ချန်ပီယံလိဂ်ဖိုင်နယ်

မောင် ပေMay 19, 20121min14312

မင်္ဂလာပါ ခင်ဗျာ ။
သည်ကနေ ့စနေည/တနင်္ဂနွေနံနက် ၁နာရီ၁၅ မိနစ်အချိန်မှာ ကန်မယ့် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲအကြောင်း နဲ ့မနက်ဖန် တနင်္ဂနွေည/တနင်္လာနံနက် ၁နာရီ၁၅မိနစ်အချိန်မှာ ကန်မယ့် အီတလီ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲအကြောင်းပါ။
ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကို ဂျာမနီနိုင်ငံ မြူးနစ်မြို ့ က ဘိုင်ယန်မြူးနစ် ရဲ ့အိမ်ကွင်းဖြစ်တဲ့ “Allianz-Arena” မှာ ကန်မှာ ဖြစ်ပြီး ၊ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲကိုတော့ အီတလီနိုင်ငံ ရိုးမား မြို ့က ရိုးမားအသင်းရဲ ့“Stadio Olimpico” ကွင်းမှာ ကန်မှာ ဖြစ်ပါတယ်။
“ ဘိုင်ယန်မြူးနစ် – ချဲဆီး ”
ဘိုင်ယန်မြူးနစ် နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ
ရှုံး ၊ နိုင် ၊ နိုင် ၊ ရှုံး ၊ နိုင်
ဒေါ့မန် ၅-၂ ဘိုင်ယန်မြူးနစ် ( ပိုကယ်ဖလားဖိုင်နယ် )
ကိုလုံး ၁-၄ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ် ၂-ဝ စတုဂတ်
ရီးရဲမက်ဒရစ် ၂-၁ ဘိုင်ယန်မြူးနစ်
ဝါဒါဘရီမင် ၁-၂ ဘိုင်ယန်မြူးနစ်
ချဲဆီး နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ ရှုံး ၊ နိုင် ၊ ရှုံး ၊ နိုင်
ချဲဆီး ၂-၁ ဘလက်ဘန်း
လီဗာပူး ၄-၁ ချဲဆီး
လီဗာပူး ၁-၂ ချဲဆီး ( အက်ဖ်အေဖလား ဖိုင်နယ် )
ချဲဆီး ဝ-၂ နယူးကာဆယ်
ချဲဆီး ၆-၁ ကျူပီအာ
ဘိုင်ယန်မြူးနစ် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Neuer
နောက် Lahm, Tymoshchuk, Boateng, Contento
လယ် Schweinsteiger, Kroos
လယ် Robben, Muller, Ribery
ရှေ ့ Gomez
ချဲဆီး ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Cech
နောက် Bosingwa, Cahill, David Luiz, Cole
လယ် Mikel, Essien
လယ် Kalou, Lampard, Mata
ရှေ ့Drogba
ဘိုင်ယန် မှာ Badstuber, David Alaba နဲ ့ Luiz Gustavo တို ့ဟာ ပွဲပယ် ခံထားရပါတယ် ။
ချဲဆီးမှာ John Terry ၊ Branislav Ivanovic ၊ Ramires နဲ ့ Raul Meireles တို ့ပွဲပယ်ခံရပါတယ် ။
