ကိုယ့်ဆရာရေ ကျွန်တော်က သူရစိုးပြတဲ့ စာရွက်လေလးကို ကြည့်လိုက်မိတယ်။ကိုမင်းနဲ့ သူ့ချစ်သူ ရတနာ ခင်တို့ ပြောနေတဲ့ ဂျီတော့ ကစကားတွေပါ။
ုko min ခင်ရယ် အကို က ပြန်သာပြန်ခဲ့ရတာပါ စိတ်က ခင့်ဆီမှာ
chocho1500 ခင်လည်း ကို့လိုပါပဲ
ုko min ကို … ခင့်ကို တကယ်ချစ်တာပါ လက်ထပ်ဖို့ ထိရည်ရွယ်ခဲ့တာပါ
chocho1500 ကို့ … စိတ်မကောင်းတော့ မဖြစ်နဲ့နော် ခင့်ကို အမေက လက်ထပ်ပေးဖို့ လုပ်နေတယ်။ အမေက သူစီစဉ်တာလက်ခံရမယ်တဲ့ တကယ်လို့ ငြင်းရင် သေခန်းပြတ်တဲ့ ခင်က
မိဘကို စိတ်မဆင်းရဲစေချင်ဘူး ကို့ ကိုလည်း အားနာပါတယ်။ တနေ့က ကိုယ်လာတာ အိမ်က သိသွားတယ် ဒါကြောင့် အိမ်ထဲက အပြင် မထွက်ခိုင်းတော့ ဘူး သူတို့ စီစဉ်တဲ့
သဘောင်္သား စည်သူကျော်ဆွေနဲ့ ပဲ လက်ထပ်စေချင်တယ်…တဲ့

ko min ခင်ရယ် … ဘယ်လို ပဲ ရှိနေပါစေ ကို လာခိုးမယ် ခင်သာ လိုက်ခဲ့ ရင် ကိုယ်သိပ်ပျော်မှာပါ။ ခင် ကို့ ကို လက်ထပ်ပါနော်
chocho1500 မဖြစ်နိုင်ဘူးကို အိမ်က အင်တာနက်တောင် သုံးခွင့်မပေးတော့ ဘူး ဒါ နောက်ဆုံးပဲနော်ဆိုပြီး အခု ခွင့်ပြုလိုက်တာ ပါ နောက်လည်း ……
ko min အော် ခင်ရယ် ကို့ အဖြစ်က ဆိုးလိုက်တာ
ကိုယ့်ဆရာရေ ဒီလို စကားလေးတွေနဲ့ ကောင်မလေးက ဖြတ်လိုက်တာ ပါးပါလေး တကယ်ပါးနပ်တာပါ ။ကျွန်တော်က ကိုမင်း အလိမ်ခံရမယ်ဆိုတာ အစကတည်းကကြိုသိနေတယ်လေ။ ကိုမင်းနဲ့ သနားဖို့ကောင်းတာက သီရိဆိုတဲ့ အပျိုကြီးပဲ ။ သူက ဂျီတော့မှာ နိုင်ငံခြားမှာ အလုပ် သွားလုပ်တဲ့ ကောင်လေး တစ်ယောက်နဲ့ ခင်ကြတယ် နောက်တော့ မ .. မချစ်ရင် ဘ၀ပျက်သွားနိုင်တယ် ဘယ်လောက်ဝေးဝေးမရယ်…တို့ ဘာညာ နဲ့ကြွေလိုက်တာ နောက်ဆုံးတော့ တစ်ရက်လေး စကား မပြောရရင်တောင် လွမ်းစိတ်မပြေ ဖြစ်ပါလေရော ။ကောင်လေးက မလေးမှာနေတာပါ နယ်မြို့က သီ၇ိနဲ့ ဆက်ပြီး
ဘောလုံးပွဲတွေလောင်းခိုင်းတယ်။ ရှုံးတော့ ဟိုက ပိုက်ဆံပို့ပေးပါတယ်။နောက်တော့ မ ..စိုက်ပေးထားလိုက် ပေါ့။ သီရိကလည်း စိုက်ပေးပါတယ် ငါးသိန်းလောက်စိုက်ရတဲ့ အခါလည်းရှိတယ် နိုင်ရင် တော့ ပုသိမ်က
သူ့မိဘ အိမ်ကို ပို့ပေးရတယ်။ တခါက သိန်း သုံးဆယ်တောင်နိုင်တာ ကိုယ့်ဆရာရေ ကောင်လေးကို သီရိက ၀မ်းသာအားရ ဖုန်းဆက်တော့ မရယ် အိမ်ကို ပေးလိုက်ပါ အကုန်ပေးလိုက်ပါနော် သူတို့ ပိုက်ဆံ အရေးတကြီးလိုနေလို့ မကို ပေးစရာကို နောက်အပတ်မှာ မောင်ပို့ပေးလိုက်မယ်နော်…ဒီလို ကိုယ့်ဆရာရေ။ နောက်တော့ ဘောပွဲက သိန်း ငါးဆယ်လောက်ရှုံးပါလေရော ဒီတော့ မလည်း ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်ရော ကောင်လေး ဆီ ဖုန်းခေါ်တာပေါ့ ကိုယ့်ဆရာရယ် ဖုန်း က ဆက်သွယ်လို့မရ ၊ ချစ်စကားလှလှလေးတွေ သီကြူးနေကြ ဂျီတော့ ကလည်း အကောင့်ကို ဘလော့ လုပ်ထား။ အရူးမီးဝိုင်းဖြစ်ရတာပေါ့
