2012 ဗျတ္တ

ムラカミMay 19, 20123min10333

 

နောက်ဆုံးကျန်တဲ့ ပန်းပုံတွေပါ…

၄လပိုင် းသင်္ကြန်ကာလလောက်ကပေါ့ …

 

မားကတ္တင်း တတ်တဲ့ လူတွေများပြောပါတယ်ဗျာ…

မြစ်တစင်းကြားက ရေလည်ခေါင်သောင်ထွန်းတဲ့ကျွန်း ….

မုန်ညင်းလောက်ပဲ ထွက်မယ့် ကျွန်းကို …

ဆာကူရာတွေ စိုက် ..ပန်းဥယျာဉ်တွေ ပျိုး …

လူလုပ် …ရပူစမ်းတွေလုပ် ..

အဲ့ ..အဆိုပါကျွန်း ဟိုဘက်ခြမ်းမှာ ..amusement park တောင် ဆောက်လိုက်သေးရဲ့ ….

ဘိုးဘိုး-ဘွားဘွား-ဦးလေးအန်တီ- ကိုကိုမမ-သားသားမီးမီး ပါမကျန်

သည်ဒေသက လူတွေ သည်ကျွန်းကို လာကြရရဲ့…

မိသားစုနဲ့လား ၊ ဘော်ဒါ အပေါင်းအသင်းတွေနဲ့လား ၊ ချစ်ချစ်နဲ့လား ၊ ဒါမှမဟုတ် တစ်ကိုယ်တည်းလား ..

အကြောင်းပြချက် အားလုံးအတွက် အဖြေ ထားပေးထားတဲ့ ကျွန်းတခု ဆိုပါတော့…

 

 

 

 

မောင်ဂီ့လည်း သူငယ်ချင်းတွေနဲ့ သွားလည်ရင်း ရိုက်ဖြစ်ခဲ့တယ် ဆိုပါတော့ဗျာ …

 

အော်. .. မုန်ညှင်းလောက်ပဲ စိုက်ပျိုးဖြစ်ထွန်းမယ့် မြစ်လည်ခေါင် သောင်သာသာ ရှိတဲ့ ကျွန်းပါဆို ကွယ်…

အမြင်ရှိဖို့ပဲ ..လိုပါတယ်…

 

တင်ပီဗျို့…

 

 

ဗဟို

 

 

 

မျက်လွှာ

 

ဝင့်ကြွားခြင်း အခိုက်အတန့်

 

ငံ့လင့်မှု

 

bed of tulips

 

 

နေခြည်.

 

အစ

 

the right feels left..

 

တခါကလို...

 

 

photography  အကြောင်း ပြောပါဆိုရင်တော့ ..ဟုတ်ကဲ့ …

 

ဟို အူးလေးဂျီးတွေ လုပ်တတ်တဲ့ တက္ကနစ် တခု ကို မောင်ဂီ့ လိုက်လုပ်ကြည့်လိုက်တာဗျ…

အထူးမဆန်းတော့ မဟုတ်ပါဘူး …

 

ဒါပေမယ့်တော့ ..ဒါပေမယ့် ပေါ့ဗျာ …

တခါတလေတော့လည်း …မလှမပမှုတွေ များတဲ့ကြားက အလှအပ ဆိုတာတွေကို

ရှာဖွေ တတ်ခဲ့ချင်ရဲ့ …

အဲ့… post production ကို မီးမောင်းထိုးမိတဲ့ ပိုစ့်လို့ပဲ ဆိုချင်ပါတယ်..

ပုံတွေအားလုံးကို f/2.8 နဲ့ ရိုက်ထားတာပါ …

(စိန်ခေါ်မှု ကြီးကြီးမားမား တော့ ရှိရဲ့ဗျာ … )

focus ကို plain တခု လို မြင်ကြည့်ရင် …

အကွာအဝေး သဘောကို formula တွေသုံးပြီး တွက်ချက်ရင်…

အဲ့ … ကျနော် အဆိုပါ အပေါက် အကျယ်နဲ့ group photo တောင် ရိုက်ဖြစ်သေးကြောင်းပါ…။

လောလောဆယ် စကားလုံး ရှာမရလို့ …

focal plain အကြောင်း … angle တွေ ချိုးရင် ဆိုတဲ့အကြောင်းတွေ

အကြွေးမှတ်ပေးထားပါဗျ ….။

 

ခင်တဲ့

ဂီ

 

i live in da land of my dreams: my body. …

😛

 

 

 

