မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်အလှကို ဘယ်လောက်အထိဖော်ပြသင့်သလဲ

introJune 17, 20101min834

girl.jpg ငယ်ရွယ်ချောမောတဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့ရဲ့ခန္ဓာကိုယ် အလှအတွက် အတိုင်းအတာ တစ်ခုထိတော့ ဂုဏ်ယူချင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် အခြေအနေ၊ အချိန်အခါအလိုက် ကိုယ့်အလှတရားကို ဘယ်လောက်ပမာဏ ဖော်ပြကြမလဲဆိုတာ အဖြေခက်တဲ့ မေးခွန်းပါ။ ဥပမာ ညဖက်အိမ်ပြန်နောက်ကျတဲ့ မိန်းကလေးတစ်ယောက် ဝတ်ပုံစားပုံ အနေအထားဟာ ယောက်ျားသားတွေအတွက် အမြင်ကို အစွန်း တစ်ဖက်ဆီ ပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အလှအပကို ရဲရဲပြ မလား၊ ချုပ်တည်းထားမလားဆိုတာ မိန်းကလေးတွေကိုယ်တိုင် ရွေးချယ် ဆုံး ဖြတ်သင့်တဲ့ ပြဿနာ တစ်ခုပါ။ အရမ်းခေတ်ဆန်ပြီး အဖော် အဟိုက် များရင်လည်း ယောက်ျားတွေရဲ့ မျက်စိပသာဒဟာ လမ်းမှားဆီ ဦးတည် သွားနိုင်ပါတယ်။ အရမ်းလုံခြုံဖုံးကွယ်ထားရင်လည်း ဘယ်သူမှ စိတ်ဝင်စား မှာမဟုတ်သလို “ပြတိုက်ပို့ဖို့ကောင်းတယ်”လို့ ခပ်ရွဲ့ရွဲ့ အပြော ခံရပါဦး မယ်။ ဒီတော့ မိန်းကလေးတွေဟာ ကိုယ့်အလှကို ဘယ်လောက် အတိုင်း အတာထိ ပြသင့်လဲ၊ အထူးသဖြင့် ကိုယ်စိတ်ဝင် စားနေတဲ့ ယောက်ျားလေး တစ်ယောက်ကို သိမ်သိမ်မွေ့မွေ့လေး ဘယ်လို ဆွဲဆောင် မလဲဆိုတာ အင်မတန် ပညာပါတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီ့ အတွက် ဗြိတိန်က သိပ္ပံ ပညာရှင်တွေကလည်း အဖြေရှာ ကြည့်ကြပါ တယ်။ နောက်ဆုံးတော့ သူတို့က မိန်းကလေးတွေဟာ သူတို့ရဲ့ အရေပြား အားလုံးရဲ့ (၄၀) ရာခိုင်နှုန်း ကို ဖော်ပြတာ အသင့်တော်ဆုံးလို့ မှတ်ချက် ပေးလိုက်ကြပြီ ဖြစ်ပါတယ်။ ဒီပမာဏဟာ အမြင်ရိုင်း မသွား စေသလို အမျိုးသားတွေကို ဆွဲဆောင်ဖို့ အသင့်တော်ဆုံး အခြေအနေပဲလို့ ပညာရှင်တွေက ဆိုပါတယ်။ လိဒ်စ်တက္ကသိုလ်က စိတ်ပညာရှင် ကောလင်း ဟင်ဒရီက သူ့ရဲ့ လုပ်ဖော် ကိုင်ဖက် ခပ်ချောချော အမျိုးသမီး သုတေသီ (၄)ယောက်ကို လိဒ်စ်မြို့က နိုက်ကလပ် (၄)ခုစီ လွှတ်ခဲ့ပါတယ်။ ဝတ်စား ဆင်ယင်ပုံ မတူညီတဲ့ အမျိုးသမီး လေးယောက်ဟာ ကလပ်တွေရဲ့ ကပွဲခန်းမမှာ ရှိနေတုန်း ယောက်ျားသားတွေ ဘယ်နှကြိမ် ချဉ်းကပ်တာ ခံရသလဲ၊ ဘယ်လို နည်းမျိုး နဲ့ ချဉ်းကပ် တာလား၊ အမှန်တကယ် စိတ်ဝင် စားလို့လား၊ အပျော် သွေးတိုး စမ်းတာလား ဆိုတာကအစ လေ့လာ သုတေသန ပြုခဲ့ကြပါတယ်။ ယောက်ျားတွေရဲ့ ပြောစကားမှန်သမျှဟာ အဲဒီအမျိုးသမီးတွေရဲ့ လက်ကိုင် အိတ်ထဲ ဖွက်ထားတဲ့ အသံသွင်းစက်ထဲကို အကုန်ရောက်နေတာပါ။ ဒေါက်တာ ဟင်ဒ ရီက ချဉ်းကပ်မှု အခြေအနေ တွေဟာ ဝတ်စား ဆင်ယင်မှုရဲ့ အနေအထားအလိုက် အပြောင်း အလဲရှိ တယ်ဆိုတာကို ခုနည်းနဲ့ သက်သေပြခဲ့ပါတယ်။ နာရီ(၇၀)ကြာတဲ့ သုတေ သန မှတ်တမ်း တွေ ပြီးသွားတဲ့အခါ ပညာရှင်တွေက အမျိုးသားတွေဟာ သူတို့ စိတ်ဝင်စားတဲ့ မိန်းကလေးတွေကို အပြန်အလှန် စကားပြော နေဖို့ထက် တွဲကဖို့ ဖိတ်ခေါ်ချင်စိတ်က ပိုများတယ်ဆိုတာ တွေ့လာ ရပါတယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အတူတွဲကရင်း မိန်းကလေးအပေါ် ပြောဆိုတဲ့ သွေးတိုးစမ်းစကားမှာ မိန်းကလေးရဲ့ အဝတ်အစားအလိုက် လေးစားတန်ဖိုးထားမှု ကွာ နေတယ် ဆိုတာ ပညာရှင်တွေက ဖော်ထုတ်လာနိုင်လို့ပါပဲ။ ဒေါက်တာဟင်ဒရီရဲ့ အဆိုအရ ခန္ဓာကိုယ်ရဲ့ (၄၀)ရာခိုင်နှုန်းကို ဖော်ပြထားတဲ့ မိန်းကလေး တွေဟာ ယောက်ျားလေးတွေရဲ့ ချဉ်းကပ်မှုကို တခြားသူတွေထက် နှစ်ဆလောက် ခံရသလို လေးလေးစားစား ဆက်ဆံခံရ တာကို လည်း တွေ့ရပါတယ်။ ခုတိုင်းတာမှုမှာ ခေါင်း၊ ခြေဖဝါးနဲ့ လက်တွေကို ထည့် မတွက်ထားပါဘူး။ အမျိုးသမီးတွေဟာ ရင်ပိုင်းရဲ့ (၅၀)ရာခိုင်နှုန်း၊ လက်မောင်းသားတွေရဲ့ (၁၀)ရာခိုင်နှုန်းနဲ့ ခြေထောက်တွေရဲ့ (၁၅)ရာခိုင်နှုန်းကို ဖော်ပြတာ အသင့်တော်ဆုံးလို့ ဆိုပါတယ်။ ဒီပမာဏဟာ ခန္ဓာကိုယ် အရေပြားရဲ့ (၄၀)ရာခိုင်နှုန်းလို့ သတ်မှတ်နိုင်မယ်လို့ ဒေါက်တာဟင်ဒရီက ပြောပြခဲ့ပါတယ်။ “(၄၀)ရာခိုင်နှုန်းထက် ပိုပြီးဖော်ထားတဲ့ မိန်းကလေးတွေဟာ နည်းနည်းလေး အနှောင့်အသွားမလွတ်တဲ့ သွေးတိုးစမ်းစကားတွေ ပိုပြီးကြုံရပါတယ်”လို့ ဒေါက်တာဟင်ဒရီက ဆိုပါတယ်။ Behaviorဆိုတဲ့ ဂျာနယ်မှာ ဒီစမ်းသပ်မှုအကြောင်း အသေးစိတ် ဖော်ပြထားပြီး အမျိုးသမီးတွေကို ချဉ်းကပ်တဲ့ အမျိုးသား အများစုဟာလည်း မပိန်လွန်း၊ မဝလွန်းသူတွေ ဖြစ်ကြပြီး အဲဒီလို ခန္ဓာကိုယ် အချိုးအစားရှိတဲ့ ယောက်ျားတွေက ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးယုံကြည် တတ်တဲ့ အကြောင်း ဂျာနယ်က ညွှန်းဆိုထားပါတယ်။

