အင်တာနက် ဇာတ်လမ်း (၈)

htet wayMay 17, 20121min17619

ကျွန်တော် လည်း အိမ်ပြန်ဖို့ ဆက်လျှောက်လာတော့ ချယ်ရီလမ်း ထိပ်မှာ ကို လှ မင်း နဲ့ တွေ့ပါတယ်။ ဆရာ တိုင်ပင်စရာ ကိစ္စနည်းနည်းရှိလို့ အိမ်ကို ဝင်ပါအုံးဆိုလို့ ဝင်လိုက်ရတယ်။အိမ်ပေါ်မှာတော့
ကိုလှမင်းရဲ့ အစ်မ က ဆီးကြိုလို့ ဆရာ ထိုင်ပါ တဲ့ ကိုယ့်ဆရာရေ ။ သူတို့ မှာ ပြဿနာတခုခု ရှိနေမှန်း ကျွန်တော် သိလိုက်ပါတယ်။
ကိုလှမင်း အမ ဒေါ် နှင်းဆီက “ ဆရာရေ ပြဿနာလေးတစ်ခု ကို တိုင်ပင်စရာရှိလို့ပါ အကြံဉာဏ်ပေးပါအုံး ”..တဲ့ ကိုယ့်ဆရာရေ လူတွေကလည်း ကောင်းတာမွန်တာဆို နေရာမပေး ကြပါဘူး ပြဿနာဖြစ်ပြီ ဆိုရင်
သာ စာရေးဆရာ မို့ပါ တို့ မီဒီယာ သမား မို့ပါတို့ ပြောပြီး ခေါင်း စားတတ်ကြတယ်။
ဒီလိုပါ ဆရာရယ် ..ပြောရမှာ လည်း ရှက်ပါတယ် သမီးက ပထမနှစ် စီးပွား စီမံတက်နေတာပါ အဝေးသင်ဆိုတော့ အားတာနဲ့ အင်တာနက် ဆိုင်ထိုင်လိုက ထိုင်ပါစေပေါ့ ဟို မီဒီယာ ခင်မောင်ကလည်း ဒီနေ့ မြန်မာပြည်မှာ အင်တာနက် သုံးသူဦးရေ ၅သိန်းကျော်ရှိတယ် မသုံးတဲ့ သူက ခေတ်မ မီတော့ ဘူး ဘာညာ ပြောနေတော့ အစ်မတို့ လည်း ကိုယ့် သားသမီး ခေတ်မီစေပေါ့ သုံးပေါ့ တစ်နာရီမှ ၃၀ဝကျပ်ကျတာလေ
ကိုယ့်ဆရာရေ ဒေါ်နှင်းဆီက လိုရင်း မရောက်ဘူးပြောနေလိုက်တာ ကျွန်တော်ကလည်း အားနာပါးနာ အင်း လိုက်နေရတယ်။
အစ်မတို့ မျိုးရိုးကလည်း ပညာတတ်တွေကြီးပဲလေ ရှေ့နေ ၊ အရာရှိတွေ ကြီးပဲ သမီးလေးကိုလည်း ဂုဏ်ရှိစေချင်တယ်။ ဒါကြောင့်ပါ ။ ခုတော့…သင်းက အမျိုးဂုဏ်ကို ဖျက် မယ့် မိန်းမ ဖြစ်နေတယ်
တောက်…။
မနှင်းဆီက ဒေါသကြောင့် မျက်နှာ နီမြန်းလာတယ်။ ပြော လက်စ စကားကို ရပ်လိုက်တယ်။ ကိုလှမင်းကို လှမ်းကြည့်လိုက်တော့ လမ်းမ ဘက်ငေးနေလေရဲ့။
အစ်မ မနှင်းဆီ လိုရင်းကို ပြောစမ်းပါ ကျွန်တော် ဘာကူညီရမလဲ
ကျွန်တော်က တိုတို နဲ့ လိုရင်း ကိုပဲ ကြားချင်တာပါ ကိုယ့်ဆရာရေ ။ ခုဟာက ကုလားကားလို ပေရှည်နေပြီ။
ဒီလိုပါ သမီးလေးက အမေတူ သမီးလေးပါ ချောတဲ့ လှတဲ့နေရာ မှာ လေ။ မင်းကတော်ရုပ်ပေါ့်နေတာ ဆရာလေး မြင်တာနဲ့ သိမှာပါ ။ အစ်မသာ ရုပ်လှပြီး ကံဆိုးတာလေ ဘာမဟုတ်ိတဲ့ လူနဲ့ ….
မနှင်းဆီက သူ့ယောက်ကျား ဘက်မြှားဦး လှည့်သွားတယ်။ ကိုယ့်ဆရာရေ တော်တာက သူ့ယောက်ကျားမရှိဘူး ။မဟုတ်ရင် ပြဿနာ
“အစ်မ လိုရင်း သာပြောပါ ”
ကိုလှမင်းက ဝင်ထောက်လိုက်မှ .. ဒီလိုပါ ဆရာရယ် အင်တာနက်မှာ ဂျီတော့ ပြောရာက စတာပဲ သမီးက ညနေဆို အင်တာနက် ဆိုင်သွားပြီး ဝက်ဘ်ဆိုက်တွေ ကြည့်တယ် ဂျီတော့ ပြောတယ်လေ။
ကောင်လေးတစ်ယောက်နဲ့ ရင်းနှီး ခဲ့ကြတယ် ။နောက်တော့ သူငယ်ချင်း အဆင့်ထက်ပိုတယ်ပေါ့ လူငယ် သဘာဝ ချစ်သူတွေ ဖြစ်ကြတယ်။
ကိုယ့်ဆရာရေ ဒါ ဘာဆန်းလည်း ဒိမိန်းမကြီး ခေတ်နောက်ကျနေပြီ ကျွန်တော် သူငယ်ချင်း ဖရဲ ဆို ဂျီတော့နဲ့ ချစ်သူဖြစ်နေတာ သုံး ဆယ်ကျော်တယ်။ ညနေဘက် ဆိုင်ထို်င်တာနဲ့ ဂျီတော့ ကို လက်မလည်