33 comments

  • Gipsy

    May 19, 2012 at 7:32 pm

    ဂွတ်တယ် .. ကောင်းတယ် .. ကြိုက်တယ်… မိုက်တယ်…
    ဂယ့်ဆြာကြီး လက်ရာများပါ …

  • ငပွကြီး

    May 19, 2012 at 9:29 pm

    မိုက်တယ်ကွာ…မလိမ္မာဘူး…

  • ရွာစားကျော်

    May 19, 2012 at 11:57 pm

    ရိုက်တတ် ပြောတတ်လိုက်ထာအေ
    ဒါကြောင့်မို့ စိုင်ကလေးတွေ ကျဒါ နေမှာ..
    ငံ့လင့်မှုတဲ့.. သူပြောမှ ပန်းပွင့်လေးတွေကြည့်ပီး စိတ်ထဲ ဘာလိုလိုဖြစ်သွားတယ်..
    the right feels left.. ကို အကြိုက်ဆုံးဗျို့..

    • Ch@vez

      May 22, 2012 at 11:26 pm

      ကျနော် right feels left က နာမည်ကျော် သီချင်းခွေ တခွေကို
      ပြောင်းပြန် ပြန်ယူထားတာဗျ…

      ကျနော်လည်း ပြောင်းပြန် အယူအဆ တခု လုပ်ထားမိလို့ပါ…

      ခင်တဲ့
      ဂီ..

  • မှော်ဆရာ

    May 20, 2012 at 11:27 am

    တစ်ခါကလို ကို ကြိုက်တယ်ဟေ့
    အတွေးပါတယ်

  • ဗိုက်ကလေး

    May 20, 2012 at 3:37 pm

    ခိုက်ဒယ်ဗျာ..အူးလေးရာ..ရေလည်..ဗဲဒီးဂွပ်

  • ညလေး

    May 20, 2012 at 4:19 pm

    ဝင့်ကြွားခြင်း အခိုက်အတန့်………တခါကလို…
    အဲနှစ်ပုံကိုအခိုက်ဆုံးပဲ….
    ဝင့်ကြွားနေတဲ့ပန်းလေးက………နိုင်းစရာမဲ.အောင်ကိုလှနေပါဧ…
    အားပေးရင်း…..မျှပေးသော`ပညာ´ကိုအမိအရယူရင်း…..

    • Ch@vez

      May 20, 2012 at 5:28 pm

      အားပေးကြတာ ကျေးကျေးပါ…

      စာထဲ ရေးထားသလို ကျနော် f/2.8 တခုတည်းနဲ့ ရိုက်ဖို့ ကြိုးစားခဲ့ပါတယ်..
      90mm ပြောင်းပါ …

      တခါတခါ ကိုယ့်ကိုကိုယ် ဘောင်ခတ်ဖို့ လိုလာတဲ့အခါ စည်းမျဉ်းတခု
      ချမှတ်ပြီး အဲ့သည့်ဘောင်အတွင်းက လုပ်ယူကြည့်ရတာတွေက
      မမျှော်လင့်ဘဲ ပညာရစရာ ဖြစ်လာတတ်ပါကြောင်း
      (ဒါဟာ ကျနော့် အော်ရီဂျင်နယ် အိုင်ဒီယာ မဟုတ်ပေမယ့် )

      ကျနော်…
      နည်းနည်း အစွန်းရောက်တဲ့အတွက် aperture အကျယ်ဆုံး ဒါမှမဟုတ်လည်း
      shutter speed အနှေးဆုံးတွေကို စမ်းရင်း ..
      တရွေ့ရွေ့နဲ့တော့ အလည်ကို ရောက်အောင်သွားကြည့်နေပါတယ်..

      ခင်တဲ့

      Inz@ghi

  • shwe kyi

    May 20, 2012 at 5:27 pm

    အားကျမိပါရဲ့ သူများတွေပုံတွေမြင်တော့ရိုက်ချင်တယ်.
    ဒါပေမယ့် ဘာမှလည်းမရှိဘာမှလည်းမတတ်….။

  • Gipsy

    May 20, 2012 at 7:48 pm

    ဟင် … မရှိတာကို ကြွားနေလိုက်တာ .. အားတောင်ကျမိတယ်…
    အားငယ်နေပါနဲ့ .. ကိုဂီက ကိုချော့ပြီး သင်ပေးလို့ ပြောကြည့်….

    • Ch@vez

      May 22, 2012 at 11:31 pm

      ကိုမှော်ကတော့ သိပြီးဖြစ်လို့
      လေးပေါက် ရေ…

      သည်လို …
      ဖိုတိုဂရ်ဖီအရတော့ …
      ရှေ့ဝါး နောက်ဝါး အလယ်ပဲ ပြတ်သားတဲ့
      plain တခုကို ဖန်တီးကြည့်မိတာဗျ….

