ကျ မ ငယ် ငယ် တုံး က တော့ ။ နွေ ရာ သီ ကျောင်း ပိတ် ရက် ရောက် လာ ပြီ ဆို သည် နှင့် နေ ့ ခင်း နေ ့လည် ဘက် ။ ထ မင်း စား ပြီး သည့် အချိန် များ တွင် ။ အိမ် အ လယ် ခန်း ထဲ ရှိ ကု တင် ပေါ် တွင် ။ နား နား နေ နေ လှဲ လျှောင်း တတ် မိ ပြီး ။ ရေ ဒီ ယို ဇတ် လမ်း ပမာ လေး များ အား နား ထောင် တတ် ပါ တယ် ။
ရေ ဒီ ယို ဇတ် လမ်း ပ မာ လေး များ နား ထောင် ရင်း ။ ကိုင် ရို လ က္ခ ဏာ စာ အုပ် များ အား ။ အ ပြင်း ပြေ အ မြဲ တ စေ ။
လေ့ လာဖတ် ဖြစ် ရှု လေ့ ရှိ ပါ တယ် ။
တ ခု တော့ ရှိ ပါ သည် ။ လ က္ခ ဏာ စာ အုပ် ဖတ် ရင်း ။ ကိုယ့် လက် ဖ ဝါး ပြင် ပေါ် က အ ကြောင်း အ ရာ များ အ ပေါ် ။ စိတ် ဝင် စား ပြီး လေ့ လာ မိ ခြင်း က ။ ဦး ဆုံး အ ရင် ဘဲ ဖြစ် ပါ တယ် ။

ကျ မ ၏ လ က္ခ ဏာ အ ရေး အ ကြောင်း များ အား ။ ကိုင် ရို လ က္ခ ဏာ စာ အုပ် တွင် ။ ဖော် ပြ ပါ အကြောင်း များ အား တူ မ တူ လိုက် ကြည့် တတ် ပြီး ။ မ ကောင်း သည့် အ ရေး အ ကြောင်း များ ပါ ရှိ နေ တာ ကို ။ မိ မိ လ က္ခ ဏာ တွင် ပါ ရှိ သည် ကို တွေ ့ မြင် ရ ပါ က ။ စိတ် က မ ခံ စား နိုင် ပါ ။ စာ အုပ် ကို ရင် ပတ် ပေါ် တင် ပြီး ။ ဆက် မကြည့် တော ့ပါ ဘဲ ။ မျက် စိ စုံ မှိတ် ပြီး ။ အိပ် ပျော် သွား တတ် ပါ တယ်။ စိတ် ခံ စား မှု နု လွယ် သော် လည်း ။ ဝါ သ နာ ပါ သ ဖြင့် ။ မ ဖတ် ရဲ သော စာ မျက် နှာ များ အား ။ ချန် လှပ် ခါ ကျော် ခွ ပြီး ။ ဖတ် ဖြစ် တတ် နေ မြဲ ပဲ ဖြစ် ပါ တယ် ။

မိ မိ ၏ ဘ ဝ ကု သို လ် ကံ အ ကျိုး ။ ဆိုး ကောင်း တို ့အား ။ သိ ချင် သည့် စိတ် ။ မိ ဘ တို ့ နှင့် ပတ် သက် ပြီး ။ အ ရမ်း ကို နား လည် ချင် နေ မိ သည့် စိတ် က တ ပိုင်း ဟု ။ ပြော ရ မ လား ကျ မ ကိုယ် ၌ က ဝေ ခွဲ မ ရ ရှိ နေ ပါ တယ် ။ သိ ချင် စိတ် ပြင်း ပြ နေ ၍ လည်း ။
ကိုင် ရို လ က္ခ ဏာ စာ အုပ် အား သဲ သဲ မဲ မဲ အ ချိန် ရ တိုင်း ။ ဖတ် နေ မိ ပါ တယ် ။

