တရုတ်နိုင်ငံမှာ ဗုဒ္ဓဦးခေါင်းတော်တွေ့ရှိပြီ။

ဆူးMay 18, 20121min29217

ဦးခေါင်းရတနာဓါတ်တော်ကြုတ်
ဒီရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံရဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေက အံ့မခန်းတွေ ဖြစ်နေခဲ့ပါတယ်။ ကွန်မြူနစ်ပါတီကြီးစိုးတဲ့ တရုတ်နိုင်ငံကြီးမှာ ဗုဒ္ဓဘာသာကို နေရာတစ်နေရာ အခိုင်အမာပြန်ပေးနေပြီဆိုတဲ့ သတင်းလေးကိုလည်း ဘလော့မှာ ဖော်ပြခဲ့ဖူးတာ မှတ်မိကြပါလိမ့်မယ်။ ပြီးခဲ့တဲ့လကလည်း အိန္ဒိယသမ္မတကြီး ကိုယ်တိုင် တရုတ်နိုင်ငံပြည်သူတွေအတွက် ဆန်ချီစေတီပုံတူ ဗုဒ္ဓဘုရားကျောင်းတော်တစ်ခု လက်ဆောင် နှင်းအပ်ကာ ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ကြာသပတေးနေ့ကတော့ တရုတ်ပြည်သူသန်းပေါင်းများစွာဟာ တရုတ်နိုင်ငံကွန်မြူနစ်ပါတီကြီးရဲ့ ဆယ်စုနှစ်ငါးခုကြာအောင် ဘာသာမဲ့ဥပဒေနဲ့ စည်းမျဉ်းများကန့်သတ်ခဲ့ရာ တရုတ်ပါလီမန်အဆောက်အဦရဲ့ မဟာခန်းမကြီးထဲမှာ ကပြတဲ့ နိဗ္ဗာန်၊ ကံတရားနဲ့ သံသရာစတဲ့ ဗုဒ္ဓဝင်နဲ့ ဗုဒ္ဓဓမ္မဆိုင်ရာ သရုပ်ဖော်ကကွက်တွေကို ကြည့်ရှုခွင့်ရခဲ့ကြပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု နောက်ပိုင်းမှာ ကြီးကျယ်တဲ့ ဘာသာရေးလမ်းဖွင့်မှု အသွင်လက္ခဏာတစ်ခုပါပဲတဲ့။

တရုတ်ဗုဒ္ဓဘာသာအသင်းကြီးရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရှူချင်းက “ ဗုဒ္ဓဘာသာဟာ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှု အစိတ် အပိုင်းတစ်ခုပါပဲ၊ တရုတ်နိုင်ငံပြည်သူတွေဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှု နှစ်သုံးဆယ်နောက်ပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာကြွယ်ဝမှုကို ခံစားနေကြရပါပြီ၊ အခု သူတို့လိုနေတာ ဘဝရဲ့ ဘာသာရေးအနှစ်သာရတွေကို ပိုင်ဆိုင်ကြဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ “ဒီကပွဲကြီးဟာ နတ်ပြည်မိုးကောင်းကင်နဲ့ မြေကြီးဆက်စပ်နေတဲ့ ဘဝအကြောင်းအခြင်းအရာ အရှေ့တိုင်းစကြာဝဠာအယူအဆကို ပုံဖော်ခြင်းပါပဲ ” လို့ ဖော်ပြခဲ့ပါတယ်။ ထူးခြားတာက ဘေဂျင်းမြို့တော်စည်ပင်က ဒီကပွဲကို ဦးဆောင်ကျင်းပခဲ့တာဖြစ်သလို ဒီကပွဲနဲ့ ပတ်သက်ပြီးလည်း “ ဒါဟာ ကွန်ဖြူးရှပ်ဝါဒ၊ဗုဒ္ဓဝါဒနဲ့ တာအိုဝါဒအမြင်တွေနဲ့ လူသားပြဿနာကို အဖြေရှာခြင်း ”လို့ ဖွင့်ဟခဲ့တာပါ။ “ဒါဟာ ကွန်မြူပါတီတာဝန်ရှိသူတွေဆီက ထွက်လာဖို့ခက်တဲ့ စကားပါပဲ ”လို့ သတင်းစာတွေက အံ့ဩဘနန်းရေးသားကြပါသေးတယ်။

