“ဘုရင်တစ်ပါး၏ချစ်ခြင်းတရား” အပိုင်း(၁၀)

SonnyMay 18, 20122min11011

10

The Wedding

အခန်း (၁၀)

လက်ထပ်မင်္ဂလာပွဲ

         The next morning Edward telephoned Wallis from Boulugne.

နောက်တစ်နေ့ မနက် အက်ဒဝပ် က ဘိုလန့်ကနေ ဝေါလစ်ဆီကို ဖုံးခေါ်ပါတယ်။

“Did you listen to me on the radio?” he asked.

“မင်းငါပြောတဲ့စကားတွေကို ရေဒီယိုမှာနားထောင်လိုုက်သေးလား”လို့ အက်ဒဝပ်က မေးလိုက်ပါတယ်။

“Yes, of course,” she said.

“နားထောင်တာပေါ့ရှင်”

“And how did you feel?”

“မင်းဘယ်လိုခံစားရသလဲ”

I was sitting in my room alone,” Wallis said. “And when I listened to your words,
I felt so sad. I put my hands over my eyes and I just cried. I couldn’t stop myself.
You have left everything for me. But I love you so much, Edward, and with me,
you’ll be the happiest man in the world.”

“ကျမ အခန်းထဲမှာ တစ်ယောက်တည်းထိုင်နေတုန်း..ကျမရှင့် စကားတွေကို ကြားရတဲ့အခါမှာ အရမ်း စိတ်မကောင်းဖြစ်မိတယ်။ ကျမ မျက်လုံးတွေကို လက်နဲ့အုပ်ပြီး ငိုတော့တာပါပဲ။ မျက်ရည်တွေကို ထိမ်းလို့မရနိုင်အောင်ပါပဲရှင်။ ရှင် ကျမအတွက်အရာရာ ကို စွန့်ခဲ့ပြီနော်။ အက်ဒဝပ် ရယ်။  ဒါပေမဲ့ ကျမ ရှင့်ကိုအရမ်း မေတ္တာရှိပါတယ်။ ကျမနဲ့သာဆိုရင် ရှင် ဟောဒီကမ္ဘာပေါ်မှာ ကျမနဲ့သာဆိုရင်
စိတ်အချမ်းသာဆုံး လူ ဖြစ်ရမှာပါရှင်.”

“I am that already,” he replied. “You are all that matters in my life.”

အက်ဒဝပ် က “ ကိုယ် စိတ်အချမ်းသားဆုံးလူ ဖြစ်နေပါပြီ။ မင်းဟာကိုယ့်ဘဝအတွက်
အရေး ကြီးဆုံးလူပါပဲ။”

Edward married Wallis Simpson six months later, on 3rd June 1937.
None of the Royal Family came to the wedding. Edward was forty-three.
Wallis was forty-one. And they now took a new name—the Duke and Duchess of Windsor.

အက်ဒဝပ် က ဝေါလစ်ဆင်မဆင် ကို နောက်ခြောက်လ နေတော့ လက်ထပ်လိုက်ပါတယ်။ တစ်ထောင်ကိုးရာသုံးဆယ့်ခွန်နှစ် ဇွန်လ သုံး ရက်နေ့ပေါ့။

A few weeks later Edward wrote to his brother King George.

“I was surprised that you didn’t come to the wedding,” he wrote.
“But this Wallis is now my wife and nothing can change that.
As you know, we have a house in Paris. But France is not my home,
and I want to live again at Windsor with Wallis by my side.”

