မြွေမကြောက် -ကင်းမကြောက်

naywoon niMay 18, 20121min24412

တိုင်းပြည်နဲ့ အဝှမ်း ပြုပြင်ပြောင်းလဲမှုဆိုတဲ့ စကားသံတွေ ညံနေတဲ့ အချိန်မှာ နေပြည်တော်ခရိုင်ထဲမှာပါနေတဲ့ တပ်ကုန်းမြို့က အ-ထ-က (၁) ကတော့ လုံးဝ အချိုးမပြောင်းသေးပါ…။ ကျောင်းဖွင့်ဖို့တစ်လအလိုမှာ ကျောင်းပြောင်းလက်မှတ်လာတောင်းနေသူတွေဆီက အလှူငွေ ဆိုပြီး ရသမျှ ရိုက်ခွာနေပါတယ်….။ ကျောင်းပြောင်းလက်မှတ်က ဘာအတွက်လာတောင်းတာလဲ ….။ ရိုးရိုးကျောင်းပြောင်းမှာလား…။ ဘော်ဒါထားမှာလားလို့ မေးပြီး ဘော်ဒါ သွားထားမှာဆိုရင် အလှူငွေ တစ်သောင်းခွ ဲ သွင်းခဲ့ပါလို့ ပြောတယ်…။ မိဘက အလုပ်ပြောင်းရလို့ ဒါမှမဟုတ် ကျောင်းထားပေးနိုင်တဲ့ တစ်ယောက်ယောက်ဆီကို ပြောင်းတာ ဒီကျောင်းကပြောင်းပြီး အခြားအစိုးရကျောင်းကိုပဲ ပြန်အပ်မှာ ဆိုရင်တော့ ငါးထောင်တောင်းနေပါတယ်…။ မနေ့က ကိုးတန်းကျောင်းသားတစ်ယောက် အတွက် ကျောင်းပြောင်းလက်မှတ်သွားယူခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးက ပြန်ပြောခဲ့တာပါ….။ ဒါနဲ့ မသေချာလို့ အဲဒိ ကျောင်းက စာရေးမကို မေးကြည့်တော့လည်း ဟုတ်မှန်ကြောင်းပြောပါတယ်…။ အလှူငွေ မခံပဲ ဘာနဲ့ သွားပြီးရပ်တည်ရမလဲလို့ တောင်ပြန်မေးနေပါသေးတယ်…။ သူတို့က သ်ိန်း သုံးလေးဆယ် အကုန်ခံပြီးဘော်ဒါသွားထားမှာ…။ ဒီအတန်းထိရောက်အောင်သင်ပေးခဲ့တဲ့ ကျောင်းကို ပိုက်ဆံလေး တစ်သောင်းခွဲလောက်တောင် မသထာတော့ဘူးလားလို့ ပြန်ပြောတာနာခံလိုက်ရတဲ့ အခါ…………………. မိတ်ဆွေ တို့ကော ဒီကိစ္စနဲ့ ပါတ်သက်လို့ ဘာများပြောချင်ပါသေးသလဲ….။ နေဝန်းနီကတော့ အော် သူတို့ တစ်တွေ ခုချိန်ထိ မြွေမကြောက် -ကင်းမေကြာက်ရှိပါသေးလားလို့ တွေးမိယုံမှတစ်ပါး………………
အော်မေ့တောမလို့ ယင်း ကျောင်းမှာ ကျောင်းသားအဝင် ကိုလည်း ငွေကြေး အလှူငွေ အမြင့်ဆုံး သွင်းနိုင်မှ လက်ခံတဲ့ကျောင်းဖြစ်ပါတယ်…။ ဥပမာ ရပ်ကွက်ကျောင်း ကျေးရွာကျောင်းက မူလတန်းအောင်လို့ ငါးတန်းတက်ဖို့ လာအပ်တဲ့ ကလေးတွေထဲက ငွေကြေးတတ်နိုင်သူတွေသာ ဒီ အ-ထ-က (၁) မှာ ပညာသင်ခွင့်ရကြပါတယ်…။ နို့ မဟုတ်လို့ကတော့ အခြား အလယ်တန်းကျောင်းတစ်ကျောင်းမှာ ဖြစ်ဖြစ် အခြားအထက်တန်းကျောင်းမှာဖြစ်ဖြစ် သွားရောက် တက်ကြရပါတယ်…။ တစ်ဆက်ထဲ ဆက်ဖွရရင်တော့ ကြိုးဖုန်းလျှောက်လွှာ ကျရင် အဲဒိ ကျောင်းကိုအလှူငွေ တစ်သိန်း သွင်းရတယ်လို့ ဆိုပါတယ်….။
နေဝန်းနီ

