သံတွဲမြို့ မီးဘေးအန ္တရာယ် တားဆီးပေးစေလို

ဘဲရႈပ္May 17, 20121min18710

သံတွဲမြို့ ဈေးကြီး မီးလောင်ပြာကျ ၊ဈေးသူဈေးသား များမွဲတေ မှု ဖြစ်ခဲ့သည်မှာ ပူပူနွေးနွေး  သိပ်မကြာသေးပါ ၊

ဖြစ်ပြီးရက်အနည်းငယ် ခန့်သာလျှင် မြို့အတွင်း လောင်စာဆီ မရောင်းရ အမိန့်ထုတ်ခဲ့သည်။
ယ္ခုသော ် ဗိုလ်နေမြဲ ကျားနေမြဲ မှောင်ခို လောင်စာဆီများ ပုံမှန်အတိုင်း ဖြစ်နေပါ၍ အလွန်ပူပြင်းလှသော

အခြေအနေ နှင့် မီးဘေး ကြောက်လန့် မှုများ ဖြင့် မြို့သူမြို့သားများမှာ တွေးကြောက်လျှက်ရှိနေကြပါသည်။

မြို့နယ် ခရိုင် ရဲတပ်ဖွဲ့ များသည်လည်း လောင်စာဆီ ရောင်းချခွင့် ( လိုင်းကြေးကောက်ခံ၍) ပေးနေခြင်း
များကို မြို့တာဝန်ခံ ချီးထုပ်များ မသိ၍လော ၊ လိုင်းကြေး အခွန်အခ ကောက်ခံ ပြီး ဇိမ်ကျနေ၍လော ၊
ပြည်နယ်မှ အစိုးရအဖွဲ့ များသိရှိစေရန် တင်ပြ အသိပေးလိုက်ပါသည်။

10 comments

  • Aung Aung

    May 17, 2012 at 10:33 pm

    ဟုတ်တယ်ဗျ မီးသတ်ကားတွေစုတ်နေလို့ ဘာမှသုံးလို့မရဘူးဗျ၊ မီးလောင်ရင်လဲရေမပါ ၊ဆီမပါနဲ့ ၊ အရင်လေယာဉ်မီးလောင်တော့လဲ ဘာမှမပါဘဲသွားတာ ကျန်တဲ့သူတွေဝိုင်းသတ်ပြီးဆုရတော့ ။မီးသတ်ကဆုရသွားတာဗျို့ .အရှက်လဲမရှိကြပါဘူး ..

  • gwa toe

    May 18, 2012 at 9:15 am

    မီး သတ် ကနွေရာသီေ၇ရှားချိန်မှာ ရေကို ရပ်ကွက်တွေ လှည့် ရောင်စားမယ် နောက်ဝယ်ထားတဲ့မီးသတ်ကားအသစ် လဲ ရေတိုင်ကီဖြုတ် ပြီးမီသတ်ကကောင်တွေစီးနေတာကြာပြီ

  • သင်္ကြန်တုန်းကတော့ ပြည်မှာ မီးသတ်ကားကို မူးမူးနဲ ့မောင်းပြီး ယာဉ်တိုက်မှု ဖြစ်ကြတာ
    လူတွေ ဝိုင်းသမတာ မသေရုံတမယ်ဘဲ၊မီးရှို ့မယ် လုပ်နေကြလို ့မနည်းဖြန်ဖြေရတယ်လေ။

  • Mical David ko Jar Yit

    May 18, 2012 at 7:07 pm

    လူနေထူထပ်သိပ်သည်းတဲ့မြို့တွင်း တရားမဝင် လောင်စာဆီရောင်းတာ အန ္တရာယ်
    ကြီးလွန်းပါတယ် ၊ ရဲ တွေ အနေနဲ့လည်း ဆက်ကြေး မစို့တပို့လေးရရုံလေးနဲ့
    ရောင်းချခွင့်ပြု ထားတာ မကောင်းဘူးပေါ့ ၊
    မီးလောင်မှု ဖြစ်လာရင်လဲ မီးသတ်ကားတွေက အားကိုးမရ ဖြစ်ချည်းနေလေတော့
    အခက်တွေ့ကြရမှာ ။

  • Gipsy

    May 18, 2012 at 7:56 pm

    အင်း… ဒီကိစ္စကတော့ ကျုပ်တို့ နဲ့ သက်ဆိုင်ပါတယ် …
    မီးဘေး သင့်မှာကို ကျုပ်အပါဝင် တမြို့လုံး ကြောက်လန့်နေကြတာပါ…
    လောင်စာဆီ ရောင်းဝယ်မှုကို မြို့ပြင်မှာပဲ စီစဉ်နိုင်ပေးရင် အဆင်ပြေသွားမှာပါ….။

  • ster

    May 22, 2012 at 4:14 pm

    ဒီဇယ်၊ လောင်စာဆီ ဆိုတာ အခုလို လျှပ်စစ်မီးမလုံလောက်သေးတဲ့ အချိန်မှာ မရှိမဖြစ်လိုနေသေးတာပါ။ အသုံးလိုတဲ့ ပစ္စည်းတစ်ခုကို အရောင်းအဝယ်ပြုခွင့်လည်းပေးသင့်ပြီး စနစ်တကျ စည်းကမ်းရှိရှိ အရောင်းအဝယ်လုပ်နိုင်ဖို့ကိုသာ ထိန်းသိမ်းပေးရမှာပါ။ လောင်စာဆီ ရောင်းတဲ့ဆိုင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တွေ ရှိမရှိ၊ စနစ်တစ်ကျ ဆောက်ထားတဲ့ သိုလှောင်ကန်တွေ . . . အရင်ပြည့်စုံအောင် ဖြည့်ပြီး အရောင်းအဝယ်လုပ်ခွင့်ပေးတာ အကောင်းဆုံးပါ။ မီးလောင်မှာစိုးလို့ မြို့တွင်းမှာ လောင်စာဆီ မရောင်းရ လို့ ပိတ်ထားလို့မှ မရတာ။
    ဒါမှလည်း စနစ်တစ်ကျနဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်အောင်စီစဉ်နိုင်မှာ. . .

  • Gipsy

    May 22, 2012 at 4:40 pm

    ဟုတ်ဖူးဗျ.. ဒီက တရားမဝင်လောင်စာဆီ အရောင်းဆိုင်တွေမှာ ဘာအသုံးအဆောင်မှ
    ရှိမနေကြလို့ ခက်နေတာ… ပြီးတော့ လျှပ်စစ်မီးက ဒီမှာ ၂၄ နာရီ မပျက်တမ်း အပြည့်
    ရနေတာ … လောင်စာဆီ အရောင်းဆိုင်တွေကို ရောင်းရမဲ့နေရာ လဲ သတ်မှတ်ပေးပြီး
    သား….။

  • ster

    May 22, 2012 at 11:16 pm

    ဪ အဲလိုလား၊
    ဒါဆိုရင်တော့ မြို့နယ် အုပ်ချုပ်ရေးကနေ တစ်ဆင့် စွမ်းအင်ကို အကြောင်းကြားရင်တော့ အချို့ မြို့နယ်တွေမှာ Action ယူတာကြားဖူးတယ်။

Leave a Reply