အ မ ဖြစ် သူ က လ က္ခ ဏာ ဝါ သ နာ အိုး ဖြစ် နေ ၍ လည်း ။ အ ပြင်း ပြေ ဖတ် ရန် စာ အုပ် များ က ။ လ က္ခ ဏာ စာ အုပ် များ သာ အ များ အ ပြား အိမ် မှာ ရှိ နေ ရ ခြင်း ပင် ဖြစ် ပါ တယ်။

ပြီး ရင် အ မေ ဈေး က ဝယ် ပါ လာ တတ် သည့် ။ ဘု ရား နိ ပါ တ် ဇတ် တော် လာ ပါ ရှိ သော ပုံ ပြင် စာ အုပ် လေး များ ပဲ ဖြစ် ပါ သည်။
ဖတ် လို ့ အ ရမ်း ကောင်း သည့် စာ အုပ် လေး များ ပင် ဖြစ် ပါ တယ် ။

အ ဖေ က က မ္ဘာ ကျော် စာ ရေး ဆ ရာ များ ရေး သား ထား သည့် ။ တ ထောင့် တ ည ပုံ ဝထ္ထု တို များ ။ မြန် မာ လို ပြန် ဆို ထား သည့် ဘာ သာ ပြန် စာ အုပ် များ အား ။ ဖတ် ရန် ဝယ် ထား ပေး သ ဖြင့် လည်း ။ နွေ ဦး ရာ သီ ကာ လ လေး များ က ၊ က လေး ဘ ဝ အ ရွယ် တွင် စာ ဖတ် ရင်း စိတ် ကြည် နှူး ပျော် ရွင် မှု များ ပိုင် ဆိုင် ရ ရှိ ခဲ့ ပါ တယ် ။

ပျော် ရွှင် ရ သည် ဆို သော် လည်း ။ မိ မိ လက် ဖ ဝါး ပြင် ရေ ဇာ နှင့် လ က္ခ ဏာ တွင် ပါ ရှိ လာ သော ။ ဆိုး ရွား သည့် အ ရေး အ ကြောင်း များ က ။ မိ မိ အား စိတ် တ စ္ဆေ အ ခြောက် ခံ နေ ရ သ လို မျိုး ။ ရံ ဖန် ရံ ခါ ဖြစ် နေ တတ် ပါ တယ် ။

ခံ စား ရ သ ဖြင့် လည်း မိ မိ လက် ဖ ဝါး ပြင် ပါ အ ရေး အ ကြောင်း တို ့အား တော် ယုံ နှင့် မ ကြည့် ဖြစ် ပါ။ လ က္ခ ဏာ စာ အုပ် ကို တော့ လေ့ လာ မြဲ ဆက် လက် ဖတ် နေ မြဲ သာ ဖြစ် ပါ သည် ။ ပြီး လျှင် သူ ငယ် ချင်း လက် ဖ ဝါး များ နှင့် သာ လိုက် လံ ကာ တိုက် ဆိုင် လေ့ လာ ပြီး သူ ငယ် ချင်း များ အား လည်း ဟုတ် မ ဟုတ် မေး မြန်း ရ သည် မှာ ကျ မ အ ဖို ့အ လုပ် တ ခု လို ပင် ဖြစ် နေ ပါ တယ် ။

အ လယ် တန်း ကျောင်း သူ အ ရွယ် က လေး ရောက် ရှိ လာ အ ခါ မှာ တော့ ။ ကျောင်း ဖွင့် ပြီ ဆို သည် နှင့် ။ အား လပ် ချိန် ၊ မုန် ့စား ဆင်း ချိန် များ ၌ ။ သူ ငယ် ချင်း များ ၏ လ က္ခ ဏာ များ အား ကြည့် ပေး တတ် ပြီး ။ မ တတ် တ ခေါက် နှင့် တတ် သ လောက် ။ ပြော ပြ တတ် နေ ပြီ ဖြစ် ပါ တယ်။

