ဖခင်ဖြစ်လိုသူများသတိ

ဖခင် ဖြစ်လိုသူများ အင်တာနက် သုံးရင် သတိထား

ဖခင် ဖြစ်လိုသူများ အင်တာနက် သုံးရင် သတိထားအာဂျင်တီးနား သိပံ္ပပညာရှင် များဟာ ကျန်းမာတဲ့ အမျိုးသား ၂၉ ဦးရဲ့ သုက်ရည် နမူနာ များကို Wi-Fi ဖြင့် အင်တာနက် ချိတ်ဆက် ထားတဲ့ လက်ပ်တော့ ကွန်ပျူတာ တင်ထားတဲ့ စားပွဲအောက်မှာ ထားခဲ့ပါတယ်။

၄- နာရီ ကြာပြီးတဲ့ နောက်မှာ အဲဒီနမူနာ များထဲမှာပါဝင်တဲ့ သုက်ပိုး ကောင်ရေ ရဲ့ ၂၅ ရာခိုင်နှုန်းဟာ လှုပ်ရှားကူး ခတ်မှုမရှိတော့တာကို တွေ့ရ ပါတယ်။ တစ်ချိန်တည်းမှာပဲ တူညီတဲ့အပူချိန် အောက်မှာ Wi-Fi နဲ့ အင်တာနက် ချိတ်ဆက်ထားတဲ့ လက်ပ်တော့ရဲ့ အနီးမှာမဟုတ်ဘဲ အခန်းထဲမှာထားတဲ့ သုက်ရည်နမူနာများထဲမှာတော့ ၄ နာရီကြာတဲ့အခါ သုက်ပိုးကောင်ရေ ၁၄ ရာခိုင်နှုန်းသာ မလှုပ်ရှားနိုင် ကြောင်းတွေ့ရတယ်။

ဒါ့အပြင် သုက် ပိုးတွေရဲ့ ၉ ရာခိုင်နှုန်းမှာ DNA ပျက်စီးမှုတွေ့ရပြီး Wi-Fi အင်တာနက် အနီးမှာ မထားတဲ့နမူနာသုက်ပိုးတွေ ထက်စာရင် ၃-ဆများပါတယ်။ အကြောင်းရင်းကတော့ ဝိုင်ယာလက်စ် ချိတ်ဆက်မှု ပြုနေစဉ်မှာ ထွက်ရှိလာတဲ့ လျှပ်စစ်သံလိုက် ထုတ်လွှတ်မှု Electromagnetic Radiation ကြောင့် ဖြစ်ပါတယ်။

ရရှိတဲ့ အချက် အလက်တွေအရ အင်တာနက်နှင့် ကြိုးမဲ့ချိတ်ဆက် ထားတဲ့ ကွန်ပျူတာ အနီးမှာ အမျိုးသားရဲ့ မျိုးပွားမှုဆိုင်ရာ အင်္ဂါများ ရောက်ရှိနေခဲ့ရင် သုက်ပိုးရဲ့ အရည်အသွေးကို ကျဆင်းစေကြောင်း တွေ့ရပါတယ်။ အင်တာနက်နဲ့ ကြိုးမဲ့ ချိတ်ဆက်မှုပြုမထားတဲ့ ရိုးရိုးလက်ပ် တော့ကတော့ လျှပ်စစ် သံလိုက်လှိုင်း တွေ ထုတ်လွှတ်မှုရှိပေမယ့် ထိခိုက် မှုမရှိတဲ့ပမာဏသာ ဖြစ်ပါတယ်။

16 comments

  • ရွာစားကျော်

    May 18, 2012 at 8:13 pm

    တော်သေးတယ်
    သားတစ်ယောက် မွေးထားပြီးသားဖြစ်နေလို့
    သိပ်စိတ်မပူရတော့ဘူး.. ဟူး..

  • Khin Latt

    May 18, 2012 at 8:38 pm

    ကျောင်းမှာ ကလေးတွေ အတွက်တော့ ဒီလို သတိပေးကြတယ်။

    However, schools, parents and staff are often unaware of the enormous number of scientific studies now published which suggest that mobile and wireless technologies which emit microwave radiation may pose a health risk, especially to children. The science is published in scientific journals, often only available to subscribers. The concerns of scientists and scientific studies are not always communicated to the public. Thus schools rely upon the statements about the use of wireless technologies in schools made by the UK Health Protection Agency.