from:http://www.hikmah.info/index.php?option=com_content&view=article&id=1696:2009-11-20-06-52-15&catid=16:health&Itemid=67

4 comments

  • kopauk mandalay

    June 17, 2010 at 11:38 am

    ဒါက တော့ တစ်နိုင်ငံခြင်းစီမှာ ယဉ်ကျေးမူ့ခြင်းမတူညီတဲ့အတွက် တူညီသော အဖြေမရနိုင်ပါ။
    ဒါပေမဲ့လူသည် တိရိစာ္ဆန်လောက်တော့ မပွင့်လင်းသင့်ဟုယူဆပါသည်။
    http://kopaukmdy.myanmarsarpay.info/

  • snow

    June 18, 2010 at 3:08 am

    မိန်းကလေးဆိုတာတော့လှချင်တာချည်းပဲလေ..ဒါပေမဲ့ အရှက်မရှိတဲ့အခြေအနေထိတော့မဖြစ်သင့်ပါဘူး
    ခေတ်ရေစီးချောင်းနဲ့လဲလိုက်လျောညီထွေရမှာပဲလေ အဓိကကတော့ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ဖို ့ပါပဲ
    လူမှာအဝတ်တောင်းမှာအကွပ်လေ

  • etone

    June 18, 2010 at 4:05 am

    အခုတော်တော်များများဝတ်လာတာကတော့ 70% လောက်ပြပြီးဝတ်လာပြီလေ ။

  • mawmyayoo

    August 8, 2010 at 3:09 am

    လှချင်တာတော ့လှချင်တာပေါ ့.ဒါပေမဲ ့လုံခြုံမှု ့တော ့ရှိသင် ့ပါတယ်

Leave a Reply