သူ ငယ် ချင်း များ က မှန် သည် ဟု ပြော လျှင် လည်း ၊ ပြန် ပြော တတ် သည့် အကျင့် က ငါ ပြော တာ မ ဟုတ် ကိုင် ရို စာ အုပ် ထဲ က ကြည့် ပြီး ပြော တာ ဟု ပြော တတ် ပါ သည် ။

ဆ ဋ္ဌ မ တန်း ကျောင်း သူ ဘ ဝ ၌ ၊ ကျ မ နေ သော အ တန်း ထဲ တွင် သူ ငယ် ချင်း များ ၏ လေ့ ကျင့် ခဏ်း စာ အုပ် များ ၊ စာ မေး ပွဲ ဖြေ ဆို ခါ နီး အ ချိန် နှင့် တိုက် ဆိုင် လှ ခါ မ ကြာ ခ ဏ ပျောက် ဆုံး နေ ခြင်း ဖြစ် ပါ တယ်။

ထူး ခြား သည် က ကျ မ ၏ လေ့ ကျင့် ခဏ်း စာ အုပ် များ လုံး ဝ ပျောက် ဆုံး မှု မ ရှိ ခြင်း ပင် ဖြစ် ပါ သည် ၊ ယူ တတ် သည့် သူ က လည်း ကျ မ စာ အုပ် တော့ လုံး ဝ လက် ရှောင် ခါ မ ယူ ခြင်း ပင် ဖြစ် ပါ သည် ။ ကျ မ လ က္ခ ဏာ ကြည့် တတ် နေ သည် ကို သူ သိ နေ ပုံ ပေါ် ပါ သည်။ ဘယ် သူ ငယ် ချင်း က မျှ လည်း သူ ယူ လိမ့် မည် ဟု မ ထင် မိ ကြ ပါ ။

ဘာ ကြောင့် လည်း ဟု မေး ရ မ လို ပင် ။ ဖြစ် မိ ကြ မှာ ကား ။ အ သေ အ ချာ ပင် ဖြစ် ပါ တယ် ။ သူ က ကျ မ တို ့ အ တန်း ထဲ က အ တန်း ပိုင် ဆ ရာ ကြီး ၏ သ္မီး ဖြစ် ၍ နေ ခြင်း ဘဲ ဖြစ် ပါ တယ် ။ သူ ငယ် ချင်း များ က ။ ကျ မ အား လ က္ခ ဏာ အား ။ တ ယောက် ခြင်း စီ ကြည့် ခိုင်း ခါ သူ ခိုး ဖော် ထုတ် ခိုင်း ခဲ့ ကြ ပါ တယ် ။
စာ အုပ် များ ယူ သည်ဟု ယူ ဆ ရ သူ က သူ ့ အ လှည့် မ ရောက် ခင် ပင် ဖျား သည် ဟု ဆို ခါ တ ပါတ် တိ တိ ကျောင်း လာ မ တက် တော့ ခြင်း ဘဲ ဖြစ် ပါ တယ်။

စာ မေး ပွဲ ဖြေ ဆို ရန် အ တွက် ခုံ များ စီ ရ သည့် နေ ့ ။ ခုံ နံ ပတ် ရ ယူ ရန် လာ ရ သော နေ ့၌ ။ သူ ရောက် ရှိ လာ တာ သိ လိုက် ရ ပါ တယ် ။ သူ ့ကို မြင် တွေ ့ တာ ။ သူ ငယ် ချင်း များ က သ တင်း လာ ပေး ကြ ပါ တယ် ။

ကျ မ က သူ ့လက် ဖ ဝါး အား ပြ ရန် တောင်း ဆို မိ လိုက် ရ ပါ တယ် ။ သူ ငယ် ချင်း ရဲ ့မျက် နှာ အ မူ အ ရာ တ ချက် ပျက် သွား ပါ တယ် ။ သူ ၏ လက် ဖ ဝါး ပြင် အား ဘယ် ညာ နှစ် ခု စ လုံး အား ဖြန် ့ကြည့် သော အ ခါ သူ ၏ ညာ လက် ဖ ဝါး ပြင် လက် သန်း ခြေ ရင်း ဗုဒ္ဓ ဟူး ဂြိုလ် ခုံ ပေါ် တွင် ကြက် ခြေ ခတ် သေး သေး ငယ် ငယ် လေး ရှိ နေတာ ။ ထင် ရှား ပေါ် လွင် နေ တာ ကို တွေ ့မြင် ပါ တယ်။

