မွမ်းမံပြီးစီးသွားသော စာသင်ဆောင် ပေးအပ်ပွဲ(၁၅.၅.၂၀၁၂)

kotun winlattMay 19, 20123min23315

                                                   မွမ်းမံပြင်ဆင်ပြီးသွားသော စာသင်ဆောင်လေး

                                                         ချက်ကြပြုတ်ကြ ကြော်ကြလှော်ကြ

                                                           အရုဏ်ဆွမ်းကပ်လှူစဉ်

                                                         ဆွမ်းဘုဉ်းပေးနေတဲ့ ဆရာတော်များ

                                                 ဆရာတော်ဦးအာဒိစ္စအား ဆွမ်းကပ်လှူစဉ်

                                                   ပြင်ဆင်ပြီးစီးသွားသော စာသင်ဆောင်အား ကျေးရွာအုပ်ချုပ်ရေးမှူးသို့ လွဲပြောင်းပေးအပ်

                                                              0ne candle စေတနာရှင်လူငယ်များ အဖွဲ့

                                                                  အားပါးတရ စားသောက်နေကြသူများ

                                                      စာသင်ဆောင်လေးပြီးစီးမှုအတွက် ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကခုန်နေကြတဲ့ ရွာသူရွာသားများ

မွမ်းမံပြီးစီးသွားသော စာသင်ဆောင်သစ်လွဲအပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ကရင်ရွာ

စာသင်ဆောင်လေးသည် ရွာသူရွာသားများဆောက်လုပ်ခဲ့ရာ ငွေကြေးမတတ်နိုင်သဖြင့်

ရပ်နားထားခဲ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါသည်။ ယခုအခါ

ထိုစာသင်ဆောင်လေးအား မော်လူးဒေသ ကရင်ရွာ၏ အရှေ့ဘက်ရှိ

ဝေဘူဝေဘာတောရကျောင်းဆရာတော်မှ ဦးစီးပြီး အွန်လိုင်းမှအလှူရှင်များ

ကျေးရွာမှ အလှူရှင်များစုပေါင်းကာပြုပြင်

မွမ်းမံပြင်ဆင်ပြီးစီးသွားပါသဖြင့်
ကျောင်းဆောင်သစ်လေးအား အရပ်သို့လွဲအပ်ပွဲ အခမ်းအနားကို
၁၅.၅.၂၀၁၂ရက်နေ့တွင်ကျင်းပခဲ့ပါသည်။
စာသင်ဆောင်လေးအားပြုပြင်မွမ်းမံခြင်းသာမက စာသင်ခုံများ သင်ပုန်းများ
ဆရာ/မစားပွဲထိုင်ခုံများကိုလည်း
လှူဒါန်းနိုင်ခဲ့ပါသည်။ စာအုပ်စာတမ်းများသိမ်းဆည်းရန်
ဗီရိုတစ်လုံးကိုလည်းလှူဒါန်းနိုင်ခဲ့ပါသည်။ ကျောင်းဆောင်သစ်လေး
ပြီးစီးသွားသဖြင့် ရွာသူရွာသားများနှင့် ကလေးငယ်များ
ဝမ်းသာပျော်ရွှင်နေကြပါသည်။ ဆရာတော်၏ဦးစီးမှုနှင့် အတူတကွ တက်တက်ကြွကြွ
ဆောင်ရွက်ခဲ့ကြသော one candle စေတနာရှင်လူငယ်များအဖွဲ့သည်
ကျောင်းဖွင့်ရာသီတွင် စာရေးကိရိယာအခက်အခဲရှိသော ကျောင်းများသို့
စာရေးကိရိယာများ လှူဒါန်းကြဦးမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။
စာသင်ဆောင်လေး၏ မွမ်းမံပြင်ဆင်စရိတ်သည် ၂၆သိန်းကျော် ကုန်ကြသည်ဟု
ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။
စာသင်ဆောင်လွဲအပ်သည့်နေ့တွင် ဆရာတော်များကို အရုဏ်ဆွမ်းလှူဒါန်းခဲ့ကြပြီး
လွဲအပ်ပွဲသို့ လာရောက်ကြသူများအား
မုန်းဟင်းခါးဖြင့်ကျွေးမွေးဧည့်ခံခဲ့ကြပါသည်။ဆရာတော်များဟောကြားတော်မူသော
ငါးပါးသီလ ပရီတ်တရားတော်များ ကမ္မဝါများကိုလည်း နာယူခဲ့ကြကြောင်းနှင့်
စာသင်ဆောင်သစ်လွဲအပ်ပွဲအခမ်းအနားကို ရွာသူ/သားများ၏ ဒိုးပတ်ဝိုင်း
ဖြင့်တီးမှုတ်ပြီး ရွာသူများ၏ ဒိုးပတ်အကဖြင့်
အောင်မြင်စွာပြီးစီးခဲ့ကြောင်းသိရှိရပါသည်။

