Hell Tour (ငရဲပြည်သို့ ခရီးစဉ်)

ဆူးMay 18, 20121min26456

ဒီခရီးစဉ်ကိုတော့ မလေးရှားနိုင်ငံ ပီနန်မြို့တော်က Teong Guan Association နဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းစီစဉ်ခဲ့ကြတာဖြစ်ပါသတဲ့..။ ရွှေပြည်ကြီးက အမျိုးတွေ နတ်ပူးတာလောက်တော့ အပျော့ပေါ့ လို့ ဆိုရမယ့် ကိန်းပါပဲ..။ ဒါပေမယ့် သူတစ်ပါးရဲ့ ဘာသာရေးကိစ္စမို့ မှတ်ချက်မပေးဘဲ သတင်းလေးပဲ ဖောက်သည်ချလိုက်ရပါစေ..။
ဒီခရီးစဉ်မှာ လူပေါင်း ၅၄ ဦးလိုက်ခဲ့ကြတာပါ..။ အဖွဲ့ခေါင်းဆောင်ကတော့ ဝိဉာဉ်ရေးရာနဲ့ ပတ်သက်လို့ နှစ်ပေါင်း ၂၈ နှစ်အတွေ့အကြုံရှိပြီး တိဘက်ဗုဒ္ဓဘာသာ၊ တာအိုဝါဒနဲ့ နိမိတ်ဖတ်ခြင်းများကို လေ့လာဆည်းပူးထားသူ ရှဲ့ပေးကွမ်ယင်စင်တာက ဆရာတော် Kek Eng Seng ဖြစ်ပါသတဲ့..။
ဒီခရီးစဉ်လိုက်ပါမယ့်သူအားလုံးဟာ ဖယောင်တိုင်နဲ့ ဆုတောင်းစာစက္ကူတွေ မီးရှို့လို့ ထွက်ပေါ်လာတဲ့ အလင်းလေးသာ ရှိတဲ့ အမှောင်ခန်းမ (ရွက်ဖျင်တဲ) ကြီးတစ်ခုထဲမှာ အဖြူရောင်ဝတ်စုံကိုယ်စီ ဝတ်ဆင်ကာ ရွေ့လျားခြင်းမရှိဘဲ ငြိမ်သက်စွာ ထိုင်နေကြခဲ့ပါတယ်။ သူတို့ရဲ့ မျက်လုံးတွေကိုတော့ အဝါရောင် သို့မဟုတ် အနက်ရောင်အဝတ်ပိုင်းစလေးနဲ့ စည်းထားကြရပါတယ်..။ ခရီးစဉ်မစတင်မီ ဆရာတော်က အသေးစိတ်ညွန်ကြားချက်ပေးပါသတဲ့ ။ အဲဒီနောက်မှာတော့ ဗုံသံ လင်ကွင်းသံတွေနဲ့အတူ ခရီးစဉ်ခေါင်းဆောင်ဆရာတော်ရဲ့ မန္တန်အဆက်မပြတ်ရွတ်ဖတ်သံပေါ်လာခဲ့ပါတယ်..။ ခရီးစဉ်စတင်ပါပြီ…။
တမလွန်ဘဝရောက်နေကြပြီးဖြစ်တဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ တွေ့ဆုံကြဖို့ ဒီခရီးစဉ်မှာ လိုက်ပါကြတာလို့ သိရပါတယ်။

မူရင်းလင့် (မြန်မာပြန်) http://www.blogger.com/comment.g?blogID=2614060458629916094&postID=2355760005768372144

မူရင်းလင့် http://thestar.com.my/news/story.asp?file=/2011/8/28/nation/9387640&sec=nation

ဝါသနာ ပါသူတွေ သွားရောက် လည်ပတ် နိုင်ကြဖို့ သတင်းကောင်းပေးလိုက်ပါတယ်နော်။

56 comments

  • ဆူး

    May 18, 2012 at 4:22 pm

    ခရီးစဉ် အသစ်ကလေး စိတ်ဝင်စားတဲ့ သူတွေ အမြန် ဆက်သွယ်နိုင်ကြဖို့ သတင်းပေးလိုက်တယ်နော်။

