ကျ မ သိ ချင် သော လ က္ခ ဏာ အ ကြောင်း

aye.kkMay 18, 20121min25025

ကျ မ ငယ် ငယ် တုံး က တော့ ။ နွေ ရာ သီ ကျောင်း ပိတ် ရက် ရောက် လာ ပြီ ဆို သည် နှင့် နေ ့ ခင်း နေ ့လည် ဘက် ။ ထ မင်း စား ပြီး သည့် အချိန် များ တွင် ။ အိမ် အ လယ် ခန်း ထဲ ရှိ ကု တင် ပေါ် တွင် ။ နား နား နေ နေ လှဲ လျှောင်း တတ် မိ ပြီး ။ ရေ ဒီ ယို ဇတ် လမ်း ပမာ လေး များ အား နား ထောင် တတ် ပါ တယ် ။
ရေ ဒီ ယို ဇတ် လမ်း ပ မာ လေး များ နား ထောင် ရင်း ။ ကိုင် ရို လ က္ခ ဏာ စာ အုပ် များ အား ။ အ ပြင်း ပြေ အ မြဲ တ စေ ။
လေ့ လာဖတ် ဖြစ် ရှု လေ့ ရှိ ပါ တယ် ။
တ ခု တော့ ရှိ ပါ သည် ။ လ က္ခ ဏာ စာ အုပ် ဖတ် ရင်း ။ ကိုယ့် လက် ဖ ဝါး ပြင် ပေါ် က အ ကြောင်း အ ရာ များ အ ပေါ် ။ စိတ် ဝင် စား ပြီး လေ့ လာ မိ ခြင်း က ။ ဦး ဆုံး အ ရင် ဘဲ ဖြစ် ပါ တယ် ။

ကျ မ ၏ လ က္ခ ဏာ အ ရေး အ ကြောင်း များ အား ။ ကိုင် ရို လ က္ခ ဏာ စာ အုပ် တွင် ။ ဖော် ပြ ပါ အကြောင်း များ အား တူ မ တူ လိုက် ကြည့် တတ် ပြီး ။ မ ကောင်း သည့် အ ရေး အ ကြောင်း များ ပါ ရှိ နေ တာ ကို ။ မိ မိ လ က္ခ ဏာ တွင် ပါ ရှိ သည် ကို တွေ ့ မြင် ရ ပါ က ။ စိတ် က မ ခံ စား နိုင် ပါ ။ စာ အုပ် ကို ရင် ပတ် ပေါ် တင် ပြီး ။ ဆက် မကြည့် တော ့ပါ ဘဲ ။ မျက် စိ စုံ မှိတ် ပြီး ။ အိပ် ပျော် သွား တတ် ပါ တယ်။ စိတ် ခံ စား မှု နု လွယ် သော် လည်း ။ ဝါ သ နာ ပါ သ ဖြင့် ။ မ ဖတ် ရဲ သော စာ မျက် နှာ များ အား ။ ချန် လှပ် ခါ ကျော် ခွ ပြီး ။ ဖတ် ဖြစ် တတ် နေ မြဲ ပဲ ဖြစ် ပါ တယ် ။

မိ မိ ၏ ဘ ဝ ကု သို လ် ကံ အ ကျိုး ။ ဆိုး ကောင်း တို ့အား ။ သိ ချင် သည့် စိတ် ။ မိ ဘ တို ့ နှင့် ပတ် သက် ပြီး ။ အ ရမ်း ကို နား လည် ချင် နေ မိ သည့် စိတ် က တ ပိုင်း ဟု ။ ပြော ရ မ လား ကျ မ ကိုယ် ၌ က ဝေ ခွဲ မ ရ ရှိ နေ ပါ တယ် ။ သိ ချင် စိတ် ပြင်း ပြ နေ ၍ လည်း ။
ကိုင် ရို လ က္ခ ဏာ စာ အုပ် အား သဲ သဲ မဲ မဲ အ ချိန် ရ တိုင်း ။ ဖတ် နေ မိ ပါ တယ် ။

အ မ ဖြစ် သူ က လ က္ခ ဏာ ဝါ သ နာ အိုး ဖြစ် နေ ၍ လည်း ။ အ ပြင်း ပြေ ဖတ် ရန် စာ အုပ် များ က ။ လ က္ခ ဏာ စာ အုပ် များ သာ အ များ အ ပြား အိမ် မှာ ရှိ နေ ရ ခြင်း ပင် ဖြစ် ပါ တယ်။

ပြီး ရင် အ မေ ဈေး က ဝယ် ပါ လာ တတ် သည့် ။ ဘု ရား နိ ပါ တ် ဇတ် တော် လာ ပါ ရှိ သော ပုံ ပြင် စာ အုပ် လေး များ ပဲ ဖြစ် ပါ သည်။
ဖတ် လို ့ အ ရမ်း ကောင်း သည့် စာ အုပ် လေး များ ပင် ဖြစ် ပါ တယ် ။

အ ဖေ က က မ္ဘာ ကျော် စာ ရေး ဆ ရာ များ ရေး သား ထား သည့် ။ တ ထောင့် တ ည ပုံ ဝထ္ထု တို များ ။ မြန် မာ လို ပြန် ဆို ထား သည့် ဘာ သာ ပြန် စာ အုပ် များ အား ။ ဖတ် ရန် ဝယ် ထား ပေး သ ဖြင့် လည်း ။ နွေ ဦး ရာ သီ ကာ လ လေး များ က ၊ က လေး ဘ ဝ အ ရွယ် တွင် စာ ဖတ် ရင်း စိတ် ကြည် နှူး ပျော် ရွင် မှု များ ပိုင် ဆိုင် ရ ရှိ ခဲ့ ပါ တယ် ။

ပျော် ရွှင် ရ သည် ဆို သော် လည်း ။ မိ မိ လက် ဖ ဝါး ပြင် ရေ ဇာ နှင့် လ က္ခ ဏာ တွင် ပါ ရှိ လာ သော ။ ဆိုး ရွား သည့် အ ရေး အ ကြောင်း များ က ။ မိ မိ အား စိတ် တ စ္ဆေ အ ခြောက် ခံ နေ ရ သ လို မျိုး ။ ရံ ဖန် ရံ ခါ ဖြစ် နေ တတ် ပါ တယ် ။

ခံ စား ရ သ ဖြင့် လည်း မိ မိ လက် ဖ ဝါး ပြင် ပါ အ ရေး အ ကြောင်း တို ့အား တော် ယုံ နှင့် မ ကြည့် ဖြစ် ပါ။ လ က္ခ ဏာ စာ အုပ် ကို တော့ လေ့ လာ မြဲ ဆက် လက် ဖတ် နေ မြဲ သာ ဖြစ် ပါ သည် ။ ပြီး လျှင် သူ ငယ် ချင်း လက် ဖ ဝါး များ နှင့် သာ လိုက် လံ ကာ တိုက် ဆိုင် လေ့ လာ ပြီး သူ ငယ် ချင်း များ အား လည်း ဟုတ် မ ဟုတ် မေး မြန်း ရ သည် မှာ ကျ မ အ ဖို ့အ လုပ် တ ခု လို ပင် ဖြစ် နေ ပါ တယ် ။

အ လယ် တန်း ကျောင်း သူ အ ရွယ် က လေး ရောက် ရှိ လာ အ ခါ မှာ တော့ ။ ကျောင်း ဖွင့် ပြီ ဆို သည် နှင့် ။ အား လပ် ချိန် ၊ မုန် ့စား ဆင်း ချိန် များ ၌ ။ သူ ငယ် ချင်း များ ၏ လ က္ခ ဏာ များ အား ကြည့် ပေး တတ် ပြီး ။ မ တတ် တ ခေါက် နှင့် တတ် သ လောက် ။ ပြော ပြ တတ် နေ ပြီ ဖြစ် ပါ တယ်။

