လူမိုက်လက္ခဏာ (4)ပါး

Phaung PhaungMay 18, 20121min17111

သီတဂူဆရာတော် အရှင်ဉာဏိဿရ
ဟောကြားတဲ့တရားတော်ပါ။
အထိမိဆုံး စာကြောင်းလေးတွေပဲရေးပြပါ့မယ်။
1။ နည်းမှားတွေကိုလုပ်တယ်
2။ သူတစ်ပါးကိုလည်း အဲဒီအမှားတွေကိုလုပ်ခိုင်းတယ်။
3။ အဲဒီနည်းအမှားကြီးကိုလည်း သိပ်တန်ဖိုးထားတယ်။
4။ မှားနေပြီလို့ပြောရင် ပြောတဲ့သူကိုရန်ရှာတယ်။

အရမ်းကိုရင်ထဲမှာထိသွားတာပဲ။မှန်လိုက်လေခြင်းလို့။ အဟီး ………. ဆရာတော်ကြီးကတော့
ရိုးရိုးတရားဟောပေမယ့်လို့ တရားနာပရိသတ်ကတော့ ကွက်ကွက်ကွင်းကွင်းကြီးကို
သဘောပေါက်သွားပါတယ်။

ဘာပဲဖြစ်ဖြစ် တို့တိုင်းပြည်အုပ်ချုပ်သူတွေ
လူမိုက်လက္ခဏာ(4)ပါးကို ရှောင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

တော်သေးပြီ…
မပိန်တဲ့ဖောင်းဖောင်း

11 comments

  • ဗိုက်ကလေး

    May 18, 2012 at 4:59 pm

    ကွင်းကွင်း ကွက်ကွက် ကို ခိုက်သွားပါတယ်
    ပုံ၊
    လူမိုက်ကြီး တဖြစ်လဲ
    မဖောင်းတဲ့
    ပိန်ပိန်

  • ဆူး

    May 18, 2012 at 5:09 pm

    ဖောင်းဖောင်းလည်း မပိန်ပဲ အမြဲဖောင်းနိုင်ပါစေ (ကုသိုလ်တွေနဲ့)

  • ဖောင်းဖောင်းရေ————
    ဒီစာသားလေးတွေက ဆရာတော်ရဲ ့၂၀၀ရခုနှစ်မှာ ထွက်တဲ့ “လူမိုက်တို ့သွားရာလမ်း”
    တရားခွေကပါ။ဟုတ်တယ်နော်။ပြန်သတိရသွားတယ်လေ။

  • Gipsy

    May 18, 2012 at 7:51 pm

    လိုရင်း တိုရှင်း ကောင်းပါလေ့ဗျား…၊
    အဲဒီ ( ၄) ချက် ဆုပ်ကိုင်ထားသူတွေ ကို ဖေါင်းကနဲ ဖေါင်းကနဲ ကိုင်ရိုက်လိုက်သလိုပါပဲ….၊

  • Shwe Tike Soe

    May 18, 2012 at 7:58 pm

    ဆရာတော်က တကယ်ကို ထိထိမိမိနဲ. ဟောနိုင်ပြောနိုင် တာကတော့ သေချာတယ် ဖောင်းဖောင်းရေ.
    လူငယ်တွေ လဲ နားလည်အောင် တရားပြပေးနိုင်တဲ့ ဆရာတော်တစ်ပါးပါ…
    တကယ် ထိမိတဲ့ အချက်လေးပါပဲ… မှတ်သားနာယူသွားပါတယ်ဗျာ..

  • ဦးဦးပါလေရာ

    May 18, 2012 at 8:37 pm

    သံဃအရေးအခင်းပြီးစဆိုတော့ ဆရာတော်ဘုရားလဲ မနေနိုင်ဘူးပေါ့..။ အဲဒီခွေလေး သိမ်းထားတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 18, 2012 at 9:33 pm

    သတ္တဝါတွေ ကျမ္မာဘာဇေ ချမ်းသာဘာဇေ
    ထုံးစံအတိုင်းပါ 😀 ဘူနဲ့မှ မတူအောင်
    အဲ့တာ ဆရာတော်ကြီး ဗိုလ်ချုပ်ကြီးတွေကို စောင်းပြောတာ အာပတ်သင့်နိုင်တယ်
    ခင်ဗျားတို့က ကြံရာပါဒေ 👿
    ကျုပ်ကတော့ ဗိုလ်ချုပ်ကြီးတွေကို ပယ်ဒယ်
    ဆရာတော်ကြီးကိုလည်းပယ်တယ် ဆရာတော်ကြီးဟောတဲ့တရားရဲ့ သဘောကိုယူတယ် ဆောင်တယ်
    ဒီအတွက်
    မြှောက်ထိုးပင့်ကော် ခင်ဗျားတို့ကိုလည်း
    ပယ်ဒယ်
    ကိန်ကိန်ကိန်ကိန်

  • ညလေး

    May 18, 2012 at 9:48 pm

    ဪငါလဲ…….အဲဒီ.အမိုက်လက်ခဏာနဲ……….
    ကင်းကင်းလင်းလင်းရောရှိရဲ.လား…….

  • kyeemite

    May 19, 2012 at 10:11 am

    ဖောင်းဖောင်းရေ …တကယ် ထိမိတဲ့ အချက်လေးပါပဲ..
    ကောင်းပါလေ့…ကောင်းပါလေ့…ကောင်းပါလေ့…

  • Khaing Khaing

    May 19, 2012 at 10:28 am

    ဖောင်းဖောင်းရေ …… သိတာလေးကို ထပ်ပြီး ရှယ်ပေးလိုက်မယ်နော် ……..
    “ သဘောထားသေးသိမ်သူများသည် သူတစ်ပါးအပြစ်ကိုသာ မြင်တတ်သည် ….
    သဘောထားကြီးသောသူသည်ကား မိမိအပြစ်ကိုသာမြင်သည် ….
    သဘောထားပြည့်ဝသူသည်ကား မည်သူ့ကိုမျှ အပြစ်မမြင်တော့ပါ ….”
    ကွန်ဖြူးရှပ်

    ဒီစာသားလေးရဲ့ နောက်ဆုံးစာကြောင်းလေးကို အရမ်းသဘောကျမိတယ် …..

  • char too lan

    May 19, 2012 at 11:52 am

    ကြားဖူးတာက…….
    နဲနဲသိတဲ့လူက သူတပါးကိုအပစ်တင်တယ်
    များများသိတဲ့လူက ကိုယ့်ကိုယ်ကိုအပစ်တင်တယ်
    အားလုံးသိတဲ့လူက မည်သူကိုမှအပစ်မတင်တော့ ပါ…. ဒဲ့ 😀
    ကူးယူသွားတယ် ဖောင်းရေ….

Leave a Reply