မ..မချစ်ရင် ဘ၀ပျက်သွားနိုင်တယ် ဆိုတဲ့ မောင် ရဲ့ ရိုက်ချက်က မ ဘ၀ပျက်လုလုပဲ ကိုယ့်ဆရာရေ ဒီတော့ ကောင်လေး မိဘတွေ အိမ်ကို မျက်နှာ ငယ်လေးနဲ့ သွားတော့ ခြံဝမှာ မနည်းစောင့်ရတယ်
ကောင်လေး အဖေနဲ့ လည်းတွေ့ရော အရင် ပိုက်ဆံလက်ခံတုန်းက ရုပ်မဟုတ်တော့ ဘူး တင်းတင်းမာမာပဲ “ အေးကွာ ..သားက ဆိုးလွန်းတော့ ဒို့တွေလည်း လက်လျှော့ထားတာ ဘယ်တတ်နိုင်မလဲ
သူလုပ်သမျှ အိမ်က လိုက်မရှင်းနိုင်ဘူး သူနဲ့ သာ ရှင်းကြပါ ” ….တဲ့။ ကဲ ကောင်းရောကိုယ့်ဆရာရေ သီရိလည်း အိမ်ကိုဂရံ ပေါင်ပြီး ဆပ်လိုက်ရရှာတယ် ကိုယ့်ဆရာရေ။
ကျွန်တော်လည်း မီဒီယာ ခင်မောင် အကြောင်းမေးမိတယ် ။ခင်မောင် ငြိမ်ချက်သားကောင်းနေတာကိုး။ ခင်မောင်ကိစ္စ ဘာကြားလည်း ဆိုတော့ သူရစိုးက
ခင်မောင်က သူ့ကောင်မလေး က သိပ်တွေ့ချင်တယ် အတူနေချင်တယ် ဆိုပြီး ပူဆာတယ်တဲ့ ဆရာ ဒါနဲ့ ခင်မောင်က ကောင်မလေး မြန်မာပြည်ကို လာချင်တယ် ဆိုလို့ ငွေပို့ပေးလိုက်တယ်
တလောက မြေကွက် ရောင်းရငွေ ထဲက သူအမေ မသိအောင် ရန်ကုန်သွားပြီငွေ ပို့လိုက်တယ် နောက် ရန်ကုန်မှာ စောင့်ရတာပေါ့ဆရာ။
သူရစိုးကပြောလက်စ စကားကို ခေတ္တ ဖြတ်ပြီး ကျွန်တော်ကို ကြည့်ပါတယ်။
ခင်မောင်တည်းခို ခန်းမှာ တည်းပြီး တော့ စောင့်တာတဲ့ ဟိုက ငွေ ရပြီး နှစ်ရက် အတွင်း လာမယ်ဆိုတာကိုး ကျွန်တော်က မလာမယ်မှန်း သိလျှက် နဲ့ “လာရဲ့လားကွ ” လို့ မေးလိုက်တော့
သူရစိုးက “ ဘယ်လာလိမ့်မလဲဆရာရယ် နောက်တော့ ကောင်မလေး ပေးထားတဲ့ ဖုန်းကို ဆက်တော့ ယောက်ျားကြီးတစ်ယောက်က အင်္ဂလိပ်လိုပြော ခင်မောင်က လည်း ဖရီဒါ ကိုပဲမေး
သူပြောတာ ခင်မောင် အကုန်မသိ ခင်မောင်ပြောတာ ဟိုက မသိနဲ့ ခက်ကုန်တာပေါ့ ဂျီတော့ နဲ့ပြောဖို့ ဆိုတာကလည်းဆရာရယ် ဟိုက မဖွင့်တော့ မရ ဒီလိုနဲ့ ခင်မောင်ပါတဲ့ ပိုက်ဆံလေးကုန်လို့ ပြန်လာရပါလေရော
သူရစိုးက သူ့စကားကို အဆုံး သတ်လိုက်တယ်။
အေး ပြန်လာတော့ ဘယ်လိုဇြစ်သေးလဲကွ ကျွန်တော်မေးတော့ သူရစိုးက ရယ်ပြီး “ပြန်လာတော့ ခင်မောင်အမေက ခုနှစ်သံချီနဲ့ ငိုလိုက်အော်လိုက် လုပ်တော့တာပေါ့ နည်းလားဆရာရယ် ဒေါ်လာ ထောင့်နှစ်ရာ
ကိုပေးလိုက်တာလေ …။အဲ့ ဒီနေ့က ရပ်ကွက်ထဲ ဆူကြတာ ဆရာ့ကိုမြင်စေချင်တယ်။
