ချက်ခဲ့ဘူးတဲ့ဟင်းလေးတွေ

may flowersMay 19, 20121min10410

10 comments

  • may flowers

    May 19, 2012 at 11:24 am

    ခေါင်းစဉ်ရိုက်ထားတာပါမသွားဖူး..ဟီး။

    ပုံ ၁။ဝက်သားမျှစ်ချဉ်

    ပုံ ၂။ ဝက်သားကဖောင်ကြော်

    ပုံ ၃။ဘာလချောင်ကြော်

    • windtalker

      May 19, 2012 at 12:23 pm

      မေလေးရေ ၊ အရည်သောက်အဖြစ် ဘီယာအေးအေးလေး နဲ ့တွဲပြီး စားသောက်သွားပါတယ် ကွဲ ့။
      ဂေ့

  • Mလုလင်

    May 19, 2012 at 11:27 am

    ကျွန်တော့် အကြိုက် .. အမြဲ မရိုးတာကတော့ အဲ့ဒီ့ ဘာလချောင်ကြော်ရယ် .. ဒီမှာ မပါတဲ့ ပဲကုလားဟင်းရယ်၊ သခွားသီး ရယ် …. 🙂 ….

  • ဆူး

    May 19, 2012 at 12:06 pm

    ဝက်မျစ်ချဉ် ဂွတ်တယ်
    ဝက် ပင်စိမ်းထင်နေတာ ဟုတ်လားလားလို့..

  • may flowers

    May 19, 2012 at 12:21 pm

    မြန်မာပင်စိမ်းတော့မဟုတ်ဘူးဆူးရေ။ မြန်မာလိုနံမည်တော့ရှိလားသိဘူး။ အနံ့ကတော့ ပင်စိမ်းလိုပဲ

    စူးတယ်။ ထိုင်းမှာတော့ ကဖောင်ရွက်လို့ပဲခေါ်တာ သိတယ်။ ခုမြန်မာပြည်မှာလဲ ရှိတာတွေ့တယ်။အဲဒီ

    အရွက်လေးတွေကို ကိုယ်ကတော့လွယ်လွယ်မြန်မာနံမည်မသိလို့ကဖောင်ရွက်ပဲ ခေါ်တာ။

  • Crystalline

    May 19, 2012 at 12:38 pm

    ဖာ့ကဖောင်းကိုအကြိုက်ဆုံးပဲ…ဘယ်အသားနဲ့ချက်ချက်အရမ်းကြိုက်တယ်။
    တကယ့်ကိုစားကောင်းမယ့်ပုံလေးပဲ….

  • water-melon

    May 19, 2012 at 2:07 pm

    ဗိုက်ဆာဆာနဲ့အတော်ဘဲ
    စားသွားပါတယ်တော့
    အဟီ
    ၂ ပန်းကန်နော်

  • ဗိုက်ကလေး

    May 20, 2012 at 5:57 pm

    ဝက်တား ကဘောင်ကြော်ဆိုဒါ ချားချင်ဒယ်ဂျာ
    ဘိုလုပ်ရမဒုံး

  • may flowers

    May 20, 2012 at 9:32 pm

    ဝက်သာစင်းထားတာကို ပဲငံပြာရည်အနောက်၊ အကြည်၊ ကြက်သားမှုန့် ၊ ကြက်သွန်ဖြူကြိတ်ထားတာ

    နဲ့ရောနယ်ထားပါ။ နောက်မှမျှစ်ပြုတ်နဲနဲ ပဲတောင့်ရှည်နဲနဲ၊ ငရုပ်သီးနီတောင့်နဲနဲ ကိုလှီးထားပါ။ အိုးထဲကို

    ဆီနဲနဲထဲ့ အိုးပူလာရင်ခုနကနယ်ထားတဲ့ ဝက်သားကိုထဲ့ကြော်လိုက်ပါ ။ ဝက်သားမှာရှိတဲ့ ရေတွေခမ်း

    လောက်ပြီထင်ရင် မျှစ်၊ ပဲသီး၊ ငရုတ်သီး ၊ သကြားနဲနဲ ၊ ခရုဆီ ထဲ့ပြီးကြော်ပေးပါ။ နောက်အဖုံးလေးခဏ

    အုပ်ထားပေးပြီး ချခါနီးမှ ကဖောင်ရွက်ထဲ့ အပေါ့အငန်မြည်းပြီး လိုတာထပ်ထဲ့လို့ သုံးဆောင်နိုင်ပါပြီ။

    နောင်ချက်ဖြစ်တဲ့နေ့ကျမှတဆင့်ချင်းစီ ရိုက်ပြီးတင်ပေးပါ့မယ်။ ကဖောင်ရွက်ကတော့ အိုးရှင်း(ကိုးမိုင်)

    မှာဝယ်လို့ရပါတယ်။ ခုလိုအားပေးတဲ့ အတွက်ကျေးဇူးပါရှင့်။

  • may flowers

    May 20, 2012 at 9:36 pm

    မေ့လို့ ကဖောင်ရွက်မထဲ့ခင် ကော်ရည်လေးဖျော်ထားတာနဲနဲထဲ့ရသေးတယ်။ ပြီးမှ

    ချခါနီးမှ ကဖောင်ရွက်အုပ်ရမှာ။

Leave a Reply