သူ ငယ် ချင်း များ က မှန် သည် ဟု ပြော လျှင် လည်း ၊ ပြန် ပြော တတ် သည့် အကျင့် က ငါ ပြော တာ မ ဟုတ် ကိုင် ရို စာ အုပ် ထဲ က ကြည့် ပြီး ပြော တာ ဟု ပြော တတ် ပါ သည် ။

ဆ ဋ္ဌ မ တန်း ကျောင်း သူ ဘ ဝ ၌ ၊ ကျ မ နေ သော အ တန်း ထဲ တွင် သူ ငယ် ချင်း များ ၏ လေ့ ကျင့် ခဏ်း စာ အုပ် များ ၊ စာ မေး ပွဲ ဖြေ ဆို ခါ နီး အ ချိန် နှင့် တိုက် ဆိုင် လှ ခါ မ ကြာ ခ ဏ ပျောက် ဆုံး နေ ခြင်း ဖြစ် ပါ တယ်။

ထူး ခြား သည် က ကျ မ ၏ လေ့ ကျင့် ခဏ်း စာ အုပ် များ လုံး ဝ ပျောက် ဆုံး မှု မ ရှိ ခြင်း ပင် ဖြစ် ပါ သည် ၊ ယူ တတ် သည့် သူ က လည်း ကျ မ စာ အုပ် တော့ လုံး ဝ လက် ရှောင် ခါ မ ယူ ခြင်း ပင် ဖြစ် ပါ သည် ။ ကျ မ လ က္ခ ဏာ ကြည့် တတ် နေ သည် ကို သူ သိ နေ ပုံ ပေါ် ပါ သည်။ ဘယ် သူ ငယ် ချင်း က မျှ လည်း သူ ယူ လိမ့် မည် ဟု မ ထင် မိ ကြ ပါ ။

ဘာ ကြောင့် လည်း ဟု မေး ရ မ လို ပင် ။ ဖြစ် မိ ကြ မှာ ကား ။ အ သေ အ ချာ ပင် ဖြစ် ပါ တယ် ။ သူ က ကျ မ တို ့ အ တန်း ထဲ က အ တန်း ပိုင် ဆ ရာ ကြီး ၏ သ္မီး ဖြစ် ၍ နေ ခြင်း ဘဲ ဖြစ် ပါ တယ် ။ သူ ငယ် ချင်း များ က ။ ကျ မ အား လ က္ခ ဏာ အား ။ တ ယောက် ခြင်း စီ ကြည့် ခိုင်း ခါ သူ ခိုး ဖော် ထုတ် ခိုင်း ခဲ့ ကြ ပါ တယ် ။
စာ အုပ် များ ယူ သည်ဟု ယူ ဆ ရ သူ က သူ ့ အ လှည့် မ ရောက် ခင် ပင် ဖျား သည် ဟု ဆို ခါ တ ပါတ် တိ တိ ကျောင်း လာ မ တက် တော့ ခြင်း ဘဲ ဖြစ် ပါ တယ်။

စာ မေး ပွဲ ဖြေ ဆို ရန် အ တွက် ခုံ များ စီ ရ သည့် နေ ့ ။ ခုံ နံ ပတ် ရ ယူ ရန် လာ ရ သော နေ ့၌ ။ သူ ရောက် ရှိ လာ တာ သိ လိုက် ရ ပါ တယ် ။ သူ ့ကို မြင် တွေ ့ တာ ။ သူ ငယ် ချင်း များ က သ တင်း လာ ပေး ကြ ပါ တယ် ။

ကျ မ က သူ ့လက် ဖ ဝါး အား ပြ ရန် တောင်း ဆို မိ လိုက် ရ ပါ တယ် ။ သူ ငယ် ချင်း ရဲ ့မျက် နှာ အ မူ အ ရာ တ ချက် ပျက် သွား ပါ တယ် ။ သူ ၏ လက် ဖ ဝါး ပြင် အား ဘယ် ညာ နှစ် ခု စ လုံး အား ဖြန် ့ကြည့် သော အ ခါ သူ ၏ ညာ လက် ဖ ဝါး ပြင် လက် သန်း ခြေ ရင်း ဗုဒ္ဓ ဟူး ဂြိုလ် ခုံ ပေါ် တွင် ကြက် ခြေ ခတ် သေး သေး ငယ် ငယ် လေး ရှိ နေတာ ။ ထင် ရှား ပေါ် လွင် နေ တာ ကို တွေ ့မြင် ပါ တယ်။

မိ ကောင်း ဖ ခင် သား းသ္မီး ဖြစ် နေ လင့် က စား ။ လက် ဖ ဝါး ပြင် ရှိ ဗုဒ္ဓ ဟူး ဂြိုလ် ခုံ ။ လက် သန်း ရင်း အောက် တည့် တည့် ၌ ။ ထို ကြက် ခြေ ခတ် (x) အမြောက် သေး သေး လေး ပေါ် ပေါက် နေ သည့် အ ချိန် တွင် ။ သူ တစ် ပါး ပိုင် ဆိုင် သည့် ပစ္စည်း များအား ။ မိ မိ စိတ် မှ အ လို လို ခိုး ယူ ချင် နေ သည့် စိတ် တို ့ဖြစ် ပေါ် နေ ပြီး ။ မ ယူ ရ မ နေ နိုင် အောင် လောက် ပင် ။ စိတ် က ဖြစ် ပေါ် လာ တတ် သည် ဟု ။ ကိုင် ရို လ က္ခ ဏာ စာ အုပ် ထဲ ၌ ။ ဆို ထား သည် ကို ။ ကျ မ မှ လေ့ လာ မှတ် သား ထား မိ ပါ တယ် ။

ကျ မ က သူ ့လက် ဖ ဝါး အား ကြည့် ပြီး ။ နင် ယူ ထား သည် ဟု လ က္ခ ဏာ အ ရ စွပ် စွဲ ပြော ပြီး ။ သူ ငယ် ချင်း များ ၏ လေ့ ကျင့် ခဏ်း စာ အုပ် များ အား ပြန် ပေး စေ ချင် ကြောင်း ။ ပြန် ပေး လိုက် ပါ ။ စာ မေး ပွဲ နီး မှ လုပ် တာ ဟာ ။ နင် င ရဲ ကြီး မှာ မ ကြောက် ဘူး လား လို ့ ကျ မ က သူ ့ကို ပြော လိုက် မိ ပါ တယ် ။

ကျ မ စ ကား ပင် မ ဆုံး လိုက် ရ ပါ ။ ကျ မ အား ။ ရုတ် တ ရက် သူ ့ လက် ဖ ဝါး ဖြင့် ။ ကျ မ ၏ ပါး အား ရိုက် ခဲ့ ပြီး ။ နင် ငါ့ ကို သက် သေ မ ရှိ ဘဲ သူ ခိုး လာ မ စွတ် စွဲ နဲ ့…ပြော ပြီး ။ ကျ မ မှ အ ငိုက် မိ သွား ရ ခါ ။ ပါး ရိုက် ခံ လိုက် ရ ပါ တယ် ။ ကျ မ ရှက် စိတ် ဖြင့် မွန် ထူ နေ ပြီး သူ ယူ ထား သည် ဟု ပြော လိုက် မိ သော ကြောင့် ။သူ ငယ် ချင်း များ ၏ အား လုံး ရှေ ့ မှောက် ၌ မည် သို ့ဖြေ ရှင်း ပြ ရ မည် ကို
ကျ မ မ သိ တော့ ပါ ။

