မြေရှားဒြပ်စင်သတ္တုများ {Rare Earth Metals}

MTYMay 21, 20121min1536

တစ်နေ့က၂၀၁၂ ဇွန်လထုတ်ကလျာမဂ္ဂဇင်းစာမျက်နှာ၈၉မှာပါတဲ့ဒေါက်တာမောင်မောင်ညိုရေးတဲ့…မြေရှားဒြပ်စင်သတ္တုများ {Rare Earth Metals}

ကိုဖတ်မိရင်းကကျွန်တော်မသိတဲ့အကြောင်းအရာတွေကိုစာဖတ်သူတွေလဲသိစေလိုတာလဲတစ်ကြောင်း၊စဉ်စားတွေးတောမိတာလဲရေးပြချင်တာနဲ့ရေးလိုက်

မိပါတယ်။သိပြီးဖတ်ပြီးသူများကိုတော့..ကိုယ်သိထားသမျဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါရစေ။

ဆောင်ပါးမှာပါသမျှမရေးပြတော့ပါ…လိုတာလေးတွေဘဲရေးပြပါရစေ…အသေးစိတ်တော့ရည်ညွန်းစာစောင်မှာဘဲဖတ်ကြည့်ပါ။

ဆောင်ပါးရှင်ကအခုလိုစရေးခဲ့ပါတယ်။

“ယနေ့အင်မတန်အရေးပါလာတဲ့.မြေရှားဒြပ်စင်သတ္တုများ {Rare Earth Metals}အကြောင်းတင်ပြသွားပါမယ်။

.မြေရှားဒြပ်စင်သတ္တုများ {Rare Earth Metals}၁ရခုရှိပါတယ်..သူတို့ဟာအလှည့်မှန်ဇယား(Periodic Table)ရဲ့အောက်ဆုံး

ပိုင်းမှာရှိတဲ့လင်သနိုဒ်အုပ်စုကဒြပ်စင်၁၅ခုအပြင်စကင်ဒီယမ်(Scandium)နဲ့အစ်တရီယမ်(Yttrium)တို့ပါဝင်ပါတယ်။သူတို့ဟာ

ခေတ်မီတိုးတက်တဲ့လူနေမှုစနစ်ကြီးထဲမှာအင်မတန်အရေးပါလျက်ရှိပါတယ်။ကွန်ပြူတာတွေအရွယ်အစားသေးသွားအောင်၊နားကျပ်

(Headphone)၊မိုက္ကရိုဖုန်း(Microphone)တွေအားကောင်း၊သေးသွားအောင်ဒီRare Earth Metalsတွေကပြုလုပ်ပေးနိုင်ပါတယ်။

မျီုးစပ်Hybridကားတွေရဲ့ဘက်ထရီပါဝါတွေရအောင်ဟန်းဖုန်းတွေsmartphone၊ Tabletsတွေအတွက်ဓာတ်ခဲကအစ လိုအပ်တာတွေ

ပြုလုပ်ပေးနိုင်ပါတယ်။လေယာဉ်အစိတ်အပိုင်းတွေမျက်မှန်တွေ၊တီဗွိ X-ray တွေအားလုံးမှာRare Earth Metalsတွေပါဝင်နေပါတယ်။

Rare Earth Metalsဒြပ်စင်များအင်မတန်အသုံးဝင်တာကြောင့်အနာဂတ်မှာပြဿနာဖြစ်လာဖို့အလားအလာအများဆုံးသောဒြပ်စင်များ

ပဲလို့ဆိုကြပါတယ်။၁၉၆၈ခုနှစ်ကတည်းကတရုတ်ခေါင်းဆောင်တိန့်ရှေင်ပင်းက “အရှေ့အလယ်ပိုင်းမှာရေနံရှိတယ်၊တို့ဆီမှာလည်း

Rare Earth Metalsတွေရှိတယ်”လို့ပါတီကွန်ဂရက်မှာပြောကြားခဲ့ဖူးတယ်။ယနေ့ကမ္ဘာမှာလိုအပ်တဲ့Rare Earth Metalsပမာဏရဲ့၉၂%