    • babe charley

      May 19, 2012 at 11:09 pm

      အခမဲ့လားဟင် freecall ဆိုရတယ် လိုက်ရဲတယ်

  • may flowers

    May 18, 2012 at 4:33 pm

    ငရဲပြည်ခရီးစဉ်ကိုတော့ မသွားရဲသေးပါဘူးဆူး..ရယ်။

  • Mon Kit

    May 18, 2012 at 4:34 pm

    ဪ.. သွားစရာရှားလို့ကွယ်…. လည်ပတ်စရာနေရာ ကုန်နေပီနဲ့ တူရဲ့……….

  • ဗိုက်ကလေး

    May 18, 2012 at 4:35 pm

    လမ်းစရိတ်က ဘယ်လောက်လဲခင်ဗျ

    • ဆူး

      May 18, 2012 at 4:41 pm

      ဗိုက်ကလေး မူးမူးနဲ့ ခရီးစဉ် လိုက်သွားတာ အပြန် လိုက်ခဲ့ဖို့ မေ့နေအုန်းမယ်။

  • Shwe Tike Soe

    May 18, 2012 at 4:51 pm

    ကြားကြားဘူးပေါင်အေ…. ငရဲပြည်များ အလည်သွားရတယ်လို…
    သားတို.က နတ်ပြည်သွားလည်မှာ…….. အရက်သမားသူတော်ကောင်းလေးဆိုတော့လေ.. ခိခိခိ

  • ဆူး

    May 18, 2012 at 5:03 pm

    ၅၄ယောက် တောင် စိတ်ကူးတူရာ စုပြီး သွားကြတာ လူ မနည်းဘူး။

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 18, 2012 at 5:18 pm

    ငရဲပြည်များသွားနေရသေးတယ် …. မြန်မာပြည်လာခဲ့လိုက်လို့ပြောလိုက် … ပူတာများ ငရဲပြည်ထက်သာသေး

    • ဆူး

      May 19, 2012 at 11:16 am

      ရာသီဥတု အရမ်းပူတော့ ရေတွေ ရှားနေကြပြီ။ သင်္ကြန်တုန်းက ရေတွေ မတရား ဖြုံးတီး ခဲ့တာ ပြန်သတိရမိတယ်။

    • babe charley

      May 19, 2012 at 11:11 pm

      ဟားးးးးးးးးးး မှန်ပါ့ ပြောသမျှထဲမှာ ဒီတလုံး အမှန်ဆုံးပဲ

  • Crystalline

    May 18, 2012 at 6:41 pm

    မမဆူး
    သူတို့ အတွေ့အကြံတွေပြန်ဝေငှတဲ့အခါမှ ညီမတို့တွေလည်းသွားသင့်မသင့်စဉ်းစားကြတာပေါ့

    • ဆူး

      May 19, 2012 at 11:13 am

      အတွေ့အကြုံ မဟုတ်ပါဘူး ကွယ်.. ဟိဟိ..
      သူများက စာဖတ်ပြီး ပြန်ပြတာကို.. စွပ်စွပ်စွဲစွဲ.. :S

  • windtalker

    May 18, 2012 at 6:59 pm

    အဖွားကြီးဆူး နဲ ့သူ ့ဒါလင် တို ့မောင်ဂလာဆင်ရင် မောင်ပေ က ငရဲ သို ့ဟန်နီးမွန်း ခရီးစဉ် ကို စီစဉ်ပေးမည် ဖြစ်ပါကြောင်း ။