ပိုပြီးထူးခြားတဲ့ သတင်းကတော့ တရုတ်နိုင်ငံမှာ ဗုဒ္ဓဦးခေါင်းတော်အစစ်တွေ့ရှိခြင်းပါပဲ။
၂၀၀၈ ခုနှစ်မှာ ဆုန်မင်းဆက်(အေဒီ ၉၆၀-၁၂၇၉)က ဆောက်ခဲ့တဲ့ နန်ကျင်းချန်ကင်းဘုရားကျောင်းပျက်ထဲက ဒီဗုဒ္ဓဦးခေါင်းမဏိတော်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘုရားကျောင်းဆောင်ရဲ့ အောက်မှာ ဦးခေါင်းခွံရိုးပါရှိတဲ့ သစ်သားစေတီတော်ကြုတ်ကို တွေ့ရှိခဲ့တာပါ။ သုတေသီတွေဟာ ငွေကြုတ်ထဲမှာ မြုတ်နှံထားတဲ့ ရွှေကြုတ်တော်ပါဝင်တဲ့ “အသောကမင်းတရား၏ ရတနာ (၇)ပါးစေတီတော်” လို့ ရေးထားတဲ့ ကမ္ဗည်းစာတိုင်ကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

ဓါတ်တော်ကြုတ်ဟာ တရုတ်နိုင်ငံမှာ တွေ့ရှိသမျှဓါတ်တော်ကြုတ်တွေထဲမှာ အကြီးဆုံးနဲ့ အကောင်းမွန်ဆုံးလို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာပညာရှင်တစ်ယောက်က ဒီဓါတ်တော်ကြုတ်မှာ ဆန်းကြယ်ရှုပ်ထွေးတဲ့ နည်းပညာတွေကို တွေ့မြင်ရပါတယ်လို့ဆိုပါတယ် ။ ဓါတ်တော်ကြုတ်ကို ရွှေ၊ငွေ၊ စန္ဒကူးသားတွေနဲ့ ပေါင်းစပ်ပြု လုပ်ထား တာဖြစ်ပြီး ဦးခေါင်းတော်ကိုတော့ ရွှေတံတင်း(သေတ္တာ)ငယ်လေးထဲမှာ ရေမွှေးပုလင်းတစ်ခုနဲ့ အတူ ကျနသေချာစွာ သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။ ဓါတ်တော်ကြုတ်ကို စိန်ပွင့်ပေါင်းလေးရာ့ငါးဆယ်ကျော် စီခြယ်ထားပါသေးတယ်။

နန်ကျင်းပြတိုက်ရဲ့ ရှေးဟောင်သုတေသနအကြီးအကဲနဲ့ ပညာရှင်တစ်ဦးဖြစ်သူ ချိဟိုင်နင်းကတော့ “ ဒါဟာ ကမ္ဘာမှာ တစ်ခုတည်းသာ ရှိတဲ့ သကျမုနိအရှင်ရဲ့ ဦးခေါင်းတော်မြတ်ဖြစ်ပြီး အသောကဘုရင်မင်းမြတ်က တရုတ်နိုင်ငံနဲ့ ကမ္ဘာအရပ်ရပ်ကို ပေးပို့တဲ့ ဓမ္မပဏ္ဏာဓါတ်တော်တွေထဲက အစိတ်အပိုင်းတစ်ခုပါပဲ”လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအစိုးရဟာ တန်ဖိုးကြီးမားလှတဲ့ ဦးခေါင်းမဏိတော်ရတနာကို နန်ကျင်းအရှေ့ပိုင်းမြို့တော်၊ ချိရှာဘုရားကျောင်းမှာ ဌပနာရေးအတွက် လွှဲပြောင်းပေးအပ်ဖို့ ရှေးဟောင်းသုတေသနအရာရှိတွေကို ခွင့်ပြုခဲ့ပါတယ်။ နိုင်ငံပိုင်ရုပ်မြင်သံကြားက လွှင့်ထုတ်ပေးတဲ့အတွက် တရုတ်ပြည်သူသန်းပေါင်းများစွာဟာ ဗုဒ္ဓအရှင်ရဲ့ ဦးခေါင်းမဏိဓါတော်ကို ဖူးမျှော်ခွင့်ရခဲ့ကြပါတယ်။