အော င်ပြောရတာ လွမ်းတယ် သတိရတယ် တကယ်ချစ်တာပါ ဆိုတာ ကော်ပီ လုပ်ပြီး ဟိုတစ်ယောက်လည်း ဒါပဲ ဒီတစ်ယောက်လည်း ဒီ စာသားပဲ ဘာဆန်းလို့ လည်း ကိုယ့်ဆရာရယ်။နောက် ကိုမြစ်ကမ်း
ဆိုတဲ့ ကဗျာဆရာလည်း လေလှိုင်းထဲက ချစ်သူတွေရှိနေတာပဲ သူဆို ကဗျာ တစ်ပုဒ်ကို အယောက်တိုင်း ပေးလိုက်တာပဲ ။
အဲ့ ဒီမှာ ကောင်လေးက မြို့ကို လာလည်တယ် ဆိုင်တစ်ဆိုင်မှာတွေ့ကြတယ်တဲ့ ဒါလည်း အစ်မတို့က နောက်မှ သိတာပါ သမီးပြောတာ ကောင်လေး က တအား ဝ တယ် ။ သူနဲ့ VZOဆိုတဲ့ ရုပ်မြင်တဲ့ ဟာနဲ့
ချက်ကြတာ ကောင်းလေးမျက်နှာက ပြည့်ပြည့် ဖြိုးဖြိုး ဆိုတော့ သမီက သဘောကျတယ် ထင်တယ် နောက်တော့ တအားဝပြီး အရပ်ရှည်လွန်းတော့ သမီးက မကြိုက် ချင်တော့ ဘူး။
ကိုယ့်ဆရာရေ ဒီ အမျိုး သမီး စိတ်မမှန် ဘူး လို့ ကျွန်တော် မကြားမိခဲ့ပါဘူး ။ အခုပြောနေပုံ က နည်းနည်း တော့ လွတ်နေတယ်။ ဘယ့်နှယ် မရှက်မကြောက်ဗျာ။
ဟို အစ်မ …မ..နှင်းဆီ ကျွန်တော် ကို ပြောစရာက ဒါပဲဆိုရင် ကျွန်တော်ပြန်ပါရစေ
ကျွန်တော် အဲ့ ဒီလိုပြောလိုက်တော့ ကိုလှမင်း က မျက်နှာ ပျက်သွားတယ် မနှင်းဆီက လည်း ကျွန်တော့်ကို ဆွဲပြီး
ဆရာလေးရယ် ပြဿနာ အနားမရောက်သေးတာပါ ခဏလေး ခဏလေး ပါနော်
အစ်မ က လိုရင်းပြောပါလို့ ကျွန်တော် ပြောထားသားနဲ့ လို့ ကိုလှမင်း က ဝင်ပြောတယ်။ မှင်းဆီကလည်း အေးပါ ဟယ် အကျင့်ပါနေလို့ပါ ဆိုပြီး ကျွန်တော့် ဘက်လှည့်ပြီး
ဒါနဲ့ ဆရာလေးရယ် သမီးက မကြိုက်တော့ စကားမပြော တော့ ဘူး ဘလော့လုပ်တယ် ဆိုလား ဘလက် လုပ်တယ် ဆိုလား လုပ်လို့ ကောင်းလေးက အိမ်ကို တယ်လီဖုန်း ဆက်တယ်လေ။သမီးက အရင်က ဖုန်းနံပတ်ပေးထားတာကိုး အစ်မက ၅သိန်းတန် ဖုန်းကို သမီးကို ဝယ်ပေးထားတာလေ ဖုန်း တလုံး ဆိုတာ လူတစ်ယောက်မှာရှိသင့်တယ် မဟုတ်လား။ ဒါတောင် ဟမ်းဆက်………..
အစ်မ ပြောထားတယ်နော် လိုရင်း တိုရှင်း… ကိုလှမင်းက ဝင်ဟန့်လိုက်မှ
အေးပါ ….သမီးကို အဲ့ဒီ ဖက်တီးကောင်လေးက ပြောတယ် မင်းနဲ့ ငါနဲ့ ပြောထားတဲ့ စကားတွေ VZOချက်တာတွေ ကူးပြီးဖေ့ဘုတ်ပေါ်တင်လိုက်ရမလား ဒီလို တင်လိုက်ရင် မင်း မဟာ သိက္ခာကျသွားမယ်
