အ ချစ် နှင့် ကံ ကြမ္မာ လ က္ခ ဏာ အ ပိုင်း ( ၂ )…

aye.kkMay 21, 20121min20121

သူ ရေး ထား တဲ့ ဒိုင် ယာ ယီ ကို ဖတ် ရင်း သူ ့ ဘ ဝ ဖြစ် တည် မှု နေ ့စဉ် ဆောင် ရွက် ခဲ့ သည့် မှတ် တမ်း
များ အ ရ ..

ကျ မ အား စက် ဘီး ချိန်း ကြိုး ကျ စဉ် တင် ပေး ရင်း ချစ် စ ရာ ကောင်း လွန်း လှ သည့် မျက် နှာ လေး အား
တ ချက် တ ချက် ကြည့် မိ ကြောင်း ..

အ သက် သိပ် ကွာ ဟ မည် ဟု မ ထင် ထား မိ ခဲ့ ကြောင်း..နှင ့်ထို နေ ့က ကျေး ဇူး တင် စ ကား မ ဆို ဘဲ ၊ စက် ဘီး ကို အ ပြေး လေး တွန်း ပြီး နင်း ခါ စီး သွား သည် မှာ လှ လွန်း နေ ကြောင်း အ သား ဖြူ ဝင်း ဆွတ် ပြီး ဖက် ဖူး ရောင် စ ကဒ် တို တို လေး နှင့် ဘ လောက် အ င်္ကျီ ရောင်စိမ်း နု နု လေး က မျက် စေ့ ထဲ တွင် မ ထွက် နိုင် ဘဲ စွဲ မက် ခါ မျက် စေ ့ တ ဆုံး ငေး ကြည့် ရင်း ၊ သက် ပြင်း တ ချက် ချ ခဲ့ မိ သည် ဟု သူ ရေး သား ထား ပါ သည်။

သူ ၏ အစ် ကို မှ ကျ မ အစ် မ အား ပို း ပန်း ဖို ့ လာ ရောက် စုံ စမ်း ခဲ့ စဉ် အ ဖော် လိုက် လာ ရင်း သူ သိ ချင်၊ ထပ် ပြီး မြင် တွေ ့ချင် နေ သည့် ကျ မ ကို အံ့ အား သင့် စွာ မ ထင် မှတ် ဘဲ ထပ် တွေ ့ခဲ့ လိုက် ရ သည့် အ ပြင် ၊ မ ထင် မှတ် ထား သည် များ ဖြစ် ခဲ့ ကြောင်း ရေး သား ထား ပါ သည်။

သူ ၏ အစ် ကို က သူ ချစ် နေ သည့် မိန်း ခ လေး မှာ လွန် စွာ လှ ပ လွန်း ခါ တ မြို ့ လုံး က ပင် ရွှေ မင်း သ္မီး လေး ဟု တင် စား ခေါ် ဝေါ် ခြင်း ခံ ရ သည့် ထို မိန်း ခ လေး အိမ် သို ့ သွား ပြီး မင်း ကို တွေ ့ ဘူး အောင် ပြ ချင် သည် ဟု ပြော ပြီး အစ် ကို က အ တူ လိုက် ရန် အ ဖော် ခေါ် သဖြင့် လိုက် လာ ခဲ့ မိ ကြောင်း ၊ အိမ် ရှေ ့ တွင် မ ယောင် မ လည် နှင့် ရပ် ကြည့် ရပ် ကြည့် ခါ လုပ် နေ ခဲ့ ကြ ကြောင်း ။
အိမ် ရှေ ့တွင် ရစ် သီ ရစ် သီ လုပ် နေ ရင်း မ ထင် မှတ် ဘဲ ကျ မ ထွက် လာ သည် ကို လှမ်း မြင် လိုက် ကြောင်း ထပ် မံ တွေ ့ရ သ ဖြင့် လည်း လွန် စွာ အံ့ အား သင့် မိ သွား သည် ဟု သူ ရေး သား ထား ပါ သည်။