15 comments

  • kotun winlatt

    May 19, 2012 at 6:30 pm

    အောင်မလေးးဗျာ..ဒီပို့စ်လေးးးတင်နိုင်ဖို့ရာ မနေ့ကတည်းကြိုးစားနေတာ
    အခုမှ တင်လို့ရတော့တယ်….
    ဘယ်တော့များမှ ကောင်းသောကွန်နက်ရှင်နှင့် အင်တာနက်ကို သုံးနိုင်ပါ့မလဲနော်…
    ကြိုးစားပမ်းစားတင်ပေးထားတာလေးကို လာရောက်ကြည့်ရှု့သူတွေ
    သာဓုခေါ်နိုင်ကြပါစေ……

  • ဗိုက်ကလေး

    May 19, 2012 at 7:29 pm

    ခြေမကော လက်မကော ထောင်လို ့ရသမျှ ထောင်ခဲ့ပါတယ် အူးလေးဂျက်လီရေ
    အူးလေးဂျက်ရဲ့ ပို ့စ်ကို သဂျီးများ မတော်တဆ ဖတ်မိခဲ့ပါက စနစ်တကျ ငွေစီးဆင်းမှုပါကလား ဆိုပြီး သာဓု အခါတစ်ရာ ခေါ်ပြီးသကာလ မော့စ် နှုတ်ခမ်းမွေးကြီးနဲ ့တူတဲ့ ခပ်ကားကား အမွှေးနှစ်ဘက်နဲ ့ မိန် ့မိန် ့ကြီး ပြုံးနေမယ်လို ့လဲ မြင်ယောင်မိပါတယ်..။
    ဆင်းရဲတာ စနစ်ကြောင့် မဟုတ်ဆိုလင့်ကစား..ဒီလိုကိစ္စတွေဟာ စနစ်မကောင်းလို ့ ကိုယ်ထူကိုယ်ထ ကနေရတဲ့ ဇာတ်တွေလို ့လဲ ကျနော် ထင်မိပါတယ်..တာဝန်ရှိ လူကြီးမင်းများ မြင်မိရင် အင်မတန်ရှက်ဖို ့ကောင်းပါလိမ့်မယ်ဗျ
    အူးလေးတို ့လို လက်တွေ ့ နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်ကို အရမ်းကာရော ဂုဏ်ယူ လေးစားမိပါတယ်ဗျား..
    ဆထက်တန်ဘိုး နိုင်ငံ့အကျိုးသယ်ပိုးနိုင်ပါစေလို ့ အူးဗိုက်မှ ဆုတောင်းပေးလိုက်ပါရစေ..
    ကျေးဇူးတင်သောအားဖြင့် ကျနုပ်အား ဘီအီး အဝတိုက်ပါလော့ အိုမိတ်ဆွေ

    • kotun winlatt

      May 20, 2012 at 7:17 am

      အင်းပါ..ဗိုက်ကလေးးရယ်….
      ဗိုက်နဲ့ ဘီက တည့်ပါ့မလားးးဗျာ…
      ဘီအီးကို ဒီမှာတော့ ဖေါရှောလို့ ခေါ်ကြတယ်ဗျ…
      ဘီအီးသောက်ပြီးရင် ဖောလာရင်…
      ပြီးတော့ သိပ်မကြာခင် ရှောတော့တာလေ…(ဝမ်းလျှောတာမဟုတ်..)
      အဲ့တာကြောင့် ဗိုက်ရေ..ဘီအီးတော့ မသောက်ပါနဲ့နော်….

