အောင်ပန်းသို့အဝင်…………………..

1 တောင်ကြီးမြို့အဆင်းလမ်းကနေ မြင်ရတဲ့ တောင်ကြီးမြို့ အရှေ့ဘက်ခြမ်း
2 မိုးတွေအုံ့ဆိုင်းလာတဲ့ ကောင်းကင်
3 လမ်းဘေးက သစ်ပင်အုပ်လေးနဲ့ တိမ်အလွင့်..........

 

4 တောင်ပေါ်က တိမ်တောင်ထု...................
5 တောင်အသွားလမ်းက ကမ္ဘားယံ

 

6 ကျယ်ပြန့်လွတ်လပ်သော ကောင်ကင်း အဝေးကတောင်တန်းနဲ့ တိမ်အလွင့် -2

 

7 ညောင်ညိုအေးရိပ်(ကားပေါ်ကရိုက်တော့ နည်းနည်းတော့ဝါးတယ်)

 

8ထွန်ယက်စ ယာခင်းနဲ့ အပင်ပေါက်ကလေးတွေ

 

9 တောင်တန်းနဲ့တိမ်အခင်း မြင်ရတော့ ဘယ်ကိုလွမ်းမှန်းမသိဘူးဗျာ
10 ပျုးိထောင်ထားတဲ့ ထင်းရူးပင်တန်း
11 ပြန်လည်ပျိုးထောင်စ ထင်းရုူးပင်ပေါက်
12 လမ်းဘေးတစ်နေရာက သဘာဝအလှ
13 လမ်းဘေးတစ်နေရာက အထီးကျန်တဲဟောင်းလေး
14 ချောင်းရေပြင်နဲ့ စိုက်လက်စ စိုက်ခင်းလေး

 

15 တိမ်အဆင် လေးက လှမှလှ
16 အပင်မတင်ရသေးတဲ့ ဂေါ်ရခါးစိုက်ခင်းတွေပေါ့

 

“အောင်ပန်းမြို့သို့အဝင်”

 

 

ပထမတစ်ခေါက် တောင်ကြီးကနေ အောင်ပန်းကိုကူးတော့ လိုင်းကားနဲ့ဘဲလိုက်လာပါတယ်။

အဲတော့ သွားနေတဲ့လမ်းတစ်လျှောက်ဓါတ်ပုံရိုက်ချင်ပေမယ့်ရိုက်ခွင့် မသာခဲ့ပါဘူး။

ဒီတစ်ခေါက်က အောင်ပန်းကိုဆင်းဘို့ စီစဉ်ကြတဲ့အခါ သယ်စရာပစ္စည်းများတော့ လိုင်းကားနဲ့လိုက်ဘို့

အဆင်မပြေပါဘူး။

အဲဒါနဲ့ ဗင်ကားတစ်စီးငှားလိုက်ရပါတယ်။

အောင်ပန်းအရောက် သုံးသောင်းလို့ပြောပေမယ့် နှစ်သောင်းခွဲနဲ့တည့်သွားပါတယ်။

အဲဒါနဲ့နေ့လည်ဆယ့်တစ်နာရီ ကျော်ကျော်လောက်မှာဆင်းလာခဲ့ကြပါတယ်။

အစကတော့ သီးသန့်ကားငှားသွားရင်ပုံကောင်းကောင်းရိုက်လို့ရမယ်ထင်ခဲ့ပါတယ်။

လက်တွေ့မှာတော့ တစ်ခြားစီပါဘဲ။

ကားကအမြန်မောင်းတော့ ရိပ်ကနဲ ရိပ်ကနဲ။

ကြိုက်လို့ရိုက်လို်က်ပေမယ့် မိတဲ့ပုံမိ မမိတဲ့ပုံမမိပါဘဲ။

ဒါပေမယ့် ပုံအတော်များများတော့ရလိုက်ပါတယ်။

အရင်တစ်ခေါက်လာတုန်းက မိုးတွင်းဆိုတော့ စိမ်းစိမ်းစိုစို။

အခုတစ်ခေါက်ကတော့ စိုက်မလို့ ပြင်ဆင်တုန်းဆိုတော့ ခြောက်ခြောက်သွေ့သွေ့။

အပြင်မှာနေပူနေပေမယ့် ကားအရှိန်နဲ့ပြေးနေတော့ လေတိုက်လို့အေးနေပါတယ်။

လှမ်းကြည့်ပြီး မရိုက်ဖြစ်တဲ့ပုံကတော့ အောင်ပန်းမရောက်ခင်လမ်း နံဘေးမှာရှိနေတဲ့

အမိုးအကာမဲ့နေတဲ့ ဘုရားဆင်းတုတော်ကြီးပါဘဲ။

ဒီတစ်ခါအောင်ပန်းအသွားမှာ စိတ်တိုင်းကျတာကတော့ တိမ်ပန်းချီတွေပါဘဲ။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ

(19-5-2012)

 

12 comments

  • ဒရက်ကူလာ ဖရဲ

    May 20, 2012 at 9:56 am

    အန်တီ အန်တီ
    နောက်တခါဆို တိမ်ပန်းချီတွေရိုက်မလာနဲ့နော်
    လူပန်းချီတွေရိုက်ခဲ့နော်
    ဖလပ် ဖလပ်

  • windtalker

    May 20, 2012 at 10:40 am

    အောင်ပန်းသို့အဝင်
    မောင်လှမ်းလို့မြင်
    ကြောင်သမ်းလို့ပင်
    ယောင်ယမ်းတို့ချင်

  • ကိုပေါက်ရေ နံပါတ်(၇)ပုံလေး မြင်တဲ့ ဆိုင်မောဝ်သီချင်း. ညောင်ညိုရိပ်ကိုသွားသတိရမိပါတယ်။
    ကိုပေါက်လက်ဆောင်အတွက် ကျေးဇူးပါ

  • kotun winlatt

    May 20, 2012 at 1:17 pm

    လေးပေါက်ရေ..
    ပြေးလျှောက်ပြီးးး
    ရိုက်ထားတာလေးးတွေက..
    လှမှလှပါလားးးးဗျာ….။

  • ဆူး

    May 20, 2012 at 2:46 pm

    လျှပ်တပြတ် ရိုက်ချက်တွေ လှစ်ကနဲ လှစ်ကနဲ ရိုက်ခဲ့ပုံရတယ်နော်။

  • အများကြီးရိုက်ထားတာ တောင်ပေါ်ကဈေးသည်ပုံတင်အုံးမှာ ဒီနေ့ကော်နက်ရှင်ပြုတ်နေလို့

  • manawphyulay

    May 20, 2012 at 5:49 pm

    အမယ်လေး ကော်နက်ရှင်ပြုတ်နေတာတောင် ဒီလောင်တင်နိုင်ရင် ကော်နက်ရှင်များ ဖလန်းဖလန်းထလို့ကတော့ ရိုက်လာသမျှ ဆာဗာကြီး ပြုတ်ကျမလားတောင် မသိဘူးနော်… သွားချင်လာအောင် ရိုက်လာခဲ့တယ်။

  • ကြည့်ကြပါစေလို့ မြင်သမျှ ပြန်မျှပေးတာပါကွဲ့။
    ခရီးတစ်ခေါက်ထွက်ရင် ပုံတွေတော့ အများကြီးရိုက်လာတာ။.
    အဲဒီကမှ ကောင်းတာ စိတ်တိုင်းကျတာလေးတွေရွေးတင်ပေးတာပါ။

  • အခုရက်ကော်နက်ရှင်က မကောင်းတော့ပြန်ပါဘူး။
    အောင်ပန်း ကလော မြင်းမထိ ပင်းတယ အစဉ်အလိုက်တင်ပေးချင်တာလေ။
    ဖြည်းဖြည်းချင်းတင်နေရတယ်.

  • Ma Ei

    May 25, 2012 at 1:57 pm

    လှမ်းကြည့်ပြီး မရိုက်ဖြစ်တဲ့ပုံကတော့ အောင်ပန်းမရောက်ခင်လမ်း နံဘေးမှာရှိနေတဲ့
    အမိုးအကာမဲ့နေတဲ့ ဘုရားဆင်းတုတော်ကြီးပါဘဲ။…

    ကိုပေါက်ရေ…
    အဲ့ဒီ ဆင်းတုတော်ပုံတော်က ကမာကူရ ဘုရားပုံတည်တယ်ထင်တာဘဲ…
    ဒါပေမဲ့ အန်းကုန်းကြီး ပုံပေါက်နေတယ်…ဘုရားပုံတော် ပုံမကျဘူး…
    ငရဲကြီးမလားဘဲနော်…

  • ဟုတ်တယ်အရင်က တည်ခဲ့တဲ့ဆင်းတုတော်က အိန္ဒယဘက်နွယ်တယ်
    အခုတည်တဲ့ဘုရားတွေက စိန့်မျိုးနွယ်ဘယ်နွယ်တယ်

Leave a Reply