မင်းပြောထားတဲ့ စကာူးတွေ မင်းမှတ်မိမှာပါ တဲ့ ဆရာလေးရယ် ကျမတို့က ဆွေကြီး မျိုးကြီးပါ ငွေ ဂုဏ်လည်း ရှိ ပညာဂုဏ်လည်းရှိ သမီးကိုလည်း မြို့က သူဋ္ဌေးသားတစ်ယောက်နဲ့ ပေးစားဖို့ သဘောတူပြီးသားလေ
ဟို သူဋ္ဌေးသားလေး ကို သူရဆို သမီးကို အရမ်းချစ် အရမ်း အလိုလိုက်…..။
ကျွှန်တော်က ကိုလှမင်းကို လက်ကုတ်လိုက်တယ် ကိုလှမင်းက လိုရင်း တိုရှင်း လို့ အော်လိုက်မှ မနှင်းဆီက အေးပါ ဆိုပြီး စကားလမ်းကြောင်းပြောင်းတယ်
ဘယ်ရောက်သွားပြီ လည်း အော် ဖေ့ဘုတ်မှာ တင်မယ် ဆိုပြီးပြောတာပေါ့ သမီးကလည်း မတင်ဖို့ပြောတော့ ဒါဆို ဆယ်သိန်းပေးတဲ့ ငွေညှစ်တယ်ဆရာ အဲ့ဒါ ဆရာဆီက အကြံဉာဏ်လေးတောင်းတာပါ
မီဒီယာခင်မောင်ကတော့ ဒါ ကြီးကျယ်တယ် ဆရာကိုမေးပါလို့ ပြောလို့ပါ။
ကိုယ့်ဆရာရေ ဒီနေ့လည်း ကံမကောင်းရှာ ဘူး ကျွန်တော်မှာ ပြဿနာတွေ ချည်းတွေ ့နေရတယ်။မနှင်းဆီက ငွေမပေးချင်ဘူး ဒါကို ပြေလည်အောင် ဘယ်လို လုပ်ရမလဲ လို့ သိချင်နေတယ် ။
ဒီမှာ အစ်မနှင်းဆီ ဒီလိုငွေ ညှစ်တောင်းတာ ဟာ ဥပဒေအရ အပြစ်ရှိတယ် ခြောက်လှန့်တောင်း ယူမှုပဲ ရဲကို တိုင်ပါ ဥပဒေ ပုဒ်မ ၂၆၄ နဲ့ အမှုဖွင့်လို့ရတယ်။ဒီကိစ္စက ရဲကို တိုင်ပင် အမှုဖွင့်ပါ
နောက်သားသမီး ကိုလည်း လွှတ်မထားနဲ့ပေါ့ဗျာ သေချာ ဂရုစိုက်ပေါ့ ကဲ အမှုသာ ဖွင့်ပေတော့ ကျွန်တော့်ကို ခွင့်ပြုပါအုံး
ကျွန်တော် လည်း စိတ်တွေနောက်ကျိနေတယ် ကိုယ့်ဆရာရေ့ မြို့ကျည်းကျည်းလေးမှာ အင်တာနက် ဆိုင်ဖွင့်တော့ ဖွင့်တဲ့ လူကတော့ အကျိုး ဖြစ်ပါတယ် ။ ဒါကို မသုံးရင်ခေတ်မမှီတော့ ဘူးလို့ ထင်နေကြတဲ့
လူတွေက သုံး။ ထိထိရောက်ရောက် အသုံးမပြုတတ်တော့ ပြဿနာတွေ ဖြစ်ကုန်ရော ကိုယ့်ဆရာရေ့။ မီဒီယာ ခင်မောင် တပည့် ကိုမင်းဆို ဂျီတော့ မှာ စကားပြောတာ အဟုတ်မှတ်ပြီး ရန်ကုန် လိုက်သွားတော့
ပါတဲ့ငွေ အပြင် ဟိုက ခြူစားလိုက်တာ ဟန်း ချိန်း လက်စွပ်တွေ ကုန်ပါရောလား။ ဒါက အချစ်ဆိုတာ ကို အစာအဖြစ်တပ်ဆင်ပြီး အင်တာနက် နဲ့ မျှားလိုက်တာပါ ဦးလွန်း လည်း အင်တာနက်က ဒီဗီ ဖေါင်တင်တယ်