မိ ကောင်း ဖ ခင် သား းသ္မီး ဖြစ် နေ လင့် က စား ။ လက် ဖ ဝါး ပြင် ရှိ ဗုဒ္ဓ ဟူး ဂြိုလ် ခုံ ။ လက် သန်း ရင်း အောက် တည့် တည့် ၌ ။ ထို ကြက် ခြေ ခတ် (x) အမြောက် သေး သေး လေး ပေါ် ပေါက် နေ သည့် အ ချိန် တွင် ။ သူ တစ် ပါး ပိုင် ဆိုင် သည့် ပစ္စည်း များအား ။ မိ မိ စိတ် မှ အ လို လို ခိုး ယူ ချင် နေ သည့် စိတ် တို ့ဖြစ် ပေါ် နေ ပြီး ။ မ ယူ ရ မ နေ နိုင် အောင် လောက် ပင် ။ စိတ် က ဖြစ် ပေါ် လာ တတ် သည် ဟု ။ ကိုင် ရို လ က္ခ ဏာ စာ အုပ် ထဲ ၌ ။ ဆို ထား သည် ကို ။ ကျ မ မှ လေ့ လာ မှတ် သား ထား မိ ပါ တယ် ။

ကျ မ က သူ ့လက် ဖ ဝါး အား ကြည့် ပြီး ။ နင် ယူ ထား သည် ဟု လ က္ခ ဏာ အ ရ စွပ် စွဲ ပြော ပြီး ။ သူ ငယ် ချင်း များ ၏ လေ့ ကျင့် ခဏ်း စာ အုပ် များ အား ပြန် ပေး စေ ချင် ကြောင်း ။ ပြန် ပေး လိုက် ပါ ။ စာ မေး ပွဲ နီး မှ လုပ် တာ ဟာ ။ နင် င ရဲ ကြီး မှာ မ ကြောက် ဘူး လား လို ့ ကျ မ က သူ ့ကို ပြော လိုက် မိ ပါ တယ် ။

ကျ မ စ ကား ပင် မ ဆုံး လိုက် ရ ပါ ။ ကျ မ အား ။ ရုတ် တ ရက် သူ ့ လက် ဖ ဝါး ဖြင့် ။ ကျ မ ၏ ပါး အား ရိုက် ခဲ့ ပြီး ။ နင် ငါ့ ကို သက် သေ မ ရှိ ဘဲ သူ ခိုး လာ မ စွတ် စွဲ နဲ ့…ပြော ပြီး ။ ကျ မ မှ အ ငိုက် မိ သွား ရ ခါ ။ ပါး ရိုက် ခံ လိုက် ရ ပါ တယ် ။ ကျ မ ရှက် စိတ် ဖြင့် မွန် ထူ နေ ပြီး သူ ယူ ထား သည် ဟု ပြော လိုက် မိ သော ကြောင့် ။သူ ငယ် ချင်း များ ၏ အား လုံး ရှေ ့ မှောက် ၌ မည် သို ့ဖြေ ရှင်း ပြ ရ မည် ကို
ကျ မ မ သိ တော့ ပါ ။

