သောက်ရေသန့် နှင့် သဘာဝရေ

ခင္ခMay 19, 20121min14910

သောက်ရေသန့်နှင့်သဘာဝရေ မျှတအောင်သောက်ပေးကြဖို့ တိုက်တွန်းပါတယ်။

လူတို့စားဝတ်နေရေးအဆင့်တန်းမြင့်လာတာနဲ့အခုခောတ်မှာသောက်ရေသန့်တွေတံဆိပ်မျိုးစုံပေါ် လာကြတယ်။ကြော်ငြာတွေလည်းအရမ်းကိုများလာပြီး ရေသောက်မှရေငတ်ပြေမယ်၊ကျန်းမာမယ်၊ ခောတ်မှီတယ်ဒါမျိုးတွေဖြစ်လာတယ်။

သောက်ရေသန့်မှာ အကောင်းဆုံးသာလွန်ချက်က ရောဂါပိုးမွှား၊ ဗွိုင်းရပ်စ်တွေ၊မစုပ်ယူနိုင်တဲ့သတ္တု ဓာတ်( hard metal )တွေ၊ ဩဂဲနစ်ပစ္စည်းအညစ်ကြေးတွေကို အကုန်သန့်စင်ဖယ်ရှားပေးထားတယ်။ စံညွှန်းမှီသောက်ရေသန့်ရဲ့ကောင်းကျိုးပါ။

စံညွှန်းမှီသောက်ရေသန့်ရဲ့ချို့ယွင်းချက်က ကယ်စီယမ်၊မဂ္ဂနီစီယမ်၊အိုင်အိုဒင်းနဲ့ဆီလီနီယမ် စတဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဒြပ်စင်တွေကိုလည်း သောက်ရေသန့်ထုတ်လုပ် သန့်စင်မှု့လုပ်တဲ့အခါ ဖယ်ရှားခံထားရတာပါဘဲ။

ဒါကြောင့်သောက်ရေသန့် ကြာရှည်သောက်သုံးရင် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ဒြပ်စင်တွေ အရနည်းနိုင်ပါတယ်။တကယ့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သောက်စရာ အရည်ဟာ ဓါတ်ဗူးထဲမှာလို့ ပြည်တွင်းပြည်ပ ကျွှမ်းကျင်ပညာရှင်တွေက တညီတညွှတ်တည်း ပြောနေကြပါတယ်။ဒါကတော့ ရေကျက်အေး ရေ ပါဘဲ။

ရေကိုကျိုချက်သောက်ပါလို့ဆိုကြပါတယ်။ အဲဒီမှာ တစ်ချို့က ရေသန့်ကိုကျိုတယ်။နဂိုကမှာ လူကိုအကျိုးဖြစ်စေတဲ့ဒြပ်တွေနည်းနေတဲ့ ရေသန့်ကိုထပ်ပြီးကျိုလိုက် ဘာမှကျန်တော့မှာ မဟုတ်ဘူး။ရိုးရိုးသောက်သုံးလို့ရတဲ့ရေကို ကျိ်ုထားတဲ့ရေကျက်အေးမှာ Bioactive ပါဝင်မှု့ဟာ ၄-၅ဆ မြင့်ပါတယ်။အမြဲသောက်ပေးရင် အအေးမိနာ၊ ခံတွင်းလည်ချောင်းရောင်နာနဲ့ အချို့အရေ ပြားရောဂါတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

ဒါကြောင့်သောက်ရေသန့်ကိုဘဲအမြဲသောက်ခြင်းထက် သဘာဝသောက်သုံးလို့ရတဲ့ရေကို ကျိုချက်ပြီး ရေနွေးကြမ်း(လ္ဘက်ခြောက်ဖြင့်) သို့မဟုတ် ရေကျက်အေး ကိုလည်း သောက်သုံးပေး သင့်ပါသည်။

ဖတ်ခဲ့ဖူးသော တိုလီမိုလီ စာများမှစုစည်းတင်ပြသည်။

10 comments

  • windtalker

    May 19, 2012 at 12:31 pm

    လဘက်ခြောက်ကောင်းကောင်းခတ်ထားတဲ့ ရေနွေးကြမ်းတစ်အိုးရယ်
    ရာသီပေါ် ဥတို ့အနှံတို ့ပြုတ်သုတ်ထားတာလေး တစ်ပွဲရယ် နဲ ့ဆိုရင်
    သာယာနေပျော်စရာ ဘဝတစ်ခု ရနိုင်ပါတယ်။