      တင်စားမိတာကတော့ ဒါတွေဟာ
      အတိတ်ပစ္စုပ္ပန် နဲ့ အနာဂါတ် ဆိုပါတော့ …

      အဖြူထဲက အနီကတော့ …နောင်တချိန်
      အတိတ်ဖြစ်သွားမယ့် ပစ္စုပ္ပန်မှာ ပြတ်ပြတ်ထင်ထင်
      ဖြစ်နေမယ့် ကိစ္စရပ်လေး တခု လို့ တင်စားမိတာပါဗျာ…

      ခုချိန် သည်ပန်းတွေ ညှိုးကြရောပေါ့..
      ဟုတ်ကဲ့ ..တခါကလို …..

  • char too lan

    May 21, 2012 at 12:33 pm

    အဲ့ဒီ ကျူးလစ်နဲ့ စနိုး တွေကို ငယ်ငယ်ထဲက ဓာတ်ပုံတွေကြည့်ပီး ကျနော်အရမ်းကြိုက်ခဲ့တာ
    ဒါပေမယ့် ခုထိဓာတ်ပုံတွေထဲမှာပဲမြင်ဖူးပီး အပြင်မှာတစ်ခါမှ မကြုံရ မမြင်ရတော့
    အဲ့လောက်လှတဲ့ ကျူးလစ်ပန်းခင်းဆိုတာ ….
    အပြင်မှာ တကယ်ရှိတယ်လို့တောင် မထင်တော့ဘူးဗျာ… 🙁

    • Ch@vez

      May 22, 2012 at 11:34 pm

      ကျနော် ကျူးလစ်ကို သိပ် မနှစ်သက်တတ်ပေမယ့်
      teamwork လို စကားလုံးမျိုးတွေကို
      ဖော်ကျူးနိုင်တယ်လို့တော့ ယူဆပါကြောင်း…

      ဟုတ်ကဲ့ ..ကျူးလစ်တွေဟာ တပွင့်ချင်း တပင်ချင်း
      (အခြားနာမည်ကျော် ပန်းတွေနဲ့ယှဉ်တဲ့အခါ)
      စိတ်ပိုင်း သမိုင်းပိုင်း ရုပ်-အလှပိုင်းပေါ့
      အားအင်ပြည့်ဝ ခိုင်မာတယ် လို့ မတွေ့ဖူးလို့ပါ..

      ခက်တဲ့….

  • Moe Z

    May 21, 2012 at 12:42 pm

    ဦးဗျတ္တရေ မိုက်တယ်ဗျို့ ..
    အောက်ဆုံးပုံက ကျူးလစ်ပန်းခင်းအဖြူထဲမှာ အနီရောင်တစ်ပွင့်က သူ့ဘာသာသူပွင့်တာလားဟင်င်င် …

    • Ch@vez

      May 21, 2012 at 1:53 pm

      အော်ရီဂျင်ဒယ် ပါကွယ်..
      ဖိုတိုရှော့မှာဂ
      ပြန်တို့ တဲ့အလုပ်သာ လုပ်တာ …
      ဆက်ပဂျက်တွေကို ဖြုတ်တာ တပ်တာ မလုပ်ပါဘူး….
      ဟာဗျဲ ကို …

  • Ma Ei

    May 21, 2012 at 12:45 pm

    မေမြို့မှာ ကျူးလစ်လေး တစ်ရာလောက်ရှိတဲ့ အခင်းကို
    တအံ့တဩ ကြည့်ခဲ့ရတယ်…
    တခါကလို……ငံ့လင့်မှု….
    bed of tulips
    အခင်းလိုက် လိုချင်တယ်….

  • Mon Kit

    May 21, 2012 at 1:47 pm

    လှလွန်လွန်းလို့ ငေးကြည့်သွားပါတယ်……..