တကယ်တော့ ရှေးဟောင်းသုတေသနတွေ့ရှိမှုတွေကို များသောအားဖြင့် ဘုရားကျောင်းတွေကို အစိုးရက လွှဲပြောင်းပေးလေ့မရှိဘူးလို့ဆိုပါတယ်။ ဒီဗုဒ္ဓဦးခေါင်းမဏိဓါတ်တော်ရတနာနဲ့ပတ်သက်ပြီး အစိုးရရှေးဟောင်း သုတေသနသမားအရာရှိများဟာ သုတေသနတွေ့ရှိချက်ဓါတ်ပုံပြပွဲနဲ့ ဓါတ်တော်ဌပနာပွဲများကျင်းပဖို့ သတင်းစာရှင်းလင်းပွဲ အပါအဝင် လုပ်ငန်းအားလုံးကို တာဝန်ယူဆောင်ရွက်နေကြပါတယ်။

ဗုဒ္ဓအရှင်ရဲ့ ဦးခေါင်းတော်အစစ်ရတနာဓါတ်တော်ကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ ချိရှာဘုရားကျောင်းမှာ သင့်လျော်တဲ့ အပူဒီဂရီပေးထားတဲ့ အထူးကြုတ်တစ်ခုမှာ ပူဇော်ထားရှိမှာ ဖြစ်ကြောင်း အစိုးရမီဒီယာက ဖော်ပြထားပါတယ်။

ဒါပေမယ့် အသောကမင်း(ဘီစီ ၂၆၉-၂၃၂)နဲ့ ဆုန်မင်းဆက်(၉၆၀-၁၂၇၉)နဲ့ကြားထဲမှာ နှစ်ပေါင်းတစ် ထောင်နှစ်ရာလောက်ကွာနေတာရယ် ၊ အဲဒီကွာဟနေတဲ့ နှစ်တွေအတွင်းမှာ ဒီဦးခေါင်းတော်မြတ်ကို ဘယ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်ဆိုတာတော့ မသဲကွဲဘူးလို့ အိန္ဒိယတိုင်းသတင်းစာက ရေးသား ထားပါကြောင်း။

ဗုဒ္ဓဦးခေါင်းရတနာဓါတော်နှင့်ဆက်စပ်၍ဖတ်ရန်
ဓာတ်တော် ၂-ပါး။ ။
(၁) မပြိုမကွဲနိုင်သော အသမ္ဘိန္နဓာတ်တော်မျိုး၊
(၂) ပြိုကွဲပျက်စီးကြသော သမ္ဘိန္နဓာတ်တော်မျိုး၊
မဟာပရိနိဗ္ဗာနသုတ်မှ။