ဟိုက စနစ်တကျလိမ်တယ် ငွေ ခုနှစ်သိန်းနီးပါး ကုန်သွားတယ်။ ဒါတွေ ဟာ မသိမှုနဲ့ ဆင်ခြင်မှု မရှိလို့ပဲ ကိုယ့်ဆရာရေ့။
ကျွန်တော် အမိန့်ရ အရက် ဖြူဆိုင်ရှေ့က ဖြတ်သွားတော့ မူးပြီး သီချင်း ဆိုနေတဲ့ အသံကြားရတယ် ။ အသံက တော့ လူငယ်တွေအသံပါ သင်းတို့က အချိန်မရွေး မှုူးတတ်တယ်
အကြောင်း လည်း မထူးxxxxxx ခေါင်းလည်း မူးပေါ့xxလုံးဝရပ်လို့မရ
တစ်ယောက်နဲ့ တစ်ယောက်ချက်လိုက်ရမှ xxxx စားလို့ အိပ်လို့ရxxxဘာတဲ့ ….
မအားလည်း ချက်xx အားလည်း ချက် xxxx ချက်ဖို့ အဓိကxxx
ဒီနေ့ ချက်ရွန်းမှာ xxx ဘယ်သူမှ မလာဘူးxx-x အရမ်းပဲ စိတ်နာ xxxငါတစ်ယောက်ထဲ ချက်ဖို့ စောင့်နေဆဲ..ဟေး
ဒါ ထွန်းထွန်း အသံ မှန်း ကျွန်တော်သိလိုက်တယ် သီချင်းကတေးရေး ရွှေဂျော်ဂျော် ရဲ့ သီချင်းပါ ဆုပန်ထွာ ဆိုထားတာ ။ကိုယ့်ဆရာရေ အရက်ဖြူ ဆိုင်မှာ လွေးနေပုံ ထောက်တော့ ထွန်းထွန်းတို့ သူငယ်ချင်းတွေ
အခြေအနေမကောင်းတော့မှန်း သိသာတယ်။ သူတို့ နဂိုဆို စားသောက်ဆိုင်မှာ ဘီယာသောက်နေတဲ့ လူတွေလေ။
အရက် xxအရက်ကို စွဲရင် xxခေါ်ပါ Alcoholic( အယ်ကိုဟောလစ်)
ချက်xxချက်ကိုစွဲရင် xxxx- ခေါ်ပါ Chataholicချက်တာဟောလစ်
ညအိပ်မက်ထဲထိ xx-စွဲနေတာ …..ဘာတဲ့ ဆရာရေ ..ချက်နေတာ
ကိုယ့်ဆရာရေ ကျွန်တော်က သီချင်းဆိုနေတဲ့ သူတွေကို မြင်ပါတယ် အရက် ဆိုင်က လမ်းဘေး ဆိုင်လေ။ သူတို့ နှစ်ယောက်တော်တော်မှူးနေပြီ မူးနေတာတောင် အင်တာနက်ကို သတိရနေတုန်း ကိုယ့်ဆရာရေ
သူတို့ ရဲ့ စွဲလမ်းစိတ်က တော့ ချီးကျူး လောက်ပါပေတယ်။ကျွန်တော် ဆက်ရှောက်သွားရင်း သူတို့ အကြောင်း တွေးမိပါတယ်။သူတို့ အသံတွေကတော့ ကျွန်တော်နောက်မှာ ကပ်ပါ လာတယ်ကိုယ့်ဆရာရေ့
သတင်းလည်းပြောxxx အတင်းလည်းပြောxxx အားလုံးပဲ ချက်လိုက်ကြxxx
ဖေ့ဘုတ်လည်း အရေး လုပ်လွန်းလို့ xxxxxအလုပ်က ထွက်လိုက်ရ…
ဝက်ဘ်ဆိုက် များရှောက်ကြည့်ရင်းနဲ့ xxxxxဝက်ဆိုက် အတိုင်းပဲဝ …..ဘာတဲ့
ဒီနေ့ ချက်ရွန်းမှာ ……………..

