၆၃ ကြိမ်မြောက် အာဆီယံ သိပ္ပံနှင့်နည်းပညာကော်မတီ အစည်းအဝေး

(၆၃) ကြိမ်မြောက် အာဆီယံ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကော်မတီ အစည်းအဝေး (The 63 rd Meeting of the ASEAN Committee on Science and Technology) ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပနေပါတယ်။

အဆိုပါအစည်းအဝေးတွင် အာင်္ဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပူးပေါင်းဖလှယ်ရေး ၊သိပ္ပံနှင့်နည်းပညာဆိုင်ရာ ရန်ပုံငွေကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေး ကျင်းပသည့် နောက်ဆုံးရက်(၁၈.၅.၁၂)တွင်  ဆွေးနွေးဘက်နိုင်ငံများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂ၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့လည်း တက်ရောက်မှာဖြစ်ပါတယ်။ ယနေ့ အစည်းအဝေးတွင် အဆိုပါဆွေးနွေးဘက်နိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများအား သိပ္ပံနှင့်နည်းပညာ နယ်ပယ်ဖွံ့ဖြိုးရေအတွက် ရန်ပုံငွေထောက်ပံ့ရေး၊ သုတေသနဆိုင်ရာပစ္စည်းများ၊ နည်းပညာ အချက်အလက်များဝေမျှရေးတို့ကို အကျယ်တဝင့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပုံ-၁- အစည်းအဝေးကျင်းပရာ MICC အဆောက်အဦ

 

ပုံ-၂- သိပ္ပံနှင့်နည်းပညာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားစဉ်
ပုံ-၃- တက်ရောက်လာသည့် ကိုယ်စားလှယ်များ ဖွင့်ပွဲ အမှတ်တရ ဓာတ်ပုံ ရိုက်ကြစဉ်

 

ပုံ-၄- အလံတော် တလူလူ

 

ပုံ-၅- A Tea Break

 

10 comments

  • windtalker

    May 18, 2012 at 10:36 am

    ရွာစားကြီးခင်ဗျ
    သပြေကုန်းဈေးအရှေ့ဘက် မောခမ်းနွံ အောက် ဘတ်စ်မှတ်တိုင်နားမှာ ညတိုင်းရှိတဲ့ ပြည်တွင်းဖြစ်လေးတွေအကြောင်း တင်ပေးပါဦးဗျ။

    • ရွာစားကျော်

      May 18, 2012 at 10:48 am

      မုန့်လင်မယားပြည်တွင်းဖြစ်၊ မုန့်ဟင်းခါးပြည်တွင်းဖြစ် တွေအကြောင်းလား
      လူပြည်တွင်းဖြစ်လေးတွေ အကြောင်းလား.. တိချင်တာက ဘာရဲ တေချာရှင်းရှင်းကျောဂျာ
      :p 🙂

      • windtalker

        May 18, 2012 at 11:15 am

        အူးဗိုက် ကတော့ အာပုံ မှ အာပုံ ဆိုကလားဘဲ ။ ဟီဟိ

  • အဲဒီ သိပ္ပံနဲ ့နည်းပညာဝံဂျီးက ဘာအကြောင်းများ ဆွေးနွေးပါလိမ့်။
    စာကြည့်ဖတ်တာရော အဆင်ပြေါရဲ ့လားဗျာ။

    • ရွာစားကျော်

      May 18, 2012 at 2:23 pm

      ချောချောချူချူ ဖြောင့်ဖြောင့်တန်းတန်း အဖွင့်အမှာစကား ဖတ်ကြား..အဲလေ..ပြောကြားသွားပါတယ်ခင်ည.. :mrgreen:

    • ရွာစားကျော်

      May 18, 2012 at 9:05 pm

      ဆွေးနွေးတဲ့ နေရာမှာ ဒုတိယဝန်ကြီးပဲမြန်မာကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် အဖြစ် ဝင်ရောက်ဆွေးနွေးသွားတာပါ..
      တခြားအာဆီယံ နိုင်ငံတွေကလည်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အနေနဲ့ အမြင့်ဆုံး သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဒုဝန်ကြီးအဆင့်တွေလာခဲ့ပါတယ်..

  • paukpauk

    May 18, 2012 at 10:54 pm

    အာများပြီး အလုပ်သိပ်မဖြစ်တဲ့ အာဆီယံပါ။ (၆၃)ကြိမ်မြောက်တောင်ရှိသွားပြီး ဘာများထူးခြားလာပါသလဲ….????

    • ရွာစားကျော်

      May 19, 2012 at 7:46 am

      ထူးခြားလာတယ် မလာဘူးက အကောင်အထည်ဖော် သူတွေနဲ့လည်းဆိုင်မယ်ဗျ..
      ဒါတွေပြောရင် ဒေါတွေပါလိမ့်မယ်..ပြောတော့ဝူး
      အစည်းအဝေးမှာ ဘယ်လောက်ပေါက်အောင် ဆွေးနွေးကြလည်းတော့သိပါဘူး..
      ကန့်လန့်ကာ နောက်ကွယ်ကနေ တချို့အကြောင်းအရာလေးတွေတော့ ကိုယ်တွေ့ မှတ်သားသိရှိခဲ့ရပါကြောင်း…

  • MaMa

    May 19, 2012 at 7:19 am

    အင်းးးးးးးးးး စီဂျေ…. စီဂျေ
    ရွာစားကျော် တာဝန်ကျေပါပေတယ်။ 🙂

Leave a Reply