သူရစိုးက ပြောရင်းရယ်နေပါတယ် ။ကျွန်တော်သာ စိတ်ကူးနဲ့ ခင်မောင့်မျက်နှာကို ပုံဖေါ်ကြည့်မိတယ် ကိုယ့်ဆရာရေ အသည်းကွဲ လို့ ကြေကွဲရတာ တစ်ကြောင်း တကယ်ယုံခဲ့မိလို့ အလိမ်ခံရတာကိုရှက်တာ တစ်ကြောင်း
သူ့ မျက်နှာ မည်းနေမှာ မြင်ယောင်မိပါတယ်။ အမေကြီးက တရှုံ့ ရှုံ့ငိုလိုက်ပြောလိုက်နဲ့ ခင်မောင်ကို ထရိုက်လိုက်နဲ့ ကျွန်တော်တွေးရင် သနားမိပါတယ်။
“ ကဲ ဆရာ ….မီဒီယာ ခင်မောင် တို့ဆီသွားရအောင် ”
သူရစိုး ကကျွန်တော်ကို လိုက်ပြမယ်ဆိုပြီးခေါ်ပါတယ်။ ကျွန်တော်ကို ဆိုင်ကယ်ပေါ်တက်ခိုင်းလို့ တက်ထိုင်လိုက်တယ် ။ဆိုင်ကယ်မောင်း ထွက်သွားတာက မြို့စွန် ဆီကိုပါ ။
ဟေ့ကောင် သူရစိုး ဘယ်လည်းကွ ဆိုတော့ မီဒီယာ ခင်မောင် ဆီကိုလေ တဲ့ ။ ဆိုင်ကယ်ရပ်လိုက်တာ မြို့စွန် က ဇရပ် တစ်ဆောင်ရှေ့မှာပါ ။ကျွန်တော် ဆိုင်ကယ်ပေါ်က ဆင်းလိုက်တော့ ကိုယ့်ဆရာရေ
မီဒီယာ ခင်မောင်နဲ့ သူ့တပည့် ကို မင်း တို့ နှစ်ယောက် ဇရပ်ဘေးမှာ ဒန်အိုးလေး တစ်လုံးနဲ့ ထမင်း အိုးလေးတည်လို့ နှစ်ယောက်စလုံး ခပ်မှိုင် မှိုင် ထိုင်နေကြတယ်။ ကိုမင်းက ထင်းစလေးတွေ ကို မီးဖိုထည် ထဲ့လို့
ဇရပ်ပေါ်မှာ လည်း ပုဆိုး နဲ့ ထုပ်ထားတဲ့ အထုပ်နှစ်ထုပ်။ ကိုယ့်ဆရာရေ သူတို့ အ၀တ်တွေ ထင်ပါတယ်။
ဟေ့ကောင် ခင်မောင် ဘယ်လိုဖြစ်ကြတာလည်းကွာ လို့မေးတော့ နှစ်ယောက်စလုံး သံပြိုင် နဲ့ “အိမ်ပေါ်က ဆင်း လိုက်ရတယ်” လို့ဖြေပါတယ် ။ ကိုယ်ဆရာရေ သူတို့ကို ကြည့်ပြီး ကျွန်တော် သံဝေဂ ရလိုက်မိတယ်
မီဒီယာ ခင်မောင်က “ ဆရာရယ် တခါတလေတော့ ရင်းနှီး မြုပ်နှံမှုဆိုတာ ရံှု့းတဲ့ အခါလည်း ရံှု့းတတ်ပါတယ် မီဒီယာ ခင်မောင် တစ်နေ့ မီဒီယာ လောက ထဲ ၀င်အုံးမှာပါ ပတ္တမြား မှန်ရင် နွံ့မနစ်ပါဘူး
ခေသူမှ မဟုတ်တာဆရာရယ်တဲ့ ။
ကိုယ့်ဆရာရေ ငွေတွေ ကုန်လွန်းလို့ သူတို့ အိမ်က အသီးသီး နှင်ချလိုက်ကြတယ် ။ အခုတော့ မြို့ ပြင်က ဇရပ်မှာနှစ်ယောက်သား နေကြတာတွေ့တော့ လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ အပြန်လမ်းမှာ မီဒီယာ ခင်မောင် အကြောင်းပဲကျွန်တော် တွေးမိပါတော့ တယ်။ နားထဲ သီချင်းသံလိုလို ကြားမိသလားမသိ။
ဖေ့ဘုတ်ကို xxxxအရေးလုပ်လွန်း လို့ အလုပ်ကထွက်လိုက်ရ xxxx–၀က်ဆိုက်များ လိုက်ကြည့်ရင်နဲ့ xxx ၀က်ဆိုက်အတိုင်းဝ xxxxxဒီနေ့ချက်ရွန်းမှာ ဘယ်သူမှ ပေါ်မလာဘူးxxxx
xxxအိပ်မက်ထဲထိချက်နေတာxxxxxxxx
( င်္ပြီးပါပြီ)

About htet way

has written 133 post in this Website..