ကိုယ့်ဆရာရေ သူငယ်ချင်း တစ်ယောက်ရှိတယ် လုံးဝ အင်တာနက် မထိုင်ဘူး။ ကျွန်တော်က အင်တာနက် ဆိုင်ကို ခဏသွားမယ်ဆို အဖေါ်လိုက်တယ် ဆိုင်ထဲတော့ မဝင်ဘူး။ သူ့ အမျိုး သမီးက အင်တာနက် ဆိုင် ထိုင်တယ်ကြားတာနဲ့ ရှင်နဲ့ ကျမ အပြတ်ပဲဆိုလို့တဲ့ ဗျာ။ကျွန်တော်က အစကတော့ မသိဘူး အင်တာနက်ဆိုင်ခေါ်ခဲ့မိတယ်။ သူခမျာ လိုက်ရှာပါတယ် ဒါပေမယ့်ကိုယ့်ဆရာရေ အပြင်မှာ ထိုင်စောင့်နေရတယ်။
ခက်ပေစွ ။ တကယ်တော့ အင်တာနက်ဆိုတာ သိပ်ကောင်းတဲ့ ဆက်သွယ်မှု မီဒီယာ ကြီးပါ ။ လေ့လာကြိုးစာသူအတွက် အင်မတန်အကျိုး ရှိတဲ့ အရာ မဟုတ်လား ကိုယ့်ဆရာရယ်။
လမ်းမှာ သူရစိုးဆိုင်ကို ဝင်လိုက်တယ် သတင်း စာဆရာဖြစ်ချင်တဲ့ သူနဲ့ လည်း ဆွေးနွေး စရာ ကိစ္စလည်း ရှိနေတယ်လေ။ သူ့ဆိုင်ရောက်တော့ သူရစိုးက လှိုက်လှုက်လှဲလှဲ ကြိုဆိုပါတယ်
ဆရာ ကျွန်တော်တွေ့ချင်နေတာ ဗျာ…လို့ သူက ပြောတယ် ကျွန်တော်လည်း ပြောဗျာ ဘာတွေ ထူးလည်း ဆိုတော့
ထူးတာကတော့ မပြောနဲ့ ဆရာရေ မီဒီယာ ခင်မောင်ရဲ့ တပည့်က အရင် စပြောမယ်။ ကိုမင်း ရန်ကုန်သွားတာ ဟမ်းချိန် းနဲ့ လက်စွပ် ကုန်သွားတယ် ဒါနဲ့ အိမ်ပြန်ရောက်တော့ ဂျီတော့မှာ သူကောင်မလေး
နဲ့ စကားပြောတယ်ဆရာ တစ်ရက် နှစ်ရက်ကတော့ မပြောင်း လဲပါဘူးနောက်တော့ ဆရာရေ ကိုမင်း ကို ဆက်ဆံမှုတွေပြောင်းလဲလာတယ်။
သူရစိုးက စကားစကို ခေတ္တဖြတ်ရင်း ကျွန်တော် သောက်ဖို့ စီးကရက် ထယူပေးတယ်။ကျွန်တော်က လည်း ကိုမင်း ဘယ်လိုခံရမယ်ဆိုတဲ့ အကွက်ကို ကြိုတွေး ထားပြီး သားကိုယ့်ဆရာရေ့ ။ သူရစိုးက စရွက်လေး တစ်ရွက် ထုတ်ပြတယ်
ဒါကိုမင်းနဲ့ ရတနာ ပြောထားတဲ့ ချက်တင် ထဲက ကူးထားတာပါ သူရစိုးပြတဲ့ စာရွက်လေးကို ကြည့်လိုက်မိတယ်။
(ဆက်ရန်)