လ က္ခ ဏာ အ ကြောင်း နား မလည် သော သူ ငယ် ချင်း များ က လည်း ။ ကျောင်း ဆ ရာ (အ တန်း ပိုင် ) သ္မီး က ယူ ပါ့ မ လား ဟယ် ။ နင် ဒီ တ ခါ ဟော တာ တော့ ။ တက် တက် စင် တော့ လွဲ နေ ပြီ ။ လ က္ခ ဏာ က မ ယုံ ရ ဟု ပြော ဆို ကြ ခါ ။ တ ယောက် တ ပေါက် ထင် ကြေး များ ပေး ကြ ပါ တယ် ။ ကျ မ က တော့ ကိုယ့် ရှူး ကိုယ် ပတ် ပြီး ။ အ ရှူး မီး ဝိုင်း ပ မာ ပါ ဖြစ် ခဲ့ ရ ပါ တယ် ။ကျ မ အား ပြန် မ လုပ် ရန် လည်း ။ သူ ငယ် ချင်း တစ် စု က ဝိုင်း ဝန်း တား မြစ် ခဲ့ ကြ ပါ တယ်။

သူ ငယ် ချင်း ဖြစ် သူ က တော့ ။ သူ ့ အ ဖေ
အ တန်း ပိုင် နှင့် တိုင် ကြား မည် ဟု ပြော ဆို ခါ ။ သူ ့ ကို အ ရှက် ခွဲ သည် ဟု ပြော ပြီး ။ ကျ မ အား မျက် ထောင့် နီ နီ ဖြင့် ။ မ ကျေ မ နပ် ဖြစ် လျှက် ။ စိုက် ကြည့် နေ ခဲ့ ပါ တယ် ။ အ တန်း ပိုင် ဆ ရာ က လည်း ။ သူ ၏ သ္မီး ဖြစ် သူ အား ယ ခု လို ပြော ရ ပါ့ မ လား ဟု ဆို ခါ ။ ကျ မ ၏ မိ ဘ များ ထံ တိုင် ကြား ပြော ဆို ခဲ့ ပါ တယ် ။

အ ဖေ က ။ ကျ မ အား ကျောင်း က ဖြစ် စဉ် နှင့် ပတ် သက် ပြီး ။ ကျ မ ကို မေး မြန်း ခဲ့ ပါ တယ် ။ ကျ မ ရှင်း ပြ မှု အား ။ အ ဖေ က သေ သေ ချာ ချာ နား ထောင် ပြီး ။ နောင် ထို ကဲ့ သို ့မ ပြု လုပ် ရန် ။ အ ဖေ က ဆုံး မ ခဲ့ ပါ တယ် ။ ကျ မ ၏ မ ကျေ နပ် မှု ကား ။ သူ ့ အ ပေါ် တွင် ပျောက် ဆုံး သွား ခြင်း မ ရှိ ခဲ့ ပါ ။ ကိုင် ရို လ က္ခ ဏာ ။ စာ အုပ် တွင် ပါ ရှိ မှု မှာ ။ မှန် မ မှန် ။ လက် တွေ ့သိ လို သည့် စိတ် ။ ကျ မ ၌ ပြင်း ပြ လျှက် ရှိ နေ ခဲ့ ပြီး ။ သူ မ နေ ထို်င် ရာ အိမ် သို ့ သွား ရောက် ခါ ။ ကိုယ် တိုင် ကြည့် မြင် မည် ဟု စိတ် မှ ဆုံး ဖြတ် ခဲ့ မိ ပါ တယ် ။

( ရုပ် ဝါ ဒီ ) အ လွန် ဆန် သည့် ကျ မ ၏ စိတ် က ။ ကျ မ ကို ဆုံးမ ပဲ့ ပြင် နိုင် ရန် ။ တ ကယ် မ လွယ် ပါ ။
အ ဖေ တား မြစ် သည့် ကြား မှ ပင် ။ စာ မေး ပွဲ လည်း ဖြေ ဆို နေ ပေ ပြီ ။ နောက် ဆုံး သ မိုင်း ဘာ သာ ဖြေ ဆို မည့် ရက် ။ ကြား ပိတ် ရက် ခံ နေ သ ဖြင့် ။ စာ ကို လည်း ဖြောင့် ဖြောင့် တန်း တန်း မ ကျက် နိုင် ခဲ့ ပါ ။
သူ မ နေ ထိုင် သည့် ။ အိမ် ရှိ ရာ ကို ။ စုံ စမ်း မေး မြန်း ပြီး ။ ကျ မ မှ သွား ရောက် ခဲ့ ပါ တယ် ။