    တစ်ချို့ က ဒီလို ပြန်ပြောတယ်။

    The Nature of Wi-Fi Wireless Radiation
    Is Wi-Fi internet a health hazard?
    wi-fi.orgWiFi access points (hotspots) and wireless routers operate in 2.4 GHz or 5 GHz radio wave frequency. This electromagnetic radiation is non-ionizing (unlike X-rays, for example) and is considered harmless. According to World Health Organization, exposure to WiFi and mobile phone radiation below international guideline limits does not result in any adverse health effects.

    WiFi networks basically use the same frequency as microwave ovens (~2.4 GHz), although with a much lower output power. While a typical microwave will output about 800W, a basic wireless home router only uses up to 100 mW (20 dBm) – and that’s the power level at the transmitter antenna itself (if you stand just 1 meter away, the exposure will be much smaller).

    Still, some people claim they get headaches and feel physically ill when around Wi-Fi equipment. There’s even a term called EMF sensitivity for people who can “feel” electromagnetic fields and waves. The medical and scientific community doesn’t seem to consider this a real medical condition, however.

    ဆိုတော့ အလယ်အလတ် လမ်းစဉ်လိုက်ကြတာပေါ့။ 😀

  • ကိုရင်မောင်

    May 18, 2012 at 9:48 pm

    ကျနော်တို့ကတော့ ဖုန်ကြိုးလိုင်းကနေသုံးနေလို့
    အန္တာရယ်ကင်းမယ်ထင်ပါတယ်…..
    ခုလိုသတိပေးတာကျေးဇူးတင်ပါတယ်။။

  • the best

    May 18, 2012 at 10:03 pm

    ကျွန်တော်ဆီ ရောက်လာတဲ့ သတိထားစရာကောင်းတဲ့ စာလေးကိုမျှဝေပေးလိုက်ပါတယ်။
    ပုံတော့မတင်ဘူးလို ့တင်တော့ဘူး။စာထဲမှာလဲရှင်းနေတာမို ့ပါ။

    အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေးတစ်ခုကို ပြောဖို့လိုပါတယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
    ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေဆက်ဖြစ်သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

    ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါမယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစပြုလာပါပြီ ။
    ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ်ဆိုရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

    ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံလှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရိုတိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေဖြစ်နိုင်ပါသလဲ ။

    အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဉာဏ်ပိုင်းဆိုရင်ရာ စနစ်တွေဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံလှိုုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန်ကို လျော့ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင်ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

  • kai

    May 19, 2012 at 3:58 am

    ကြက်ဥသတင်းက.. မှားယွင်းတဲ့သတင်းလို့ ဖေါ်ပြထားပါတယ်..
    အာရွှီးပေါ့..
    http://urbanlegends.about.com/library/bl_cook_egg_cell_phones.htm

    How to Cook an Egg with Your Cell Phone
    Netlore Archive: Forwarded emails offer ‘scientific proof’ that you can cook an egg by positioning it between two cell phones and placing a call.

    Description: Forwarded article
    Circulating since: May 2006
    Status: False

    Example:
    Email contributed by Nicole T., July 7, 2006:

    How Two Russian Journalists Cooked an Egg with their Mobile Phones

    How Two Russian Journalists Cooked an Egg with their Mobile Phones

    Vladimir Lagovski and Andrei Moiseynko from Komsomolskaya Pravda Newspaper in Moscow decided to learn first-hand how harmful cell phones are. There is no magic in cooking with your cell phone. The secret is in the radio waves that the cell phone radiates.

    The journalists created a simple microwave structure as shown in the picture. They called from one cell phone to the other and left both phones on talking mode. They placed a tape recorder next to phones to imitate sounds of speaking so the phones would stay on.

    There is no magic in cooking with your cell phone. The secret is in the radio waves that the cell phone radiates.

    After, 15 minutes: The egg became slightly warm.

    25 minutes: The egg became very warm.

    40 minutes: The egg became very hot.

    65 minutes: The egg was cooked. (As you can see.)

    65 minutes: The egg was cooked. (As you can see.)

    (Photos attributed to Anatoly Zhdanov, Komsomolskaya Pravda)

  • kai

    May 19, 2012 at 4:02 am

    WiFi Sperm သတင်းကတော့ မှန်ပုံရပါကြောင်း..

    WiFi signals kill sperm according to scientists
    Shane McGlaun, Nov 30th 2011 Discuss [6]

    If you want to have kids guys you had better keep that laptop off your nads according to some scientists from Argentina. According to these scientists if you put a laptop in your lap you run the risk of decreasing your sperm count and that might make it hard to reproduce. Before any of you get any ideas, I don’t think strapping a couple netbooks to your legs with WiFi running wide open will prevent pregnancy.

