြည်သူတွေထဲက ဦးရေ ၃၅ ယောက်လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်လူတစုဟာလည်း လျှပ်စစ်ရုံးတစ်ရုံးကို ခဲတွေနဲ ့ပစ်ပေါက်ပြီး အထွေထွေမန်နေဂျာကို ကြိမ်းမောင်းခဲ့ကြပါတယ်။

ထို ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ ့မှာလည်း မီးပျက်မှုတွေကြောင့် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် မကြည့်ရတဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ အစိုးရအဆောက်အဦးတွေကို ခဲတွေနဲ ့ ပစ်ပေါက်ခဲ့ကြကြောင်း၊ ပြုတင်းပေါက်တွေ တံခါးတွေကို ရိုက်ချိုးခဲ့ကြကြောင်း သိရှိရပါတယ်။

http://www.niknayman-niknayman.co.cc/

5 comments

  • လင်းဝေကျော်

    June 17, 2010 at 3:21 am

    အဲသလို လုပ်လို့ ရသလား ?
    ဘင်္ဂလားဒေ့ရှ်မှာတောင် အဲသလို လုပ်လို့ရတယ်လား ……
    မီးပျက်တာ ကို ဘင်္ဂါလီ တွေက စိတ်တိုတယ်လား….
    တို့ မြန်မာသာကီမျိုးကတော့ စိတ်မတိုရဲပါဘူး… ကြောက်တယ်။
    မြန်မာပြည်ကြီး ဘယ်လောက်သာယာငြိမ်းချမ်းသတုန်း..

  • Shwemannmay

    June 17, 2010 at 4:09 am

    အော် မီးလေးပျက်တာနဲ့ အဲလောက်ဖြစ်ရတယ်လို ့
    မြန်မာပြည်မှာဆို ဒင်းတို ့ဘယ်လိုလုပ်မလဲ

  • yannaingech

    June 17, 2010 at 4:16 am

    လူဆိုးတွေ။ ဒီလူတွေကို အပြစ်ပေးတဲ့အနေနဲ့ မြန်မာပြည်ကို ပြည်နှင့်ဒဏ်ပေးလိုက်။

  • intro

    June 17, 2010 at 1:37 pm

    ဒီကောင်တွေ ငါတို့နိုင်ငံသားတွေလောက် ခန္တီပါရမီ မရှိသေးပါဘူး 😛

  • cobra

    June 17, 2010 at 2:53 pm

    မင်းတို ့တွေတို့ဗမာတွေလောက်ခံနိုင်ရည်မရှိသေးပါဘူး။ငါတို့ဆိုရင်နှစ်၂ဝကျော်တောင်ခံလာခဲ့ရတာကွ။ဟားဟားဟား။ဒါတောင်အပြုံးမပျက်သေးဘူးကွ။

Leave a Reply