12 comments

  • windtalker

    May 18, 2012 at 8:46 pm

    အော် ၊ အူးလေး စိတ်မပူပါနဲ ့တော့ ၊ အခု သမ္မတကြီးရဲ ့ထပ်ပြောလိုက်တဲ့ မိန် ့ခွန်းထဲမှာ ၊ အပြောင်းအလဲ ကို မလိုက်တဲ့သူတွေ ကို ကန်ထုတ်မယ့် သဘောရှိနေပြီ ။ အခုလို လိပ်စာ နဲ ့အကြောင်းအရာ တိတိကျကျ ပြလိုက်ပြီဆိုတော့ ၊ အဲ့ကျောင်းကလူတွေ အနှေးနဲ ့အမြန်ပါဘဲ ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 18, 2012 at 9:49 pm

      အဲ့လို တုံးတိတိကြီးမလုပ်သင့်သေးပါဘူး ( အထင် )
      ဆြာ ။ ဆြာ မတွေဆိုတာ ( ဝန်ထမ်းတွေ အတော်တော်များများပေါ့ )
      ရတဲ့လခက အပီပြင်ရှိသေးတာမဟုတ်တဲ့သဘောမှာရှိသေးတဲ့အတွက်
      ဒီလိုလုပ်ပါလားလူဂျီးမင်းတို့ရယ်
      များတယ်ထင်ရင် နည်းနည်းဈေးစစ်ပြီးလုပ်ကြနှင့်ပါအုန်း
      လခနှင့် အထွေထွေ စရိတ်တွက် လုပ်ပါစေ ( ညှိပေးဒါ 😀 )
      မဟုတ်လို့ကတော့ ဒီမိုကရေစီဆိုတိုင်း အပီလုပ်ချလိုက်ရင်
      စပ်ကူးမတ်ကူးမှာ ကျောင်းဆြာ ၊ ဆြာမတွေ ဂွကျသွားနိုင်ဒယ်
      သူများနဲ့မတူအောင် ပြောကြည့်တာပါ
      ဒီလိုအချိန်ကျ တယ်အဆင်ပြေသဗျ ကလေးကျောင်းအပ်ဘို့ ခေါင်းမစားဘူး
      မိုးအေးအေး ညလေးဆိုရင်တော့ အဆင်တယ်မပြောဘူးဗျာ
      ဂလု
      ဂလု

  • ညလေး

    May 18, 2012 at 9:45 pm

    “ဒီအတန်းထိရောက်အောင်သင်ပေးခဲ့တဲ့ ကျောင်းကို ပိုက်ဆံလေး တစ်သောင်းခွဲလောက်တောင် မသထာတော့ဘူးလား”ဆိုးလိုက်တဲ့အာပေါက်……….

  • ဆရာနေဝန်းနီရေ. ကြိုးဖုန်းနဲ ့ကျောင်း၊ကြိုးဖုန်းနဲ ့ဆက်သွယ်ရေး. ဟိုက်
    တစ်ခု မဟုတ် ဘယ်နှစ်ခုလောက်များလွဲနေပီလဲ။အဲဒီ ကျောင်းအုပ်က ဘယ်က
    ကောင်များပါလိမ့်ဗျ။

  • Khin Latt

    May 19, 2012 at 2:39 am

    “အလှူငွေ မခံပဲ ဘာနဲ့ သွားပြီးရပ်တည်ရမလဲ” ဆိုတဲ့ စကား ကို မြန်မာပြည်မှာ လုပ်ငန်းလာလုပ်တဲ့ နိုင်ငံခြားသား တစ်ယောက်ရဲ့ မြန်မာပြည်မှာ စီးပွါးရေးလုပ်ရပုံ အဆင်မပြေပုံ အကြောင်း ဆောင်းပါး မှာ ဖတ်လိုက်ရပါတယ်။
    ဌာနဆိုင်ရာတွေ ကိုမှ မပေးကမ်းရင် အဆင်မပြေဘူး။
    သူတို့ဌာန တွေကို “အလှူငွေ” ထည့်မှ လုပ်ပေးနိုင်တယ်ဆိုဘဲ။ ဒီအတိုင်း မရပ်တည် နိုင်လို့တဲ့။
    လေသံတူ တွေဖြစ်နေတယ်။

  • kyeemite

    May 19, 2012 at 3:41 am

    ပုပ်မလေး..ကိစ္စရပ်သင့်ကြပါပြီ…

  • ဗိုက်ကလေး

    May 19, 2012 at 10:16 am

    ကျောင်းအုပ်(ကျောင်းထဲကငွေတွေကို အုပ်နေတဲ့လူ)နာမည် ဘယ်လိုခေါ်ပါသလဲ
    စာရေးမ ( စာရေးရင်း အထဲကဟာတွေမ.မ. နေတဲ့လူ) နာမည် ဘယ်လိုခေါ်ပါသလဲ
    ဘယ်နေ ့ကရိတ်သွားတာလဲ၊မျက်မြင်သက်သေ ရှိပါကလား.
    အတောင်းခံလိုက်ရတဲ့ ကျောင်းသား၊သူ ့မိဘ ၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်၊လူမျိုး၊ကိုးကွယ်တဲ့ဘာသာ၊ရပ်ကွက်ထောက်ခံစာ၊
    ရဲစခန်းထောက်ခံစာ၊အပြည့်အစုံယူခဲ့၍ သမဒရူး အူးဗိုက်ကလေးထံသို ့ လျှောက်လွှာတင် တိုင်ကြားလော့
    အမူးပြေတဲ့အချိန် အရေးယူပါမည်။

