အိပ်ရာဝင်ပုံပြင်.

zaylayJune 17, 20101min801

တစ်ခါတုန်းက..တိုင်းပြည်တစ်ပြည်မှာ..ပန်းနုရောင်အရိုင်းနှလုံးသားနဲ့ဒွန်းစဏ္ဍားလေးတစ်ယောက်ရှိခဲ့ဖူးတယ်.။(သူက.
ဘုရားကျွန်မျိုးနွယ်ပါ…မလုပ်ချင်..မကိုင်ချင်လို့ တောင်းစားတာမဟုတ်ဘူး.) သူ့
ဘဝက..နိမ့်ကျနုံချာလွန်းပါတယ်..။
အိမ်ရှိပေမယ့်..အိမ်နဲ့မနေရဘူး..။အရပ်တကာလှည့်လို့
တောင်းရမ်းစားသောက်ခဲ့ရတဲ့အတွက်..သူ့ ခြေဖဝါးတွေ..
ကြမ်းတမ်းခက်ရော်နေပေမယ့်..
သူ့နှလုံးသားကတော့..ပန်းတစ်ပွင့်ပေါက်လာနိုင်လောက်အောင်ကို…နူးညံ့သိမ်မွေ့
တယ်.။ကျောက်သားခုတင်ပေါ်မှာအိပ်ပြီးလမင်းအိပ်မက်တွေ..မက်ခဲ့ရတဲ့..ကောင်လေးပေါ့..။

တစ်နေ့ မှာ..သူတို့
တိုင်းပြည်က..ကြေငြာချက်တစ်ခုထုတ်တယ်..။ဘုရင့်သမီးတော်လေးရဲ့ မွေးနေ့
ပွဲအတွက်.အလှူပွဲ
ကြီးတစ်ခု..လုပ်မယ်တဲ့..။.သူတို့
ဘဝမှာ..ကြုံတောင့်ကြုံခဲ..အခွင့်အရေး.တစ်ခုက..မင်းသမီးလေးကို.ဖူးမြော်ခွင့်ရကြမှာ
ပေါ့..။..ကောင်လေးဟာလည်း..သူများနည်းတူခွက်ဆွဲလို့ လာခဲ့တယ်..။ကံကြမ္မာကသူ့
ဘဝကို..အရုဏ်ကျင်းပေးခဲ့တာ
လား..။မိုးမှောင်ကြီး..ချပစ်ခဲ့တာလား..။ဘယ်သူမှ..မသိပါဘူး…။..ဝေါယာဉ်ပေါ်က..ရွှေလိုက်ကာလေး..တဖြတ်ဖြတ်ကွာ
သွားတဲ့အခါ..သူ့ ရင်တွေ..တဆတ်ဆတ်.ခါသွားတယ်..။ဘယ်သူမမြင်..ဘယ်သူမသိပေမယ့်..သူ့
ရင်ကိုသူဖိခဲ့ရတယ်..။
“.အို..မင်းသမီးလေး..ငါ့.ဝိညာဉ်ရဲ့ ဝိညာဉ်.. မင်းသမီးလေး..”……အသံမထွက်ပဲနဲ့
ရေရွတ်ရှာတယ်…။..အဲဒီနေ့ က..သူပြန်လာခဲ့တယ်…။..ခွက်ဗလာနဲ့ ပြန်ခဲ့ရတဲ့..သူ့
ရဲ့ ညနေဟာ…ဘယ်တုန်းကမှ..ဒီလို..မလှပခဲ့ဖူးဘူး.။
စကားဝါပွင့်တွေကို ဘယ်သူရနံ့
ထည့်ပေးခဲ့တာလဲ…။..သူ…………..ချစ်တတ်ခဲ့ပြီ….။

အဲ့ဒီနေ့ ကစလို့
သူဟာ..မတောင်းရမ်းတော့ဘူး.။(သူကတောင်းမှ..စားရမယ့်လူလည်း..မဟုတ်ဘူးလေ.။)အချိန်ရှိသရွေ့

ကောင်းကင်နဲ့ လမင်းကိုပဲ..ငေးကြည့်..နေတတ်တယ်..။..တစ်ချို့ က
မေးငေါ့…။..တစ်ချို့ ကခေါင်းရမ်း..။..တစ်ချို့
စုပ်သပ်….။ဘယ်သူတွေ..နားလည်ခဲ့..ကြပါသလဲ..။.ဘယ်သူတွေ..ခံစားပေးတတ်ခဲ့ကြပါသလဲ..။အသိတရားဆိုတာ..
နှလုံးသားကြွေချိန်ကို..ဘယ်တုန်းကများ…လိုက်မှီဖူးလို့
လဲ…။..ကောင်လေးဟာ…သူ့ လျှာကို..သူကိုက်လို့ ..လူမိုက်
လို့ ခေါ်သမျှ..ခေါင်းငုံ့
နေခဲ့တယ.်..။အင်းလေ…ထူးလှတယ်တော့လည်း..မဟုတ်ပါဘူး..။အချစ်ဆိုတာဆင်…လူဆို
တာ.မျက်မမြင်ပဲ..မဟုတ်လား….။