  • may flowers

    May 19, 2012 at 12:44 pm

    ဗဟုသုတလေးတွေ ဝေမျှပေးတဲ့အတွက်ကျေးဇူးပါနော်။

  • ဆူး

    May 19, 2012 at 12:51 pm

    ငယ်ငယ်က ဂျိုးဖြူ ရေ ကို ရေစစ်နဲ့ သောက်တယ်။
    နောက်တော့ အိမ်ပြောင်းတဲ့ နေရာက တွင်းရေက သံဓါတ်များတယ် သံချေးနံ နံ့တာနဲ့ သောက်ရေသန့် ဝယ်သောက်ဖြစ်ရင်း အကျင့်ပါသွားပြီး ရေသန့် သောက်ဖြစ်နေတာ နှစ်တော်တော် ကြာသွားပြီ။
    ဂျိုးဖြူရေ သုံးတုန်းကဆိုရင်.. အိမ်က ရေတိုင်ဂီ သန့်ရှင်းရေး လုပ်လို့ ရေတွေ ခပ်ထုတ်ရင် အနယ်တွေ ကြားထဲမှာ ပုဇွန်စိတ် ကလေးတွေ ပါလာလို့ ပုလင်းနဲ့ မွေးထားဖူးတယ်။ ဥတွေပါလို့ အကောင်လေးတွေ အများကြီးလည်းပေါက်တယ်။ ပျင်းမှာ စိုးလို့ ငါးတကောင် ထည့်ပေးလိုက်တာ ပုဇွန် မျိုးပြုတ်ပါလေရော..

    ရေနွေးကြမ်းတော့ သိပ်မသောက်ဖြစ်ဘူး။ ရေနွေးကိုတော့ တွင်းရေနဲ့ ကြိုတာများတယ်။

  • Khin Kha

    May 19, 2012 at 3:20 pm

    ဆူးရေ- ရေကိုရေသန့်သောက်ဖြစ်နေရင် တွင်းရေနဲ့ကြိုတဲ့ရေနွေးနဲ့ ကော်ဖီတို့၊ဟင်းရည်တို့မှာ သုံးပြီးသောက်လို့ရတယ်လေ။ရေသန့်ဘဲနှစ်ရှည်သုံးမိရင် အသက်ကြီးတဲ့အခါကယ်စီယမ်ဓါတ်နည်းမှု့ ဖြစ်တတ်တယ်လို့ဖတ်ဖူးတယ်။

    ရေသောက်တာများ လွယ်လွယ်လေးလို့ တစ်ချို့ယူဆကြတယ်။ကျွမ်းကျင်ပညာရှင်တွေ တွေ့ရှိချက်က ရောဂါဗေဒရှု့ထောင့်အဆိုအရ နံနက် ၉-၁ဝ နာရီအချိန်ဟာ နှလုံးရောဂါထနှုန်း အမြင့်ဆုံးကာလဖြစ်တယ်။ အကြောင်းရင်းတရပ်က ကိုယ်တွင်ရေမလုံလောက်မှု့ကြောင့်ပါ။ ညအချိန်အိပ်စက်နေရလို့ ရေသောက်ခဲပေမယ့် အသက်ရှုမှု့နဲ့ အရေပြားကရေငွေ့ပျံမှု့တွေကရပ်နားနေတာမဟုတ်ပါ။ဒါကြောင့် သွေးဟာပိုစေးပျစ်လာပြီး နှလုံးသွေးကြောမှာ သွေးပိတ်ဆို့တာ ဖြစ်နိုင်ခြေရှိလာတယ်။ဒါဆို ရေများများ သောက်မယ်ပေါ့။ဒီလိုလည်းမဟုတ်ဘူး အင်္ဂလန်မှာ လူနာတစ်ဦးက ရေ ၁၅ လီတာကို တစ်ကြိမ်တည်း ဆက်တိုက်သောက်လိုက်လို့ နှစ်နာရီအကြာမှာ နှလုံးရပ်ပြီးသေဆုံးခဲ့တယ်တဲ့။
    ဒါကြောင့်ရေသောက်များရင်ဖြစ်စေ ရေသောက်နည်းရင်ဖြစ်စေ ကျန်းမာရေးထိခိုက်ပါတယ်။
    ပုံမှန်အားဖြင့် လူတဦးဟာ တစ်ရက်ကိုရေ ၂၀၀ဝ စီစီသောက်ပေးသင့်ပါတယ်။အသက် ၆ဝ ကျော်ရင် ၁၆၀ဝ စီစီ သောက်သင့်တယ်။ ရေငတ်မှသောက်တာထက် ကြိမ်ဖန်များစွာ သင့်သင့်ရုံသောက်ပေးရပါမယ်။ပြီးတော့မနက်အိပ်ယာထပြီးချိန်နဲ့ မနက်၉ နာရီမတိုင်မှီတို့မှာ ရေသောက်ပေးခြင်းဟာ သင့်နှလုံး ရေမလုံလောက်မှု့ကို ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ ပြီးတော့ညအိပ်ယာမဝင်မှီ ရေအနည်းငယ်သောက်ပေးခြင်းဟာ အိပ်နေစဉ်သွေးမစေးပျစ်အောင် ကာကွယ်ပေးပါတယ်။သိပ်အများကြီးသောက်မိရင်တော့ ဆီးများလို့အိပ်ရေးပျက်တတ်ပါလိမ့်မယ်။
    ကျန်းမာခြင်းနှင့်ပြည့်စုံပြီး အသက်ရှည်နေနိုင်ကြပါစေ။