လ က္ခ ဏာ အ ကြောင်း နား မလည် သော သူ ငယ် ချင်း များ က လည်း ။ ကျောင်း ဆ ရာ (အ တန်း ပိုင် ) သ္မီး က ယူ ပါ့ မ လား ဟယ် ။ နင် ဒီ တ ခါ ဟော တာ တော့ ။ တက် တက် စင် တော့ လွဲ နေ ပြီ ။ လ က္ခ ဏာ က မ ယုံ ရ ဟု ပြော ဆို ကြ ခါ ။ တ ယောက် တ ပေါက် ထင် ကြေး များ ပေး ကြ ပါ တယ် ။ ကျ မ က တော့ ကိုယ့် ရှူး ကိုယ် ပတ် ပြီး ။ အ ရှူး မီး ဝိုင်း ပ မာ ပါ ဖြစ် ခဲ့ ရ ပါ တယ် ။ကျ မ အား ပြန် မ လုပ် ရန် လည်း ။ သူ ငယ် ချင်း တစ် စု က ဝိုင်း ဝန်း တား မြစ် ခဲ့ ကြ ပါ တယ်။

သူ ငယ် ချင်း ဖြစ် သူ က တော့ ။ သူ ့ အ ဖေ
အ တန်း ပိုင် နှင့် တိုင် ကြား မည် ဟု ပြော ဆို ခါ ။ သူ ့ ကို အ ရှက် ခွဲ သည် ဟု ပြော ပြီး ။ ကျ မ အား မျက် ထောင့် နီ နီ ဖြင့် ။ မ ကျေ မ နပ် ဖြစ် လျှက် ။ စိုက် ကြည့် နေ ခဲ့ ပါ တယ် ။ အ တန်း ပိုင် ဆ ရာ က လည်း ။ သူ ၏ သ္မီး ဖြစ် သူ အား ယ ခု လို ပြော ရ ပါ့ မ လား ဟု ဆို ခါ ။ ကျ မ ၏ မိ ဘ များ ထံ တိုင် ကြား ပြော ဆို ခဲ့ ပါ တယ် ။

အ ဖေ က ။ ကျ မ အား ကျောင်း က ဖြစ် စဉ် နှင့် ပတ် သက် ပြီး ။ ကျ မ ကို မေး မြန်း ခဲ့ ပါ တယ် ။ ကျ မ ရှင်း ပြ မှု အား ။ အ ဖေ က သေ သေ ချာ ချာ နား ထောင် ပြီး ။ နောင် ထို ကဲ့ သို ့မ ပြု လုပ် ရန် ။ အ ဖေ က ဆုံး မ ခဲ့ ပါ တယ် ။ ကျ မ ၏ မ ကျေ နပ် မှု ကား ။ သူ ့ အ ပေါ် တွင် ပျောက် ဆုံး သွား ခြင်း မ ရှိ ခဲ့ ပါ ။ ကိုင် ရို လ က္ခ ဏာ ။ စာ အုပ် တွင် ပါ ရှိ မှု မှာ ။ မှန် မ မှန် ။ လက် တွေ ့သိ လို သည့် စိတ် ။ ကျ မ ၌ ပြင်း ပြ လျှက် ရှိ နေ ခဲ့ ပြီး ။ သူ မ နေ ထို်င် ရာ အိမ် သို ့ သွား ရောက် ခါ ။ ကိုယ် တိုင် ကြည့် မြင် မည် ဟု စိတ် မှ ဆုံး ဖြတ် ခဲ့ မိ ပါ တယ် ။

( ရုပ် ဝါ ဒီ ) အ လွန် ဆန် သည့် ကျ မ ၏ စိတ် က ။ ကျ မ ကို ဆုံးမ ပဲ့ ပြင် နိုင် ရန် ။ တ ကယ် မ လွယ် ပါ ။
အ ဖေ တား မြစ် သည့် ကြား မှ ပင် ။ စာ မေး ပွဲ လည်း ဖြေ ဆို နေ ပေ ပြီ ။ နောက် ဆုံး သ မိုင်း ဘာ သာ ဖြေ ဆို မည့် ရက် ။ ကြား ပိတ် ရက် ခံ နေ သ ဖြင့် ။ စာ ကို လည်း ဖြောင့် ဖြောင့် တန်း တန်း မ ကျက် နိုင် ခဲ့ ပါ ။
သူ မ နေ ထိုင် သည့် ။ အိမ် ရှိ ရာ ကို ။ စုံ စမ်း မေး မြန်း ပြီး ။ ကျ မ မှ သွား ရောက် ခဲ့ ပါ တယ် ။

အိမ်က နေ စက် ဘီး စီး နင်း မ ထွက် ခင် က တည်း က ပင် ။ အိမ် က ဘု ရား မှာ အ မှန် အ တိုင်း ဖြစ် စေ ရန် ဆု တောင်း မိ ပြီး ။ ညောင် ရေ အိုး ထဲ မှ ရေ များ အား ။ သ စ္စာ ရည် အ ဖြစ် ။ သောက် ခါ ထွက် သွား မိ ပါ တယ် ။ ကျ မ ကံ ကောင်း ခဲ့ ပါ တယ် ။ သူ နေ တဲ့ အိမ် ကို ဆိုက် ဆိုက် မြိုက် မြိုက် ရောက် ရှိ သွား ပြီး ။ သူ မ ၏ အ မေ အား အ ရင် ဦး ဆုံး တွေ ့ ရှိ ခဲ့ ပါ တယ် ။ ကျ မ က ကျက် စာ စာ အုပ် အ ခက် ခဲ ရှိ နေ သ ဖြင့် ။ သူ ၏ စာ အုပ် စင် အား ခ ဏ ကြည့် ရှု ခွင့် ပေး ပါ ရန် ခွင့် တောင်း ခံ လိုက် ပါ တယ် ။

သူ ၏ အ မေ က လည်း ။ ကျ မ အား ။ အိမ် မှာ ဟင်း ချက် ဖို ့ရာ ဆီ မ ရှိ သ ဖြင့် ။ သူ ငယ် ချင်း အား ။ ဆီ သွား ဝယ် ခိုင်း ထား ကြောင်း ။ သူ ငယ် ချင်း ဖြစ် သူ အား ခ ဏ စောင့် သွား ရန် ပြော ဆို ပါ တယ် ။ သူ ၏ အ မေ မှာ လည်း ။ ကျ မ အား ထို စဉ် အ ချိန် အ ခါ က ။ သူ ဋ္ဌေး ကြီး ၏ သ္မီး ဖြစ် နေ မှန်း တန်း သိ နေ သ ဖြင့် ။ ကျ မ အား အားတုံ ့အား နာ ဖြစ် ပြီး ။ လွန် စွာ ဆင်း ရဲ လှ သည့် ကျောင်း ဆ ရာ လ ခ စား မိန်း မ ဘ ဝ အ နေ ဖြင့် ။ လ ကုန် ခါ နီး အ လို ။ နံ နက် က တည်း က ပိုက် ဆံ ပြတ် နေ သ ဖြင့် ဈေး မ ဝယ် ရ ။ နေ ့ ခင်း ငွေ လေး ချေး ငှား ဆွဲ လို ့ ရ မှ သာ ။ ဆီ နှစ် ကျပ် ခွဲ သား ။ သ္မီး ဖြစ် သူ အား ဝယ် ခိုင် း ထား ခြင်း ဖြစ် ကြောင်း ။ ရှင်း ပြ လို ့ နေ ပါ တယ် ။