  • jujuma

    May 21, 2012 at 2:01 pm

    လှလိုက်တာ ကျူ့လစ်ပန်းလေးတွေ .
    အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး ဗျ … 😛

  • Rose Minn

    May 21, 2012 at 2:04 pm

    လှလိုက်တဲ့ ပန်းလေးတွေ လက်ဆောင် ရချင်လိုက်တာ။ ပန်းခင်းထဲ ထိုင်ပြီး ဓါတ်ပုံ ရိုက်ချင်စမ်းပါဘိသနယ်။ အခွင့်သာခဲ့ ရင် ဂျ ပြည်ကို လှမ်းလာလိုက်ချင်တော်။ဂျပန်က ပန်းနဲ့လဲဆွဲဆောင် အားကောင်းပြန်တယ် နော် ဂီ။

  • etone

    May 21, 2012 at 2:39 pm

    ကိုဂီရေ … ပန်းတွေက လှလိုက်တာ …. ။
    ဓါတ်ပုံဆရာရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကြောင့် …. ပန်းတွေ ဓါတ်ပုံထဲ ရောက်တာနဲ့ .. အကုန်ကိုလှရော … အပြင်မှာတောင် … ဒီတိုင်းကြည့်လျှင် .. ဒီလောက် …လှချင်မှ လှမှာ 😎

    ဟို အရိုးတန်ရှည်ရှည်နဲ့ ပန်းလေးတွေက ..ကျူးလစ်ပန်းတွေ ထင်ပါရဲ့နော် .. ဒီနိုင်ငံမှာတော့ … မမြင်ဖူးသေးဘူး .. (ကိုယ်ကလည်း .. နိုင်ငံတွင်းတောင် … ဘယ်မှမသွားဖြစ်တာ) ။ အရမ်းလှသလို .. အနံ ့လည်း မွှေးမှာပဲ ထင်တယ် .. စိတ်မှန်းနဲ့ …. အနံ ့ခံ ကြည့်လိုက်တယ် .. အဟီး 😀

    • Ch@vez

      May 22, 2012 at 11:39 pm

      သည်ပန်းတွေက ကျနော် ရိုက်ပြနိုင်တာထက်ကို
      ပိုလှခဲ့တယ် မအိတုန်..

      ဆိုလိုချင်တာ ကျနော်တို့က ဘောင်ခတ်ပြရတဲ့ အလုပ်ဆိုတော့
      ဘောင်နဲ့ မဆန့်တာ …ဘောင်ထဲဝင်အောင် မပြနိုင်တာ
      ဆိုတဲ့ အနေအထားတွေ ရှိသေးရဲ့…

      တချို့နေရာတွေမှာ ပန်းတွေနဲ့ချည်း ပန်းချီကားလိုပုံဖော်ထားတာတွေရှိရဲ့..
      ရိုက်လို့ အဆင်မပြေလို့ လျှော်ထားခဲ့ရတာတွေလည်း ရှိရဲ့..

      အနံ့ ကတော့ မှန်တာပြောရင် သတိမပြုမိဘူးဗျ…
      ပင်ကိုယ် ရနံ့ရှိမှာ ဖြစ်ပေမယ့် သတိထားမိလောက်အောင်
      မမွှေးဘူး မှတ်တာပဲ …

      ကျနော်က အလင်း နဲ့ အရောင်ကိုပဲ အာရုံစိုက်နေချိန်မှာ…
      (ကျနော် မသိဘူးဆိုရင်တောင်) အတူလာတဲ့ သူငယ်ချင်းတွေ
      တခြားဧည့်တွေဆီက မွှေးလိုက်တာ ဘာညာ ပြောတာ ကြားသင့်ရဲ့
      မဟုတ်လားဗျာ..

      လှတယ်ပြောတာပဲ ကြားဖူးပြီး မွှေးတယ်ပြောတာ မကြားခဲ့ကြောင်းပါ
      (မွှေးတယ်လို့လည်းမထင်ပါ ခင်ဗျား)

      ခင်တဲ့…

  • MaMa

    May 21, 2012 at 6:34 pm

    ကျူးလစ်ပန်းအစစ်ကို တစ်ခါပဲ မြင်ဖူးတယ်။
    လှသောမွှေးသောပန်းပေ့ါနော်။
    ပန်းရဲ့ အင်္ဂ ါရပ်တွေနဲ့ ပြည့်စုံတယ်။
    လှသောမွှေးသော ကျူးလစ်ပန်းပန်းကလေးလိုမျိုး ………..
    အဓိပ္ပါယ်ပြည့်ဝသော လူသားဘဝကို ရရှိပိုင်ဆိုင်နိုင်ပါစေ မောင်ဂီ။ 🙂

    • Ch@vez

      May 22, 2012 at 11:41 pm

      ကျေးကျေးပါ မာမားရယ်…
      ပေးတဲ့ ဆုနဲ့ တလုံးတဝတည်း
      ပြည့်ရပါစေသား…

      အိုဘယ့် စကီလေးဒွေ…
      မောင်ဂျီးတယောက် ယောက်ျားကောင်း အင်္ဂါရပ်ပြည့်စုံဖို့အတွက်
      ဝိုင်းကြ ဝန်းကြဖို့ အချိန်တော်ဘီကွယ့်…..
      ဒူ ဟူဟူဟူ…..
      😀