ဓာတ်တော် ၃ပါး၊ ရွယ်အစား၊ ခြားနားရောင်ခြည် အဘယ်နည်း?။ ။
ဓာတ်တော်တို့၏ အရွယ်အစားနှင့် အဆင်းအရောင်ကား အောက်ပါအတိုင်းဖြစ်ကြ၏။
(၁) မဟန္တာ မုဂ္ဂမာသာစ- ဓာတ်တော် အကြီးစားကား ပဲနောက်စေ့ ပမာဏရှိ၍၊ သုဝဏ္ဏ ဝဏ္ဏာ-ရွှေရောင်အဆင်းရှိကုန်၏၊
(၂) မဇ္ဈိမာ ဘိန္န တဏ္ဍုလာ-အလတ်စားကား ဆန်ကျိုးစေ့ ပမာဏရှိ၍၊ ဗကုလ ဝဏ္ဏာ-မြတ်လေးငုံ
အဆင်းရှိကုန်၏၊
(၃) ခုဒ္ဒကာ သာသပ မတ္တာ- အသေးစားကား မုန်ညင်းစေ့မျှပမာဏရှိ၍၊ မုတ္တ ဝဏ္ဏာ- ပုလဲရောင် အဆင်းရှိကုန်၏။

ဓာတ်တော် ရပါး၊ မြတ်ကိုယ်စား၊ ချန်ထား အဘယ်နည်း?။ ။ မြတ်စွာဘုရား၏ သရီရဓာတ်တော်များ အားလုံးကို ရေတွက်သော် ရပါးကျန်ရှိနေကြောင်းနှင့် သိရ၏။
(က) စွယ်တော်ဓာတ် ၄ဆူ၊
(ခ) ညှပ်ရိုးတော်ဓာတ် ၂ဆူ၊
(ဂ) ဥဏ္ဏလုံ မွေးရှင်တော်ဓာတ် ၁ဆူ၊ အသမ္ဘိန္နမျိုး ၃ပါး၊
(ဃ) အရိုးတော်ဓာတ်များစွာ၊
(င) အသားတော်ဓာတ်များစွာ၊
(စ) အသွေးတော် ဓာတ်များစွာ၊
(ဆ) ဆံတော်ဓာတ်များစွာ၊ သသမ္ဘိန္နမျိုး ၄ပါး၊ ပေါင်း ရပါး။
(သုတေသနသရုပ်ပြအဘိဓါန်)
(ဥဏ္ဏလုံမွေးရှင်တော်နေရာတွင် နဖူးသင်းကျစ်တော်ဟုလည်း ပြကြသည်)

ရေးသားရန် စာအကြွေးများစွာ ရှိနေပါသေးသည်။ ဗုဒ္ဓဂယာမှ ဗာရာဏသီသို့ ခရီးစဉ်ရှိနေသည့်အတွက် ဤမှတ်စုမျှဖြင့်သာ။

မှတ်ချက်။ ။ ဓမ္မဂင်္ဂါ ဘလော့မှ အများ သိစေရန် မျှဝေလိုက်ပါသည်။
မူရင်းလင့် http://dhammaganga.blogspot.com/2010/06/blog-post_13.html
http://dhammaganga.blogspot.com/2010/06/blog-post_16.html?spref=fb