သူ ၏ စာ အုပ် ထား ထား သည့် ဘု ရား စင် အောက် နေ ရာ လေး အား ။ သူ မ ၏ အ မေ က ပြ သ ဖြင့် ။ ကျ မ မှ လည်း အ လျှင် အ မြန် ရှာ ဖွေ နေ မိ ပါ တယ် ။ ကျ မ စာ အုပ် စင် လေး တွင် စာ အုပ် များ ရှာ ဖွေ နေ ခိုက် တွင် ။ သူ ၏ အ မေ က ။ ဆ ရာ မှာ လည်း စာ မေး ပွဲ ရှိ ၍ ကျောင်း မှာ အ လုပ် တွေ ရှုတ် နေ သည့် အ ပြင် ။ ပိတ် ရက် လည်း ကျောင်း သို ့ သွား ရ ခါ ။ အ လုပ် များ နေ ကြောင်း ။ မ နက် က တည်း က ပင် အိမ် မှာ ချက် စ ရာ မ ရှိ သ ဖြင့် ။ နံ နက် စာ ပင် မ စား သွား ရ ကြောင်း ။ ပြော ပြ ပြီး ။ ဟင်း ချက် ဖို ့ မီး မွှေး ရန် အ တွက် ဟု ပြော ဆို ခါ အိမ် အ တွင်း ထဲ သို ့ ဝင် သွား ခဲ့ ပါ တယ် ။

သူ ယူ ထား သည့် သူ ငယ် ချင်း စာ အုပ် များ အား ။ သူ ၏ စာ အုပ် ထား သည့် စင် က လေး တွင် ။ ကျ မ မှ မျက် ဝါး ထင် ထင် မြင် တွေ ့လိုက် ရ ပြီး ။ စာ အုပ် များ အား လက် ဖြင့် ကိုင် တွယ် ကြည့် နေ သည့် အ ခိုက် တွ င် ၊ ချ လွမ် ဆို သည့် အ ရာ တ ခု ကျ ကွဲ သည့် အ သံ အ ပြင် ။ အာ မေ ဋိက် အ သံ ဖြစ် သော “အ မေ့” ဟု လန့် ဖြန် ့ ခါ အော် လိုက် သည့် အ သံ နှင့် အ တူ ။ အိမ် လှေ ခါး အ ပေါ် ထပ် ဆုံး အ ဝ တွင် ရောက် နေ သည့် သူ ့အား ။ ကျ မ မှ ဘွား က နဲ မြင် လိုက် ရ ပါ တယ် ။

သူ ၏ အ မေ လည်း သူ ၏ လက် ထဲ မှ ဆီ ပု လင်း ကျ ကွဲ သွား သည့် အ သံ နှင့် အ တူ “အမေ့ ”ဟု ကျယ် လောင် စွာ အော် သံ ကြား လိုက် ရ သည့် အ သံ ကြောင့် ။ အိမ် အ ထဲ ထဲ မှ က မန်း က တန်း ပြေး ထွက် လာ ပြီး ။ ကျ ကွဲ သွား သည့် ဆီ ပု လင်း အား ကြည့် ပြီး ။ ရင် ပတ် စည် တီး လျှက် ။ သ္မီး ဖြစ် သူ ၏ တ ကိုယ် လုံး အား ဒဏ် ရာ ရ မ ရ ။ အ ထိတ် တ လန် ့ကြည့် ရင်း က ။
ဟင်း ချက် စ ရာ ဆီ မ ရှိ် တော့ သ ဖြင့် ။ ဒေါ သ ဖြင့် ။ သူ ့ ကို အော် ဟစ် ကြိမ်း မောင်း ပြီး ။ ကျွက် ကျွက် ညံ အောင် ဆူ ဆဲ ပါ တယ် ။

သူ မ က တော့ ။ ကျ မ လက် ထဲ က ။ ကိုင် ထား သော စာ အုပ် များ ကို ကြည့် ပြီး ။ က တုန် က ရီ ဖြစ် ခါ တောင်း ပန် တိုး လျှိုး သည့် ဟန် အ မူ အ ရာ နှင့် တ ကွ ခြေ မ ကိုင် မိ လက် မ ကိုင် မိ ဖြစ် သွား တာ တွေ ့မြင် လိုက် ရ ပါ တယ် ။ လက် ထဲ မှ ကိုင် လာ သော ဆီ ပု လင်း အား ။ လွှတ် ချ မိ လိုက် ခြင်း သာ လျှင် ဖြစ် မယ် လို ့ လည်း ။ကျ မ အ နေ နဲ ့ က ထင် မိ ပါ တယ် ။

ကျ မ လည်း ။ ထို သို ့ ဆင်း ရဲ သည် ကို ထို စဉ် အ ခါ က မ မြင် ဘူး ။ မ တွေ ့ဘူး ။ မ ကြုံ ဘူး သ ဖြင့် ။ စိတ် မ ကောင်း ကြီး စွာ ဖြစ် ခဲ့ မိ ပါ တယ် ။ သူ ့ မျက် နှာ ဇီး ရွက် ပ မာ ဖြစ် နေ မှု အား မြင် တွေ ့ ရ မှု အ ပေါ် တွင် လည်း ။ စိတ် မှ အ လို လို သ နား သွား မိ ပါ တယ် ။

ကျ မ ၏ ဒေါ သ ။ ကျ မ ၏ မာ န ။ ကျ မ ၏ မော ဟ ။ တ ရား တို ့ ရုတ် ချည်း ကွယ် ပျောက် သွား သ လို ပင် ။ သူ ၏ အ မေ မှ လည်း ကျ မ နှင့် သူ့ ၏ သ္မီး ကို ဝေ ခွဲ မ ရ နိုင် ကြည့် ခါ ။ တ ခု ခု ဘဲ ဟု စိတ် ထဲ အ တွေး ဝင် သွား ပြီး ။ နှစ် ယောက် သား မျက် နှာ အ မူ အ ရာ တို ့ အား ကြည့် ခါ ။ ဘာ ပြ ဿ နာ ဘာ ဖြစ် ထား ကြ သ လည်း ဟု ။ အ တင်း အ ကြပ် မေး မြန်း ခဲ့ ပါ တယ် ။

အ မှန် ကို ချစ် သော ကျ မ ။ အ မှန် ကို မ ဖုန်း ကွယ် ချင် သော ကျ မ ။ သူ ငယ် ချင်း ၏ ကြောက် ရွံ ့ တုန် လှုပ် နေ သည့် မျက် နှာ ။ ကျ မ အား မျက် လုံး ဖြင့် အ ပြစ် တို ့ အား ဖုံး ကွယ် ပေး ရန် ပြု ပြ နေ သည့် အ မူ အ ရာ ။ ဒါ တွေ ကို ကျ မ မြင် ပြီး ရုတ် ချည်း ဝေ ခွဲ မ ရ နိုင် ခဲ့ ပါ။ အ ဖေ ဆူ မည် စိုး သ ဖြင့် ပြော ပြ ပြီး ။ ရှင်း မ ပြ ခဲ့ တော့ ပါ ဘဲ ။ အိမ် ပေါ် က အ မြန် ပြေး ဆင်း ခဲ့ ပြီး ။ စက် ဘီး အ မြန် စီး နင်း လျှက် ။ အိမ် သို ့တက် သုတ် နှင် ပြီး ။ ပြန် လာ ခဲ့ မိ ပါ တယ် ။