သည်ပွဲရဲ ့ဈေးအနေအထားကို လေ့လာကြည့်မိသလောက် ဆိုရင် ၊ ပြီးခဲ့တဲ့ တနင်္လာကနေ ဗုဒ္ဓဟူး နေ ့အထိ အာရှဘက်မှာ ဘိုင်ယန်မြူးနစ် တစ်ဂိုးအနိုင် ၅ဝ အနေအထားဖြစ်ခဲ့ပြီး ၊ ကြာသပတေးနေ ့မှာ ဘိုင်ယန်မြူးနစ် သရေ အရှုံး ကို ပြောင်းခဲ့ပါတယ် ။ စနေနေ ့မနက်မှာ ပြန်ကြည့်ဖြစ်တော့ ဘိုင်ယန်မြူးနစ် တစ်ဂိုးအနိုင် ၅ဝ ပြန်ဖြစ်နေတာကို တွေ ့ရပါတယ် ။
ချန်ပီယံလိဂ်ဖလား နဲ ့လက်တစ်ကမ်းဘဲ လိုတော့တဲ့အနေအထားမှာ နှစ်သင်းလုံး အားကုန်ထုတ် ကြိုးစားကစားကြမှာဖြစ်လို ့ပွဲကောင်းတစ်ပွဲ ကြည့်ရမယ်လို ့ထင်ရပေမယ့် ။ ချဲဆီးအသင်းဟာ ဘာစီလိုနာ အိမ်ကွင်းမှာ ကစားသလိုမျိုး လုံးဝ ခံစားကစားလာမယ် ဆိုရင်တော့ ပွဲဟာအေးနေပါလိမ့်မယ်။
ချဲဆီး ဟာ ဘာစီလိုနာလို ကမ္ဘာ့အကောင်းဆုံးလို ့သတ်မှတ်ခံထားရတဲ့ အသင်းမျိုး ကို ကျော်ဖြတ်လာခဲ့တယ် ဆိုတာ ၊ ဘာစီလိုနာနဲ ့နှစ်ကျော့လုံးတွေ ့ဆုံခဲ့ရာမှာ ခံစားဦးစားပေးကစားခဲ့လို ့ဖြစ်ပါတယ် ။ ဒါ့အပြင် ဘာစီလိုနာ ရဲ ့ကစားပေါက်ကလဲ passing ဘဲ အထူးအားပြုကစားခဲ့တာကြောင့် ၊ နောက်တန်း၂ထပ်ပုံနဲ ့ကစားကွက်ခင်းခဲ့တဲ့ ချဲဆီး အသင်း ကို မကျော်ဖြတ်နိုင်ခဲ့တာပါ ။
အခု အဓိက ကစားသမားအစုံအလင် နဲ ့ပွဲထွက်လာမယ့် ဘိုင်ယန်မြူးနစ် ကို ချဲဆီးဟာ ပွဲချိန်ပြည့် ခံစားဦးစားပေးကစားခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာနဲ ့တွေ ့ခဲ့သလို အခြေအနေကောင်းမှာ မဟုတ်ပါဘူး။
ဘိုင်ယန်မြူးနစ်ရဲ ့တောင်ပံတွေ ဖြစ်တဲ့ ရစ်ဘာရီ နဲ ့ရော်ဘင် တို ့ဟာ ဖြတ်တင်ဘောတွေ ကို သေသပ်တိကျစွာ ပေးနိုင်စွမ်းရှိသလို ၊ ကိုယ်တိုင်လဲ ဂိုးသွင်းကောင်းတဲ့ ကစားသမားတွေပါ ။ ရှေ ့တန်းက ဂိုမက်ဇ် ကလည်း ခေါင်းတိုက်ဂိုးရော ကန်သွင်းဂိုးရော စွယ်စုံရတဲ့ ကစားသမားကောင်းတစ်ဦးပါ ။ အခုပွဲမှာ ဘိုင်ယန်ဟာ ချဲဆီး ကို ဖြတ်တင်ဘောရော ၊ လူပေးဘော ရော နဲ ့ပါ ပေါင်းစုံ တိုက်စစ်ဖွင့်ကစားလာမှာ ကို မြင်ရမှာပါ ။
ခံစစ် ကို ဦးစားပေးပြီးမှ ၊ ပီတာဆက် နဲ ့ဒရော့ဘာပေါင်းပြီး ကောင်တာဖောက်ကစားမယ့် ချဲဆီး အခြေအနေ မလှနိုင်ပါဘူး ။ အထူးသဖြင့် ရာမီးရက်ဇ် လို စကေးကောင်းတဲ့ ကစားသမားမျိုး ပွဲပယ်ခံထားရတာဟာ အလွန်နစ်နာပါတယ် ။
ဈေးအနေအထားအရ ဘိုင်ယန် တစ်ဂိုးအနိုင် ၄၅ / ၅ဝ / ၅၅ ဖွင့်လာမယ့် အနေအထားမှာ ၊ သရေတစ်ပေါက်ဘဲ လိုတယ်ဆိုပြီး ချဲဆီးဘက်ကို အားပေးမယ့်လူများမှာ အသေအချာပါဘဲ ။
