သရဲမကြောက်သူ တစ်ယောက်အကြောင်းပြောချင်တယ်

may flowersMay 18, 20121min12512

သရဲအကြောင်းပိုစ့်လေးတွေဖတ်ရတော့ ကိုယ်လည်းပြောချင်လာတယ်။ ကိုယ်ကိုတိုင်

ကြုံခဲ့ရတဲ့ အကြောင်းတော့မဟုတ်ပါဘူး။ ကျွှန်မရဲ့ဘကြီးတစ်ယောက်ရဲ့အကြောင်းပါ။

သူကသရဲလုံးဝမကြောက်တတ်တာ ဒါပေမဲ့သရဲကလည်းသူ့ကိုဆိုတော်တော်ခြောက်ပါ

တယ်။ ခဏခဏခြောက်ခံထိပေမဲ့ တစ်ခါမှကြောက်တယ်ဆိုတာမရှိပါဘူး။ သူက သရဲ

ဆိုတာ လူတွေထက်အဆင့်နိမ့်တဲ့ ဘုံဘဝတစ်ခုအဖြစ်ခံယူထားသူပါ။

တောရွာတွေမှာက အင်းလေလံဆိုတာရှိပါတယ်။ ရွာမှာရှိတဲ့အင်းတွေ အိုင်တွေကို ရွာလူကြီးတွေက  အင်းသူကြီးတွေဆီမှာ လေလံအဖြစ်ရောင်းကြပါတယ်။ လေလံ

အောင်ပြီးသားအင်းဆိုရင် ဘယ်သူမှငါးဖမ်းလို့မရတော့ပါဘူး။ ဖမ်းရင်ထောင်ဒဏ်အပြင်

ငွေဒဏ်ပါပေးရဆိုပဲ။ဒါပေမဲ့ အဲဒီဘကြီးက အင်းလေလံဆွဲတယ်ဆိုတဲ့ဟာကိုမကျေနပ်

ပါဘူး။ ဘိုးဘွားမိဘတွေလက်ထက်ထဲက လွတ်လွတ်လပ်လပ်လုပ်ကိုင်ဖမ်းစားလာတဲ့

အင်းကို လေလံဆွဲပြီးရောင်းစားတာကိုမတရားဘူးလို့ထင်ပေမဲ့ ဘာမှမတတ်နိုင်ပဲလက်

ပိုက်ကြည့်နေရတာပါ။ လူတွေအမြင်မှာတော့အေးဆေးကြည့်နေပေမဲ့ ညဘက်တွေမှာ

တော့ဘယ်သူမှမသိအောင်ငါးသွားသွားမျှားပါတယ်။  သူကပြောသေးတယ် ငါ  ငါးမျှား

တာ ခိုးတာမဟုတ်ဘူးတဲ့ တစ်ရွာလုံးနဲ့ဆိုင်တဲ့ အင်းမို့မျှားတာ တဲ့။

ဒီလိုနဲ့ တစ်နေ့ငါးမျှားနေတုံး  မနက်နှစ်နာရီလောက်ကျတော့ ဘကြီးခံတွင်းချဉ်လာပါ

တယ်။ ဒါနဲ့ဆေးလိပ်သောက်မယ်ဆိုပြီး ဆေးပေါ့လိပ်ကိုထုပ်ပြီး  မီးညှိမယ်အလုပ်မှာ

ရေစပ်ကနေလျှောက်လာတဲ့    စွပ်..စွပ်   ဆိုတဲ့အသံကိုကြားလိုက်ပါတယ်။

ဒါနဲ့ ဘကြီးလည်း ငါးကလူမသိအောင်မျှားနေရတာဆိုတော့ လူမိရင်ငွေဒဏ် ထောင်

ဒဏ် ကြောက်တာကြောင့်ဆေးလိပ်မသောက်သေးပဲ  အသာလေးငြိမ်နေပါတယ်။ ဒါပေ

မဲ့ နာရီဝက်လောက်ကြာတဲ့အထိ ခြေသံတစွပ်စွပ် ကမပျောက်သေးတာကြောင့် ဆေး

လိပ်ကလည်းသောက်ချင် သံသယကလည်းဝင်လာတာကြောင့် ဓါတ်မီးနဲ့လှမ်းထိုးကြည့်

လိုက်ချိန်မှာတော့..