ဘာ မ ဆို ရုပ် ဝါ ဒီ ကိုင် စွဲ ပြီး သိ ရ မှ ဖြစ် မည် ဆို သည့် ကျမ ၏ အ သိ ကြောင့် သာ မ ဟုတ် ပါ လျှင် … ။ ခွင့် မ လွှတ် နိုင် သည့် ကျ မ စိတ် ကြောင့် သာ မ ဟုတ် ပါ လျှင်……။ ကျ မ သိ ချင် သော လ က္ခ ဏာ အ ကြောင်း ရင်း ကြောင့် သာ မ ဟုတ် ပါ လျှင် …….။
ဆို သည့် အ တွေး များ စွာ တို ့က……. ။ ကျ မ အား နှိပ် စက် ၍ နေ ပါ သည် ။

သူ ကျောင်း ထွက် ရ မည် မ ဟုတ် ပါ ။ ဆ ရာ ကိုယ် တိုင် ။ သူ ၏ သ္မီး အား ။ ကျောင်း မှ ထုတ် ပစ် ခဲ့ တာ ကျ မ သိ လိုက် ရ ပါ တယ် ။။

25 comments

  • padonmar

    May 18, 2012 at 3:21 am

    aye.kk ရေ
    ဟုတ်မှန် ၊ကျိုးမရှိ ၊သူတပါး နှစ်သက်/မနှစ်သက်ပေါ့နော်။
    အဲဒီသူငယ်ချင်းအတွက်တော့ မနှစ်သက်စရာဖြစ်သွားမှာပဲ။
    ကျောင်းထွက်ရတာ သူ့အပြစ်ပေမယ့် ဒီလို ပြစ်ဒဏ်ထိရစေတာတော့ စိတ်မကောင်းပါဘူး။
    စကားအတင်းစပ်
    ဟောပေးထားတာတွေ မှန်ပါတယ်နော် ၊ကျေးဇူးပါ။

  • flamingo

    May 18, 2012 at 8:08 am

    အမ Aye.k.k ခင်ဗျာ…
    ကျွန်တော်လက္ခဏာစိတ်ဝင်စားလို့ ကျွန်တော့်ရဲ့ လက္ခဏာကိုပြောပြပေးပါလား
    ကျွန်တော့်ရဲ့ ညာဘက်လက်တစ်ခုလုံး(လက်ဗွေ)အားလုံးခရုပတ်ဗွေနဲ့ဘယ်ဘက်
    လက်ကလက်သူကြွယ်နဲ့လက်သန်းကခရုပတ်ဗွေတွေပါ..ဒါတွေကဘာတွေကိုဖော်ပြ
    နေပါသလဲ…လက္ခဏာပုံကတော့ပုံမတင်တတ်သေးလို့နောက်မှဘဲတင်ပါတော့မယ်..
    ကျေးဇူးတင်ပါတယ်အစ်မ…

    • amatmin

      May 18, 2012 at 9:49 am

      ဘယ်ညာ.လက်ဆယ်ချောင်းစလုံးမှာ ခရုပတ်ဗွေ ဆိုရင်ကော..ဟင်င်

      • aye.kk

        May 18, 2012 at 11:46 am

        မမပဒုမ္မာရေ..
        မှန်တယ်ဆိုလို ့ဝမ်းသာမိရပါတယ်…
        ကွန်မင့်အတွက်ကျေးဇူးပါနော်..
        ပြောပြချင်မိတာကပေါ့နော်..
        ကျမရဲ ့ရုပ်ဝါဒီဆန်လွန်းတဲ့ပြုမူချက်တွေကြောင့်..
        ကျမရဲ ့အမက ကျမကိုကွန်မြူနစ်မ…
        ဆိုပြီးအမည်နာမတတ်ခဲ့ခြင်းခံခဲ့ရပါတယ်…
        သူ ကျောင်းပြောင်းပြီးနေခဲ့တာပဲလို ့အောင်းမေ့ မိခဲ့တာ…
        နောင်တချိန်သူနဲ ့ကျမပြန်ဆုံတော့မှအဖေကသူ ့ရဲ ့
        ကျောင်းဆရာဆိုတဲ့ဂုဏ်သိက္ခာပုဒ်ကို..
        အသက်နဲ ့ထပ်တူတန်ဘိုးထားလို ့..
        သူ ့အမေကအဖြစ်မှန်သိရာကနေအဖေ့ကိုဖွင့်ပြောလိုက်မိလို ့
        ကျောင်းထုတ်ပစ်ခဲ့တာလို ့သိရတဲ့အချိန်မှာပေါ့နော်..
        ကျမကိုယ်တိုင်လည်းရင်ထဲမှာကျင်နေအောင်ခံစားမိလိုက်ရပါတယ်။
        ——————————————————————————-
        ်flamingo,…
        ညာလက်ဖဝါးပြင်မှာခရုပတ်ဗွေ(အစစ်)ပါရှိရင်..
        အစစ်လို ့ပြောတာကခရုပတ်ဗွေလျှောနဲ ့မှားမှာစိုးလို ့ပါ..
        မိမိရဲ ့စိတ်တံခိုးထက်မြက်မှု (စွမ်းအား)မြင့်မားတယ်လို ့မှတ်သားဘူးပါတယ်
        မိမိရဲ ့လက်ဖဝါးပြင်နှစ်ခုစလုံးမှာ..
        ခရုပတ်ဗွေအနည်းဆုံး(၈)ခုပါရင်တော့ပိုမိုသက်ရောက်မှုရရှိစေတာပေါ့နော်…
        တနင်္ဂနွေလက်ချောင်းနဲ ့လက်သူကြွယ်မှာပါရှိရင်..
        စီးပွားကူးသန်း၊မိမိရဲ ့အောင်မြင်ကြိုးစားမှုနဲ ့ပတ်သက်ပြီးပိုမိုကောင်းမွန်စေပါတယ်..
        မှဲ ့ကလက်ဖဝါးပြင်မည်သည့်နေရာမှာမဆိုမပါရှိတာကအကောင်းမွန်ဆုံးပဲဖြစ်ပါတယ်..
        သက်ဆိုင်တဲ့ဂြိုလ်ခုံရဲ ့စွမ်းအားကိုယုတ်လျှော့စေပါတယ်(ဝါ)ညံ့ဖျင်းစေပါတယ်..
        ဒါကကျမမှတ်သားနားလည်ထားမိတဲ့အတိုင်းပြောပြခြင်းဖြစ်ပါတယ်။

        • flamingo

          May 19, 2012 at 8:47 am

          ကျေးဇူးတင်ပါတယ်အစ်မရေ…
          လက္ခဏာကိုတော့အစ်မ mail ထဲကိုပို့ပေးလိုက်မယ်နော်…

