11 comments

  • snow white

    May 18, 2012 at 1:18 pm

    သိပ်မှန်တာပေါ့ ပြိုင်မယ့်ပြိုင် ကိုယ့်ကိုယ်ကိုသာပြိုင်အကောင်းဆုံးဘဲ ပြိုင်ဆိုင်မှုကတော့ သူများတိုးတက်တာကို ကြည့် ပီးအားကျနေရုံနဲ့ဘယ်ပီးမလည်း ကိုယ့်ကိုယ်ကိုတနေ့တနေ့အချိန်ကုန်တာနဲ့ အမျှဘာများတိုးတက်အောင်လေ့လာလည်းးသင်ယူလည်း ကျက်မှတ်လည်း ကိုယ့်ကိုယ်ကိုသာ သုံးသပ်ကြည့်သင့်ပါတယ်

  • Khaing Khaing

    May 18, 2012 at 1:49 pm

    ငါ့ကိုယ်ငါပြိုင်တာတောင် မနေ့ကငါဘယ်လောက်ချမ်းသာတယ် မနက်ဖြန်ငါဒီထက်ပိုချမ်းသာအောင် လုပ်မယ်ဆိုတဲ့ ပြိုင်ဆိုင်မှုဆိုရင် မကောင်းဘူးထင်တယ်နော် ……… မနေ့ကငါ ဘယ်လိုစိတ်ထားမကောင်းခဲ့ တာသူများကိုဘယ်လိုပြောခဲ့တာ ဒီနေ့တော့ အဲလိုစိတ်တွေ နောက်နေ့ထပ်မဖြစ်အောင် ကြိုးစားပြီး ဒီနေ့ထက်ပိုတော်တဲ့ငါ မနက်ဖြန်ဖြစ်အောင်ကြိုးစားမယ်ဆိုရင် ပိုကောင်းမလားပဲနော် ……….

  • etone

    May 18, 2012 at 2:45 pm

    အစ်မ မနောရေ … ဒီနေ့ငါနဲ့ နောက်နေ့ငါကို ပြိုင်ခဲ့လို့လည်း … ပူလောင်ရပါတယ် … ။
    တစ်ခုခု မျှော်လင့်သလို ဖြစ်မလာလျှင် ပြင်းပြင်းပျပျခံစားရပြီး ဟက်ထိတတ်တယ် … ။ ဒီတော့ … အသက်ရှင်နေချိန်လေး …. လိုချင်လောဘ ၊ ရမ္မက်ဒေါသတွေ ၊ တွေဝေမောဟတွေ သိပ်မထားတော့ပဲ … နေပျော်သလိုလေးနေလိုက်တော့တယ် …. ။ ပြိုင်နေရတာ ကိုယ့်ကိုယ်ကို ဆိုတာတောင ်ရင်တွေ ကြပ်လွန်းလို့ ပါ … 🙄

  • nature

    May 18, 2012 at 4:07 pm

    ယှဉ်ပြိုင်တဲ့အခါမှာ အပြေးပြိုင်သလိုယှဉ်ပြိုင်ရတာရှိသလို လက်ဝှေ့ထိုးသလိုယှဉ်ပြိုင်ရတာမျိုးလည်းရှိပါတယ်။ အနိုင်အတွက်အကောင်းဆုံးပြင်ဆင်ထားသင့်သလို ရှုံးလာရင်လည်း ဘာကြောင့်ရှုံးရသလဲဆိုတဲ့အားနည်းချက်တွေကိုမှန်မှန်ကန်ကန်လေ့လာသုံးသပ်တတ်ဖို့ လိုပါတယ်။ ကိုယ်ညံ့လို့ရှုံးတာကို နိုင်တဲ့သူအပေါ်အမုန်းမပွားသင့်ပါဘူး။ သဘောထားကြီးသင့်ပါတယ်။
    ဥပမာ-ဘောလုံးပွဲတွင်ရှုံး၍ ခဲဖြင့်ပေါက်ခြင်းမျိုး

    • manawphyulay

      May 19, 2012 at 1:49 pm

      ဟုတ်ပါတယ် ဦးဦးနေးချားရေ… တစ်ခါတလေ မတိုးတက်တာတွေလည်း တွေ့ရပါတယ်။ တစ်ခါတလေ စိတ်ဓာတ်ကျသလို တစ်ခါတလေတော့လည်း နည်းနည်းပိုတိုးတက်နေတယ်ဆိုတဲ့အတွေးနဲ့ ကြိုးစားရုန်းကန်နေရတယ်။ ဒါပေမယ့် အသက်က စကားပြောလာပြီလေ.. 😛

