ပြောချင်တာတွေပါ

 

နုတ်ကထွက်လိုက်တဲ့ စကားတစ်ခွန်းဟာ ရိုင်းလား မရိုင်းဘူးလားလို့ ကိုယ့်ကိုကိုယ် ပြန်စမ်းစစ် တတ်ဖို့လိုပါတယ်..။ လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ သူတိုင်း အပြောကြောင့် လူမုန်းမခံ သင့်ဘူးမဟုတ်လား..။ အရွယ်ငယ်သော်ညားလည်း ပြောတတ်ရင် လူတိုင်းချစ်နိုင်ပါတယ်.။ အလုပ်ခွင်မှာတော့ စိတ်အခန့်မသင့်တဲ့အခါ ပြောမှားဆိုမှားတွေရှိနေနု ိင်တာကြောင့် ကိုယ်ပြော မယ့်စကားတစ်ခွန်းရဲ့ ဆိုလိုရင်းကို ကိုယ်ကိုကိုယ့်အမြဲ သတိထားနေရတယ်..။ ကိုယ်ဆိုလိုတာကို နားလည်တဲ့လူ ရှိသလို  တည့်တည့် ဗွင်းဗွင်းပြောမှ နားလည်တဲ့ လူတွေလည်းရှိတယ်လေ..။ နေ့စဉ်ဆက်ဆံ နေရတဲ့ လူတွေဟာ အမြဲစိတ်အေးငြိမ်နေတယ် မထင်လိုက်ပါနဲ့..။ အမျိုးမျိုးသော အပူတွေက လူတိုင်းမှာရှိတယ်ဆိုတာလည် း မမေ့အောင်သတိထားနေရတယ်..။ တစ်ခါတစ်ခါ ရန်လိုစွာနဲ့ တိုက်ခိုက်လာတဲ့ စကားတွေ ကြားရတဲ့အခါမှာ အထိုက်အလျှောက်တော့ ဒေါသထွက်မိပေမယ့် ဒေါတနဲ့ပြောနေတဲ့လူကို ကိုယ်က ဒေါတနဲ့ပြန်ရှင်းတဲ့အခါ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ကြိုတွေးထားရတယ်..။

နှစ်ဦးနှစ်ဖက်စလုံး ဒေါတတွေပဲထွက်နေရင်တော့ ပြေလည်စရာအကြောင်းက နည်းနည်းဝေး ပါတယ်..။ လုပ်ငန်းခွင်မှာတော့ ကိုယ်ကပဲ အလျှော့ပေးဆက်ဆံလို့ပဲထင်ပ ါရဲ့..။ လူမုန်းသိပ်မခံရဘူး…။ဒါပေမယ့် ကိုယ့်ကို ချစ်တဲ့သူရှိသလို မုန်းတဲ့လူလည်းရှိမယ်ဆိုတာ ကို အမြဲ အမှတ်ရနေတယ်လေ…။ အကောင်းအဆိုးကတော့ ဒွန်တွဲနေတာပဲ မဟုတ်လား..။

ကိုယ်ကတော့ နုတ်ကထွက်တော့မယ့် စကားတစ်ခွန်းကို ချိုချိုသာသာပြောမိဖို့ အကျင့်လုပ်နေရတယ်လေ..။ ရုပ်မလှရင်နေ.. အပြောချိုဖို့ အရေးကြီးသလိုပဲ..။ လူအတိုက် အဝန်းကြားမှာတော့ စကားချိုတဲ့သူဟာ…သူတစ်ကာရဲ့ ချီးမွှမ်းမှုတွေကို ခံစားရသူတွေပဲများတယ် မဟုတ်လား.။ စကားလေးကတတ်လိုက်တာ… ဘယ်သူ သားသမီးလဲ..ဘယ်ဝါ့သားသမီးလဲလို့ မေးကြတာချည်းပဲလေ.။ စကားပြောရိုင်းရင်တော့ မိဘတွေက မဆုံမဘူးလား ရိုင်းလိုက်တာ.. ရုပ်ကလေး သနားကမားနဲ့..။ စသဖြင့်တော့ အနည်းနဲ့အများ ပြောကြ ဆိုကြနဲ့လေ..။