    အတည်ပြောရရင်တော့ မြွေမကြောက် ကင်းမကြောက် ဦးဝါးကြီး ဒေါ်ဝါးကြီးတွေကို ရှားသထက် ရှားသွားအောင် အရေးယူကြပါ..

    ဒီအဖြစ်ကြည့်ပြီး….
    ကျုပ်ငယ်ငယ်ကတက်ခဲ့တဲ့ ကျောင်းက ကျောင်းအုပ်ကြီး သွားသတိရမိတယ်.
    ကျောင်းအုပ်က အပျိုကြီး(အခုအဖွားကြီးဖြစ်)
    ရေမတတ်နိုင်တဲ့ ငမွဲဗိုက်ကလေးကို အဝတ်အစား၊စာအုပ်၊မုန် ့ဖိုး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတယ်
    မဖြည့်ဆည်းလို ့ကလဲ မရ.
    ဗိုက်ကလေးကြောင့် ဒီကျောင်းက ဂုဏ်တက်ခဲ့တာကိုး…ပြီးတော့.
    ဗိုက်ကလေးဆီက နွှာစရာဆိုလို ့ဝဲခြောက်ပဲရှိတယ် 😆

    ကျေးဇူးရှင်ကြီးအား တမ်းတလျက်..
    ၄စားစွာဖြင့်
    တဘဲ့ကျော် အူးဗိုက်

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 19, 2012 at 6:20 pm

      မတူသောအတွေးနဲ့ပြေရရင်တော့
      သူများကြတော့ စိတ်ကောင်းခိုင်းပြီး
      ကိုယ်လည်းနည်းနည်းစိတ်ကောင်းဘို့ဘာ သမ်မဒဂျီးခည
      ( ကြောခြင်လို့ကြောတာဟုတ်ဝူး ဒဂျီး..ဒဂျီးးး )

  • ster

    May 19, 2012 at 11:38 am

    ကြိုးဖုန်းလျှောက်လွှာကျရင် တသိန်းလျှူရတယ်ဆိုတာ ဘာကိုပြောတာလဲခင်ဗျ။ ကျောင်းနဲ.ဘယ်လို ပတ်သက်နေတာလဲ…..

  • sugar sugar

    May 19, 2012 at 3:44 pm

    ဒီမန္တလေး ကကျောင်းကတော့ တစ်မျိုး
    အလှူမခံ ရတော့ ကျောင်းဝတ်စုံရောင်းတယ်
    စုံညီ ပွဲမှာ အက အတွက် ဝတ်စုံဖိုးနဲ့မိတ်ကပ်ဖိုးတဲ့
    နောက်ပြီး သူငယ်တန်းများဆုရရန် မိဘပိုက်ဆံရှိရန်လိုအပ်ပါသည်တဲ့
    ဆုတစ်ဆု နှစ်သောင်းဆိုလားပဲ
    ကျောင်းဖွင့် လို့အတန်းပို်င်ရဲ့ အခန်းကျဉ်း ထဲ ကျူရှင်ဆိုတာလည်းတက်ရပါရဲ့
    ကျူရှင် မတက်ရင် ဆရာမက ရိုက်လို့ငိုတဲ့ ကလေးတွေ အများပဲ
    ကျူရှင်လခ တစ်လ တစ်သောင်း
    တစ်ပတ်မှာ ငါးရက်သင်မယ်
    အစည်းဝေးလုပ်တဲ့ရက်ဆို ပိတ်တော့ တစ်ပတ်နှစ်ရက်ဖွင့်တာပေါ့
    ကျောင်းဖွင့်မှာတောင်ကြောက်လှပါရဲ့နော်

  • kotun winlatt

    May 19, 2012 at 6:52 pm

    ဪ…နေမြဲ..စားမြဲ…ခိုးမြဲ…
    ဟီးးးးးးးးးးးးး
    ဒီအကျင့်တွေပြင်ကြ….
    ပြင်ကြ..ပြုပြင်ကြဟေ့……

  • Gipsy

    May 19, 2012 at 7:22 pm

    စားမြဲ ခိုးမြဲ လုပ်တတ်သူများ မန်းဂေဇက် နှင့်တွေ့မည်… သတိပြု ရှောင်ရှားကြလော့ …

Leave a Reply