မောင်ပေ့အနေနဲ ့ခန် ့မှန်းရမယ်ဆိုရင် ၊ မိနစ်၉ဝအတွင်း “““ ဘိုင်ယန်မြူးနစ် ””” တစ်ဂိုးအသာ နဲ ့သေချာပေါက် နိုင်ဖို ့၆၀% ရှိနေပါတယ် ။ ချဲဆီးနောက်တန်းသာ ဘိုင်ယန်ရဲ ့ရစ်ဘာရီ နဲ ့ရော်ဘင် တို ့ကို မထိန်းနိုင်ခဲ့ဘူးဆိုရင် ၂ဂိုးလောက်အထိ သွင်းခံရနိုင်ပါတယ် ။
“““ ဘိုင်ယန်မြူးနစ် ””” ပါဘဲ ။
+++++++++++++++++++++
ဂျူဗင်တပ် – နာပိုလီ
ဂျူဗင်တပ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ နိုင် ၊ သရေ ၊ နိုင် ၊ နိုင်
ဂျူဗင်တပ် ၃-၁ အက်တလန်တာ
ကယ်ဂလီယာရီ ဝ-၂ ဂျူဗင်တပ်
ဂျူဗင်တပ် ၁-၁ လက်ချီ
နိုဗာရာ ဝ-၄ ဂျူဗင်တပ်
စီဆီနာ ဝ-၁ ဂျူဗင်တပ်
နာပိုလီ အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ ရှုံး ၊ နိုင် ၊ သရေ ၊ နိုင်
နာပိုလီ ၂-၁ ဆီနာ
ဘိုလော့နာ ၂-ဝ နာပိုလီ
နာပိုလီ ၂-ဝ ပါလာမို
ရိုးမား ၂-၂ နာပိုလီ
လက်ချီ ဝ-၂ နာပိုလီ
ဂျူဗင်တပ် နဲ ့နာပိုလီ တို ့တွေ ့ဆုံခဲ့မှုများမှာ
1.4.2012 ဂျူဗင်တပ် ၃-ဝ နာပိုလီ
29.11.2011 နာပိုလီ ၃-၃ ဂျူဗင်တပ်
22.5.2011 ဂျူဗင်တပ် ၂-၂ နာပိုလီ
9.1.2011 နာပိုလီ ၃-ဝ ဂျူဗင်တပ်
25.3.2010 နာပိုလီ ၃-၁ ဂျူဗင်တပ်
စနေနေ ့မနက်ပိုင်း ဈေးအနေအထားအရ ဂျူဗင်တပ် ဟာ သရေဆိုရင် အပြည့်ဆုံးရှုံးမှာ ဖြစ်ပြီး ဂိုးဈေးကတော့ သုံးဂိုးဆိုရင် ၅ဝ အနိုင် အနေအထားဖြစ်ပါတယ် ။
၂၀၁၁-၁၂ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ် နဲ ့၊ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဘဲဝင်ခွင့်ရခဲ့တဲ့ နာပိုလီ တို ့တွေ ့ဆုံမှု မှာ ဂျူဗင်တပ် က သရေ ရှုံးအနေအထားဘဲ ဆိုတာ ဈေးကနုလွန်းပါတယ် ။
တစ်ကယ်လို ့သည်ဘက်ဈေးမှာ ဂျူဗင်တပ် က တစ်ဂိုးအနိုင် ၉၀/၉၅/၈ဝ ဘဲ ဖွင့်လာရင်တော့ ဂျူဗင်တပ် အနိုင်ဆိုတာ သေချာပါတယ် ။
တစ်ကယ်လို ့သည်ဘက်ဈေးမှာ ဂျူဗင်တပ် သရေ ၉၀/၉၅/၈ဝ အရှုံး ဘဲ ဖွင့်လာရင်တော့ မိနစ်၉ဝအတွင်း သရေကျဖို ့ရာနှုန်း၉ဝ ရှိပါတယ် ။
ဂိုးအနဲအများ ကို ရွေးခြယ်မယ် ဆိုရင်တော့ ““ ဂိုးအများ ”” ဟာ အောင်မြင်ဖို ့၈၀% ရှိနေပါတယ်။
+++++++++++++++++++++
အသေးစိတ်အနေအထားများကို ကွန်မင့်ဖြင့် ဆက်လက်ရေးတင်ပါမည် ။
+++++++ အားလုံး အောင်မြင်ပါစေ +++++++