ဆဲရေးတိုင်းထွာခြင်းဟာလည်း ယိုသူမရှက် မြင်သူရှက်ဆိုသလို…။ ဆဲနေရတာကို အရသာတစ်ခုလို ထင်မြင်နေတဲ့သူတွေကိုလည်းေ တွ့ဖူးပါတယ်..။ တစ်ချို့က စကားတစ်ခွန်းစ တိုင်း အဆဲလေးတစ်လုံးလောက် မပါရင်မပြီးဘူး…။ သူတို့ နားဝင်ချိုမချိုတော့ မသိဘူး..။ ကိုယ်နားထဲမှာတော့…ကြားရတိုင်း မသက်မသာနဲ့…။ ကလေးသူငယ်တွေကိုလည်း…ဆဲတဲ့သူတွေရှိတဲ့ ပတ်ဝန်းကျင်ကို ပေးမသွားသင့်ပါဘူး..။ ကိုယ့်ကလေး အကျင့်ပျက်သွားမှာ စိုးရိမ်ကြစေလိုပါတယ်..။ ကလေးတွေက အတုခိုး သိပ်တော်ကြတာလေ..။ကိုယ်လည်း လိုက်မပြောမိစေဖို့ သတိထားကြရင်ကောင်းမယ်ပေါ့..။

တစ်ချို့ကယောင်တာတောင် အဆဲလေးနဲ့..။ ကောင်းသောယောင်ခြင်းတွေလည် းရှိပါတယ်..။ ဒါပေမယ့် အများစုကတော့ ယောင်တဲ့အခါမှာ မကြားဝံ့ မနာတာတွေပဲ ယောင်ကြတာ ကြားဖူးပါတယ်..။ အို ဘုရား ဘုရားလို့ ယောင်ကြတာ သက်ကြီးရွယ်အိုတွေပဲရှိမယ် ထင်ပါရဲ့..။ ငယ်ရွယ်တဲ့သူတွေကတော့ … ရှိတာတွေရော မရှိတာတွေရော ယောင်လိုက်ကြတာများ   နားနဲ့မဆံ့တော့..။ တစ်ချို့က ယောင်တာကို ဂုဏ်ယူနေသယောင်ယောင်ရယ်လေ..။ အများက ဝိုင်းရယ်တာကို သဘောကြလို့ ရယ်တယ်ထင်နေကြလားမသိပါဘူး.။ဘယ်လိုပဲဖြစ်ဖြစ် ယောင်တဲ့အခါသတိထားဖို့ကောင ်းကြောင်းထောက်ပြချင်တာပါ..။ တတ်နိုင်ရင် ယောင်တဲ့ အကျင့်ကို ဖျောက်ပြစ်လိုက်တာ အကောင်းဆုံးပါပဲ..။

စနောက်တယ်ဆိုရာမှာလည်း အတိုင်းအတာရှိပါတယ်..။ အလွန်အကျွံစရင် မုန်းကြရောမဟုတ်လား..။ ရယ်ရွှင်လောက်ရုံပဲစရင်တော့ ကောင်းတယ်လေ..။ တစ်ဖက်သားရဲ့ ငယ်ဂျိုး ငယ်နာကို မဖော်မိဖို့ မိဘ မောင်နှမတွေကို မထိခိုက်ဖို့ သတိထားရပါမယ်..။ ဒါမှမဟုတ်ရင်တော့ အပျက်အပျက်နဲ့နှာခေါင်းသွေ းလျှံရုံပဲရှိပါတယ်..။ တစ်ချို့က အမေထိရင် အကြိုက်ပါဘူး..။ ဒါတွေကိုလည်းသတိထားဖို့လို ပါတယ်..။ တစ်ခါက အမေနှမကို ထိပါးပြီးစကြလို့ ရုံးရောက် စခန်းရောက်တာတွေမြင်ဖူး ကြုံဖူးပါတယ်…။ စိတ်မကြည်တဲ့အခါ ဒေါသထွက်နေတဲ့အခါတွေမှာ မစနောက်မိစေဖို့လိုတယ်လေ..။ လူတစ်ဖက်သားကို အကဲခတ်တတ်ဖို့လည်းလိုပါတယ် ..။ ဒါမှ စိတ်ကြည် မကြည် သိရမှာပေါ့..။

ကဲ ပြောပြတာတွေများနေပြီ…။ကြုံရင်ပြောပြချင်ပါသေးတယ ်…။…