အပေါ်ကိုယ်ပိုင်းလုံးဝမပါပဲ  အောက်ပိုင်းဒူးဆစ်လောက်သာရှိတဲ့ ခြေထောက်နှစ်ချောင်း

ထဲကသာ ရေစပ်ရွှံ့တွေထဲမှာ လျှောက်သွားနေတာဆိုပဲ။ ဒါပေမဲ့ သရဲမကြောက်တဲ့ဘ

ကြီးကတော့ ထိုခြေထောက်နှစ်ချောင်းကို  စိတ်ဆိုးဆိုးနဲ့  ငါးမျှားတံနဲ့ လှမ်းရိုက်လိုက်

တော့အဲဒီခြေထောက်တွေလည်းပျောက်သွားပါတော့တယ်။နောက်ပိုင်းလုံးဝအသံမ

ကြားရတာ့ပါဘူးတဲ့။

 

ဘကြီးတော့မသိပေမဲ့ ကျွှန်မကိုယ်တိုင်ကတော့ ဘကြီးငါးမျှားရာကပြန်လာပြီး  အဲဒီအ

ကြောင်းကိုပြောတဲ့ အချိန်မှာကြောက်လိုက်တာ ဒူးတောင်တုန်နေမိလားတောင်မသိပါဘူးရှင်။

 

ဖတ်ရှုအားပေးတဲ့ သူတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်။

12 comments

  • Khaing Khaing

    May 18, 2012 at 3:13 pm

    ညီမလေး မေပန်းရေ ……. ဒီပို့စ်က ညီမလေးကိုယ်တိုင်ရေးတာလား ……. Copy Paste ဖြစ်နေတယ်ကွယ် ….. အမလည်းအဲဒီလိုဖြစ်ဖူးတယ် …… ကိုယ့်ကပို့စ်အသစ်ရေးမယ်ဆို အော်တို Copy Paste မှာ အမှန်က ခြစ်ပြီးသားဖြစ်နေတယ် ……. သတိလက်လွတ် ကွန်မကောင်းလို့ တင်လိုက်ရင် ကိုယ်တိုင်ရေးကနေ Copy Paste ဖြစ်သွားရော ဒါဆို ၁ဝ မှတ် ပဲရတယ် …….. သတိထားပြီးတင်ပါကွယ် …… သူကြီးဆီကို ၂ဝ အနစ်နာခံ ပေးမိသလိုဖြစ်မှာစိုးလို့ပါ ……..

    • jujuma

      May 18, 2012 at 4:13 pm

      အယ် ဟုတ်လား တိဝူးးးတော့ ..

      အမှတ်က အဓိကမဟုတ်ပါဘူးကွယ်.
      ရွာထဲမှာ .ဗဟုသုတလေးတွေလဲရတယ်…
      ကိုယ်ကလဲ သူများကို မျှဝေနိုင်တယ်ဆိုရင်ပဲ ကျေနပ်နေမိတာပါ ..

  • may flowers

    May 18, 2012 at 3:33 pm

    ဟုတ်ကဲ့ ညီမကိုယ်တိုင်ရေးတာပါ။ ကွန်ပြူတာထဲမှာပဲ save လုပ်ပြီးတင်ထားလို့ပါ။ ညီမစရေးထဲက

    ဒီလိုပဲ copy paste နဲ့ပဲတင်နေတာ..ဟီး။ အမှတ်ရမှန်းသိဘူး..ရယ်။ ကျေးဇူးပါအမရေ အဲလိုမဖြစ်အောင်

    ဘယ်လိုတင်ရမှန်းမသိလို့ပါ။

    • Khaing Khaing

      May 18, 2012 at 4:24 pm

      ညီမရေ ….. အမှတ်တွေရတာမရတာ အဓိကမကျပေမယ့် Copy Paste ဆိုတော့ ကိုယ်က သူများဟာကိုယူတင်တယ်လို့ အဓိပ္ပာယ်သက်ရောက်နေတယ်ညီမလေး …… New post ထဲကို ဝင်ပြီးရင် ညာဘက်ဘေးနားမှာ Categories ဆိုတာလေးရှိတယ်ညီမ အဲဒီမှာ ကိုယ်တိုင်ရေးဆိုရင် Creative Writing ကိုရွေး ပြီးရင် အဲအောက်မှာ My dear Diary ဆိုတာမျိုးတွေကို ကိုယ်ကြိုက်တာတစ်ခုကို ထပ်ရွေးချယ်လို့ရပါတယ် ……. အမကသိပ်သိလို့တော့ မဟုတ်ပါဘူးကွယ် အမသိသလောက်လေး ရှယ်ပေးတာပါ …..