12 comments

  • water-melon

    May 19, 2012 at 2:04 pm

    မနေ့က PSP ဂိမ်းထဲမှာတော့ ချက်ကြီးနိုင်သွားတယ်
    ဒီနေ့ပြန်ကန်ကြည့်အုန်းမယ် ဘေယန်နိုင်အောင်
    အဟိ

  • sugar sugar

    May 19, 2012 at 2:35 pm

    ဘေယန် ဖလားလို့ထင်တာပဲဗျာ

  • Gipsy

    May 19, 2012 at 6:45 pm

    ဥုံ ကွိစိကွစ… ကိုပေ ခန့်မှန်းသလို ဖြစ်ပါစေ… အရဲစွန့်ရတော့မှာ…
    သေချာတာကတော့ တသင်းသင်းတော့ အနိုင်ရမှာ သေချာမယ်ထင်တာပဲ… :mrgreen:

  • kotun winlatt

    May 19, 2012 at 6:50 pm

    ကိုပေ..ကိုပေ..
    အပျိုတွေဝိုင်း..
    ခန့်မှန်းတိုင်းလည်းလွဲခဲတယ်..
    လာလေ..လာလေ့…
    ဘိုင်ယန်ဟေ့….အာဟိ…

  • ဗိုက်ကလေး

    May 19, 2012 at 7:36 pm

    အူးပေပြောတဲ့အတိုင်း မျက်စိမှိတ်ပြီးတော့ကို အောပလိုက်မယ် .အောပလိုက်မယ်.အောဘလိုက်မယ်..
    ပြောင်သွားလဲ အေးချေးပဲ..
    အနဲဆုံး ဘီအီးတော့ တိုက်မယ်မဟုတ်လား ကျောက်သထေး ဘောအူးပေ ခင်ဗျ

  • surmi

    May 19, 2012 at 8:14 pm

    ကိုပေရေ …
    ဝက်စ်ဟမ်းနဲ. ဘလက်ပူးပွဲ ကို ဘာလို.ချန်ခဲ.တာလဲ ။အဲဒါကိုစောင်.နေတာ….
    ဖုန်းနံပါတ်သိရင် ချက်ချင်းတောင်ဆက်လိုက်ချင်သေး …။
    အောလိုက်ပြီ ။ လက်ပကျွတ်လေးများရမလားလို. …………..။

    • windtalker

      May 19, 2012 at 8:34 pm

      ကွန်မကောင်းလို ့၊ အခုမှ ဝင်ရသဗျား ။
      ဝက်ဟမ်းပွဲကလဲ ဈေးမှားနေတယ်ဗျ ။ သရေအရှုံး ကို ဝက်ဟမ်း တစ်ဂိုးအနိုင် ၉ဝ ဆိုတော့ ၊ ဝက်ဟမ်း အောင်ဖို ့90%ကျော် ရှိပါတယ် ။
      ဘိုင်ယန် ပွဲကတော့ ရှင်းပါတယ် ။ ချဲဆီးခေါ်ထားတာ သိသာလွန်းတယ် ။ ဘိုင်ယန် အိမ်ကွင်းမှာ ကစားရမှာဖြစ်လို ့၊ ဘိုင်ယန် တစ်ဂိုးထဲနဲ ့ကပ်နိုင်မလား ၊ အပြည့်အဝ နိုင်မလား စောင့်ကြည့်ရုံပါဘဲ ။

  • ကြောင်ကြီး

    May 19, 2012 at 8:27 pm

    ချယ်လ်ဆီးဂို သိပ်အားမရဘာ.. ဘေယန်မြူးနစ်အသင်း နိုင်ပါလိမ့်မည်..။

    • ဗိုက်ကလေး

      May 20, 2012 at 12:58 pm

      တော်သေးတယ်
      အူးလေးနဲ ့ ဆန် ့ကျင်ဘက် လုပ်လိုက်လို ့

  • windtalker

    May 19, 2012 at 8:46 pm

    ဖတ်ရှုအားပေးသွားကြသော ချစ်မိတ်ဆွေစာဖတ်သူများနဲ ့ကွန်မင့်များဖြင့် ခန် ့မှန်းချက်ပေးကြသော ချစ်မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါသည်။

  • Gipsy

    May 20, 2012 at 7:26 pm

    ဘိုင်ယန်ပွဲ နဲနဲလေးလွဲသွားပါသဖြင့် ဒဂနေ့ ဂျုဗီပွဲ နှင့် အသက်ဆက်ပါဦးမည်…
    အဟင့်….ရွှတ်….

  • windtalker

    May 20, 2012 at 8:31 pm

    ကိုGipsy နောက်ကို လိုက်စမ်းပါ အူးဗိုက်ရာ ။
    ဒီညမှာ ဒုတိယမြောက် ဖလား ကို သိမ်းပိုက်မယ့်
    မအူပင်ကလပ် ““ ဂျူဗင်တပ် ””

Leave a Reply