အချစ် ဆိုသည်မှာ … (ပိုစ့်မော်ဒန် တက္ကနိုလော်ဂျစ် ဖိုတိုဂရပ်ဖစ် ဗားရှင်း)

ムラカミMay 17, 20121min18124

အော် … အိသဒ္ဒါမိုးရယ်…

 

ကိုယ် အခုတော့ သိပါပြီလေ …

တကယ်တော့ အချစ်ဆိုတာ vending machine လို

အကြွေစေ့ ထည့်လို့ အအေးဗူးပြန်ထွက်လာမည်ဟု တရားသေ မယူဆ စကောင်းဘူးဆိုတာကိုပါ …။

 

 

သူငယ်ချင်းထက် ပိုပါတယ် ဆိုတာလေး ကြားရဖို့အတွက်

ယူရို ၂ကြိမ်လောက် ကျင်းပရတဲ့ ကာလအပိုင်းအခြားလောက် စောင့်ဆိုင်းခဲ့ရတာ မင်းသိပါတယ်ကွယ်

 

ချစ်သူ တွေ ဆိုတဲ့ full version မတက်လှမ်းနိုင်ခင် သူငယ်ချင်း ဆိုတဲ့

beta version သုံးစွဲခွင့်ကာလလေး ဆုံးရှုံးသွားမှာတော့ စိုးထိတ်မိပါရဲ့…။

 

ဒါပေမယ့် အိသဒ္ဒါမိုးရယ်…

 

ကိုယ့် အချစ်က skintone ကိုင်မထားတဲ့ ဒါ့ပုံတပုံလို ရိုးသားဖြူစင်တာတော့

ယုံစေချင်ပါတယ်ကွယ်….။ ရေမရောတဲ့ အရက်သမားစကား စစ်စစ်ရယ်ပါ..။

 

ဆီမာဆက် နဲ့ ဘီယာလျက် တာကို ဒီတခါအပြတ် ပါလို့ ပြောတတ်တဲ့ ကိုရင်စည့် စကားကို

နားယောင်တော့မှာလား ကွယ်…။ နေ့ခင်းဘက်မို့ ကော်ဖီခါး နဲ့ တော်ကီပွားတာပါကွယ်…

 

တကယ်တော့ ကျုပ်ကသာ …. jailbreak မလုပ်ထားတဲ့ iPhone ၁လုံးလို စစ်မှန်တဲ့ လူပါ…

ထားပါလေ … နားမထောင်ချင်လည်း နေပါ….

 

ဘာ ကျုပ်တို့၂ယောက် စလုံးကို မရွေးဘူး … ဟုတ်လား …

 

ကောင်းပါပြီလေ…

ကျုပ်ဟာ မင်းအချစ်ကို Windows 8 tablet ထွက်တာကို မစောင့်နိုင်လို့

iPad ဝယ်ကိုင်မယ့် လူစား မဟုတ်တာ သိစေချင်ပါတယ်ကွယ်..

 

ထားခဲ့ဖူးတဲ့ မေတ္တာတွေကို သာ စာစီပြီး စာတလုံး ကို သဂျီးဆိုက်မှာ ပေးတဲ့နှုန်း

လောက်နဲ့ပဲ ပေးဦး ..ခုလောက်ဆို ရတဲ့ငွေနဲ့ မင်းကို လမ်ဘဂီနီ ဝယ်ပေးနိုင်လောက်ပြီထင်ရဲ့..

 

တကယ်တော့ ငယ်ရွယ်မှုနဲ့ အလှအပ ဆိုတာ အပေါ်ယံပါကွယ်…။

နောင်တချိန်မှသာ မော်ဒယ် အသစ်ထွက်လို့ ဈေးလျော့ရောင်းရတဲ့

အိုင်ပက်တူးလို မဖြစ်ပါစေနဲ့လို့ …ကိုယ်ဆုတောင်းခဲ့ပါရဲ့ …။

 

စကားမစပ် မင်းသိပ်မုန်းတဲ့ မန်စီးတီး အသင်းတော့ ဖလားရသွားလေရဲ့…

ငွေဟာ ဒုတိယဘုရားသခင် ဆိုတဲ့ အသံတွေ ပြန်ညံလာဦး မပေါ့ကွယ်..