19 comments

  • windtalker

    May 17, 2012 at 7:49 pm

    ကိုထက်ကတော့ စုံတယ်ဗျာ ။ ကိုထက်စာဖတ်ပြီး ၊ အင်တာနက်ကနေ အပိုင်ချည်ပြီးငွေညှစ်တဲ့ အောက်တန်းကျတွေလဲ ရှိတာကို မသိသေးတဲ့ ချာတိတ်တွေကို သေချာရှင်းပြနိုင်ပြီဗျို ့။

  • ကိုရင်စည်သူ

    May 17, 2012 at 8:04 pm

    အင်တာနက်မှာ သိုင်းလောကသမီးတွေတောင်ရှိတယ်လို့
    ကျနော် ညီငယ်တွေဆီက ကြားသိရတယ်ဗျာ..
    အင်တာနက်ကနေ ကြင်ယာဖက်မရှာဖို့တော့
    ခုခေတ်လူငယ်တွေကို သတိပေးချင်တယ်ဗျာ…။

  • htet way

    May 17, 2012 at 8:46 pm

    ဆရာwindtalker ခင်ဗျား
    အင်တာနက်ကနေ ခြူးစားသော သူများ
    အကြပ်ကိုင်သူများ အမှန်တကယ်ရှိနေပါကြောင်း

  • htet way

    May 17, 2012 at 8:48 pm

    ကိုရင်ခင်ဗျား
    ကြင်ယာ ကြင်ဖက်တော့ မသိ
    ့ကျွန်တော်ကတော့ ရင်နာ နေလျှက်ပါပဲလို့

    • water-melon

      May 18, 2012 at 12:50 pm

      ဖရဲသီးမှာချစ်သူ ၃ဝကျော်ရှိတယ်ဆိုတာ
      ဟုတ်ရပါဘူးဗျာ( ထိန်ဝင်း၊ရဲလေးအသံဖြင့်ဆိုရန်)

  • Khaing Khaing

    May 18, 2012 at 12:03 pm

    ဆရာထက် အဲလိုဖြစ်တာတစ်ကယ်လားဟင် ဒုက္ခပါပဲ ………. ဖရဲမက ညီမကိုလည်းအီစီကလီလုပ်တယ် ညီမသူနဲ့ ဂျီတော့မှာပြောတာတွေကို အပြင်ကိုဖွရင် ညီမဘဝတော့ပျက်ပါပြီ ဒီတသက်ယောက်ျားရတော့မှာ မဟုတ်ဘူး ဆရာထက် ကူညီနိုင်ရင်ကူညီပေးပါနော် ……….. အကြံဉာဏ်လေးလဲပေးပါနော် ……. (အရွှန်း ဖောက်သွားတာပါဆရာထက်)

    ဆရာထက်ရေ ….. ဒီလိုဇာတ်လမ်းတွေကို လူငယ်တွေရော လူငယ်မိသားစုတွေကော တွင်တွင်ကျယ်ကျယ် လေးသိစေချင်တယ် …… သုံးတတ်ရင်ဆေး မသုံးတတ်လျှင်ဘေး ……. onlineမှာ ချစ်မယ် ကြိုက်မယ် အသားပဲ့မပါဘူးဆိုပေမယ့် အခုလိုအကြပ်ကိုင်တာတွေဖြစ်လာရင်တော့ မကောင်းဘူးပေ့ါ ….. ညီမတို့ရုံးမှာ ဝန်ထမ်းတစ်ယောက်ဆို gtalk ချစ်သူကြောင့် ဘဝတောင်ပျက်ခဲ့ရတယ် ဟိုဘက်ကနေမဖြစ်စလောက်လက်ဆောင်တွေပေး ချစ်ရေးတွေဆို နောက်ပြီး အဲဒီအမကြီးက လောင်းကစားဝါသနာပါလေရဲ့ သူ့ကို ၁ လုံးကိစ္စကို သူကရန်ကုန်မှာတင်ပေးတယ်လေ နိုင်ရင်ကောင်လေးက ဘယ်နေရာကိုလွှဲပေးပါ ဘယ်အိမ်ကိုလွှဲပေးပါဆိုသူမခင်ဗျာသွားပေးတယ် နောက်ပိုင်း ကောင်လေးလဲထိရော ပိုက်ဆံတွေစိုက်ရှင်းပေးရင်းနဲ့ သူမရဲ့ဖုန်းကိုရောင်းပေးရတယ်အထိ ဖြစ်လာတယ် အဲတုန်းက ဖုန်းတစ်လုံးပေါက်ဈေးက ၁၃ သိန်းလောက်ရှိတယ် ….အဲဒီကောင်လေးက ညောင်းသွားပြီး သူ့သူငယ်ချင်းကို ဆက်ပြီးချူခိုင်းတယ် နောက်တစ်ယောက်ကျတော့ အိမ်ပေါင် အိမ်ရောင်း နောက်ဆုံးအမှုဖြစ် အခုဆိုလမ်းဘေးရောက်နေတဲ့ဘဝဖြစ်သွားရပါတယ် …… ဒါတွေဟာ တစ်ကယ့်အဖြစ်အပျက်တွေလက်တွေ့ဖြစ်နေတာပါ ……….