ကျ မ မှ မြင် တွေ ့သွား သ ဖြင့် ကြံ ရာ မ ရ ဖြစ် ခါ ၊ အစ် ကို နှင့် နှစ် ယောက် သား ရေ တောင်း သောက် တာ ကို အ ကြောင်း ပြ ခဲ့ မိ ကြ ကြောင်း ၊ ကျ မ မှ သူ တို ့ ပြော သည့် အ တိုင်း အ ဟုတ် ထင် သွား သ ဖြင့် ၊ ရေ သွား ခပ် ပေး စဉ် ၊ အိမ် ကြီး အား ကြည့် ပြီး တော မြို ့လေး တွင် တိုက် အိမ် ကြီး အား ထည် ဝါ စွာ ဆောက် ထား သည် ကို အံ့ ဩ မိ ခဲ့ သည့် အ ပြင် ့အ ဟုတ် ထင် မှတ် ခါ ရေ သွား ခပ် ဟူ ပေး သည့် ကျ မ ၏ စေ တ နာ လေး အား မ ထင် မှတ် ပဲ လေး စား မိ ခါ သူ တို ့စိတ် မ ရိုး သား ခဲ့ မိ ခြင်း အ ပေါ် အ ငုပ် စိတ် ဖြစ် ပေါ် ခါ ရှက် မိ သွား သည် ဟု သူ ရေး သား ထား ပါ သည် ။

ထို ရေ ခပ် ပေး သည့် နေ ့ က ကျ မ အား အ သား ရောင် ချည် ထည် ပန်း ထိုး အ င်္ကျီ လေး နှင့် တွေ ့ ခဲ့ ရ သည် မှာ လွန် စွာ ချစ် စ ဖွယ် ကောင်း လှ ကြောင်း ၊
အစ် ကို အား လည်း အစ် ကို ပိုး မည့် မိန်း ခ လေး ၏ ညီ မ ဖြစ် သည် ဟု ထင် မြင် ယူ ဆ ခါ ပြော ခဲ့ မိ ကြောင်း အစ် ကို အား လည်း ညီ မ ဖြစ် သူ တောင် ချစ် စ ရာ ကောင်း လှ နေ ကြောင်း ပြော ပြ ရာ အစ် ကို က သူ ့ အား “ဟေ့ ကောင် ခ လေး မ လေး ( ချာ တိတ် ) လေး ဘဲ ရှိ သေး တာ လူ က အ ရမ်း ထွား နေ တာ ၊ မိ ဘ တွေ က ကျွေး မွေး ပြု စု ကောင်း မွန် လှ လို ့နေ မှာ ပါ ကွာ”
ဆို ပြီး အစ် ကို က သူ ့ အား ထို သို ့ ပြော ခဲ့ သည် ကို သူ ရေး ထား သည့် မှတ် တမ်း အ ရ သိ ခဲ့ ရ ပါ သည် ။

ကျ မ နေ ထိုင် သော အိမ် ကို ကြည့် ပြီး သူ ့အ နေ ဖြင့် ရှိန် မိ ခဲ့ ကြောင်း ၊ ထို နေ ့ က ကျ မ အ ဖေ ဖြစ် မည် ဟု ယူ ဆ ရ သည့် လူ ကြီး ထွက် လာ ခါ ရေ ဖန် ခွက် အ င်္ဂ တေ ပေါ် တွင် ကျ ကွဲ သွား သည့် အ သံ အား ကြား လိုက် ရ သည့် အ ပြင် ၊ တ ဆက် တည်း ၌ အ သံ ကျယ် လောင် စွာ ဖြင့်“ ဟေ့ ဘယ် သူ တွေ လည်း ” ကြား လိုက် ရ သ ဖြင့် ညီ အစ် ကို နှစ် ယောက် ၊ အ ကြောက် လွန် စွာဖြင့် စီး လာ သည့် ဖိ နပ် များ အား ခါး ကြား ထိုး ခါ သုတ် ချေ တင် ထွက် ပြေး ရ သ ဖြင့် ခြေ ဖ ဝါး များ က တ္တ ရာ ခင်း ထား သည့် လမ်း ဖြစ် သော် လည်း လွန် စွာ နာ ကျင် ခါ ခြေ ဖ ဝါး တွင် သွေး ချေ ဥ ခဲ့ ကြောင်း၊ ထွက် ပြေး စဉ် ဖိ နပ် တစ် ဖက် ပြုတ် ကျ ကျန် ခဲ့ ရာ အိမ် ပြန် သည့် လမ်း က တ္တရာ ခင်း ထား သည့် လမ်း မ ဟုတ် သ ဖြင့် ခဲ စူး ပြန် ခဲ့ ရ သည် ကို တ သက် မ မေ့ နိုင် ပါ ကြောင်း ၊ ရန် ကုန် မြို ့လည် ခေါ င် (ဆူးလေ) ဘု ရား နား တွင် နေ ထိုင် ကာ အ ဖေ က အ ရာ ရှိ ကြီး ဖြစ် ၍ အ စိုး ရ ပေး ထား သည့် ခြောက် ထပ် တိုက် မျှ မြင့် သည့် တိုက် ခန်း အ ပေါ် ဆုံး ထပ် တွင် အ ဆင့် မြင့် အိမ် ရာ နှင့် နေ ထိုင် ကြီး ပြင်း ခဲ့ သ ဖြင့် ထို နေ ့ က အ ဖြစ် ကို မ ခံ စား နိုင် ခဲ့ ကြောင်း သူ ရေး ထား ပါ သည်။