 

ဒါပေမယ့် ဘဝအာမခံချက် တွေဘာတွေ သိပ် မပြောပါနဲ့ …။ ကျုပ်က ရှုံးပေမယ့် တန်းမဆင်းရတဲ့

ကျူပီအာရ်လို ဖြစ်မလာဘူး မပြောနိုင်ပါဘူးကွယ်…။

 

အမြင်ကျယ်ပါ အိသဒ္ဒါမိုးရယ်….။

tele lens တွေ လို ဝေးဝေးကို မျှော်ကြည့် လွန်းတတ်တာဟာ

တခါတလေတော့ ဘေးနားက အရာတွေကို မမြင်လိုက်ဘူး ဖြစ်စေတတ်တယ်ကွယ့် …

tele နဲ့ wide angle မျှတပါစေ မိန်းကလေး…။

 

တကယ်တော့ သမိုင်းဆိုတာ ဖိုတိုရှော့ပ် နဲ့ ဝက်ခြံညှစ်သလို ဖြောက်ဖျက်ပစ်လို့

မရစကောင်းဘူး ကွယ် …။ ကျုပ်ကတော့ ကျုပ်သမိုင်းကျုပ် လှအောင်ရေးဖို့ ဆုံးဖြတ်ထားပါရဲ့…။

 

စွန့်လွှတ်ခြင်း ဆိုတာ ကသာ အချစ်စစ်လို့ မကြွေးကျော်ပါဘူးကွယ်..

ဘာကြောင့်လဲဆိုတော့ ကျုပ်တို့က အသည်းနှလုံး အန်ဂျီအိုအသင်းဝင် တွေ မဟုတ်လို့ပါပဲ..

 

ဒီအခြေအနေရောက်မှတော့ ..

connection မကောင်းလို့သာ မင်းအချစ်ကို download လုပ်တာ fail ဖြစ်သွားတယ်လို့ပဲ မှတ်ယူလိုက်ပါတယ်။

အင်းလေ… တချိန်ကျတော့လည်း password မသိတော့တဲ့ mail account တခုလို မေ့မေ့ ပျောက်ပျောက် ဖြစ် သွားမှာပါ

 

ခုလောက်ဆို မင်းလည်း ကိုယ့်ကို မုန်းနေလောက်ရောပေါ့ …။ ကိုယ့် wall ပေါ်လာပြီး dislike နဲ့ hate button နှိပ်တယ်လို့ပဲ

ယူဆပါတယ်။ ကိုယ့် ဒဏ်ရာ လူမမြင်အောင်တော့ privacy setting ကို only me လုပ်ပြီး အမြဲသိမ်ထားပါ့မယ်ကွယ်..

 

ကိုယ့်အချစ်ဟာ မင်းအတွက်တော့ ခိုးကူးတခွေလောက်တောင် တန်ဖိုးရှိချင်မှ ရှိမှာ ဖြစ်ပေမယ့်

ကိုယ့်အတွက်တော့ မင်းနဲ့ဝေးရတာဟာ L-series lens ၁လုံးကျကွဲသလို ဝမ်းနည်းပက်လက်ဖြစ်ရပါတယ်။

 

 

နောက်ဆုံး ပြောခဲ့ချင်တယ် အိသဒ္ဒါမိုးရယ်..

တကယ်တော့ အချစ်ဆိုတာ Mac OS hang ရင် မြင်ရတဲ့ အဝိုင်းလေး လည်နေပြီး ဘာမှ လုပ်မရဘဲ ရိုးရှင်းစွာ တိုင်ပတ်နေတတ်တဲ့အချိန်တွေ ရှိသလို

Windows OS crush ဖြစ် ရင် တွေ့ရတဲ့ ရှုပ်ရှုပ်ထွေးထွေး စာလုံးတွေအများကြီးပါတဲ့  စကရင် အပြာကြီး ကို ခလုပ်ကလေး ၃ခုတည်းနဲ့ အစကပြန်စနိုင်တဲ့

အချိန်လည်း ရှိတတ် စမြဲမို့ … …

 

အော် … တနေ့တော့ တနေ့ပေါ့ ..အိသဒ္ဒါမိုးရယ်…

 

 

(တိုက်တိုက်ဆိုင်ဆိုင် ရေးဖွဲ့ပါသည် …

ကိုရင်စည် ရေ…)

 

 

အာဟိ ဒက်ဂလောက် …

 

 

24 comments

  • Ch@vez

    May 17, 2012 at 3:04 pm

    ဗျို့ ကရင်စီ
    ကျုပ်က ခင်ဗျား ထွက်သွားပြီမှတ်လို့
    အမှတ်တရ အနေနဲ့ ဒီ-၃ယောက် အဆက် ရေးမယ်ပေါ့
    ဆိုပြီး ရေးတုန်း ခင်ဗျားပိုစ့် တက်သွားတာပဲဗျ…