တစ်နေ့မှာတော့..ကောင်လေးရဲ့
နားကို..မိုးကြိုးလို…ထစ်ချုံး.စေမယ့်..သတင်းတစ်ရပ်..ကြားလိုက်ရတယ်…။..
မင်းသမီးလေးကို..ခိုးယူသွားတဲ့..နတ်ဘီလူးကို
(နတ်သဘင်မှာ..နတ်ဘီလူးများ..ရှိနေမလား..မသိပါဘူး.) နိုင်တဲ့လူ
ဟာ..မင်းသမီးလေးရဲ့
ဘဝကို.ပိုင်မတဲ့..။ကောင်လေးရင်ထဲမှာ..အပြာရောင်တွေ..လင်းကနဲဝေလိုက်.။အနက်ရောင်
တွေ..မည်းကနဲ
မှောင်လိုက်..။.ကောင်လေးဟာ..ဆောက်တည်ရာမရ..သိမ်ငယ်..ရဲရင့်နေမိတယ်..။.
ပိုင်ဆိုင်ချင်လို့
တော့..မဟုတ်ခဲ့ဘူးပေါ့လေ..။.ချစ်သူကို.ဘီလူးတစ်ကောင်ရဲ့
ရင်ခွင်မှာ..မကြည့်နိုင်တဲ့.ကောင်လေး..သူ့ ဓါးကိုသူ
သွေးတော့တယ်..။

ကံကြမ္မာကသူ့
ဘဝကို..အရုဏ်ကျင်းပေးခဲ့တာလား..။မိုးမှောင်ကြီး..ချပစ်ခဲ့တာလား..။သူမသိခဲ့ပါဘူး.။နတ်ဘီလူးရဲ့

အသက်ကို..သူ့ အသက်နဲ့ လဲခဲ့တယ်..။.သွေးစက်လက်နဲ့
ဓါးကို..မြေမှာထောက်..သူမမြင်နိုင်တော့မယ့်..မင်းသမီး
လေးကို..မှန်းမျှော်….
“မင်းသမီးလေး…ငါ့ဝိညာဉ်ရဲ့
ဝိညာဉ်…မင်းသမီးလေး..”..ရေရွတ်ရှာတယ်..။မေ့မြောနေတဲ့..မင်းသမီးလေးကတော့
ဘာမှ..မသိရှာပါဘူး..။..နောက်ဆုံး..သူ့ ချစ်သူ.မင်းသားလေး..လာခေါ်လို့ ရွှေလက်တွဲ
ပြန်သွားခဲ့ချိန်မှာတောင်..
ဒီကမ္ဘာမှာ..သူ့ ကိုချစ်ဖူးတဲ့..ပန်းနုရောင်..အရိုင်းနှလုံးသားနဲ့ လူငယ်လေး
တစ်ယောက်ရှိခဲ့တဲ့..အကြောင်းကိုတောင်
သိမသွားခဲ့ရှာဘူး..။..တစ်တိုင်းပြည်လုံးကလည်း…ပျောက်ဆုံးသွားတဲ့..လူငယ်လေး..တစ်ယောက်ကို..ဘယ်သူကမှ..
အရေးလုပ်..သတိမထားမိခဲ့..ကြပါဘူး..တဲ့..။

ညီမလေးရေ…ပုံပြင်လေးကတော့..ဒါပါပဲပေါ့..။နောက်ဆုံးသိရတာက..အဲဒီကောင်လေးဟာ…ရန်ကုန်မှာ..အခု..
လူဝင်စားပြန်ဖြစ်နေပါသတဲ့…။

One comment

  • bigcat

    June 17, 2010 at 1:36 pm

    I know him. He is junta’s chief Than Shwe. Aung San Suu Kyi was a princess and her late husband was a prince. The beggar was so angry and cursed to take revenge of the princess and her country. His wish was granted that Than Shwe put her under house arrest for nearly two decades and forced the country into the beggar state. He also retaliated the prince, Michael Aris, by not allowing him to see his wife, Daw Suu, in his last days.

Leave a Reply