ဝန်ထမ်းကောင်း

ဆရာဝန် တစ်ယောက်သည် အရေးပေါ် ခွဲစိတ်ကုသဖို ့ လိုအပ်သဖြင့် ဆေးရုံကို အလျင်အမြန် ရောက်ရှိလာသည်။ သူသည် ဖုန်းကို ရရဖြင်း ဖြေဆို၊ အဝတ်အစားလဲကာ ခွဲစိတ်ခန်း ကို ဦးတည်လာသည်။ ကလေး အဖေက ဟောတွင် စောင့်နေသည်ကို သူတွေ ့ သည်။ သူ ့ ကို တွေ ့သည်နှင့်

‘ခင်ဗျား ဒီကိုရောက်ရှိလာအောင် ဘာလို ့ ဒီလောက် အချိန်ယူရသလည်း။ ကျွန်တော့် သား အသက် က စိုးရိမ်စရာ အခြေအနေ ကို ရောက်ရှိနေတာ မသိဘူးလား။ ခင်ဗျားမှာ တာဝန်ယူလို စိတ် မရှိဘူးလား။’ ဆိုပြီး စိတ်ဆိုးစွာ ပြောသည်။

ဆရာဝန်က ပြုံးပြိီး အောက်က အတိုင်း ပြန်ပြောသည်။

“ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် ဆေးရုံမှာ မရှိခဲ့ပေမယ့် ဖုန်းရတာနဲ ့ အမြန်ဆုံး လာပါတယ်။ ကျွန်တော့် အလုပ် ကျွန်တော် ဆက်လုပ်နိူင်ဖို ့ ခင်ဗျား စိတ်အေးအေးထားပါ။”

“စိတ်ငြိမ်ငြိမ်ထားရမယ် ဟုတ်လား။ ခင်ဗျားသားက အဲ အရေးပေါ် အခန်းထဲမှာဆိုရင် ခင်ဗျား စိတ်ငြိမ်ငြိမ်ထားနိူင်မလား။ ခင်ဗျားသား သေသွားရင် ခင်ဗျား ဘာလုပ်မှာလည်း။” ဟု လူနာ ဖခင်က စိတ်ဆိုးစွာ ပြန်ပြောသည်။

ဆရာဝန်က ထပ်မံ ပြုံးလိုက်ပြီး အောက်က အတိုင်း ထပ်ပြောသည်။

“ကျမ်းစာမှာ Job က လူသားတွေဟာ မြေမှုန် ့ကနေ လာသလို သေတော့ မြေမှုန် ့ ပြန်ဖြစ်သွားပါတယ် ဆိုပြီး ပြောပါတယ်။ ဆရာဝန်တွေက လူနာ အသက့်ကို မရှည်စေနိူင်ပါဘူး။ ခင်ဗျား သားအတွက် ဆုတောင်းပေးပါ။ ကျွန်တော်တို ့ ဘုရားရဲ ့ ကျေးဇူးတော် နဲ ့ အကောင်းဆုံး ကြိုးစားပါ့မယ်။”

“ဒီလိုပဲ အကြံဉာဏ်ပေးတာက ခင်ဗျားထင်သလောက် မလွယ်ပါဘူး။” ဟု လူနာရှင်က ရေရွတ်သည်။

ခွဲစိတ်ကုသမှု နာရီပေါင်းများစွာ ကြာမြင့်သွားသည်။ ဆရာဝန် ပြုံးပြုံးရွှင်ရွှင် ဖြင့် ပြန်ထွက်လာကာ

  1. “ဘုရားကျေးဇူးတော်ပဲ။ခင်ဗျားသား အသက်ချမ်းသာရာရသွားပါပြီ။” ဆိုပြီးပြောသည်။ လူနာရှင် ဖခင် ၏ ပြန်ပြောသည့် စကားကို စောင့်ဆိုင်းမနေပဲ အလျင်စလိုဖြင့်“တစ်ကယ်လို ့ ခင်ဗျားမှာ မေးခွန်းရှိတယ်ဆိုရင် သူနာပြုကို မေးပါ။” ဟုဆိုကာ ပြေးသွားသည်။

“ဆရာဝန်က ဘာလို ့ ဒီလောက်တောင် အထက်စီး ဆန်ရတာလည်းဗျာ။ သူက ကျွန်တော့် သား အခြေအနေလေး မေးဖို ့ တောင် အချိန်မပေးနိူင်ဘူးလား။” ဟုဆိုပြီး သူနာပြုကို လူနာဖခင် က မေးသည်။

သူနာပြုက မျက်နှာတွင် မျက်ရည်စဖြင့် အောက်ပါ အတိုင်း ပြန်ဖြေသည်။

“သူ ့သားက မနေ ့က ကား အက်ဆီးဒန် ့မှာ သေသွားပါပြီ။ ခင်ဗျားသား ရဲ ့ အရေးပေါ် ခွဲစိတ်ဖို ့ အတွက် ကျွန်မတို ့ ဖုန်းဆက်တော့ သူဟာ ဈာပနာ အခမ်းအနားမှာ ရှိနေပါတယ်။ အခုတော့ ခင်ဗျား သား အသက်ကို သူကယ်တင်ပြီး သူ ့သား ဈာပနာ ကို ပြီးအောင် သူ ပြန်ပြေးသွားပါပြီ။”