    The researchers found 29 volunteers that worked hard to make the study come to fruition. The testing involved getting sperm samples from the 29 participants and then placing a drop of the sample on a dish under a laptop running WiFi. The little buggers were left to swim under the WiFi signals for four hours while a control group of samples was left at the same temperature away from WiFi.

    After the time was up the samples were then placed under a microscope to determine motility. Of the WiFi exposed samples, 25% were found to be not swimming after four hours. In the control group, only 14% of the sperm were no longer swimming. The researchers blame the electromagnetic radiation generated by WiFi for the decreased sperm motility.

    [via Reuters]

  • မှော်ဆရာ

    May 19, 2012 at 7:38 am

    Wifi Rourter ကြီး ဖင်ခုထိုင်နေရတဲ့ ကမှော့်လို ဆိုင်သမားများ ဘယ်နှယ့်လုပ်ရပါ့မလဲ
    ဝိုင်ဖိုင်ကို ရှောင်ပါဆိုပေမယ့် အဲဒါကြီးကိုပဲ လိုင်းမကောင်း ကောင်းအောင် လုပ်နေရတယ်
    ဒါပေမယ့် သိပ်ပူစရာ ရှိမယ်မထင် …
    မှော်သားသားရေ လာဟေ့ … KTV သွားရအောင်..

  • windtalker

    May 19, 2012 at 9:39 am

    မတူတဲ့အတွေးနဲ့ မန့်ရင်
    ခလေးရပြီး ထပ်မလိုချင်တော့တဲ့သူတွေနဲ့
    ခလေးလုံးဝမလိုချင်တဲ့ သူတွေအတွက်တော့ နည်းပညာအသစ်ပေါ့။

  • water-melon

    May 19, 2012 at 11:43 am

    ဒါဆို အနော်တို့က ကွိပြီပေါ့
    နေ့တိုင်း wi fi နဲ့သုံးနေတာဆိုတော့
    ဆင်ခြင်အုန်းမှ
    မရလို့မဖြစ်ဘူး

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 19, 2012 at 11:49 am

    အင် … တစ်ကယ်လား … အနော်က server room မှာဆိုတော့ router တွေနားနေရတာ … မိန်းမတောင်ယူရသေးဘူး … 😛 …. သွားပါပြီ ….

  • Gipsy

    May 19, 2012 at 7:38 pm

    အဟီး တော်သေးဒယ်… ပြီးပြည့်စုံသွားလို့ …
    ထပ်၍ နောက်တဖန် မလိုတော့ပါ …
    လူငယ်လူရွယ်လူလတ် တို့ အတွက် သတင်းကောင်းပါ ( ရှောင်ရှားရန်) …

  • ကြောင်လေး

    May 19, 2012 at 10:54 pm

    မောင်ဖရဲနဲ့ မောင်ဟိန်းဝင်းတို့
    ကပ်ပယ်အိတ်ကို သတ္တုပြားကာထားတဲ့ အန်ဒါဝယ်ရာတွေရှာဖွေပြီးဝတ်သင့်တယ်။
    သဂျီးတို့တိုင်းပြည်မှာ အဲဒါမျိုးတွေ မထုတ်လုပ်သေးဘူး လားလို့ မေးကြည့်ပါလား။

  • ကြောင်ကြီး

    May 19, 2012 at 11:18 pm

    ကွန်ပူတာလော့သိဝူး.. ဆဲလ်ဖုံးဂို ဘောင်းဘီအိပ်ကပ်ထဲထည့်ပီး ဗိုင်ဘရိတ်လုပ်ထားတုန်း ဖုံးမြည်ရင် ညီလေးခမျာ တုန်တက်သွားဒါဘဲ…။

  • sealion

    May 24, 2012 at 12:23 pm

    ဟုတ်ရဲ ့လားဗျာ ကျွန်တော် အမြဲ လက်ပ်တော့ ကိုပေါင်ပေါ်တင်ပြီး ဆိုဖာပေါ်မှထိုင် တီဗီ ကြည့်ရင်းသုံးတာ ခုဆို ၅ နှစ်လောက်ရှိသွားပြီဗျာ အော်မေ ့လို ့ သမီးလေး မွေးထားတာမကြာသေးဘူးဗျာ ၅ ပတ်လောက်ပဲရှိသေးတယ် အကိုတော်တို ့ညီတော်တို ့ အားမလျော ့ကြပါန ဲ့ အချိန်တန်ရင် နပိန်ကန်ပါလိမ့်မယ် Enjoy your life bros!

Leave a Reply