သီတင်းပတ်အနည်းငယ်နေတော့ အက်ဒဝပ် က သူ့ညီတော် ဘုရင် ကြီး ဂျော့(ချ) ဆီကို
စာရေးလိုက်ပါတယ်။

“ညီတော် မင်္ဂလာ အခန်းအနားကို မလာရောက်တာ အတော့်ကို အံဩမိ ဖြစ်ရပါတယ်။
သို့ပေမဲ့ ဝေါလစ် က ကိုယ့်ရဲ့ ဇနီး ဖြစ်သွားပြီလေ၊ ဘာမှာ ပြောင်းလဲလို့မရတော့ဘူး။ ညီတော်သိတဲ့အတိုင်းပါပဲ..ကိုယ်တို့မှာ ပဲရစ် မှာ အိမ်တစ်လုံးရှိပါတယ်။ ဒါပေမဲ့ ပြင်သစ် နိုင်ငံ ဟာ
ကိုယ့်ရဲ့ မွေးရပ်မှ မဟုတ်တာပဲ။ ကိုယ် ဝင်ဆာ ရဲတိုက် ကြီးမှာ ပဲ ကိုယ့်ဘေးနားမှာ ဝေါလစ်နဲ့ အတူ လာနေချင်ပါတယ်..”

“I am sorry, Edward,” King George wrote back. “But you know how I feel about
that woman. I do not like her. I will never like her.You can live here, but Wallis cannot.”

ဘုရင် ကြီး ဂျော့(ချ) ကပြန်စာရေးလိုက်ပါတယ်။

“စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်ညီတော်အက်ဒဝပ်ရေ…သို့ပေမဲ့..နောင်တော်သိတဲ့အတိုင်းပါပဲ.
.ညီတော်ဒီမိန်းမကို မနှစ်ခြိုက်ပါဘူး။ နောင်ဘယ်တော့မှလည်း နှစ်ခြိုက်မှာ မဟုတ်ပါဘူး။ နောင်တော်တော့လာနေလို့ရပါတယ်..ဝေါလစ် တောနေလို့မဖြစ်နိုင်ပါဘူး”

“My brother,” Edward said later, “pushed me away like a dog. I will never forget
what he did. And after that I decided that I didn’t want my family. They didn’t
want Wallis, and so I didn’t want them.”

နောင်…အက်ဒဝပ်ပြန်ပြောပြချက်အရတော့..“ငါ့ညီတော်က ငါ့ကို ခွေးတစ်ကောင်းလို မောင်းထုတ်လိုက်တာပါပဲ။ ငါသူ့လုပ်ရပ်ကိုဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။ ဒီအကြောင်းတွေအားလုံးပြီးတော့..ငါ့မိသားစု ကို ငါ မလိုလားတော့ဘူး။ သူတို့ကဝေါလစ်ကို အလိုမရှိသလို ငါကလည်းး သူတို့တော်ဝင်မိသားစု ကိုု အလိုမရှိတော့ဘူး ပေါ့”

 

မိတ်ဆွေတို့ရေ.. ကိုဆန်နီ အလုပ်တွေများနေတာနဲ့ ဘုရင်တစ်ပါး၏ချစ်ခြင်းတရား  အပိုင်း(၁၀) အခုမှ
တင်ရပါတယ်။  နားလည်ခွင့်လွှတ်ပေးကြပါ။ ဒီရက်ပိုင်းမှာပဲ  နိဂုံးချုပ်ပေးပါမယ်။

ချစ်ခြင်းအားဖြင့်

ကိုဆန်နီ

11 comments

  • Sonny

    May 18, 2012 at 9:54 pm

    နောက်ကျသွားရတဲ့ ကျွန်တော် ငပျင်း မောင်ဆန်နီ တောင်းပန်ပါတယ် စာချစ်သူများခင်ဗျား
    chapter အားလုံးဘာသာပြန်ပြီးသွားပါပြီ။ တင်ရုံပဲကျန်ပါတယ်။ အခန်း ၁၂ထိပဲရှိတာပါ။
    ဆက်ဆက်တင်ပါ့မယ်။ ဝေးနေသောမိတ်ဆွေများမင်္ဂလာပါ။
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ….