        • kyi phyu

          June 23, 2012 at 2:55 pm

          ခရုပတ်ဗွေ(အစစ်) နဲ့ ခရုပတ်ဗွေလျှောက
          ဘာကွာတာလဲမသိဘူးနော်အန်တီ

      • aye.kk

        May 18, 2012 at 7:46 pm

        amatmin,…
        ဘယ်ညာလက်ဆယ်ချောင်းစလုံးမှာခရုပတ်ဗွေဆိုရင်..
        ဆိုက်ကားနင်းသမားဖြစ်ရင်တောင်သူကြွယ်ဖြစ်ရပါတယ်လို ့တင်စားပါရစေကွယ်..
        ခရုပတ်ဗွေလက်ဆယ်ချောင်းလုံးပါလာရင်..
        သုသိုလ်ကံအကျိုးပေးမြင့်မားလာအောင်ဖန်တီးဆောင်ရွက်နိုင်စွမ်းရှိတဲ့..
        စိတ်စွမ်းအားရှင်တွေလို ့ပြောချင်ပါတယ်..
        အန်တီ(၇)တန်းကျောင်းသူအရွယ်တုံးက
        လွယ်အိပ်တစ်လုံးလွယ်ပြီးအန်တီတို ့ရဲ ့မြို ့ဆေးဆိုင်မှာဆေးအမြဲလာဝယ်နေတဲ့သူရှိတယ်
        အန်တီသူငယ်ချင်းကအန်တီနေတဲ့ကျိုက်ထိုမြို ့ရှမ်းစုရပ်ဂန့်ဂေါ်လမ်းနဲ ့ဗိုလ်ချုပ်လမ်းမထိတ်
        မှာလဘက်ရည်ဆိုင်ဖွင့်ထားတော့၊အဲဒီဆေးလာဝယ်တဲ့
        လူကဆေးဝယ်ပြီးတဲ့အချိန်မှာကျိုက်ထို-ရန်ကုန်အမြန်ရထားစီးဘို ့ဘူတာကြီးနဲ ့နီးတဲ့နေရာဖြစ်တဲ့အန်တီသူငယ်ချင်းဆိုင်မှာရထားစီးဘို ့စောင့်ရင်းနဲ ့လဘက်ရည်အမြဲလာဝင်သောက်တယ်
        သူငယ်ချင်းကကျောင်းပြန်တိုင်းအိမ်ကိုဝင်ခိုင်းတဲ့အခါအဲဒီ
        လူကြီးနဲ ့မျက်မှန်းတန်းရင်း
        ခင်သွားတယ်ဒါနဲ ့စကားအတင်းစပ်မေးရာကဆေးပစ္စည်းနဲ ့ပတ်သက်တဲ့အဝယ်တော်ဖြစ်ကြောင်းပြောပြတယ်..
        အန်တီဆွေမျိုးလိုခင်ရတဲ့အမကဆေးဆိုင်အရောင်းတာဝန်ခံ
        ဆိုတော့အန်တီအမဆေးဆိုင်ဝင်ရင်း
        ဆုံနေကြဆိုသလိုတောင်ဖြစ်လာတယ်..
        လဘက်ရည်ဆိုင်မှာလည်းဆုံ၊ဆေးဆိုင်မှာလည်းဆုံပေါ့နော်..
        လက္ခဏာပိုးကပါတော့တရက်မှာသူငယ်ချင်းဆိုင်ကလဘက်ရည်ဆိုင်မှာ..
        လက်ဖဝါးတောင်းကြည့်ရင်း အဲဒီလူကြီးရဲ ့လက်မှာခရုပတ်ဗွေဆယ်ချောင်းတောင်ပါတာ
        တွေ ့မြင်လိုက်ရတာပေါ့နော်..
        တစ်နေ ့ကျရင်အသက်(၃၃)ပါတ်ဝန်းကျင်မှာကံရဲ ့ပြောင်းလည်းမှုတွေ ့မြင်ရတဲ့အပြင်ခရုပတ်ဗွေဆယ်ချောင်းပါတာတွေ ့ရလို ့ချမ်းသာမှာမုချဧကန်
        လို ့လက်ကိုကြည့်ပြီးဟောခဲ့မိပါတယ်..
        အဲဒီအချိန်ကသူ ့ရဲ ့အသက်(၂၆)နှစ်၊အန်တီက(၁၃)နှစ်သ္မီးအရွယ်ပါ..
        အန်တီကနောက်ပိုင်းပုသိမ်မှာနေဖြစ်ခဲ့ပြီး၊နောက်ပိုင်း
        သူလည်းဆေး
        အဝယ်တော်ဘဝကကျွတ်ပြီးမတွေ ့ဖြစ်ကြတော့ပါဘူး..
        တနေ ့တော့တိုက်ဆိုင်စွာနဲ ့အန်တီအသက်(၂၀)ရန်ကုန်မှာနေရင်းဗိုလ်ချုပ်ဈေးရှေ ့မှာ
        တိုက်တိုက်ဆိုင်ဆိုင်လာပြန်တွေ ့ကြတယ်..
        သူ ့အသက်(၃၃)နှစ်မှာချမ်းသာနေပါပြီး..
        အန်တီပြောတဲ့အတိုင်းမှန်နေခဲ့တာအံ့ဩလွန်းပြီး..
        တူလွန်းနေလို ့အန်တီကိုနှုတ်ဆက်စကားဆိုကြည့်ရင်းဟုတ်မဟုတ်..
        သေချာအောင်ဆိုပြီးမယုံနိုင်လွန်းလို ့ဆိုပြီးကားခဏရပ်လို ့ဆင်းမေးရင်း..
        ဟုတ်မှန်နေတာသိလိုက်ရလို ့သူချမ်းသာလာရတဲ့အကြောင်းဘဝဇတ်စုံခင်းပြီး(bamboo-house)မှာဧည့်ခံကျွေးမွေးရင်းရှင်းပြခဲ့ပါတယ်..
        အဲဒီတုံးကကျမဟာသူဋ္ဌေးသ္မီးလေးတစ်ဦးဖြစ်နေခဲ့တာကိုစုံစမ်းသိခဲ့ရလို ့မခင်ရဲ ခဲ့တာအမှန်ဖြစ်ကြောင်း၊အဖေ့ဂုဏ်ရှိန်ဩဇာရှိတာသူသိခဲ့ပါကြောင်းပြောပြပါတော့တယ်..။
        နောက်ပြီးအန်တီကျွေးမေမေပေါ့နော်..
        လက်မှာခရုပတ်ဗွေဆယ်ချောင်းအပြည့်ပါတယ်..
        အမွေထိန်းအိမ်မှာကြီးပြင်းလာရင်းကံအကြောင်းကောင်းစွာသူဋ္ဌေးကတော်ဘဝနဲ ့တင့်တင့်
        တယ်တယ်နေထိုင်သွားခဲ့ရပါတယ်..။
        နောက်ပြီးအန်တီအမျိုးသားအစ်မဝမ်းကွဲယောကျာ်း
        ဆိုက်ကားနင်းစားရင်း…
        ဆိုက်က္ကားတွေတစ်စီးကနေနှစ်စီးနောက်ဆုံးတော့အကျိုးပေး
        ကောင်းမွန်ပြီး
        ဆိုက္ကားပေါင်းအစီး(၂၀)အုံနာပိုင်တဲ့ဘဝကိုရောက်ရှိလာခဲ့တယ်..
        တဆင့်တက်ပြီးကျိုက်ထီးရီုးတောင်တက်ကားတစ်စီး
        ဝယ်ပြီးထောင်လိုက်တာ..
        အခုတော့ပြည့်စုံချမ်းသာလာခဲ့တယ်..
        အန်တီအမျိုးသားနဲ ့ညားခါစက..
        ဆိုက်က္ကားလေးတစ်စီးကိုထမင်းနပ်မှန်ဘို ့မနည်းရုန်းကန်ခဲ့စဉ်အခါတုံးက..
        အန်တီလက္ခဏာကြည့်ပေးခဲ့တာလက်ဖဝါးမှာခရုပတ်ဗွေဆယ်ချောင်းလုံးပါတယ်..
        အဲဒီအချိန်တုံးကအန်တီဟောတာကိုမယုံကြည်နိုင်ခဲ့တဲ့သူပါ..
        အခုတော့ချမ်းသာသွားပါပြီ…။။
        ဖြစ်ရပ်မှန်တွေပါလို ့ပြောလိုက်ပါရစေ..။။

  • flamingo

    May 18, 2012 at 8:17 am

    မေ့ခဲ့လို့အစ်မေ၇…
    ညာဘက်လက်ဝါးစောင်း(လက်သန်းအောက်ခြေမှာမှဲ့တစ်လုံး) ရှိသေးတယ်..

