ဒုတိယံပိ ရွေးလိုက်ပြန်ပြီ . . ရပ်ကွက်အုပ်ချုပ်ရေးမှုူး . .

ဘဲရႈပ္May 17, 20121min1034

၁ .၅ . ၂၀၁၂ နေ့ သံတွဲမြို့ ဒွါရာဝတီမြို့သစ်ရပ်ကွက်တွင် ဒုတိယ အကြိမ် တလွဲတချော် အုပ်ချုပ်ရေးမှုူးရွေးပြန်ပြီလို့ သိရပါသည်။
တက်ရောက်လာတဲ့ ဆယ်အိမ်မှုူးများတွင်  ဝန်ထမ်းများပါရှိနေခြင်း၊ ရပ်ကွက်အတွင်း နှစ်အနည်းငယ်သာနေထိုင်လျှက်ရှိသူများ
ပါဝင်နေခြင်းတို့ ကြောင့် ပြဿနာသဘောမျိုး လိပ်ခဲတင်းတင်း ဖြစ်လျှက်ရှိနေကြောင်း ကြားသိရပါသည်။

ယ္ခု ရွေးချယ်ထားသော အုပ်ချုပ်ရေးမှုူးအသစ် ဦးမြင့်ရွှေ ဆိုသူမှာ ရပ်ကွက်အတွင်းတဆက်တည်း (၁ဝ ) နှစ် ပြည့်အောင် နေထိုင်သူ
မဟုတ်ခြင်း  အစရှိသည့် မပြည့်စုံ စည်းကမ်း မညီညွတ်သည့် ရွေးချယ်မှုူကြီးဖြစ်ကြောင်း ရပ်ကွက်သူ ရပ်ကွက်သားများ သိရှိနားလည်
နေကြပါသော်လည်း မည်သို့မှ မတတ်နိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။
ရပ်မိရပ်ဖ ကြီးကြပ်ရေး အဖွဲ့ (၅) ဦးတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်ပါဝင်ကြောင်းလည်းသိရှိရပါတယ် ။
မြို့နယ်မှ လာရောက်ပြီး ရွေးကောက်ပွဲလုပ်ပေးသည့် အဖွဲ့ မှာ နိုင်ငံတော်မှ ချမှတ်ပေးသည့် ဥပဒေ နှင့် အညီ ပြုလုပ်ပေးခဲ့ခြင်း
မရှိခဲ့ သောကြောင့် တာဝန်အရှိဆုံးမှာ သူတို့ ပင် ဖြစ်သည် မဟုတ်ပါလား ။
တကယ်ဆိုလျှင် ရပ်ကွက်အတွင်းနေထိုင်သည့် နှစ် မည်မျှရှိသည်ကို  လ.ဝ.က မှ ထုတ်ပေးထားသည့် အိမ်ထောင်စုစရင်းကို
ကြည့်ရှု စစ်ဆေးလျှင် သိနိုင်ပါလျှက်နှင့် နှုတ်နှင့်မေး နှုတ်နဲ့ဖြေ အတည်ပြု လက်ခံဆောင်ရွက်ပေးခြင်းမှာ အလွန်ပင် သံသယ
ဝင်စရာ ကောင်းကြောင်း နှင့် ဤ ကဲ့သို့ တဖက်စောင်းနင်း လွယ်လင့်တကူ အုပ်ချုပ်ရေးမှုူးရွေးချယ်မှု အပေါ် ရခိုင်ပြည်နယ်
အစိုးရမှ  အရေးယူဆောင်ရွက်ပေးပါရန် တင်ပြလိုက်ရပါသည် ။

ပထမ အကြိမ် ရွေးချယ်မှု မှာလည်း ကျွန်တော် တင်ပြခဲ့သလို ပြဿနာများဖြစ်ပွားခဲ့ပြီး  ပြည်နယ် အစိုးရမှ ဒုတိယအကြိမ်
ပြန်လည်ရွေးကောက်တင်မြှေုာက်ပွဲ ပြုလုပ်ခိုင်းရာမှ  ယ္ခုကဲ့သို့ ပြဿနာများ ဖန်တီးနေခြင်းမှာ တရားဥပဒေ စိုးမိုးမှု လုံးဝ
မရှိကြောင်းသက်သေ ပြနေသည်နှင့်တူနေပါကြောင်းလည်း သုံးသပ်မိပါတော့သည် ။
တာဝန်အရှိဆုံး လူများမှာ မြို့နယ် နှင့် ခရိုင် အုပ်ချုပ်ရေးမှုူးများ ဟု၍လည်း သိရှိရပါသည် ။

4 comments

  • လာပြန်ပ ဟ သံတွဲ ထူးခြားသတင်း။မနက်ဖြန်တော့ ကျနော်တို ့အမှတ်(၃)ရပ်ကွက်အလှည့်ပါဗျို ့။
    ဘယ်လိုလာမလဲ တော့မသိပါဘူး။ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှုူးလုပ်မယ့်သူတွေက ပြီးခဲ့တဲ့
    ဥပဒေကို ပြန်ဖတ်ပြီးပြီလား ပြန်မေးသင့်ပါရဲ ့။

  • zarlay

    May 18, 2012 at 1:17 pm

    သိပ်စိတ်မဝင်စားပေမယ့် ပြီးအောင်ဖတ်သွားပါတယ်

  • zarlay

    May 18, 2012 at 1:21 pm

    သိပ်စိတ်မဝင်စားပေမယ့် ပြီးအောင်ဖတ်သွားပါတယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့အရည်အချင်းရှိသူကိုရွေးရင်တော့ အကောင်းဆုံးပဲပေါ့

  • မှန်တာပေါ့. ဇာလေးရေ။သံတွဲဖက်က စာရေးပို ့စ်တင်သူ အတော်များများ တင်ပြီးရင်
    ပြန်ဖြေရှင်းချက်ပေးဖို ့ပေါ်မလာကြတော့ဘူး။ဘယ်လို နားလည်ရပေါ့မလဲ။အာကြီး
    ဆိုတော့ Aresenal ပရိသတ်နေမှာပေါ့နော်။ခင်များပြောတဲ့ ဒုတိယံပိ ဆိုတာ ဒုတိယံမိ
    ကိုပြောတာလားဟင်

Leave a Reply