    • ဆူး

      May 19, 2012 at 11:08 am

      ဘယ်သူ စီစဉ်ပေးမှာလဲ.. မောင်ပေ စီစဉ်ပေးမှာလား..
      ခရီးစရိတ် လက်ဖွဲ့မယ် ဆိုလည်း ယူထားလိုက်မယ်.. သွားတာ မသွားတာ နောက်ကိစ္စ လာထား အရင်.. ဒါပဲ.. ဒီလိုတော့ စိန်မခေါ်နဲ့.. အကြံမျိုးစုံ ရှိတယ်။ အဟိ

      • windtalker

        May 19, 2012 at 12:47 pm

        စီစဉ်ပေးမယ် လို ့ဘဲ ရေးထားတာနော် ။ သေချာလဲ ပြန်ဖတ်ကြည့်ပါဦး..
        မျက်မှန်တပ်ရတော့မယ့်အနေအထားဆိုရင်တော့ ၊ မျက်ကွင်းဆေး တစ်ဘူးလောက်တော့ ပို ့ပေးချင်စမ်းပါဘိ ။ ဟီဟိ

        • ဆူး

          May 19, 2012 at 12:52 pm

          သဘောကောင်းတဲ့ မန်းသားရေ.. ပို့သာ ပို့လိုက်.. လိုအပ်တဲ့ လူကို ပြန်လှူပေးမယ်။ ဟဲဟဲ

  • အမလေးဗျ.
    ကြံဖန်ဗျာ. ကျနော်တို ့ နောက်တော့လဲ သွားရမယ့်အတူတူ
    ခုတော့ သွားသေးဘူး။ပျော်လိုက်အုံးမယ်လေ

  • Gipsy

    May 18, 2012 at 8:02 pm

    ကြောက်စရာကြီး.. တော်ကြာ အကြွေးလာတောင်းနေရင် ခက်ရချည်ရဲ့…
    ကိုနာဂရေ ပေးစရာရှိတာတွေ များရှိခဲ့ရင် သတိမလစ်စေနဲ့နော်….ဟိဟိ….။
    (တော်ကြာ သက်ဆိုင်သူတွေ လာတောင်းနေရင် ….)

    • ဆူး

      May 19, 2012 at 10:50 am

      အကြွေးတောင်းချင်တဲ့ သူက တွေ့တာနဲ့ ချက်ချင်း လှမ်းပြီး ဆွဲ ထားတာနဲ့ သူများတွေ ပြန်ရောက်ပြီး ပြန်မရောက်ပဲ ဖြစ်နေအုန်းမယ်။ ဟိဟိ

  • ဦးဦးပါလေရာ

    May 18, 2012 at 8:16 pm

    အဲဒီတော့ ဆွေမျိုးတွေ ငရဲမှာရှိတယ်လို့ ထင်ကြလို့ပေါ့….
    ကိုယ့်အမျိုးအကြောင်း ကိုယ်သိသူတွေပါလား…. 🙂

    • ဆူး

      May 19, 2012 at 10:48 am

      တရုတ် ကုန်းတိတ် လုပ်တာ ဆူး တခါ မြင်ဖူး ကြုံဖူးတယ်။
      သေသွားတဲ့ လူ အတွက် ကုသိုလ် ပြုပေးဖို့ အတွက် တံတားလေး ကို ကျော်ဖြတ်ပေးပြီး ငရဲမင်းကို လာဘ်ထိုးရတာလည်း ပါသေးတယ်။ ပြီးတော့မှာ သေတဲ့ လူက ငရဲမင်း ခွင့်ပြုချက်နဲ့ တက်လာပြီး ကုသိုလ်တွေကို ရယူတယ် ဆိုတဲ့ အယူအဆတော့ တွေ့ဖူးတယ်။
      သေချာ တော့ မသိပေမဲ့.. ဒီအချက်အလက် ကို ကြည့်ချင်းအားဖြင့် သေရင် ငရဲ.. တခြား အဆင့်တောင် မရှိဘူး ပြောလို့ ရတယ်။