  • ကြောင်ကြီး

    May 18, 2012 at 10:17 am

    ဇာတ်ဆရာ
    ပြသနာမလုပ်
    နတ်ကလျာ
    တသက်စာဟုတ်
    လက္ခဏာ
    ဖတ်တာကျုပ်..။

  • ဆူး

    May 18, 2012 at 10:20 am

    ဘယ်ညာ လက်မ နှစ်ဘက်မှာ ခရုပတ်ခွေ ပါတယ်။
    လက်မ နှစ်ချောင်းလုံးမှာ သူများတွေ ပြောတာတော့ စပါးစိ လို့ပြောတယ်.. အဆစ်ချိုးတဲ့ ပထမ အဆစ်မှာ ပါတယ်။
    လက်ဝါးမှာလည်း လက်သူကြွယ် နဲ့ လက်သန်းကြား လောက်မှာ ခရုတ်ပတ် တခုစီပါတယ် ဘယ်ညာမှာ..

  • windtalker

    May 18, 2012 at 11:50 am

    ဒီနေရာမှာတော့ ရှုပ်တော့မှာဘဲ။ ကျုပ် လက်ဖဝါးမှာလဲ အရေးကြောင်းတွေက အန်တီအေး ပြောတဲ့ဟာ ပါနေတာကို တွေ့ရတယ်။ ဒါပေသည့် အခုချိန်အထိတော့ ဇါတ်လမ်းထဲကလို မလုပ်ဖူးသေးဘူး။

    • aye.kk

      May 18, 2012 at 12:14 pm

      ကိုပေ…
      ဗုဒ္ဓဟူးဂြိုလ်ခုံ မှာအခြားမည်သည့်လမ်းကြောင်းနဲ ့မှစပ်ယှက်နေရခြင်းမရှိရပါဘူး..
      သီးသန် ့သပ်သပ်ကြက်ခြေခတ်အငယ်စားသေးသေးလေးပါရှိနေတာကိုပြောတာပါ..
      အခြားလမ်းကြောင်းများနဲ ့လုံးဝမပတ်သက်ဘဲသီးသန် ့ဖြစ်တည်နေပြီး ကြက်ခြေခတ်အသေးစားလေးကိုမြင်တွေ ့ရမှသာအကျုံးဝင်ပါတယ်..
      ပါခဲတဲ့မြင်ခဲရတဲ့အမှတ်အသားတခုဖြစ်နေလို ့ပါ..
      ဟုတ်မဟုတ်ကိုပေရဲ ့လက်ဖဝါးရေဇာအရေးအကြောင်းပြတ်
      သားထင်ရှားစွာမြင်ရတဲ့လက်ပုံလေးပို ့ပေး စေချင် ပါတယ်..။
      အမြဲတမ်းလက်ဖဝါးပြင်မှာပေါ်မနေပါဘူး။
      လက္ခဏာက(၆)လတစ်ကြိမ်ပြောင်းလည်းနေပါတယ်။
      တရားထိုင်ခြင်းဖြင့်လည်းပျောက်သွားစေနိုင်ပါတယ်။

  • aye.kk

    May 18, 2012 at 12:00 pm

    ကိုကြောင်ကြီးရေ..
    ကွန်မင့်အတွက်ကျေးဇူးပါ။
    ——————————-
    ဆူးရေ…
    လက်မမှာပါတဲ့ စပါးစေ့က…
    ရှေးလူကြီးဆိုရိုးစကားအရစပါးကျည်ပါတဲ့သူပေါ့နော်..
    အတိတ်ကံထောက်ပံ့မှုကောင်းမွန်တယ်ပေါ့နော်..
    ကိုင်ရိုစာအုပ်တွေထဲမှာဖတ်ပြီးမှတ်သားမိဘူးတာက..
    ဘဝကိုအေးဆေးကောင်းမွန်စွာနဲ ့ရှာဖွေစားသောက်ခါနေထိုင်နိုင်ရတယ်ပေါ့နော်..
    အမလေ့လာနားလည်ထားမိတာကတော့ကိုယ့်ကိုကိုယ်ဝန်တည်ခဲ့တဲ့အချိန်မှာ
    မိဘတွေရဲ ့ကံကောင်းမွန်မြင့်မားနေတတ်ပါတယ်..။

  • aye.kk

    May 18, 2012 at 12:25 pm

    ဆူး..
    လက်ဖဝါးပြင်မှာပါတဲ့ခရုပတ်ဗွေကအထူးသဖြင့်ပေါ့နော်..
    တနင်းလာဂြိုလ်ခုံမှာပါရင်ပတ္တမြားဗွေလို ့..
    တောင်တင်စားခေါ်ဝေါ်ကြပါတယ်..
    ငွေနံကိုအထူးအကျိုးပြုပြီး၊ကောင်းမွန်စွာသက်တောင့်သက်သာနဲ ့
    လက်ဝယ်ရရှိစေတဲ့ကံအကျိုးပေးပါလာခဲ့လို ့ဘဲဖြစ်ပါတယ်..
    ခရုပတ်ဗွေကလက်သန်းနဲ ့လက်သူကြွယ်ကြားလက်ဝါးမှာဆိုတော့..
    ကောင်းမွန်တဲ့စီးပွါးရေးလုပ်ကိုင်ရှာဖွေတာနဲ ့အကျိုးပြုစေပါတယ်။

    • aye.kk

      May 18, 2012 at 7:57 pm

      ကိုပေါက်ရေ..
      ayedarli@gmail.com
      မေးထဲပို ့လိုက်ပါနော်
      တတ်သမျှပြောပြပါ့မယ်။

  • etone

    May 18, 2012 at 1:36 pm

    အန်တီအေးရေ ဗဟုသုတအနေနဲ့ မှတ်သားရပါတယ် ။
    တော်သေးတယ် .. အဲ့ဒီလို သူခိုးနက္ခတ်လေးနဲ့ ယှဉ်ပြီး မမွေးလို့ ရယ် ..ဟီး 😛
    လက်ဖဝါးပြင်က အရေးကြောင်းတွေကို … ပညာရှင်တွေက ပြောင်းလဲအောင်လုပ်ပြီး ကိုယ့်ရဲ့ ကံကြမ္မာ အဆိုးကောင်းခွဲလို့ ရတယ်လို့ပြောတာ ..ဟုတ်လား ဟင် … ။