ကိုတရုတ်ကထုတ်လုပ်တင်ပို့ရောင်းချနေပါတယ်။ဒီတော့တရုတ်ဟာRare Earth Metalsတွေကိုသူရောင်းချင်တဲ့သူမှရောင်းလို့ရလို့ရတယ်။

ရောင်းချင်တဲ့ဈေးနဲ့ရောင်းနေတယ်။ဝယ်လိုအားများနေတဲ့အတွက်လည်းကြိုက်သလိုဈေးနှုန်းမြှင့်တင်ရောင်းချနိုင်တယ်။အမှန်မှာRare Earth Metals

ကိုကမ္ဘာတစ်ဝန်းလုံးနေရာအနှံမှာတွေ့နိုင်ပါတယ်။Rare Earth Metalsအများဆုံးရှိတာကအမေရိကန်ပြည်ထောင်စုမှာပါပဲ။ဒါပေမဲ့အမေရိကန်ပြည်ထောင်စု

ကထုတ်လုပ်စရိတ်တွက်ခြေမကိုက်လို့မထုတ်လုပ်တော့ဘဲဝယ်ယူသုံးစွဲနေတာဖြစ်တယ်.။ကနေ့မှာအမေရိကန်ကုမ္ပဏီတွေဟာကယ်လီဖိုးနီးယားက Mountain Pass

မှာပြန်လည်ထုတ်လုပ်ဖို့စိုင်းပြင်းနေပါတယ်။ဒါပေမဲ့စက်ကိယာတပ်ဆင်ပြီးအမြတ်ရအောင်ထုတ်လုပ်ဖို့ ၂နှစ်လောက်တော့ကြာဦးမှာဖြစ်တယ်။တရုတ်ကတော့

Rare Earth Metalsကိုသံထုတ်လုပ်ရာကဘေးထွက်ပစ္စည်းအနေနဲ့ထုတ်တာမို့အဆင်ပြေတွက်ခြေကိုက်လှပါတယ်။ယနေ့လူကြိုက်များတဲ့Toyota Prius မျီုးစပ်

Hybridကားမှာလင်သနမ် ၁ဝပေါင်(သို့)သုံးပိသာပါဝင်နေတယ်။ဒါပေမဲ့ပိုင်ရှင်တွေကတော့ဒါကိုမသိဘူး။ဘာကြောင့်လဲဆိုတော့ကားဘက္ထရီကိုနီကယ်သတ္ထုစပ်လို့ဘဲရေးထားတာကိုး

ကွန်ပြူတာ Hard Disk Drive တွေ၊Smart Phone တွေ၊အီလက်ထရွန်နစ်လုပ်ငန်းတစ်ခုလုံး၊LED တွေအတွက်လဲသုံးရပါတယ်။အရင်ကပတ္တမြားကအနီရောင်လေဆာကိုထုတ်ပေးနိုင်ပေမဲ့

Rare Earth Metalsတစ်ခုဖြစ်တဲ့ Europiumဆိုရင်အနီရောင်တောက်တောက်ပပကိုတုက်ပေးနိုင်တဲ့သတ္တုဖြစ်နေပါတယ်။ဒါကြောင့်တီဗွီတွေ၊အနီရောင်မီးသီး red LEDနေရာမှာသုံးတာပါဘဲ။

ယနေ့မလေးရှားနိုင်ငံသားထောင်ပေါင်းများစွာဟာလင်းနပ်စ် (Lynas) ရဲ့Rare Earth Metalsထုတ်လုပ်ရေးစက်ရုံကိုဆန့်ကျင်ဆန္ဒပြနေကြတယ်။မလေးရှားနိုင်ငံသားတွေဟာမလေးရှား