17 comments

  • siamonone

    May 18, 2012 at 1:46 pm

    ဓာတ်တော် မွေတော် တွေ က အတော် အစွမ်းထက်တာဘဲ နော် ..
    ကျွန်တော် သာ ဘာသာရေးသမား စစ်စစ် ဆိုရင် အဲ့ဓာတ်တော် မွေတော် တွေကို တနေရာရာထဲ စုပြီး ကိုးကွယ် မိမှာ .. အဲ့လို ကိုးကွယ်ရလို့လည်း ကိုယ့်ကိုကိုယ် ဂုဏ်ယူနေမိမှာပါ ..
    ကျွန်တော် သာ သိပ္ပံပညာရှင်ဆိုရင် တော့ အဲ့ဓာတ်တော် မွေတော်တွေကို ခွဲခြမ်းစိပ်ဖြာပြီး ၊ အကြောင်းအကျိုး ကို သိရှိအောင်လုပ်၊ ပြီးရင် လူသားတွေ အတွက် ဘာများ အလုပ်လုပ်ပေးနိုင်မလဲဆိုတာ စမ်း သပ်စစ်ဆေး မှာ ..
    ကျွန်တော် သာ ဘုရင်ဆိုရင်တော့ ဒီ ဓာတ်တော်မွေတော်တွေကို ဖျက်စီးပစ်မှာ .. ဘာဖြစ်လို့လည်းဆိုတော့ မိုးလောက်ကြီးတဲ့ ကျွန်တော့်ကို ဘုရင်ထက် ဘုရားကို လူတွေက ပိုကိုးကွယ်နေမှာ ကို မနာလိုလို့ ..
    ကျွန်တော် သာ ဘုရားဆိုရင် လူသားတိုင်း ကျွန်တော့်ကိုကိုးကွယ်သူ ဖြစ်ဖြစ် မကိုးကွယ်သူ ဖြစ်ဖြစ် လေ့လာ လိုက်စားနိုင်မယ့် .. တရားတော် စစ်စစ်ကို ပေးခဲ့မှာ ပြီးတော့ .. ကျွန်တော် ဟာ ဘုရားဆိုတာကို လူတွေ သိစေချင်မှာ မဟုတ်ဘူး ..
    ကျွန်တော် သာ .. လူသားသက်သက် ဆိုရင်တော့ .. အပေါ်က ပြောခဲ့တဲ့အရာတွေ ကို ဘာမှ မလုပ် တော့ပါဘူး .. ဘာလုပ်မလဲ သိလား .. ” စီးပွားရေး လုပ်ပြီ း ပိုက်ပိုက် များများ ရှာ မှာပေါ့ဗျာ .. ” ဟီး .. (လျှောက်တွေး .. လျှောက်ရေး … တွေးမိတွေး ရာ ရေးမိရေး ခြင်း … )

  • မမဆူးရေ. အတော့်ကို စိတ်ဝင်စားစရာပါ။ဓါတ်ပုံလေးနဲ ့တွဲယှဉ်လိုက်ရင်ဖြင့် အားလုံးမြင်တွေ ့
    ခွင့်၊လေ့လာခွင့် ရမှာဘဲနော်။ကျေးဇူးပါ မမဆူးရေ

    • ဆူး

      May 18, 2012 at 3:32 pm

      ပိုင်လေး တင်ဖူးတယ်။
      အဲဒီက ပုံ ပြန်ရှာပေးမယ်။

  • Khin Kha

    May 18, 2012 at 1:48 pm

    ငယ်ငယ်တုံးက အဖိုးပြောပြတာ ကြားခဲ့ရတာက
    ဗုဒ္ဓမြတ်စွာဘုးရားရဲ့ အရပ်တော်က ၉ တောင်ရှိတယ်တဲ့။
    အဲဒီတော့တွက်ကြည့်ရင် ၂ တောင် ၁ ကိုက်။ ၁ကိုက် ၃ ပေ ဆိုတော့
    အရပ်တော်က ပေအားဖြင့် ၁၃ပေခွဲရှိနိုင်တယ်မို့ အဲဒီအရပ်တော်နဲ့ လိုက်ဖက်မယ့်
    တင့်တယ်သောမျက်နှာတော်ရှိမှာဆိုတော့ အခုဦးခေါင်းတော်က သေးမှာတော့မဟုတ်လောက်ဖူး၊
    အခုတွေ့ရှိတဲ့ ဦးခေါင်းကြုတ်တော်အရွယ်က ဘယ်လောက်ရှိလဲသိလားဟင်။

  • ဦးဦးပါလေရာ

    May 18, 2012 at 2:09 pm

    မြတ်စွာဘုရားဟာ အရှင်မဟာကဿပကို ချီးမြှောက်လိုတဲ့အတွက်
    သင်္ကန်းချင်းလဲ ပြီး ဝတ်ရုံတော်မူတယ်။
    ဒီလိုလဲနိုင်တာကိုကြည့်ရင် မြတ်စွာဘုရားနဲ့ အခြားရိုးရိုးလူသားတွေ အရပ်အမောင်းကိုယ်လုံးကိုယ်ထည် များစွာမကွာနိုင်တာကို ခန့်မှန်းနိုင်ပါတယ်။