အိမ်က နေ စက် ဘီး စီး နင်း မ ထွက် ခင် က တည်း က ပင် ။ အိမ် က ဘု ရား မှာ အ မှန် အ တိုင်း ဖြစ် စေ ရန် ဆု တောင်း မိ ပြီး ။ ညောင် ရေ အိုး ထဲ မှ ရေ များ အား ။ သ စ္စာ ရည် အ ဖြစ် ။ သောက် ခါ ထွက် သွား မိ ပါ တယ် ။ ကျ မ ကံ ကောင်း ခဲ့ ပါ တယ် ။ သူ နေ တဲ့ အိမ် ကို ဆိုက် ဆိုက် မြိုက် မြိုက် ရောက် ရှိ သွား ပြီး ။ သူ မ ၏ အ မေ အား အ ရင် ဦး ဆုံး တွေ ့ ရှိ ခဲ့ ပါ တယ် ။ ကျ မ က ကျက် စာ စာ အုပ် အ ခက် ခဲ ရှိ နေ သ ဖြင့် ။ သူ ၏ စာ အုပ် စင် အား ခ ဏ ကြည့် ရှု ခွင့် ပေး ပါ ရန် ခွင့် တောင်း ခံ လိုက် ပါ တယ် ။

သူ ၏ အ မေ က လည်း ။ ကျ မ အား ။ အိမ် မှာ ဟင်း ချက် ဖို ့ရာ ဆီ မ ရှိ သ ဖြင့် ။ သူ ငယ် ချင်း အား ။ ဆီ သွား ဝယ် ခိုင်း ထား ကြောင်း ။ သူ ငယ် ချင်း ဖြစ် သူ အား ခ ဏ စောင့် သွား ရန် ပြော ဆို ပါ တယ် ။ သူ ၏ အ မေ မှာ လည်း ။ ကျ မ အား ထို စဉ် အ ချိန် အ ခါ က ။ သူ ဋ္ဌေး ကြီး ၏ သ္မီး ဖြစ် နေ မှန်း တန်း သိ နေ သ ဖြင့် ။ ကျ မ အား အားတုံ ့အား နာ ဖြစ် ပြီး ။ လွန် စွာ ဆင်း ရဲ လှ သည့် ကျောင်း ဆ ရာ လ ခ စား မိန်း မ ဘ ဝ အ နေ ဖြင့် ။ လ ကုန် ခါ နီး အ လို ။ နံ နက် က တည်း က ပိုက် ဆံ ပြတ် နေ သ ဖြင့် ဈေး မ ဝယ် ရ ။ နေ ့ ခင်း ငွေ လေး ချေး ငှား ဆွဲ လို ့ ရ မှ သာ ။ ဆီ နှစ် ကျပ် ခွဲ သား ။ သ္မီး ဖြစ် သူ အား ဝယ် ခိုင် း ထား ခြင်း ဖြစ် ကြောင်း ။ ရှင်း ပြ လို ့ နေ ပါ တယ် ။

သူ ၏ စာ အုပ် ထား ထား သည့် ဘု ရား စင် အောက် နေ ရာ လေး အား ။ သူ မ ၏ အ မေ က ပြ သ ဖြင့် ။ ကျ မ မှ လည်း အ လျှင် အ မြန် ရှာ ဖွေ နေ မိ ပါ တယ် ။ ကျ မ စာ အုပ် စင် လေး တွင် စာ အုပ် များ ရှာ ဖွေ နေ ခိုက် တွင် ။ သူ ၏ အ မေ က ။ ဆ ရာ မှာ လည်း စာ မေး ပွဲ ရှိ ၍ ကျောင်း မှာ အ လုပ် တွေ ရှုတ် နေ သည့် အ ပြင် ။ ပိတ် ရက် လည်း ကျောင်း သို ့ သွား ရ ခါ ။ အ လုပ် များ နေ ကြောင်း ။ မ နက် က တည်း က ပင် အိမ် မှာ ချက် စ ရာ မ ရှိ သ ဖြင့် ။ နံ နက် စာ ပင် မ စား သွား ရ ကြောင်း ။ ပြော ပြ ပြီး ။ ဟင်း ချက် ဖို ့ မီး မွှေး ရန် အ တွက် ဟု ပြော ဆို ခါ အိမ် အ တွင်း ထဲ သို ့ ဝင် သွား ခဲ့ ပါ တယ် ။