 

အောက်ပါလင့်ခ် မှ ကူးယူဖော်ပြပါသည် ။။။

http://www.mgkyautkhae.com/2012/05/blog-post_5122.html

12 comments

  • Khin Latt

    May 18, 2012 at 3:09 am

    ဒီဆရာဝန်ရဲ့ တာဝန်ကျေပြွန်မှုကို လေးစားမိပါတယ်။
    စဉ်းစားနေတာက သူ့ဂျုတီချိန်မို့ ထားဦး။
    ဒီဆေးရုံတစ်ရုံလုံးမှာ အရေးပေါ် ခွဲစိတ်ဖို့သူ့ကို အစားဝင်ကူညီပေးမဲ့ တစ်ခြားဆရာဝန်တွေများ မရှိတော့ဘူးတဲ့လား။

  • နီလေး

    May 18, 2012 at 10:16 am

    ဝန်ထမ်းကောင်းပါပေပဲ နှစ်ခြိုက်အားပေးဝင်ရောက်ဖတ်ရှုသွားပါတယ်နော်

  • jujuma

    May 18, 2012 at 11:34 am

    ဒီလိုအဖြစ်မျိုးလည်းရှိတယ်လားး..
    တကယ်ကို တာဝန်သိတဲ့ဝန်ထမ်းကောင်းစိတ်ဓါတ်ပါပဲ …
    လေးစားပါတယ် …

  • manawphyulay

    May 18, 2012 at 12:03 pm

    ဒီလိုလူမျိုးတွေ ဝန်ထမ်းကောင်းပီသပြီး များများရှိနေရင် ပိုကောင်းတယ်။ သူများအသက်က ကိုယ့်လက်ထဲမှာဆိုတဲ့အတွေးတွေနဲ့ ဆရာဝန်တိုင်း ကြိုးစားလုပ်ဆောင်စေချင်တယ်။

  • Khaing Khaing

    May 18, 2012 at 1:27 pm

    ကိုအမုန်းလုလင်ရေ ……… ဒါမျိုးဝန်ထမ်းကောင်းတွေဟာ ရှားပါတယ် …….. ဒီလိုဝန်ထမ်းကောင်းတွေ များပြားလာအောင် ဘုရားသခင်ထံဆုတောင်းလို့ရရင်တောင်းလိုက်ချင်ပါရဲ့ ………

    • အမုန်း လုလင်

      May 18, 2012 at 3:40 pm

      ဟုတ်ပါတယ် ကိုပေါက် (မန်းလေး) ရေ ..
      ဘာသာပြန်ဝတ္ထု တစ်ပုဒ် ဖြစ်ပါတယ် …။
      ဘာကိုရည်ညွန်းပြီးပြောချင်တာလဲမသိဘူး
      မူရင်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ
      လင့်ခ်ဖော်ပြပေးထားပါတယ် ..
      ကျေးဇူးတင်ပါတယ် ….။

  • ညလေး

    May 18, 2012 at 4:19 pm

    အမ်း…….သူများရီဖို.ကိုယ်ငိုတာနေတာကိုမြိုသိပ်နေရပါလား……
    တာဝန်ကျေတဲ.ဆရာဝန်ဖြစ်ဖို.မလွယ်ပါလား……

  • ဘာကိုမှထူးထူးခြားခြား မဆိုလိုပါဘူးခင်ဗျာ။
    စကားလုံးအသုံးအနှုန်းတွေကို ကြည့်ပြီးဘာသာပြန်ဖြစ်မယ်ထင်တယ်လို့ပြောမိတာပါ။
    စကားလုံးလေးတစ်လုံးတော့ ပြင်စေချင်ပါတယ်
    ဈာပန လို့ရေးမှ ခင်ဗျားဆိုလိုချင်တဲ့ အဓိပ္ပါယ်သက်ရောက်မှာဖြစ်ပါတယ်။
    စာရေးသူတိုင်းကို ကိုပေါက်က ကြိုဆိုပါတယ်။
    ဝါသနာရှင်ခြင်းမို့အားပေးတဲ့သဘောပါ။

    • အမုန်း လုလင်

      May 19, 2012 at 6:12 pm

      ကျေးဇူးတင်ပါတယ်ဗျာ ..
      သူ ့ရေးသားချက်အတိုင်းပြန်တင်ပေးလိုက်တာပါ..
      အခုလိုထောက်ပြပေးတဲ ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ..

  • kyeemite

    May 19, 2012 at 11:22 am

    ဖတ်ဖူးပါတယ်..ဘာသာပြန်ဝတ္ထုကောင်းလေးပါ..

  • sugar sugar

    May 19, 2012 at 3:31 pm

    ဒီလို ဝတ္ထု တို လေးတွေ က အတွေးတစ်ချို့ရစေပါတယ်
    တကယ်ကောင်းတဲ့ဝတ္ထုလေးပါ
    အားပေးသွားပါတယ်

Leave a Reply