  • jujuma

    May 18, 2012 at 4:36 pm

    ပြိုင်ဆိုင်ခြင်းဆိုတာက တဒင်္ဂစိတ်ကလေးပါပဲ ..
    ကိုယ်ကိုယ်တိုင် အောင်မြင်မှုကိုလိုချင်ရင် ရည်မှန်းချက်လေးတစ်ခုထားကြည့်ပါ..
    အဲဒီ့ရည်မှန်းချက်ကို အရောက်သွားဖို့က ပြိုင်ဆိုင်မှုဆိုတာ မလိုပါဘူး…
    ဇွဲရှိဖို့ပဲ လိုတာပါ ..

    ကိုယ်ထင်ကုတင်ခြေလေးချောင်းပဲ .. 😀
    မမရေ …နဲနဲ ပွားသွားတယ်နော် …

  • မမ မနောဖြူလေးရေ. ကျနော် ခုမှစဉ်းစားတွေးမိပါတယ်။မနှစ်က ကျနော်နဲ ့ဒီနှစ် ကျနော် ယှဉ်ကြည့်တာ
    ဒီနှစ် အရှုံးပါလားဗျာ။ကျနော် ဘယ်လို ပြင်ရပေါ့မလဲ။အသက်ကြီးလေ. ပိုပျက်စီးလေ ဖြစ်နေသလားလို ့။

  • sugar sugar

    May 19, 2012 at 3:56 pm

    ဒီဘက်ခေတ် မှာ မြင်နေရတာ ပြိုင်ဆိုင်မှုတွေတော်တော်လွှဲမှားလာကြတယ်ဗျ
    မိန်းကလေး တစ်ချို့ဆို ရင် ကျွန်တော့်ရှေ့တင်ပြောတာ ကြားလိုက်ရတယ်
    ငါက ရည်းစားဘယ်နှစ်ယောက်ရှိသွားပြီဆိုတဲ့အကြောင်း
    ဘယ်နေ့က ဘယ်သူ့ကိုဘယ်လိုကြောပြီး ဘယ်ဝတ်စားလိုက်တယ်ဆိုတဲ့အကြောင်း
    အင်းတစ်ချို့တော့ ရှိပါတယ် ၊အနည်းနဲ့အများပေါ့၊ယောကျာ်းလေးတစ်ချို့လည်းဒီလိုပါပဲ
    ဘယ်ကောင်မလေးနဲ့ငါတော့ ဘယ်အဆင့်ရောက်ပြီ၊ဘယ်ဆိုတာမျိုးကို ဂုဏ်ယူပြီး
    ပြောနေကြတယ် ၊တစ်ချို့လည်း ကောင်းတာရှိသလို အမျိုးမျိုးပေါ့ ဗျာ။ကျွန်တော်စဉ်းစားမိတာကတော့
    ပြိုင်ဆိုင်တာကောင်းပါတယ် တိုးတက်တာပေါ့၊စိတ်ဓာတ်မာတဲ့သူအတွက်ဆိုရင်ပိုကောင်းပါတယ်
    အဲ စိတ်ဓာတ်ပျော့တဲ့သူအတွက်ဆိုရင်တော့ သိပ်မကောင်းဘူး။တစ်ချို့ စိတ်ကျရောဂါဖြစ်တာတောင်တွေ့ဘူးတယ်။မနောဖြူပြောသလို မိမိကိုယ်မိမိပြိုင်ဖို့ဆိုတာကို လူတွေက သိရက်နဲ့ မေ့မေ့နေတတ်တယ်။ကိုယ်ကိုတိုင်လည်းတစ်ခါတစ်လေ ဒီလိုပါပဲ၊ဒီpost လေးဖတ်မိတော့
    သတိ ရ သွားလို့ ရေးလိုက်တာ ပါ ။ကျွန်တော့်အတွေးလေးတွေပါ

  • ဆူး

    May 19, 2012 at 4:18 pm

    ကြာပန်းလေးတွေကို ဒီဇိုင်း လုပ်ထားတာပဲ..

  • manawphyulay

    May 26, 2012 at 2:41 pm

    ဟိုက်ရှားပတ်
    အနီတွေ တန်းစီနေပါလား…
    ဘယ်လိုဖစ်တာပါလိမ့်……
    အတော့်ကို အားပေးထားတာ တွေ့ရတယ်။ ဒါလည်း အနီလာပေးဦးမလား မသိဘူး။

Leave a Reply