    (မြတ်စွာဘုရားရဲ့ အဲဒီသင်္ကန်းတော်ဟာ သုဿန်မှာပစ်ထားတဲ့ အမျိုးသမီးတယောက်အလောင်းကိုရစ်ပတ်ထားတဲ့ အဝတ်စကို လောက်တပြည်သားလောက်ကို ဖယ်ရှားပြီး ပံ့သုကူ ကောက်ယူချုပ်ဆိုးထားတဲ့ သင်္ကန်းတော်ဖြစ်တယ်။)

  • kai

    May 18, 2012 at 2:21 pm

    ဝက်နားရွက်ကစပြီး.. ဒုံးပျံအထိအတုလုပ်နေတဲ့.. ချိုင်းနားကတော့.. လုပ်ချလိုက်ပြန်ပါပြီကွယ်..

    စီးပွားရေးအင်အားတက်လာတာနဲ့.. တကမ္ဘာလုံးကို.. ကိုင်တွယ်တော့မယ်… ထင်ပါ့..
    လောလောဆယ်တော့.. မြန်မာပြည်..” မိ”နေလောက်ပါပြီ.. :mrgreen:

    အနိစ္စ…

    • ကြောင်ကြီး

      May 19, 2012 at 10:34 am

      ကြေးမုံဂျီးကိုယ်ဇါး ဒီနေရာမှ ကန့်ကွက်ပါသီ…။
      တရုတ်မအားကိုး သခင်ကြောင်မျိုး 😎

  • Ch@vez

    May 18, 2012 at 3:20 pm

    အစစ် ဟုတ်မဟုတ် မပြောလိုပါ။လောလောဆယ် ဒါလေး ကုတ်ဒ် ပါရစေ..

    တရုတ်ဗုဒ္ဓဘာသာအသင်းကြီးရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရှူချင်းက “ ဗုဒ္ဓဘာသာဟာ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှု အစိတ် အပိုင်းတစ်ခုပါပဲ၊ တရုတ်နိုင်ငံပြည်သူတွေဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှု နှစ်သုံးဆယ်နောက်ပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာကြွယ်ဝမှုကို ခံစားနေကြရပါပြီ၊ အခု သူတို့လိုနေတာ ဘဝရဲ့ ဘာသာရေးအနှစ်သာရတွေကို ပိုင်ဆိုင်ကြဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။

    ရုပ်ပိုင်း တိုးတက်အောင်လုပ်ပြီးမှ စိတ်ပိုင်းတဲ့ခည …

  • ဗိုက်ကလေး

    May 18, 2012 at 3:27 pm

    အိမ်း..
    ရုပ်ဝါဒီတွေများတဲ့ သဂျီးတို ့အမေဒီကန်မှာ ဖော်ထုတ်တွေ ့ရှိမှ
    ဟာ..ဟင်.. ဖြစ်ပြီး ယုံကြမှာ..
    😆

  • char too lan

    May 18, 2012 at 4:12 pm

    ဒီဟာတော့ မကြားမိဘူး ဂျာနယ်ထဲမှာတွေ ့တာက တရုတ်ကနေ တောင်ကိုရီးယားကိုပို့တဲ့ ခွန်အားတိုးယောက်ျားဆေးထဲမှာ ကလေးအသားမှုန့်တွေပါနေတာတွေ ့လို့ ဆေးအလုံးပေါင်း ၁၇၀၀ဝ ကျော်ကို ဖမ်းဆီးသိမ်းဆည်းတရားဆွဲထားလေသည်..ဒဲ့ 🙁