    အဲ့ဒါကြောင့် တိုက်တိုက်ဆိုင်ဆိုင်လို့ ရေးထားတယ်ဗျို့ …
    😀

    • ကိုရင်စည်သူ

      May 17, 2012 at 6:25 pm

      ဘာပဲဖြစ်ဖြစ်ပေါ့ … ဒီလူကြီးက တော်ကီကကောင်း ပညာကလည်းတော်
      ရုပ်ကလည်း ရဲတိုက်နဲ့ နင်လားငါလားဆိုတော့ ကိုရင်စည့်ရင်ထဲမှာတော့ ဒင်းကြီး..
      အိသဒ္ဓါမိုးလေး ရှိတာခိုးပေးသွားမလားဆိုပြီး အခုရွာနေတဲ့ နွေမိုးမှာ ရွှေပတ်တန်ခိုးနဲ့
      နှစ်ဆတိုး စိုးရိမ်လို့ ဖတ်ခဲ့ရပါဒယ်…။ 🙄
      ဘာပဲဖြစ်ဖြစ်ပေါ့… အိသဒ္ဓါမိုးလေး အတွက် ပါရာဒိုမရှိသေးပေမယ့် ဆရာခိုကိုတော့
      မိုးလေး ဒဏ်ရာရရင် လိမ်းပေးဖို့ ကရင်စီ ဆောင်ထားပါတယ်နော်… 😳 😳
      ဗျို့… ဆြာသမားရေ… နေကောင်းလားဂျို့…. သိပ်ကစ်မနေနဲ့ဦး..
      ကျနော်တောင် တစ်ရက်မှ နှစ်ခါပဲသောက်တော့တယ်… ဟီးဟီး… 😀 😀

      • Moe Z

        May 29, 2012 at 10:13 am

        ကိုရင်စည်သွပ်ရဲ့ အိသဒ္ဒါမိုးက အခုမိုးစက်တို့လမ်းထိပ်မှာ
        အကြော်ရောင်းနေတယ် ဂျီးဒေါ်မိုးတဲ့
        ဆေးဗူးလူကြုံပေးချင်ရင်တော့ ယူသွားပေးမယ်
        အပမ်းမကြီးပါဘူး :mrgreen:

  • ဗိုက်ကလေး

    May 17, 2012 at 3:11 pm

    ကဲ..ကဲ..
    အိသဒ္ဒါမိုးလေးလဲ အူးဗိုက်ဆီလာခဲ့
    ငယ်ငယ် ဆိုတာလေးလဲ အူးဗိုက်ဆီလာခဲ့
    အူးဗိုက်ညီမ မိုးလေးကိုတော့ ချမ်းသာပေးကြ
    ဟုတ်ပလား…

    • ကိုရင်စည်သူ

      May 17, 2012 at 6:43 pm

      ဟိုဘက်ဇာတ်မှာ ငယ်ငယ်နဲ့ ဝေးသွားတော့ အူးဗိုက်ညီမ အိသဒ္ဓါမိုးလေးက
      အနော့်ကို သနားချစ် ချစ်သွားတာများ ဖြစ်အောင် တစ်ကွက်ချန်ရေးထားခဲ့ဒလာ…။
      ဟိုဘက်ဇာတ်မှာ ငယ်ငယ်ကို ကားနဲ့ ခေါ်တင်သွားတဲ့ သူကို ကိုဂီ့ကြီး ထည့်မလို့…
      နောက်တော့ ဒန်းဖိုက်မျက်နှာနဲ့ ထည့်မရေးတော့ပါဘူးလေဆိုပီ… လက်တဟဟနဲ့
      မရိုက်ခဲ့တော့တာ… ။ ယောက်ဖကြီး အူးဗိုက်ကို ကြောက်တော့ မိုးလေးကို ခိုးပြေးရမလားတောင်
      မသိတော့ဝူး… ဟီး.. ဟီး.. 😀 😀 😀

  • ညလေး

    May 17, 2012 at 3:48 pm

    လန့်တယ်ဗျာ ့ ့ ့ ့ ့ ့ skynet upto dateအရှုံးပေးရလောက်တဲ့အိုင်ဒီပိုစ့်မော်ဒန်ဖြစ်ပါဂျောင်းအားပေးရင်း ့ ့ ့ ့

    • ဗိုက်ကလေး

      May 17, 2012 at 3:55 pm

      လန်းတယ် လုပ်ပါဗျာ

  • nozomi

    May 17, 2012 at 3:55 pm

    တော်တော်လန်းတဲ့ ပို့စ် ပဲ
    ကြိုက်တာတွေ ပြောပြရရင်
    ဆရာ ဂီ တိန် လို့ တ သွားစိုးလို့ ၊ မပြောတော့ဘူး
    သဘောကျ နှစ်ခြိုက်မိကြောင်းပါ