  • မခင်ခရေ
    အများမျက်စေ့မှောက်နေတတ်တဲ့ဒီလိုအကြောင်းအရာတွေလေးတွေများများရေးပေးပါနော်။

  • ဆူး

    May 19, 2012 at 4:06 pm

    ကျေးဇူးတင်ပါတယ် မခင်ခ ရေ..
    ရေကတော့ များများ သောက်တတ်တဲ့ အကျင့်ရှိပေမဲ့ ၁၅လီတာတော့ မဟုတ်ဘူးနော်..
    ဟင်းချက်ရင်တော့ တွင်းရေ သုံးတယ်။
    ဒီလိုဆိုတော့ စိတ်တော့ ချ ရမယ် ထင်ပါတယ်။

  • Gipsy

    May 19, 2012 at 7:43 pm

    ရေသန့်တွေ အမျိုးအစားကလဲ များလှပါဘိတောင်း…
    စီးပွါးဖြစ်လုပ်ကြတာ ဆိုတော့ တချို့တွေလဲ ရောရောနှောနှော တွေ ဖြစ်နေကြပုံပါပဲ…
    အသက်ကို ဉာဏ်စောင့်ပါ၏ … ချင့်၍ ချိန်ကြပါကုန်….။

  • Khin Kha

    May 21, 2012 at 11:28 am

    ကျွန်တော် မောင်ခင်ခ ပါဗျာ။ခင်ခ ဆိုတော့ အမျိုးသမီးအမည်လိုဖြစ်နေတာပေါ့နော်။

    • ဆူး

      May 21, 2012 at 12:05 pm

      ရုပ်မမြင် အသံမကြားရတဲ့ အင်တာနက်က စာပေတွေ ထဲမှာ ကျား လား မ လား ဆိုတာ မြင်တာနဲ့ တမ်းကနည်းသိဖို့ ဆိုတာ.. လိုဂို ပုံကလေးတွေ စာအရေးအသား ကျတော် ကျမ အဲလို သုံးတာတွေ ကြောင့်သာ သိနိုင်တာပါ။ အခုလို ပြောပြလိုက်တော့ နောက်ဆို မမှားတော့ဘူးပေါ့နော်…
      မောင်ခင်ခ မှန်း မသိလို့ပါ။ နော်.. မခင်ခ.. အဲ ဟုတ်ပေါင်.. ကိုခင်ခ.. 😛 😉

  • ရေသန် ့ကို ကျိုသောက်တယ်ဆိုတော့. ——-
    တခါကြားလိုက်တာ ရေသန် ့ဆိုပြီး ပုန်းခွံတွေညစ်ပတ်နေတာ၊
    ရေပုန်းထဲ တီကောင်တွေပါလာတာတို ့။ဘယ်လို ဘဲဖြစ်ဖြစ်
    သဘောဝအတိုင်း ကျိုချက်သောက်နိုက်ရင် အကောင်းဆုံးပါဘဲ။

Leave a Reply