အစိုးရနဲ့ဩစတြေလျားအစိုးရတို့ရဲ့Rare Earth Metalsထုတ်လုပ်ဖို့သဘောတူညီစာချုပ်ကိုဖျက်သိမ်းဖို့ဆန္ဒပြတာပါပဲတဲ့။အဓိကကတော့ဒီRare Earth Metalsထုတ်လုပ်မှုဟာသဘာဝ

ပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့အချက်ကြောင့်ပါပဲတဲ့။Rare Earth Metalsတွေထုတ်လုပ်တဲ့အခါအက်စစ်တွေ၊အယ်ကာလီတွေအများကြီးသုံးရတယ်။ကျောက်မီးသွေးတွေလည်းသုံးရတယ်။

ဒါ့အပြင်ကြွင်းကျန်တဲ့စွန့်ပစ်ပစ္စည်းတွေမှာအဏုမြူသတ္တိကြွနေတာကိုတွေ့ရတတ်တယ်။ဘာကြောင့်လဲဆိုတော့Rare Earth Metalsတွေနဲ့အတူ Thorium လိုအဏုမြူသတ္တိကြွပစ္စည်း

တွေပါလာတတ်လို့ပါပဲ။၁၉၉၂ ခုနှစ်ကဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့မစ်ဆူဘီရှီဆေးကုမ္ပဏီဟာမလေးရှားမှာအပိတ်ခံလိုက်ရတယ်။အကြောင်းကတော့စက်ရုံတစ်ဝိုက်ဒေသမှာနေကြတဲ့ကိုယ်ဝန်

ဆောင်များဟာသန္ဓေသားပျက်စီးခြင်း၊မသန်မစွမ်းကလေးများမွေးဖွားလာခြင်းတွေဖြစ်ပွားပြီးလူအများဟာ လူကီးမီးယား(ခေါ်)သွေးကင်ဆာဖြစ်မှုများလာခြင်းတို့ကြောင့်ပဲလို့ဆိုပါတယ်။

Lynas ကတော့သူတိုု့ကုမ္ပဏီကဒီလိုမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။သူတို့ဟာတရုတ်ရဲ့Rare Earth Metals တွေဈေးကြီးကြီးနဲ့ရောင်းနေတာကိုယှဉ်ပြိုင်ရောင်းချဈေးချပစ်ဖို့ဆောင်ရွက်

နေတာလို့ဆိုပါတယ်။ဒါပေမဲ့တစ်ဖက်ကသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ဆိုးကျီုးကိုလဲသတိပြုသင့်ပါတယ်။Rare Earth Metals ပြဿနာမှာနိုင်ငံရေးတွေအများကြီးပါဝင်နေတယ်။

တိုးတက်မှုနဲ့ပတ်သက်ပြီးပေးဆပ်ရတာတွေအများကြီးရှိတတ်ပါတယ်။ဒါကိုပြည်သူများနဲ့တကွအစိုးရတွေကလဲသတိပြုဖို့လိုအပ်ပါတယ်။”

ဒေါက်တာမောင်မောင်ညို

@        @

စဉ်းစားမိတဲ့ ပထမအချက် ကမြန်မာနိုင်ငံမှာ..ကော် Rare Earth Metalsတွေမရှိဘူးလား?ဘူမိနဲ့သတ္တု ဆရာတွေသိကြမှာပါ။

ဒုတိယ….နိုင်ငံရဲ့သွင်းကုန်ပစ္စည်းတွေလျော့ချရေးမူ..အခုကိစ္စမှာ..အမေရိကန်ကိုကြည့်လေ..သူ့နိုင်ငံက ကမ္ဘာမှာRare Earth Metalsအများဆုံးရှိနေတာ..အနာဂတ်မှာပြဿနာဖြစ်ဖို့

အလားအလာအများဆုံးRare Earth Metalsကိုမဟာဗျုဟာအရဘဲဖြစ်ဖြစ်မထုတ်ဘူး၊သဘာဝပတ်ဝန်းကျင်ထိခိုက်မှာစိုးလို့ဘဲဖြစ်ဖြစ်၊ထုတ်လုပ်မှုစရိတ်သက်သာလို့ဘဲဖြစ်ဖြစ်..ဒီလောက်