  • စနေ

    May 17, 2012 at 5:40 pm

    အရမ်းလန်းလို့ ….
    လက်မတစ်ချောင်းထောင်ပြီး
    အားပေးသွားပါတယ်ရှင့် ……. 🙂

  • pooch

    May 17, 2012 at 6:19 pm

    love is a kind of art တဲ့ ဘယ်သူပြောသွားတာလဲ မသိဘူး :mrgreen:

  • captainamerica

    May 17, 2012 at 8:02 pm

    မိုက်တယ်ဂျာ ကိုဂီ အားပေးသာွးတယ်ဗျို.

  • htet way

    May 17, 2012 at 8:56 pm

    သဒ္ဒါရယ် မင်းကို သိပ်ချစ်တယ်

  • အံဖွယ် ကိုဂီပါဗျို. ့။

    “”ကျုပ်ဟာ မင်းအချစ်ကို Windows 8 tablet ထွက်တာကို မစောင့်နိုင်လို့
    iPad ဝယ်ကိုင်မယ့် လူစား မဟုတ်တာ သိစေချင်ပါတယ်ကွယ်..”””

  • Wow

    May 18, 2012 at 10:34 am

    “တကယ်တော့ အချစ်ဆိုတာ Mac OS hang ရင် မြင်ရတဲ့ အဝိုင်းလေး လည်နေပြီး ဘာမှ လုပ်မရဘဲ ရိုးရှင်းစွာ တိုင်ပတ်နေတတ်တဲ့အချိန်တွေ ရှိသလို”
    အဲ့လာကတော့ တကယ်ကို ဟတ်ထိတယ်။ ဘီးဇီးက ဖြစ် အဝိုင်းကြီးကလယ် ဘာမှလုပ်မရ….. အော် ဘွ…ဘွ

    • Ch@vez

      May 22, 2012 at 11:28 pm

      သိလိုက်ပါဘီ. .
      ပန်းသီးပိတ်သတ်မှန်း …

      ချိုဘာဘူးအေ…
      😛

  • jujuma

    May 18, 2012 at 1:50 pm

    ဟဟ မိုက်တယ်ကွာ ..လိမ္မာဘူးးးးးး 😀

  • Crystalline

    May 18, 2012 at 3:19 pm

    Yo ….Yo…..Yo…this you are really talented..
    really enjoyable!

  • pan pan

    May 23, 2012 at 5:24 am

    ကိုဂီတော်ကီကောင်းတယ်
    နှုတ်ကလေးကလည်းသွက်တယ်
    ရုပ်ကလေးပါထွက်ရင် ဂွတ်မယ်
    အယ်….ဆောတီးနော် :mrgreen:

  • MaMa

    May 23, 2012 at 6:39 am

    ကျုပ်ကတော့ ကျုပ်သမိုင်းကျုပ် လှအောင်ရေးဖို့ ဆုံးဖြတ်ထားပါရဲ့…။
    ဘရာကျော်ပါ။ ဆက်ကျော်ပါ။ 😀

  • ssa

    May 23, 2012 at 11:12 am

    အရမ်းဂွတ်တယ်ဗျာ.
    တော်ကီတွေက လေးစားဖို့ကောင်းတယ်.နော်…

  • eipu

    May 29, 2012 at 1:52 pm

    အလန်းလေးတွေဘဲ

  • myanmarcitizen

    May 30, 2012 at 4:14 pm

    ရေရေလည်လည် ကောင်းတယ်ဗျာ။ အားပေးသွားပါတယ်။

  • kotun winlatt

    May 30, 2012 at 4:25 pm

    မျှော်လင့်သော တစ်နေ့အမှန်ရောက်စေသတည်းးးးး
    ဒက်ဂလောက်..ဒက်ဂလောက်…
    ဇဂါးးမစပ်..ဂီရေ…
    အိသဒ္ဓါမိုးးးက ယောက်ျားလားးးမိန်းးမလားးးးခင်ဗျ
    ပြေးးဘီဗျို့…..အာဟိ….

  • Inz@ghi

    July 4, 2012 at 11:54 pm

    ယနေ့ အိုင် အိုအက်စ် …
    ၆၃မကျတာ ….ကိုယ်တွေ့ဖြစ်အိ..
    မရှိခန .ဒို့မမ ..
    ခနမရှိ ဒို့ကျိကျိ …
    စိတ်ပြေစေပါကြောင်း…….

    この顔、覚えてるよ。。。。。
    ずっと。。。。。。
    😀

Leave a Reply