  • ကောင်းမြတ်သူ

    May 21, 2012 at 8:25 pm

    လှမှလှဗျို့……… အားပေးသွားတယ်။

  • kotun winlatt

    May 21, 2012 at 9:53 pm

    အားးးးပါးးးးးးပါးးးးး
    လှလိုက်တဲ့ ပန်းးးတွေပါလားးးးးးးး။

  • Ch@vez

    May 22, 2012 at 11:43 pm

    အားပေးကြတာ ကျေးကျေး ပါ ပိတ်သတ်ကြီးခင်ဗျား…
    နွေရောက်ပြီမို့ … ပန်းတွေလည်း ကုန်ပြီမို့…
    ဟီး…
    ရာသီဇာလေးဒွေ … အာရုံကျနေပါကြောင်း….

    ခင်တဲ့
    😀

    • kai

      May 23, 2012 at 1:30 am

      နွေရောက်ပြီမို့.. အဝတ်အစားတွေလည်းဖုံးထားတဲ့.. ..ပန်းလှလှတွေလည်း.. ပွင့်ပေါ်လာပါသတဲ့..
      ဒီခေတ်များ.. ဂျင်းဘောင်းဘီတွေက.. တိုသထက်တိုပြီး.. ကြပ်သထက်ကြပ်လာတာပဲ..
      ကမ္ဘာကြီး.. ရှေးကထက်ပူလာတယ်ဆိုတာ.. ဟုတ်မှာ..

      အနိစ္စ… :mrgreen:

      • pooch

        May 23, 2012 at 12:16 pm

        ဇိမ်ဖုန်းကြီးတွေများ ဓာတ်တူ နာမ်တူ အသံတူ အမြင်တူ ကြတယ် အံ့ရော အံ့ရော :mrgreen:

        ဒါနဲ့ bed of tulips က ဘာဖြစ်လို့ မှိုုင်းနေတာလဲ မြူလား နှင်းလား
        ကျူးလစ်တွေ ဘုရားပန်းထိုးရင် တော်တော်လေးတော့ အထားခံတယ်။ အနံတော့ မမွှေးဘူး။ ဈေးလည်းကောင်းတယ် မှတ်တာပဲ။

        • Ch@vez

          May 23, 2012 at 12:27 pm

          ဘာပြောချင်လဲ တန်း ဒတ်ပီး ..ပြန် ရေးကြသည် ဆိုရာဝယ်…
          မြွေမြွေချင်း ခြေမြင်တာကတော့ ထားပါတော့ …

          😛

          ဒါမျိုးက ဝါဒနာကြီးမှ ပါရမီပါမှ အားပါးတရ လေ့လာလိုက်စားမှ
          မြင်တတ် သိတတ် ရေးတတ်တာ အာပျိုဂျီးရဲ့….
          ဧကန ္တ တော့ ဟီဟိ…

          ကျုပ်ဂိုဏ်းကတော့ အမျိုးသမီးမန်ဘာ လက်မခံပါကြောင်း…
          :mrgreen:
          အာ..ဟိ
          ဒက်ဂလောက်

          ဇဂါးအတင်းစပ် သဂျီးရေ…
          ဟိုတပါတ် နနချဲန် ဘိချ် စတိုင်လ် ဖြစ်သွားကတည်းက
          အနိတ်တွေ စစ နေပါကြောင်း…
          😀

        • pooch

          May 23, 2012 at 12:49 pm

          ဒါမျိုးက ပါးပါးနပ်နပ်နဲ့ အမြင်ကျယ်တဲ့သူတွေဆို ပြေးကြည့်စရာမလိုဘူး တွေးကြည့်တာနဲ့ သိတယ်။ ငါ့ကိုများ လာလာချည်သေး။ စွပ်စွပ်စွဲစွဲ ။ သူခိုးလူမိတယ် လုပ်ပါ ။ 👿

          မသူတော်ချင်း သတင်းလွေ့နေတာများ :mrgreen:

  • blackchaw

    May 26, 2012 at 6:35 pm

    ဘယ်လိုပဲကြည့်ကြည့် ယဉ်တဲ့သူရယ် ဆိုတဲ့ သီ်ချင်းလိုပဲ
    ယဉ်သော ဓါတ်ပုံများလို့ ခေါင်းစဉ်ပေးခဲ့ပါတယ်ဗျာ။
    စကားမစပ် ဂီဂီ ဘယ်ပျောက်နေလဲဗျ…။

Leave a Reply