    • Khaing Khaing

      May 18, 2012 at 12:06 pm

      ရေးစရာလေးကျန်သွားလို့ လင်တအားလိုချင်နေတဲ့ ဖရဲမတို့လို လူတွေဆို လိမ်လို့ပိုကောင်းတယ် သူလည်းကိုယ်ပိုင်ဖုန်းကိုင်ထားတယ်လေ ……. ဘယ်နေ့တော့ ဗိုက်တလုံးနဲ့ကျန်ခဲ့မလဲမသိ ဆရာထက်ရေ …….. ဖရဲမကိုလည် သတိလေးကြပ်ကြပ်ပေးပေးပါနော် ……….

      • water-melon

        May 18, 2012 at 12:51 pm

        ဟဲ့တောင်မ
        ညည်းနော် နာကိုလာမပြစ်မဖို့နဲ့
        နာ vzo က ဟာတွေတင်လိုက်ရမလား
        အဟိ

    • Crystalline

      May 18, 2012 at 8:43 pm

      တနေ့က Fox Movie မှာလာတဲ့ “Trust” ဆိုတဲ့ဇာတ်ကားလေးကြည့်ဖြစ်တယ်။
      ဆယ်ကျော်သက် 12/13/14နှစ်အရွယ်မိန်းကလေးတွေကို online ကနေ အယုံသွင်းပြီး နောက်ဆုံးကလေးမလေးတွေငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့
      ရေတိမ်နစ်သွားရတဲ့ဇာတ်လမ်းလေးပေါ့။ ပညာပေးကားလေးပါ။ ဒါပေမယ့်ကြည့်ရင်း ဒါတွေကတကယ့်ဖြစ်နေတာပဲဆိုတဲ့အသိနဲ့တော်တော့်ကိုထိခိုက်ခံပြင်းမိပါတယ်။

    • Crystalline

      May 18, 2012 at 8:46 pm

      တနေ့က Fox Movie မှာလာတဲ့ “Trust” ဆိုတဲ့ဇာတ်ကားလေးကြည့်ဖြစ်တယ်။
      ဆယ်ကျော်သက် 12/13/14နှစ်အရွယ်မိန်းကလေးတွေကို online ကနေ အယုံသွင်းပြီး နောက်ဆုံးကလေးမလေးတွေငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့
      ရေတိမ်နစ်သွားရတဲ့ဇာတ်လမ်းလေးပေါ့။ ပညာပေးကားလေးပါ။ ဒါပေမယ့်ကြည့်ရင်း ဒါတွေကတကယ့်ဖြစ်နေတာပဲဆိုတဲ့အသိနဲ့တော်တော့်ကိုထိခိုက်ခံပြင်းမိပါတယ်။
      သုံးတတ်သူအတွက်ကတော့ မကုန်မခန်းနိုင်တဲ့ရတနာအိုး….. မသုံးတတ်ရင်တော့….

  • manawphyulay

    May 18, 2012 at 12:44 pm

    အင်း ဒီလိုဇာတ်လမ်းတွေက နယ်တွေမှာ ပိုအဖြစ်များမယ်ထင်တယ်နော်… လူတွေကလည်း လူတွေပါပဲ စဉ်းစားဆင်ခြင်နိုင်တဲ့စွမ်းအားမရှိကြတော့ဘူးလား။ ဒါကြောင့် မိဘတွေအနေနဲ့အင်တာနက်သုံးတဲ့သူတွေကို ဘာဆိုလား ဆိုပြီး သုံးနှုန်းနေကြတာပေါ့။ အမြင်ကျယ်ပြီး အမြင့်ပေါ်က ပြုတ်မကျဖို့ လိုတာပေါ့လေ….