  • kyeemite

    May 19, 2012 at 7:36 pm

    ကိုထွန်းဝင်းလတ်ရေ…မင်္ဂလာပါဗျာ..
    ကျွန်တော်က ရုံးမှာ အင်တာနက် သုံးလို့ရပါတယ်..ဒါပေမဲ့
    ပီးခဲ့တဲ့ နှစ်ပါတ်လောက်ထဲက အင်ဒိုးယူနစ် ပျက်လို့ဆိုလား
    အင်တာနက်မရတာကြာပေါ့…အိမ်မှာတော့ ကြိုးဖုန်းနဲ့သုံးတယ်
    ဒါပေမဲ့ ဓါတ်ပုံတင်ဘို့တော့မလွယ်ဘူးဗျ…စာဖတ် ကွန်မန့်ပေး
    ဒီလောက်ဘဲရတယ်…
    ကိုထွန်းဝင်းလတ်ရဲ့..ပရဟိတ စိတ်ဓါတ်နဲ့ ကြိုးပမ်းမှု့ကိုတော့
    သာဓု…သာဓု…သာဓု…အားရပါးရခေါ်ပါတယ်ဗျာ…
    ကျွန်တော်တို့က…NATO တွေပါ…(no action, talk only )
    ခင်ဗျားလိုလူတစ်ယောက်ရွာထဲရှိတာ ဂုဏ်ယူပါတယ်…
    ရွာသူ ရွာသားများခင်ဗျား…လေကန်ရေး ဝေဘန်ရေး လုပ်မနေကြဘဲ ကိုယ်နိုင်ရာ
    နိုင်ရာ…ကိုထွန်းဝင်းလတ် လိုလက်တွေ့လုပ်ကြပါစို့ လို့ …………….

  • kyeemite

    May 19, 2012 at 7:41 pm

    အားမရသေးဘူး ..ထပ်ပြောအုံးမယ်….
    အပြောနဲ့ မဟုတ် ရဲဘော်ထွန်းဝင်းလတ်လို အလုပ်နဲ့ လက်တွေ့
    ပြကြပါတော့လား အရပ်ကတို့ရေ့…

    • kotun winlatt

      May 20, 2012 at 7:19 am

      ဟုတ်ကဲ့..မင်္ဂလာပါ..
      ကိုကြီးမိုက်ရေ..ကျနော်လည်း ကြိုးဖုန်းနဲ့ပဲ အင်တာနက်သုံးရတာပါ..
      ပုံတွေတင်လို့ရအောင်တော့ ပုံကို ဆိုဒ်တွေလျှော့ ကွာလတီတွေလျှော့ပြီး
      တင်ရတာပါ…တစ်ခါတစ်ခါ ကွန်နက်ရှင်ကို အားလုပ်နေရတာ
      ချွေးတွေကိုပြန်ရော….
      တတ်နိုင်သလောက် ပရဟိတတော့ ဆက်လုပ်နေမှာပါဗျာ…
      ဒီကျောင်းလေးပြီးစီးသွားကိုတော့ တကယ့်ကို ဝမ်းသာပီတိဖြစ်ရတာပါ…
      ကျေးဇူးပါနော်….