  • TTNU

    May 18, 2012 at 10:36 pm

    ကိုဆန်နီရေ…
    အစကောင်းပြီး အဆုံးသတ်စောင့်ရတဲ့အတွက် စာဖတ်ပရိတ်သတ်ကို
    အားမနာတတ်ဖူးထင်နေတာ။ အခုလို ပြန်အားထုတ်ပေးတဲ့အတွက်
    စာဖတ်သူတစ်ဦးအနေနဲ့ ကျေးဇူးတင်ပါတယ်။

    နောင်မှာလည်းစာတွေရေးတဲ့ စာရေးသူ ဆရာ၊ စာတွေသင်နေတဲ့
    စာသင်သူ ဆရာတစ်ဦး အဖြစ် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
    ဘုရင်တစ်ပါးရဲ ့ ချစ်ခြင်းအကြောင်းရေးနိုင်စွမ်းသလို၊
    ဆရာတစ်ဦးရဲ ့ ချစ်ခြင်းအကြောင်းဆက်ရေးနိုင်ပါစေ။ 😛

  • pooch

    May 18, 2012 at 11:18 pm

    အော် … ပြန်ပေါ်လာသေးတယ်နော်။ မေ့တောင်မေ့တေ့တေ့ဖြစ်နေပြီ ဇာတ်လမ်းကို ။ ဒီလိုဆိုတော့ သူ့မိသားစုက သူ့ကို တကယ်ပဲ ပစ်ပယ်ခဲ့ကြတာပေါ့။ သူကလည်း ကျေကျေနပ်နပ်နဲ့ကို ထွက်ခဲ့တာပေါ့။
    အရာရာစွန့်ပြီးကို ချစ်ခဲ့နိုင်တာပဲ။

  • Khin Latt

    May 19, 2012 at 2:32 am

    အရင်အပိုင်းတွေကို မဖတ်ဘူး ခဲ့ဘူး ကိုဆန်နီ ရေ။
    ပြန်ဖတ်ပါဦးမယ်။
    အင်္ဂလိပ်လို နဲ့ မြန်မာလို တွဲပြန် ထားပေးတာ အတော်ကောင်းတဲ့ စေတနာပါဘဲ။
    ကျေးဇူးပါရှင်။ 🙂

  • MaMa

    May 19, 2012 at 5:58 am

    ဆရာဆန်နီရေ-
    (Edward married Wallis Simpson six months later, on 3rd June 1937.
    None of the Royal Family came to the wedding. Edward was forty-three.
    Wallis was forty-one. And they now took a new name—the Duke and Duchess of Windsor.

    အက်ဒဝပ် က ဝေါလစ်ဆင်မဆင် ကို နောက်ခြောက်လ နေတော့ လက်ထပ်လိုက်ပါတယ်။ တစ်ထောင်ကိုးရာသုံးဆယ့်ခွန်နှစ် ဇွန်လ သုံး ရက်နေ့ပေါ့။)

    အဲဒီမှာ နည်းနည်း ကျကျန်ခဲ့သလားလို့။ ကိုယ်တိုင်မပြန်တတ်လို့ ဖြည့်ပေးဖို့ တောင်းဆိုတာပါ။ 😀

    • Sonny

      May 19, 2012 at 10:40 am

      မမခင်ဗျာ..
      ကျွန်တော်ငဆန်နီနမောနမဲ့နိုင်ပုံများတော့၊ အားနာလိုက်တာဗျာ။
      ဒီလိုဗျ၊ ဘာသာပြန်ပြီးသားလေး ပို့စ်တင်တော့ ဝါကျတွေ ဟိုရွှေ ့
      ဒီရွှေ ့နဲ့ ပြုတ်ကျခဲ့တာ။ ကျေးဇူးတင်ပါတယ် မမခင်ဗျာ။