  • ဦးဦးပါလေရာ

    May 18, 2012 at 2:24 pm

    အင်တာနက်ကြောင့် ဘယ်လိုကောင်းကျိုး ဘယ်လိုဆိုးကျိုးတွေ ရနိုင်တယ်ဆိုတာကို ကလေးကြီးအရွယ်လောက်ကတည်းက လက်ဦးအောင် ပညာပေးဘို့လိုတယ်။ ဖြစ်နို်င်ရင် ကျောင်းမှာကို ထည့်သင်ဘို့လိုတယ်လို့ ယူဆပါတယ်။

    ဘာဖြစ်မယ်မှန်းသေသေချာချာသိအောင်ပြောပြီးမှ မိုက်တွင်းနက်ရင်တော့ မိုက်တဲ့သူခံပေါ့..။

  • ဗိုက်ကလေး

    May 18, 2012 at 2:30 pm

    ကောင်းတယ် ကောင်းတယ်
    အားလုံးပြီးရင် အင်တာနက်ဇာတ်လမ်းပေါင်းချုပ် ထုတ်ပလိုက်..
    ရွာထဲကလူတွေ တစ်ယောက် တစ်အုပ် ဝယ်အားပေးရမယ်
    ကျနော်က အကြံပေးမို ့ ကျနော့်ဂိုဒေါ့ အရဂါးလက်ချောင်ပေးဘာ

    • Khaing Khaing

      May 18, 2012 at 3:27 pm

      သများတို့ကမဝယ်ပေါင် ….. အင်တာနက်ကျမ်းကို ဖွတ်ဖွတ်ညက်ညက်ကိုကျေနေလို့ ဝယ်ဖတ်နေစရာကို မလိုတော့တာ ….. အူးရေးဗိုက်နော် မဖွနဲ့တိလား ….. ကိုပုလင်း ကိုယ်သောက် အေးဆေးနေ ………

  • Rose Minn

    May 18, 2012 at 4:12 pm

    ဒေါ်နှင်းဆီ ဆိုတာ သများကို စောင်းရေးထားတာလား ဦးထက်။ သများ စကားမများ မိ။ မအာမိပါဘူး ဆရာရယ်။ ပန်းတနော် လမ်းချော်မှာ စိုးလို့ နှုတ်ဆိပ်နေခဲ့တာပါ။ ဘယ်တုန်းက များ ကြွားမိလိုက်ပါလိမ့် နော်။
    သများက ငယ်သေးတယ် ပထမနှစ်သမီးရအောင်တောင် မစွမ်းဆောင်နိုင်သေးဘူး။ ဟီဟိ။ ကြိုးစားရအုံးမယ် အနှစ် နှစ်ဆယ်။
    ဆရာထက်ရေ ဆက်ရေးပါ။ ဗဟုသုတတွေ ရပါတယ်။ ဆက်ရေးပါ။ ဗျို့

  • htet way

    May 19, 2012 at 10:32 am

    ညီမလေး နှင်းဆီ
    အကို စောင်းရေးတာ မဟုတ်ပါ ကွယ်
    မတော် တဆ တိုက်ဆိုင်မှုလေးပါ။ ညီမလေးက အခုမှ ရှိလှ ၁၆နှစ်လေ
    ကလေးလေးကို ဒီလိုထင်စရာလားလို့
    ဝတုတ်ပြီး ဗလကောင်းတဲ့ သူကို သာတည့်တည့်ရေးတာပါ။

    • water-melon

      May 19, 2012 at 2:12 pm

      အမလေး ၁၆ နှစ်ဟုတ်တော့ဘူးဗျ
      ၃ဝနားနီးနေပြီ
      အဟီ

  • htet way

    May 19, 2012 at 10:35 am

    ဦးဦးပါလေရာ ၊မနောဖြူလေး အတိသဉ္ဖာ နာဂရချစ်သူ ဖရဲ၊Crystalline ဗိုက်ကလေး
    မခိုင်ခိုင် ဆရာ၊ ဆရာမတွေ အားလုံးကို ကျေးဇူးတင်ပါကြောင်း ၊
    နောက်ဆုံး နိဂုံး ကိုလည်း ဆက်လက် ပြီး ဝေဖန်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံပါတယ်။

Leave a Reply