လိုအပ်နေတဲ့သတ္တုကိုImport လုပ်တယ်။..ဆိုလိုချင်တာရှိသမျပစ္စည်းExportလုပ်ဖို့ဘဲစဉ်းစားနေလို့မဖြစ်၊အကျီုးအမြတ်ရှိရင်.ကိုယ့်ဆီမှာရှိနေလဲImportလုပ်သင့်ရင်လုပ်ရပါမယ်။

ရေရှည်ကိုစဉ်းစားတွေးတော်ထားဖို့လိုအပ်မှာပါ.

တတိယအချက်က ပြီးခဲ့တဲ့အပတ်က ဦးကြေးမုံတင်ပေးခဲ့တဲ့…စီအိုင်အေ CIA နဲ့ ”ဝီးကီး” စွယ်စုံ (Wikipedia) တို့ မြင်တဲ့ South Korea ကိုရီးယား ကုန်သွယ်ရေး

အောက်ဖေါ်ပြပါLinkနှစ်ခုမှာကြည့်နိုင်ပါတယ်။

https://myanmargazette.net/122341/business-economy

https://myanmargazette.net/123773/business-economy

 

တရုတ်ဂျပန်တောင်ကိုးရီးယားနဲ့အမေရိကန်ပြည်ထောင်စုတို့ရဲ့ကုန်သွယ်ရေးမှာဘာဖြစ်လို့တရုတ်ကအသာစီးရနေပါလိမ့်လို့.

အခုလိုRare Earth Metals..တွေကျွန်တော်တို့မသိသေးတဲ့သတ္တုတွေ..အထည်အလိပ် အရည်အသွေးမြင့်အီလက်ထရွန်နစ်ပစ္စည်းတွေ၊

စတာတွေပို့နေလို့ဘဲဖြစ်မယ်ဆိုတာကောက်ချက်ချကြည့်လို့ရနေတယ်။

.မြန်မာပြည်မှာရောင်းတဲ့တရုတ်ပစ္စည်းတွေနဲ့တော့ယှဉ်လို့မရလောက်၊

နာမည်ကြီးဂျပန်..ကိုးရီးယား ပစ္စည်းတွေအထဲကိုဖွင့်ကြည့်..အထဲမှာMade in chine တွေအများကြီး..ဒီနေရာမှာတရုတ်ကိုအားပေးနေတာ

မဟုတ်ဘူးနော်..တိုးတက်တဲ့နိုင်ငံတိုင်းကိုလေ့လာစေချင်တာ…၁၉၅၀..၆ဝလောက်ကဂျပန်ပစ္စည်းဟာအခုတရုတ်ပစ္စည်းလိုပါဘဲ…

သူတို့တွေကြိုးစားလို့အခုခေတ်ဂျပန်မှဂျပန်ဖြစ်နေကြပြီမဟုတ်လား..လေ့လာအတုယူစေချင်တာသက်သက်ပါ.

လူငယ်တွေကိုတိုက်တွန်းချင်တာက..Why?..ဘာဖြစ်လို့လဲ..ဆိုတဲ့မေးခွန်းရဲ့အဖြေကိုတတ်နိုင်သလောက်ရှာဖွေကြည့်ကြပါ..

သူတို့တိုင်းပြည်ချမ်းသာတယ်..Why?ပညာတတ်ပေါလို့..ဒါဆိုပညာတတ်ဘာကြောင့်ပေါရလဲ..စသဖြင့်Why ?ကိုလက်ကိုင်ပြုပေးရင်မမှားဘူး

ထင်ပါတယ်..ဥပမာပေးတာပါနော်..အဖြေကိုတွေ့ချင်မှအခုတွေ့မယ်၊

စဉ်စားဉာဏ်တိုးတက်မှာတော့မလွဲပါ။…….