    • aye.kk

      May 18, 2012 at 8:34 pm

      မိမိလက်ဖဝါးပြင်က..
      ဖော်ပြနေတဲ့အကြောင်းအရာများအားလုံး..
      မည်သည့်ပညာရှင်ကမျှပြောင်းလည်းအောင်မတတ်စွမ်းနိုင်ပါ…
      မိမိသာလျှင်မိမိကံကိုမိမိပိုင်ဆိုင်ပါတယ်..
      ဥပမာလေးပြောပြပါ့မယ်..
      အန်တီလက်ဖဝါးပြင်မှာ..
      သောကြခါးပတ်ပါတယ်..
      နဲနဲတော့ကျိုးပြတ်ပါတယ်..
      လောင်းကစားသမား၊အရက်သမား၊အပျော်အပါးဆိုတာ..
      အန်တီကြီးပြင်းလာတဲ့ငယ်ဘဝတလျှောက်မှာပေါ့နော်
      အကျိုးပေးပတ်ဝန်းကျင်ကောင်းမွန်တဲ့အတွက်ထိတွေ ့ခြင်းမရှိခဲ့တော့..
      ဆိုးကျိုးကတွယ်ကပ်လို ့မရခဲ့ဘူး..
      ပါတ်ဝန်းကျင်နဲ ့အများကြီးသက်ဆိုင်နေပါတယ်..
      ပါတ်ဝန်းကျင်ပေါ့နော်..
      ကိုယ်နေထိုင်ရတဲ့လက်ရှိပါတ်ဝန်းကျင်က..
      ချဲထီ၊လောင်းကစားအားလုံးရှိနေတယ်..
      ချဲကိုထိုးရမှာသေလောက်အောင်မုံးတဲ့ကျမကချဲထိုးတတ်လာတယ်..
      မိမိသာလျှင်မိမိကံကိုပြုပြင်နိုင်တာမို ့မိမိရဲ ့အပေါ်မှာသာမူတည်နေပါတယ်..
      အရင်တုံးကခဲအိုကလောင်းကစားဝါသနာပါတော့ကျမကသေလောက်အောင်မုံးမိတာပါ..
      အမကကျမကိုပြောတယ်နင့်လက္ခဏာမှာသောကြာခါးစီးပါနေတာမို ့..
      နင်တနေ ့ကြရင်နင့်ပတ်ဝန်းကျင်..
      နင်နေထိုင်ရာမှာလောင်းကစားတွေရှိရင်နင့်စိတ်ကမနေနိုင်ပဲဝါသနာပါသွား
      မှာလို ့ပြောတော့..
      ရုပ်ဝါဒီစွဲကိုင်ထားတဲ့ကျမကကိုယ်တွေ ့မကြုံသေးတော့..
      လက်မခံနိုင်အောင်ဖြစ်မိခဲ့ရတယ်..
      အမကိုအဲလိုပြောရမလားဆိုပြီးစိတ်ဆိုးမိတယ်..
      ကိုင်ရိုလက္ခဏာကိုလည်းစိတ်ကလက်ခံနေတာကတပိုင်းပေါ့နော်..
      ဝေခွဲမရဖြစ်နေခဲ့ပေမယ့်ပြောတဲ့အတိုင်းဟုတ်မှန်နေခဲ့ပါတယ်..
      ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာလို ့သာတော်သေးတယ်
      နောက်မို ့ဆိုမတွေးရဲဘူး..
      စိတ်အခံမှာလုံးဝမရှိတာမို ့လောင်းကစားကိုဝေးဝေးကရှောင်မိပါတယ်..
      အဓိကပြောချင်တာကတော့..
      မိမိနဲ ့သာသက်ဆိုင်ပါတယ်၊မိမိပြုလုပ်မှသာဖြစ်တာပါ။
      ကြုံလို ့ပြောပြမိတာပါ..။။

      • ကြောင်ကြီး

        May 19, 2012 at 9:21 am

        သဂျီးဂိုဘဲကြိလေ.. ပတ်ဝန်းကျင် မမှန်ဒေါ့… ပြောလော့ဝူး အကုသိုလ်ဖြစ်တယ် 🙄

      • etone

        May 19, 2012 at 11:38 am

        အန်တီအေးရေ … ကျွန်မကျတော့ … လောင်းကစား အကျိုးမပေးဘူး .. ။ ဆရာလေးတစ်ပါးက လက်ကိုကြည့်ပြီးပြောဖူးတယ် …. ။ သူပြောတုန်းက မယုံဘူး … ။ လောင်းကစားဆိုတာ .. အဆိုးနဲ့အကောင်းတလှည့်စီလို့ …. တွေးပြီး … ဆော့ခဲ့တယ် .. ။

        တက္ကသိုလ်တက်ရင်း ဖဲရိုက်တတ်ရာက ….. မောင်နှမတွေစုပြီး … အကြွေလေးတွေနဲ့ ဆော့တာမျိုး ၊ ယောက်မတွေနဲ့ စုပြီးဆော့တာမျိုးကနေ … ကိုယ့်အမျိုးတွေ အဆွေတွေ သေကြည့် … အမျိုးအိမ်သွားပြီး (နယ်ထိ) …. ဆော့တဲ့အထိ လုပ်ခဲ့ဖူးတယ် … ။ ဝါသနာပါတာထက် … ကံကြမ္မာဆိုတာကို မယုံတာလည်း ပါတာပေါ့လေ … ။ ဆော့တိုင်းရှုံးတယ် .. ရှုံးလို့လည်းထပ်ဆော့တယ် . ကြောင်ကြာကြာရေမငုတ်ပါဘူးဆိုတဲ့ … ကြုံးဝါးသံနဲ့ပေါ့ …. ။ ကြုံရဖန်များလာတဲ့အခါ … လုံးဝကို လက်ခံလိုက်ရတယ် … ။ လောင်းကစားအကျိုးမပေးဘူးဆိုတာကိုပါ … ။ ဒါကိုမယုံလို့ ထပ်ဆော့လျှင် … တပြားမှ ကုန်းကောက်စရာရှိမယ်မထင်တော့ဘူးလေ …. ။ ပွဲတိုင်း ရှုံးခဲ့ပါတယ် .. အဲ့ဒါကိုယ်တွေ့ပါ … ။ 😥

        လက္ခဏာတွေကိုသူများပြောင်းလို့ မရဘူးဆိုလို့ … ကျေနပ်မိပါတယ် .. ။ ဆိုးဆိုးကောင်းကောင်း … ကိုယ်ပိုင် လက္ခဏာပဲ ဖြစ်ချင်မိလို့ပါ … ။ 😀

  • etone

    May 18, 2012 at 1:39 pm

    စကားမစပ် အန်တီအေးရေ … ကျွန်မရဲ့ ဘယ်ဘက်လက်ဖဝါး လက်ညှိုးနဲ့ လက်မကြားထဲက လက်ဝါးပြင်နေရာ x လက်ညှိုးနဲ့ လက်ခလယ် ကြားနေရာ … အဲ့ဒီနှစ်ခုစုံတဲ့နေရာ လောက်မှာ 1cm ပတ်လည်လောက်ရှိတဲ့ … ငါးထောင့်ကြယ်ကြီးပါနေတယ် …။ အဲ့ဒါဘာဖြစ်တတ်သလဲဟင် .. 🙄

  • aye.kk

    May 18, 2012 at 8:40 pm

    အင်္ဂါအဖိုမှာပါတာကတော့..
    ဂြိုလ်ခုံအနေထားကောင်းမွန်ရင်
    စစ်ဘက်ဆိုင်ရာမှာအကျိုးပေးပါတယ်။
    ကြယ်ကသက်ဆိုင်ရာဂြိုလ်ခုံအတွက်ဆုလာဘ်ပေးစွမ်းနိုင်ပါတယ်။

  • pooch

    May 19, 2012 at 12:34 am

    အန်တီအေး ရေ နောက်ထပ်လည်း ဒီလိုဗဟုသုတလေးတွေ ထပ်ရေးပါအုန်း။ ဖတ်ရတာ စိတ်ဝင်စားစရာပဲ။

  • ဆူး

    May 19, 2012 at 11:26 am

    အန်တီအေး ပြန်ဖြေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်

Leave a Reply