      အဲဒီ အယူကို ကိုယ်ပိုင် ဆန္ဒအရ လုံးဝ ပါယ်ထားပါတယ်။
      ဆူး ကတော့ သေရင် နိဗ္ဗာန် သွားနိုင်အောင် ကြိုးစားချင်ပါတယ်။

  • Khin Latt

    May 18, 2012 at 8:42 pm

    တစ်ခါမှ မကြားဖူးဘူး ဆူးကလေးရေ့။
    စိတ်ကို လှည့်စားခံရဖို့ သေချာပါတယ်။
    ဘာဘဲဖြစ်ဖြစ် မျှဝေ မှုလေးအတွက် ကျေးဇူးပါ။ 🙂

    • ဆူး

      May 19, 2012 at 10:43 am

      ဆူး လည်း သေချာတော့ မပြောတတ်ဘူး။
      မဟာယန ဘုန်းတော်ကြီးတွေ လုပ်တဲ့ ကိစ္စ ဆိုတော့.. သူတို့ကို အင်ဒါတော့ ဗျူးကြည့်ချင်တယ်။

  • ကိုရင်မောင်

    May 18, 2012 at 9:12 pm

    နတ်ပြည်သွားတဲ့ခရီးစဉ်ဆိုဟုတ်တုတ်တုတ်….
    ငရဲပြည်တော့သွားချင်ဘူး ဆူးရေ…

    • ဆူး

      May 19, 2012 at 10:54 am

      နတ်ပြည်သွားတဲ့ ခရီးစဉ်ကို လက်မှတ်ဖြတ်ရင် ဘယ်နှစ်ယောက် သွားမှာလဲ တယောက်တည်းလား.. မမယ်မ ပါအုန်းမှာလား.. သိပ်တော့ မသင်္ကာဘူးနော်.. ဟဲဟဲ

  • ညလေး

    May 18, 2012 at 10:05 pm

    နတ်ပြည်ခရီးစဉ်ထဲကိုယ့်နာမည်ပါမလားမသိ……
    ဒီခရီးပဲလိုက်ရမလားမသိ……….
    ခုတော့အေးရာအေးကြောင်းရွှာထဲပဲလျှောက်မွှေတော့မယ်……….

    • ဆူး

      May 19, 2012 at 11:05 am

      ညလေး ရေ.. နတ်ပြည် ငရဲပြည် ဆိုတာ လူ့ဘဝ က သေလွန်ပြီးမှပါ။
      လူဆိုတာ မသေခင်မှာ လူဖြစ်တုန်း အခိုက်အတန့်မှာ.. မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား ဆိုတဲ့ အတိုင်း
      အကုသိုလ် မှန်သမျှ ကင်းအောင်နေ.. ကုသိုလ် မှန်သမျှ ရသမျှ အကုန်လုပ်.. အဲလို လုပ်ရင် နတ်ပြည်မှ မဟုတ်ပါဘူး ဗြဟ္မပြည် အထိ မျှော်မှန်းနိုင်ပါတယ်။

  • မောင်သုည

    May 19, 2012 at 12:17 am

    ကိုရင်မောင်ရယ်…နတ်ပြည်က အလည်ခေါ်လို့မလွယ်ဘူးလေ…အဲဒီတော့ လွယ်တဲ့နေရာပဲခေါ်တာပေါ့နော…

  • kai

    May 19, 2012 at 2:59 am

    တကယ်သာရောက်တယ်ဆို.. မီလီယံဘစ်ဇနက်ပဲ..
    ယူအက်စ်ကတင်.. လူ ၁သန်းစာရင်းပေးဖို့.. အာမခံကြောင်း…

    ယောဂကျင့်ခိုင်းပြီး..
    .. ဦးနှောက်အောက်စီဂျင်အဝင်နည်းအောင်လုပ်… ဂယောင်ခြောက်ခြား.. တွေးမြင်တာတွေဖြစ်မယ်ဆိုရင်..၂ဆ ပြန်လျှော်ရမည်ဖြစ်ကြောင်း…