သူ ယူ ထား သည့် သူ ငယ် ချင်း စာ အုပ် များ အား ။ သူ ၏ စာ အုပ် ထား သည့် စင် က လေး တွင် ။ ကျ မ မှ မျက် ဝါး ထင် ထင် မြင် တွေ ့လိုက် ရ ပြီး ။ စာ အုပ် များ အား လက် ဖြင့် ကိုင် တွယ် ကြည့် နေ သည့် အ ခိုက် တွ င် ၊ ချ လွမ် ဆို သည့် အ ရာ တ ခု ကျ ကွဲ သည့် အ သံ အ ပြင် ။ အာ မေ ဋိက် အ သံ ဖြစ် သော “အ မေ့” ဟု လန့် ဖြန် ့ ခါ အော် လိုက် သည့် အ သံ နှင့် အ တူ ။ အိမ် လှေ ခါး အ ပေါ် ထပ် ဆုံး အ ဝ တွင် ရောက် နေ သည့် သူ ့အား ။ ကျ မ မှ ဘွား က နဲ မြင် လိုက် ရ ပါ တယ် ။

သူ ၏ အ မေ လည်း သူ ၏ လက် ထဲ မှ ဆီ ပု လင်း ကျ ကွဲ သွား သည့် အ သံ နှင့် အ တူ “အမေ့ ”ဟု ကျယ် လောင် စွာ အော် သံ ကြား လိုက် ရ သည့် အ သံ ကြောင့် ။ အိမ် အ ထဲ ထဲ မှ က မန်း က တန်း ပြေး ထွက် လာ ပြီး ။ ကျ ကွဲ သွား သည့် ဆီ ပု လင်း အား ကြည့် ပြီး ။ ရင် ပတ် စည် တီး လျှက် ။ သ္မီး ဖြစ် သူ ၏ တ ကိုယ် လုံး အား ဒဏ် ရာ ရ မ ရ ။ အ ထိတ် တ လန် ့ကြည့် ရင်း က ။
ဟင်း ချက် စ ရာ ဆီ မ ရှိ် တော့ သ ဖြင့် ။ ဒေါ သ ဖြင့် ။ သူ ့ ကို အော် ဟစ် ကြိမ်း မောင်း ပြီး ။ ကျွက် ကျွက် ညံ အောင် ဆူ ဆဲ ပါ တယ် ။

သူ မ က တော့ ။ ကျ မ လက် ထဲ က ။ ကိုင် ထား သော စာ အုပ် များ ကို ကြည့် ပြီး ။ က တုန် က ရီ ဖြစ် ခါ တောင်း ပန် တိုး လျှိုး သည့် ဟန် အ မူ အ ရာ နှင့် တ ကွ ခြေ မ ကိုင် မိ လက် မ ကိုင် မိ ဖြစ် သွား တာ တွေ ့မြင် လိုက် ရ ပါ တယ် ။ လက် ထဲ မှ ကိုင် လာ သော ဆီ ပု လင်း အား ။ လွှတ် ချ မိ လိုက် ခြင်း သာ လျှင် ဖြစ် မယ် လို ့ လည်း ။ကျ မ အ နေ နဲ ့ က ထင် မိ ပါ တယ် ။