  • windtalker

    May 19, 2012 at 8:44 pm

    အောက်ဆုံးကပုံထဲက အပြာလေးနဲ ့တစ်ယောက် က ကျောင်းဆြာ ရည်မှန်းထားတဲ့ တစ်ယောက်ဘဲ ဖြစ်ရမယ်ဗျား ။ ဟဲဟဲ ။
    သာဓုသာဓုသာဓု ပါ ကျောင်းဆြာရေ ။ မော်လူးကို ရောက်ဖြစ်ခဲ့ရင် အဲ့ကျောင်းတွက် တတ်နိုင်တာလေး လှူပါဦးမယ်ဗျား ။

    • ဗိုက်ကလေး

      May 20, 2012 at 1:00 pm

      ရန်ဂုန်ရောက်ရင်လဲ တားတားကို ဘီအီးလှူပါဦး

  • kotun winlatt

    May 20, 2012 at 7:22 am

    ကိုပေရေ….ကျနော့်အတွက်ရှာပေးမယ်ပြောပီးးးခုမှ
    စကားတွေလာလွဲနေတယ်….
    မရဘူးဗျာ….
    မန်းလေးသူတစ်ယောက်တော့ရှာပေးးးးပေတော့..အာဟိ…
    အလကားးးစတာနော်…( တကယ်ရှာပေးတော့လည်း ကောင်းတာပေါ့လေ..)
    မော်လူးကိုရောက်အောင်လာခဲ့စမ်းပါ ကိုပေရာ…
    အဲ…လောလောဆယ်ဆယ်တော့ မလာနဲ့ဦးဗျာ..
    ဒီမှာက ကောလဟာလတွေနဲ့ သွေးပျက်နေကြတုန်းးးလေ….
    ပျော်ရွှင်ပါစေ..ဆြာပေရေ….

  • ဒရက်ကူလာ ဖရဲ

    May 20, 2012 at 10:52 am

    ကိုဝင်းထွန်းလတ်ရေ
    သာဓုခေါ်ပါတယ်
    သူတို့ပျော်ရွှင်နေတဲ့ပုံကို ပီတီဖြစ်မိပါတယ်
    နောက်လည်းလှူနိုင်ပါစေ

  • ရွာစားကျော်

    May 20, 2012 at 12:09 pm

    တတ်နိုင်သလောက် ကြယ်ငါးလေးတွေကောက်ပြီး ပင်လယ်ထဲပစ်ပေးနေတဲ့ ကိုထွန်းဝင်းလတ်တို့ကို သာဓုခေါ်ပါတယ်ဗျာ..
    ရွာသားတွေလည်းတော်တော်ပျော်နေတဲ့ ပုံပါပဲ..

  • kotun winlatt

    May 20, 2012 at 12:41 pm

    လာရောက်ကြည့်ရှု့ပြီး ကွန်မန့်တွေပေး..သာဓုခေါ်ပေးကြတဲ့
    ဖရဲနဲ့ ရွာစားကျော်ရေ….
    ဝမ်းသာအားရ ပြုသမျှကုသိုလ်တွေကို အမျှပေးဝေပါတယ်ခင်ဗျာ…
    ပျော်ရွှင်ချမ်းမြေ့ကြပါစေ…
    ခင်မင်တတ်သော…
    T.W.L

  • ဆူး

    May 20, 2012 at 2:21 pm

    အပြောမဟုတ် အလုပ်နဲ့ သက်သေပြသွားတာပဲ.. တကယ်ကောင်းတဲ့ အလုပ်ကလေးပါ။
    စာသင်ကျောင်းနဲ့ ပတ်သတ်ပြီးတော့ ပညာတတ်တဲ့ ကလေးပေါင်းများစွာ ပေါ်ထွန်းလာအုန်းမယ် ဆိုတော့ တကယ်ကို ဝမ်းမြောက်စရာပါပဲ။
    ကိုထွန်းဝင်လတ် လုပ်နိုင်ခဲ့တဲ့ စွမ်းအားအတွက် သာဓုလည်း ခေါ်ပါတယ်။
    နောက်လည်း ဒီလို အလုပ်တွေကို များများ လုပ်နိုင်ပါစေ။

  • marblecommet

    May 22, 2012 at 1:33 am

    ကြည်နူးပီတိဖြစ်ရပါတယ်
    ကိုထွန်းဝင်းလတ်ရေ့….

  • padonmar

    May 22, 2012 at 2:32 am

    သာဓုခေါ်ပါတယ်။
    ဒါ ဒုတိယအကြိမ်ထင်တယ်နော်။

Leave a Reply