      ခင်မင်စွာဖြင့်
      Khaing Khaing

  • ဗိုက်ကလေး

    May 18, 2012 at 3:50 pm

    ခြေထောက်မှာ ခြေသလုံးမွှေး ပါသလား
    ဘယ်လောက် ရှည်လဲ
    ခြေသဲ ဆိုးထားသေးလား
    ဗျူတီစလွန်း ဝင်ပြီး ခြေသဲအတုကော ကပ်ထားသေးလား
    အထီးလား အမလား
    တင်းတင်းရင်းရင်း ရှိလား
    အရေတွန် ့နေပြီလား
    ဖြူလား
    မဲလား..

    သေချာဖြေပါ..
    ကျုပ်တို ့သရဲတိုင်းပြည်ကို သရဲမှောင်ခိုတွေ ဝင်ဝင်လာတယ် သတင်းကြားလို ့ဖြစ်ပါတယ်..
    ပုံ၊
    သရဲဝင်မှုကြီးကြပ်ရေး

  • may flowers

    May 18, 2012 at 4:07 pm

    ညအမှောင်မှာမို့လို့ ခြေထောက်မှာခြေသလုံးမွေးပါမပါမသိပါဘူးတဲ့။ အရှည်ကတော့ ဒူးအောက်ပိုင်းသာ

    မို့ အထီးလားအမလား မသေချာပါဘူး။ ခြေသည်းအတုတပ်မတပ်ကခြေ ထောက်တွေကရွှံ့ထဲနစ်နေတဲ့

    အတွက်မကြည့်ခဲ့မိဘူးပြောပါတယ်။ ဆရာဗိုက်ရှင့်။

  • may flowers

    May 18, 2012 at 4:28 pm

    ဟုတ်ကဲ့..ကျေးဇူးပါအမ khaing khaing ရှင့်။ မှတ်သားသွားပါတယ်နော်။ နောက်ဆိုပိုစ့်တင်ရင်

    အဲလိုလေးတင်ကြည့်ပါ့မယ်။

  • windtalker

    May 18, 2012 at 7:03 pm

    ခြေထောက်နှစ်ချောင်း
    ရေသောက်မြောင်း
    မြွေခြောက်အပေါင်း
    လေအောက်ပြောင်း ။

    • ကြောင်ကြီး

      May 19, 2012 at 10:14 am

      လေညှာလေအောက်
      ဖြေကွာမြွေဟောက်
      ရှည်လာတပေလောက်
      ဘေပါဂွေအခြောက်..။

  • kyeemite

    May 19, 2012 at 4:15 am

    ငါးမဆွဲလို့ စိတ်နောက်နေရတဲ့အထဲ…ဘယ်ကောင်လဲကွ
    ရေသံလာပေးတာ…မထူးပါဘူး အဲဒီခြေထောက်နှစ်ချောင်းဘဲ
    ဆွတ်ပြုတ်လုပ်သောက်ပစ်မယ်..ဂေ့..ဂေ့..

  • htet way

    May 19, 2012 at 11:21 am

    သရဲ …သရဲ
    သရဲ ကို တကယ်တွေ့ချင်လား
    ဖက်တီးကက်ကို မေးကြည့် သူတွေ့ဖူးတယ် ပန်းတနော်သွားတုန်းက သူပြောတာ………….
    သရဲခေါ်နည်းတောင် သူပေးသေးတယ်
    သူ့ အဘက ဂမ္ဘီရ ဆရာ ပေါက်တဲ့..
    သူ့ဦးလေးက အထက်ဂိုင်း ဆရာ ဘလက် တဲ့
    သူ့ ညီက အောက်လမ်းဆရာ မဟာ ဖရဲဆိုပဲ
    သူ့ သူငယ်ချင်းက သိုက်ဆက် ဆရာ နယ်ခြားစောင့် ကမ်း ကြီးဆိုပဲ
    သရဲလောက်ကတော့ မပြာနဲ့ သဘက်တောင်ကြညည့်လို့ရတယ်
    နောက်ဆရာတစ်ယောက်ရှိသေးတယ် အင်းဆရာ ကိုရင်တဲ့ ဗျာ
    ကျုပ်တောင် တပည့်ခံခဲ့ရတယ်။

Leave a Reply