    အာဟိ… :mrgreen:

    • ဆူး

      May 19, 2012 at 10:56 am

      သဂျီး ဆန္ဒရှိရင် ဆက်သွယ်ပြီး သူတို့နဲ့ ချိတ်လိုက်လေ.. ထူးခြားသတင်းလေးတွေ စောင့်ဖတ်နေမယ်။

    • ဆူး

      May 19, 2012 at 11:03 am

      စကားမစပ် သဂျီး ယောဂ ကျင့်ဖူးလား။

    • သူကြီးက ယောဂတော့ မကျင့်ဖူးပါဘူးတဲ့။ဒါပေမယ့် ငရဲသွားရမှာ ကြောက်တဲ့ ရောဂါတော့
      ရှိပါသတဲ့။မြန်မာပြည်မှာ ရောဒါမျိုးသွားမယ် ဆိုရင် ဘယ်လောက်လိုက်ကြမှာပါလိမ့်မယ်။

  • kyeemite

    May 19, 2012 at 3:50 am

    သိနေတယ်လေ..သဂျီး ဒီအပေါက်ချိုးတော့မယ်ဆိုတာ…
    အန်တီဆူး..သဂျီးကစိမ်ခေါ်နေပီနော်…

    • ဆူး

      May 19, 2012 at 10:57 am

      သိနေတယ်လေ.. သဂျီး ဒီလို လာမယ် ဆိုတာ သိလို့.. တာဝန်ယူစရာ မလိုအောင်.. တခါတည်း လွဲပေးလိုက်တာ.. လင့်တောင်ပါသေးတယ်။

  • chityimhtoo

    May 19, 2012 at 8:22 am

    ဒါမျိုး မမ္ဘီရဆန်ဆန်အတက်ပညာတွေ တစ်ကမ္ဘာလုံးမှာရှိနေတာဘဲလေ။သိချင်ရင်ကိုယ်တိုင်ဝင်လေ့လာ
    ပြီးရင် ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင်မဟုတ်ဘူးဆိုပြီးဝေဖန်သင့်တယ်။သူတစ်ပါးလုပ်တဲ့အလုပ်ကို
    တော့အလွယ်တစ်ကူမဝေဖန်သင့်ဘူး။တစ်ချို့လူဝင်စားတွေ တစ်ချို့သေရွာကပြန်လာတဲ့လူတွေ၊
    နာမည်တွေနဲ့ အတိအကျရှိသေးတာဘဲ။

    • ဆူး

      May 19, 2012 at 11:11 am

      စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု သို့မဟုတ် တန်ခိုးစွမ်းအား တခုခု ကို အခြေခံပြီး လုပ်ပြတာ ဖြစ်ပါလိမ့်မယ်။
      သေတဲ့ လူတိုင်းတော့ ငရဲ မသွားတာတော့ အမှန်ပါပဲ.. လူဝင်စား အတိတ်ပြန်ပြောနိုင်သူတွေ ရှိနေလေတော့.. အဲဒီ အယူဝါဒသည် သေသောသူတိုင်း ငရဲပြည်မှာ ယမမင်းနဲ့ တွေ့ဆုံကြရတတ်လို့ ယုံကြည်ကြတဲ့ အတွက် ဒီလို လုပ်ကြတာ ဆိုတော့.. စဉ်းစားစရာ တခုခုပေါ့။

  • ကြောင်ကြီး

    May 19, 2012 at 10:01 am

    သဂျီးဂ ဗုဒ္ဓဘာသာယောင်ယောင် ရုပ်ကြမ်းဝါဒီယောင်ယောင်ဆိုဒေါ့ ငယဲကျမယ် မထင်ဘူး.. ဖြစ်ချင်းဖြစ် အသူရကယ်ဖြစ်မှာ…။ သဂျီးယေ… စံတဲ့အချိန်သာ ကြောင်ကြီးဂို သတိယဘာ.. ခံနေယချိန်မှာဒေ့ါ ကိုယ့်မိုက်ပြစ်နဲ့ကိုယ်ခံပါ…။

    • ဆူး

      May 19, 2012 at 10:58 am

      စံတဲ့ အချိန် ကိုဘေး နွားကင်လေး နဲ့ မြုံ့ ချင်လို့လား..