ရီစရာကပြောနေကြမို့..Why ?နဲ့ပတ်သက်ပြီးနှောက်ပြောင်စရာတွေကတော့အများကြီး..တွေးသာယူကြပါတော့……

 

 

 

6 comments

  • water-melon

    May 21, 2012 at 6:02 pm

    တရုတ်တွေက မြန်မာပြည်နဲ့ကိုက်အောင် အစုတ်တွေပို့တာပါဟယ်
    တခြားနိုင်ငံတွေပို့တာကြည့်လိုက် ရှယ် ရှယ် ရှယ်

  • MTY

    May 21, 2012 at 7:00 pm

    အဲဒီလိုရှယ် ရှယ်တွေဘဲပို့နေလို့.. ဦးကြေးမုံတင်ပေးခဲ့တဲ့…စီအိုင်အေ CIA နဲ့ ”ဝီးကီး” စွယ်စုံ
    (Wikipedia) တို့ မြင်တဲ့ South Korea ကိုရီးယား ကုန်သွယ်ရေး….မှာတရုတ်အသာစီးရနေတာပေါ့။ မြန်မာပြည်ကိုပို့တဲ့.မြန်မာပြည်မှာရောင်းတဲ့တရုတ်ပစ္စည်းတွေနဲ့တော့ကမ္ဘာမှာယှဉ်လို့မရလောက်ဘူး
    လို့ပြောတာပါ။
    နောက်တစ်ခုကRare Earth Metals ဟာအင်မတန်အရေးပါနေတယ်ဆိုတာဂရုပြုကြဖို့ပါ။
    Rare Earth Metals အကြောင်းသိသူများဆွေးနွေးပေးရင်ကောင်းမယ်လို့……

  • kai

    May 21, 2012 at 11:12 pm

    ချိုင်းနားပစ္စည်း..ယူအက်စ်သွင်းရင်.. မြန်မာပြည်လိုနိုင်ငံပို့တဲ့ပစ္စည်းတွေနဲ့.. အရည်အသွေးကွာပါတယ်..။ ယူအက်စ်မှာ.. တင်သွင်းတဲ့ကုန်အပါအဝင်.. ပစ္စည်းတွေကို.. စံချိန်စံညွှန်းစစ်ဆေးလို့ပါ..။
    အပြန်အလှန်.. ချိုင်းနားကလည်း.. စစ်ပါတယ်..

    .. မြန်မာပြည်ချမ်းသာလာရင်.. ရှိသင့်တဲ့.. အစိုးရအဖွဲ့အစည်းတခုပေါ့..

    http://en.wikipedia.org/wiki/Quality_control
    http://en.wikipedia.org/wiki/Quality_management

  • char too lan

    May 22, 2012 at 10:32 am

    MTY ရေ…. ကျနော်လဲ အဲ့ဒီဆောင်းပါးကို ဈေးကွက်ဂျာနယ်မှာသေချာဖတ်ရတယ် တရုတ်က အဲ့ဒီသတ္တုတူးတဲ့ ပုံတွေလဲ တွေ ့ရတယ် အာဗာတာရဲ့ အစဟာ အဲ့ဒီသတ္တုရှာတာနဲ့ စခဲ့တာပါတဲ့ … အဲ့ဒီသတ္တုနဲ့ပက်သက်တဲ့
    ပြသနာက သေးသေးတော့မဟုတ်ဘူးလို့ ထင်တယ် …………..
    http://www.wired.com/wiredscience/2012/05/rare-earth-mining-rises-again/

  • MTY

    May 22, 2012 at 12:33 pm

    Link တွေမျှဝေပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။
    မြန်မာပြည်ချမ်းသာလာတာနဲ့အမျှ..စက်မှုလုပ်ငန်းတွေ
    ထွန်းကားလာတာနဲ့အမျှရင်ဆိုင်လာရမဲ့ပြဿနာ..အကြီးကြီးတစ်ခုပါ။
    အေးလေအခုတော့လျှပ်စစ်မီးပြဿနာနဲ့ဘဲလုံးထွေးနေအုံးမှာပါ…

Leave a Reply