  • Khin Kha

    May 18, 2012 at 4:13 pm

    ဟိုးရှေးတုံးက လူသားတွေက ယခုလူသားတွေထက် ပိုထွားကြတယ်လို့သိရတယ်။
    အမျိုးသားပြတိုက်က ဟိုးတုံးကစစ်သူကြီးတွေရဲ့ချပ်ဝတ်တွေကြည့်ပါလား၊ပြီးတော့ စကားဆိုရိုးရှိတယ်
    အတောင်၂ဝ ဝတ်မင်းယောကျင်္ားတွေတဲ့။ ဦးဦးပါလေရာက ပြောတဲ့ အရှင်မဟာကဿပ ရော
    အရပ်ဘယ်လောက်ရှိတာလဲ။
    အခုခေတ်လူတွေ အတောင် ၂ဝ ပုဆိုဝတ်ခိုင်းရင် စောင်တောင်လိုပါအုံးမလား၊ကောင်ညင်းထုပ်လို
    ဖြစ်မလားဘဲ။
    မြတ်စွာဘုရားနဲ့ အရှင်မဟာကဿပ တို့ကတခောတ်ထဲက လူသားတွေဆိုတော့ အရပ်တူနိုင်တယ်လေ။

  • ဆူး

    May 18, 2012 at 4:29 pm

    အငြင်းအခုန်တော့ ဘာမှ မလုပ်ချင်ဘူး။
    ဘယ်သူကိုမှ မြင်လိုက်တာမှ မဟုတ်တာ.. တယောက်နဲ့ တယောက် လက်ဆင့်ကမ်း သယ်လာတဲ့ စကားတွေ မှတ်တမ်းတွေ ဆိုတော့.. ငြင်းနေခုန်နေလည်း အပိုပါပဲ။
    ဒီပိုစ်နဲ့ ပတ်သတ်လို့ ယုံတာ မယုံတာ ကတော့ တစ်ဦးချင်းစီရဲ့ သဘောထား ကို ဘာမှ မပြောလိုပါဘူး။
    သိစေချင် ဖတ်စေချင်လို့ တင်ပေးလိုက်တာ..အိန္ဒိယကနေပြီး တူးဖော် ရရှိတယ် ဆိုရင် တမျိုးတွေးမိလိမ့်မယ် တရုတ်ပြည်ကဆိုတော့ နည်းနည်းတော့ စဉ်းစားစရာပဲ ဆူး ကိုယ်တိုင်ကလည်း အပြည့်အဝ ယုံကြည်မှု မဟုတ်ပေမဲ့ သူများတွေ ပြောတဲ့ စကားတွေမှာ ကိုယ်ကျန်နေခဲ့မှာ စိုးလို့ ဖတ်ထားတဲ့ သဘောပါပဲ။
    သိစေရန် မျှဝေလိုက်သည် ဆိုတဲ့ အတိုင်းပါပဲ။
    ငြင်းချင်တဲ့ သူတွေ ဆက်ငြင်းလို့ ရပါပြီ။

  • ရဲစည်

    May 18, 2012 at 6:25 pm

    အသေအချာ သိရအောင် ဒီတပတ် အလုပ်အားတာနဲ့ သွားကြည့်ဖို့ စဉ်းစားထားပါတယ်။လောလောဆယ်တော့ သတင်းတွေပြန်ရှာ နေပါတယ်။ဗဟုသုတ ရတာပေါ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 18, 2012 at 7:13 pm

    အတည်မပြုနိုင်သေးတဲ့ သေချာသလောက်ရှိတဲ့သတင်းတစ်ခုကိုရထားဘာဒယ်
    သဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီးဘေးက
    ကုဋီနေရာမှာလည်း
    ဘုရားချီးတွေ တွေ့ထားတယ်လို့ဆိုဘာဒယ်
    မှတ်ချက်။ ။ မပျောင်ရ

    • windtalker

      May 19, 2012 at 12:55 pm

      ဟေ့လူ ဟေ့လူ
      ဘာ ဘုရားချီးတွေ ့တာတုန်း ။
      ခင်ဗျားနော်…. မိုုးကြိုးပစ်ခံထိမယ်ဗျ ။ သိလား

Leave a Reply