  • intro

    May 19, 2012 at 10:28 am

    ငရဲပြည်သွားတာ ကင်မရာ ယူသွားကြတာ မဟုတ်ဘူးဗျာ… နည်းနည်းပါးပါး သိရအောင်ပေါ့

    • ဆူး

      May 19, 2012 at 11:02 am

      သူ့ပုံစံက ကသိုင်း တခုခုကို အခြေခံပြီး စိတ်ကို စိတ်နဲ့ ခိုင်းစေတာမျိုး သို့တည်းမဟုတ်..
      အဲဒီမှာ လမ်းပြတဲ့ ဘုန်းကြီးတွေက အစွမ်းတခုခုမှာ ထက်မြက်တဲ့ အတွက် သူတို့ အစွမ်းနဲ့ အများသူငှာ တယောက်ချင်းစီ ကို မြင်အောင် ကြည့်စေခိုင်းနိုင်တာလည်း ဖြစ်နိင်တယ်။

      သူတို့ အကျင့် စရဏ က လည်း အရမ်းအားကောင်းကြတယ်လေ။

  • jujuma

    May 19, 2012 at 2:51 pm

    အမလေး သွားစရာနေရာ အဲလောက်တောင်ရှားရသလား..
    ငရဲပြည်ကိ်ုများအလည်သွားသတဲ့ …
    သွားချင်လိုက်တာ .. လိုက်ပို့မယ်သူလဲ ချိဘူးးး 😀

    • ဆူး

      May 19, 2012 at 4:04 pm

      ဂျူးဂျူးမ အတွက်ဆို အသင့်ဆိုတဲ့ လူ ရှိတယ်နော်..
      buy 1 get 1 ဆိုလား..
      သူလိုက်ပို့ပေးလိမ့်မယ်။
      လူကိုဝယ်ရင် နှလုံးသား အဆစ်ပေးတယ် ပြောတာနော်.. 😀

      • အရင့်ရောင်

        May 19, 2012 at 4:26 pm

        အသင့်ဟုတ်ဖူးနော်
        အရင့်…..အရင့်……..အရင့်
        ဟီးးးးးးးးးးးး

        • ဆူး

          May 19, 2012 at 4:31 pm

          အမလေး.. ဆိုင်ရာက အသံလာပေးနေပါလား။ လစ်ပြီဟေ့… ဝှစ် ဝှစ် ဝှစ်….

  • sugar sugar

    May 19, 2012 at 3:07 pm

    အလည်ဆိုရင်တော့ သွားချင်သား
    Day Trip ပဲနော်
    ညမအိပ်ဘူး
    ဓာတ်ပုံရိုက်ပြီး ပြန်လာမယ်

  • water-melon

    May 19, 2012 at 4:50 pm

    တောင်မလေးတွေရှိလား
    ချောရင်လိုက်မယ်
    အဟိ
    ငါ့ဟဲ့ ဒရက်ကူဖရဲ
    ဖလပ် ဖလပ်

  • Gipsy

    May 19, 2012 at 7:48 pm

    ချောတယ် တဲ့.. ဆံပင်ရှည်ရှည်လေးနဲ့ဆိုပဲ..
    မျက်နှာ ပါ / မပါ တော့ မသေချာဘူး…. :mrgreen:

  • surmi

    May 19, 2012 at 8:09 pm

    တကယ်တော. ငရဲဆိုတာ ကိုယ် အကြိမ်ကြိမ်ရောက်ခဲ.ဘူးမှာပါ ။
    ခုလဲ ပါရမီနဲလွန်းလို.ဘုရားနဲ.လွဲခဲ.တာပေါ. ။
    ဖြေသာစရာက သာသနာကျန်သေးတာပဲ …ဒါတောင် တချို.က ထေရဝါဒဆို ဘာညာ ဘာညာနဲ. …။