ကျ မ လည်း ။ ထို သို ့ ဆင်း ရဲ သည် ကို ထို စဉ် အ ခါ က မ မြင် ဘူး ။ မ တွေ ့ဘူး ။ မ ကြုံ ဘူး သ ဖြင့် ။ စိတ် မ ကောင်း ကြီး စွာ ဖြစ် ခဲ့ မိ ပါ တယ် ။ သူ ့ မျက် နှာ ဇီး ရွက် ပ မာ ဖြစ် နေ မှု အား မြင် တွေ ့ ရ မှု အ ပေါ် တွင် လည်း ။ စိတ် မှ အ လို လို သ နား သွား မိ ပါ တယ် ။

ကျ မ ၏ ဒေါ သ ။ ကျ မ ၏ မာ န ။ ကျ မ ၏ မော ဟ ။ တ ရား တို ့ ရုတ် ချည်း ကွယ် ပျောက် သွား သ လို ပင် ။ သူ ၏ အ မေ မှ လည်း ကျ မ နှင့် သူ့ ၏ သ္မီး ကို ဝေ ခွဲ မ ရ နိုင် ကြည့် ခါ ။ တ ခု ခု ဘဲ ဟု စိတ် ထဲ အ တွေး ဝင် သွား ပြီး ။ နှစ် ယောက် သား မျက် နှာ အ မူ အ ရာ တို ့ အား ကြည့် ခါ ။ ဘာ ပြ ဿ နာ ဘာ ဖြစ် ထား ကြ သ လည်း ဟု ။ အ တင်း အ ကြပ် မေး မြန်း ခဲ့ ပါ တယ် ။

အ မှန် ကို ချစ် သော ကျ မ ။ အ မှန် ကို မ ဖုန်း ကွယ် ချင် သော ကျ မ ။ သူ ငယ် ချင်း ၏ ကြောက် ရွံ ့ တုန် လှုပ် နေ သည့် မျက် နှာ ။ ကျ မ အား မျက် လုံး ဖြင့် အ ပြစ် တို ့ အား ဖုံး ကွယ် ပေး ရန် ပြု ပြ နေ သည့် အ မူ အ ရာ ။ ဒါ တွေ ကို ကျ မ မြင် ပြီး ရုတ် ချည်း ဝေ ခွဲ မ ရ နိုင် ခဲ့ ပါ။ အ ဖေ ဆူ မည် စိုး သ ဖြင့် ပြော ပြ ပြီး ။ ရှင်း မ ပြ ခဲ့ တော့ ပါ ဘဲ ။ အိမ် ပေါ် က အ မြန် ပြေး ဆင်း ခဲ့ ပြီး ။ စက် ဘီး အ မြန် စီး နင်း လျှက် ။ အိမ် သို ့တက် သုတ် နှင် ပြီး ။ ပြန် လာ ခဲ့ မိ ပါ တယ် ။

ဘာ မ ဆို ရုပ် ဝါ ဒီ ကိုင် စွဲ ပြီး သိ ရ မှ ဖြစ် မည် ဆို သည့် ကျမ ၏ အ သိ ကြောင့် သာ မ ဟုတ် ပါ လျှင် … ။ ခွင့် မ လွှတ် နိုင် သည့် ကျ မ စိတ် ကြောင့် သာ မ ဟုတ် ပါ လျှင်……။ ကျ မ သိ ချင် သော လ က္ခ ဏာ အ ကြောင်း ရင်း ကြောင့် သာ မ ဟုတ် ပါ လျှင် …….။
ဆို သည့် အ တွေး များ စွာ တို ့က……. ။ ကျ မ အား နှိပ် စက် ၍ နေ ပါ သည် ။

သူ ကျောင်း ထွက် ရ မည် မ ဟုတ် ပါ ။ ဆ ရာ ကိုယ် တိုင် ။ သူ ၏ သ္မီး အား ။ ကျောင်း မှ ထုတ် ပစ် ခဲ့ တာ ကျ မ သိ လိုက် ရ ပါ တယ် ။။

About aye.kk

has written 247 post in this Website..