      Here you are!
      None of the Royal Family came to the wedding. Edward was forty-three.
      Wallis was forty-one. And they now took a new name—the Duke
      and Duchess of Windsor.
      တော်ဝင်မိသားစုက ဘယ်သူမှ မင်္ဂလာဆောင်ကိုမလာကြပါ။ အက်ဒဝပ်က(၄၃)၊
      ဝေါလစ်က(၄၁)၊ အခုတော့သူတို့ အမည်သစ်တွေနဲ့ပေါ့။ ဝင်ဆာမြို ့စားကြီးနှင့်
      မြို ့စားကတော် တဲ့။

      မမခင်ဗျာ။
      ကျေးဇူးတကယ်တင်တာပါဗျာ။
      ချစ်ခြင်းအားဖြင့်
      ကိုဆန်နီ

  • windtalker

    May 19, 2012 at 9:06 am

    အခုလို ဆြာ့ စာကို ဆက်ဖတ်ရလို့ ဝမ်းသာမိပါတယ်
    ကျုပ်ထင်ခဲ့တာ ဆြာတစ်ယောက် ချစ်ခြင်းကို ဘာသာပြန်ရင်း အချစ်ကိုတွေ့ရှိသွားပြီး စာမရေးနိုင်တော့တာများလားလို့။

    • ဗိုက်ကလေး

      May 19, 2012 at 9:59 am

      အချစ်ကို ဘာသာပြန်ရင်း ချစ်ချစ်ကို တွေ ့ရှိသွားတော့ ပိုပြီးဘာသာပြန်လို ့ မုဒ် ဝင်တာပေါ့ဗျာ..
      ဟုတ်ဘူးလား အူးဆန်..အဲလေ..ဆရာဆန်ရဲ့….
      အူးပေဆို ချစ်ခြင်းတွေများလို ့ဘာသာပြန်မယ်ဆို ဂေဇတ်တစ်ဆိုဒ်လုံး အူးပေချစ်ခြင်းတွေနဲ ့ပြည့်သွားမှာပေါ့နော်..

      ဆရာဆန်ရေ..
      ပျောက်တယ်နော်..
      ခုမှ ပြန်ရှာတွေ ့တယ်

  • Sonny

    May 19, 2012 at 10:52 am

    အတိသဉ္ဖာ နာဂရချစ်သူ ခင်ဗျာ…
    ကျွန်တောနဲ့ အခုမှ ဆုံဖူးတယ်ထင်ပါရဲ ့။
    စာဝင်ဖတ်ပေးတာ ကျေးဇူးပါဗျာ။

    မပူးချ်ခင်ဗျာ…
    အရာရာစွန့်ပြီးကို ချစ်နိုင်ဖို့
    ချစ်တတ်သူတွေမှ သိတာပါခင်ဗျ။

    ဦးဦးပါလေရာ ခင်ဗျာ…
    ကျွန်တော် အလုပ်တွေများနေလို့ ရပ်တော့မလိုလိုဖြစ်သွားတဲ့
    ဒီချစ်ခြင်းကို စောင့်ဖတ်ပေးတာ Thank you ပါခင်ဗျာ။

    ဒေါ်ခင်လတ်ခင်ဗျာ…
    ကျွန်တော်တို့ အခုမှဆုံဖူးတာထင်ပါတယ်။ ချစ်ခြင်းကအားလုံး
    (၁၂)ပိုင်းထဲပါခင်ဗျ။ ကျေးဇူးပါခင်ဗျ။

    ညီတော်မောင်ဝင်းထော်ခါရေ…
    အချစ်ကိုတွေ့ဖူးလို့ ချစ်ခြင်းကို ဘာသာပြန်ဖြစ်တာပါ ကိုယ့်ညီရ။

    ဗိုက်ကလေးရေ…
    အစ်ကိုဖြင့် မင်းကို ပုံမြင်မှ မှတ်မိတော့တယ်။
    အစ်ကိုကပျောက်သလို ငါ့ညီက ပြောင်းသကွဲ့။

    ချစ်ခြင်းအားဖြင့်
    ကိုဆန်နီ

Leave a Reply