  • kai

    May 20, 2012 at 10:34 am

    ဘာသာရေးမှာအစွန်းရောက်တာတွေဟာ.. ကိုးကွယ်ပါတယ်ဆိုတဲ့.. လူသားတွေကို.. အလိုအလျှောက်ငရဲရောက်စေတာပါ..
    ဝေးဝေးမကြည့်ပါနဲ့..
    ဘေးကိုကြည့်ကြည့်ပါနော…။

    ငရဲတဲ့..။
    လူ့ငရဲ…
    ======

    Jonestown
    From Wikipedia, the free encyclopedia
    Peoples Temple Agricultural Project (“Jonestown”, Guyana)

    Jonestown was the informal name for the Peoples Temple Agricultural Project, an intentional community in northwestern Guyana formed by the Peoples Temple led by Jim Jones. It became internationally notorious when, on November 18, 1978, 918 people died in the settlement as well as in a nearby airstrip and in Georgetown, Guyana’s capital. The name of the settlement became synonymous with the incidents at those locations.

    ….
    In response to reactions of seeing the poison take effect on others, Jones counseled, “Die with a degree of dignity. Lay down your life with dignity; don’t lay down with tears and agony.” He also said, “I tell you, I don’t care how many screams you hear, I don’t care how many anguished cries…death is a million times preferable to ten more days of this life. If you knew what was ahead of you – if you knew what was ahead of you, you’d be glad to be stepping over tonight.”[131] Survivor Odell Rhodes stated that while the poison was squirted in some children’s mouths, there was no panic or emotional outburst and people looked like they were “in a trance”.[139] This statement was a contradiction of the crying and screaming children heard throughout the majority of the testimonial “death tape.”[131]

    • ဆူး

      May 22, 2012 at 9:56 am

      ဟောသည့်မှာ သဂျီးပေးတဲ့ မီလျှံဘစ်ဇနက် လူ၁သန်းတဲ့..

      kai says: (Edit)

      တကယ်သာရောက်တယ်ဆို.. မီလီယံဘစ်ဇနက်ပဲ..
      ယူအက်စ်ကတင်.. လူ ၁သန်းစာရင်းပေးဖို့.. အာမခံကြောင်း…

  • etone

    May 22, 2012 at 2:04 pm

    အခုမှ ဖတ်မိတယ် … အစ်မရေ … တမျိုးကြီးပဲနော် … ။
    ဒီလို ယုံတတ်တဲ့ လူတွေအများကြီးပါလား …. ။ သေတဲ့ လူပြန်တွေ ့ချင်တိုင်း တွေ့လို့ ရတယ်များမှတ်သလားဟယ် … ကြည့်ရတာ.. စိတ်ပိုင်းဆိုင်ရာ လှည့်စားမှုကြီးထင်ပါတယ် … ။ သေတဲ့လူပြန်တွေ ့တဲ့ဆိုတဲ့ .. အယူကြီးကိုက…ဟုတ်ကို မဟုတ်ဘူး … ။ အဲ့ဒါလည်း … နည်းနည်းဂေါက်တဲ့ လူတွေ ခံယူထားတာ ထင်ပါရဲ့ … ။

  • weiwei

    May 22, 2012 at 2:21 pm

    အဲလိုခရီးမျိုးကိုတော့ ကံစမ်းမဲပေးမယ်ဆိုတာတောင်မှ မလိုက်ဘူး …

  • kai

    May 22, 2012 at 3:50 pm

    ပြောရရင်… ကျုပ်က.. ငရဲရော..နတ်ပြည်ရော ရှိတယ်လို့ယုံကြည်တယ်..
    နေ(ကြယ်)နဲ့နီးတဲ့.. ဂြိုလ်ပေါ်က.. သတ္တဝါတွေကို.. လူနေရာကကြည့်ရင်.. ငရဲသားတွေဖြစ်ချင်ဖြစ်နေမှာပေါ့…
    ဒီအတိုင်းပဲ.. အာဗာတာထဲကလို..ပင်ဒိုရာ ဂြိုလ်မှာနေတဲ့နာဗီးတွေက.. လူနေရာကြည့်မယ်ဆိုရင်.. နတ်တွေလည်းဖြစ်နေနိုင်ပါတယ်..
    စင်္ကြာဝဌာအနန္တမှာ.. လူတွေနဲ့..လူဆင်တူသူတေါ.. မရေမတွက်နိုင်အောင်ရှိတယ်လို့ယုံကြည်ပါတယ်.။ သူတို့ကို.. လူ..နတ်..အသူရာ..ငရဲသား..တိရိစ္ဆာန် ကြိုက်တဲ့နာမယ်တတ်နိုင်ပါတယ်..။

    ကျုပ်မယုံတာက.. ဒီကမ္ဘာမြေက.. ပွဲစားတွေကို..
    ဘယ်လိုပွဲစားတွေလည်းဆိုတော့…

    ငရဲနဲ့နတ်ပြည်မရောက်ဖူးမသိဖူး..
    .. ခေတ်သိပ္ပံလည်းမလေ့လာဖူး..
    … အိုင်းစတိုင်းသီအိုရီ.. ပါမောက္ခဟောကင်းတွင်းနက်အကြောင်း..ကွမ်တမ်သီအိုရီ.. တလုံးတပါဒမှမသိ.. ရမ်းအုပ်မှန်းအုပ်နေတဲ့.. ပွဲစားတွေနဲ့..သူတို့ရဲ့စကားတွေကို.. မယုံကြည်ပါ..
    ယုံကြည်မှုအလွဲသုံးစားလုပ်သူများမို့.. ပိုလို့.. မယုံကြည်ပါ..
    သာသနာကို.. ငရဲနဲ့ခြောက်ဘုံနဲ့မြှောက်ပြီး.. စည်းရုံးနေသူများကို.. မယုံကြည်ပါ…

    ငရဲပြည်နဲ့..နတ်ပြည်ကြား.. ပွဲခယူ.. ပွဲညွှန့်စား.. ပွဲစားများကို.. မယုံကြည်ပါကြောင်း.. 😆

  • ဆူး

    May 22, 2012 at 5:08 pm

    ပွဲခ မပေးချင်ရင် ပွဲစားတဲ့ မချိတ်ဆက်နဲ့
    ယူအက်လို နေရာမျိုးမပြောနဲ့ ဒီတိုင်းပြည်မှာတောင် ပွဲစားဆိုတာ မဖြစ်မနေ လို ကို လိုအပ်တယ်။
    ကိုယ်မသိတဲ့ အရာ တခုကို မှန်မှန် ကန်ကန် ရဖို့ဆိုတာ.. ပွဲစား အကူအညီ တောင်းရမှာပဲ.. အဆင့်မြင့်လာတော့ ကိုယ်စားလှယ်.. ဒီထက်မြင့်လာတော့.. ဒီထက် မြင့်လာတော့..
    အိမ်ဆိုပါတော့.. ပွဲစားသာ မရှိခဲ့လျှင် တန်မှန်း မသိ မတန်မှန်း မသိ..
    အိမ်ရောင်းချင်တယ် ဆိုရင် ဘယ်လို လုပ်မလဲ အိမ်ရောင်းချင်တယ် ဝယ်ချင်တယ် ဆိုရင် ပွဲစားက လိုကို လိုတယ်။ ကိုယ့်ရဲ့ ကိုယ်ကျိုး အတွက် ဆက်ဆံရတာ.. သူတို့ကလည်း သူတို့ အလုပ် သူတို့ လုပ်တာ..

Leave a Reply