တော ဟု ဆို သော် လည်း နေ ထိုင် မှု အ ဆင့် မြင့် မား မှု ကို မြင် တွေ ့ ခဲ့ ရ သ ဖြင့် အံ့ ဩ မိ ကြောင်း ၊ အိမ် ရှေ့ ခြံ ဝင်း က ပန်း အ လှ ပင် များ ဖြင့် စုံ စွာ တွေ ့ ရ သည့် အ ပြင် ၊ ကျ မ မ ထွက် လာ ခင် အ ထိ ၊ ညီ အစ် ကို နှစ် ယောက် စ လုံးအိမ် ကြီး အား ရစ် သီ ရစ် သီ လေ့ လာ ကြည့် ရှု နေ မိ ခဲ့ ကြ ကြောင်း ၊ အစ် ကို ပြော သည့် တစ် မြို ့ လုံး က လူ ပျို ကာ လ သား များ အ ထူး စိတ် ဝင် စား ကြ ခါ ရွှေ မင်း သ္မီး ဟု တင် စား ခေါ် ဝေါ် သည့် အချော အလှ ပ ဂေး အား မြင် ဘူး အောင် ပြ မည် ဟု ဆို ကာ ရန် ကုန် မှ တ ကူး တ က လာ ခဲ့ ရ ခြင်း ဖြစ် ပြီး ၊ အစ် ကို ပြော ပြ ထား သည့် သူ အားမ တွေ ့ရ ပါ ဘဲ ကျ မ အား တိုက် တိုက် ဆိုင် ဆိုင် နှစ် ခါ မျှ တွေ ့လိုက် ရ သည့် အပြင် တစ် နေ ့ တစ် ရက် မျှ လည်း မေ့ မ ရ ခဲ့ သည် ကို ဒိုင် ယာ ယီ မှတ် တမ်း များ အ ရ သိ ခဲ့ ရ ပါ သည်။

သူ ငယ် ငယ် လေး ထဲ က ခဲ့ ဒိုင် ယာ ယီ ကို (၅) နှစ် သား အ ရွယ် မှ စ တင် ရေး သား တတ် အောင် မိ ဘ များ က လေ့ ကျင့် သွန် သင် ခဲ့ ကြ ကြောင်း မိ မိ ဘ ဝ ၏ မှတ် တမ်း မှတ် ရာ များ သည် နောင် တ ချိန် ၌ တန် ဘိုး ဖြတ် ၍ မ ရ နိုင် ကြောင်း ပြော ပြ ခါ အ လေ့ အ ကျင့် ပြု လုပ် ပေး ခဲ့ ကြောင်း မိ မိ ရေး သား သည့် ဒိုင် ယာ ယီ ကို လည်း မိ မိ ၏ စား ပွဲ ဘီ ဒို အံ ဆွဲ ထည့် ခါ ရေး ပြီး တိုင်း လည်း အ မြဲ သော့ ခတ် သိမ်း ဆည်း ထား ကြောင်း ဒိုင် ယာ ယီ စာ အုပ် ကြား စာ ရွက် လေး တခု အား ကြား ညှပ် ရေး ထား ပါ သေး သည်။

သူ ဘ ဝ ဖြတ် သန်း လာ ရာ တစ် လျှောက် ၊ ကျောင်း နေ စဉ် တ လျှောက် ထူး ချွန် ထက် မြက် ခဲ့ မှု များ အ လယ် တန်း အောင် မြင် ပြီး ပ ညာ ရည် ထူး ချွန် သ ဖြင့် ပ ညာ သင် စ ရိတ် ထောက် ပံ့ ခံ ရ သည် များ ..

ကျ မ အား ဆုံ ဘူး ခဲ့ စဉ် အ ခါ က ဆယ် တန်း ဖြေ ဆို ရန် အ သက် မ ပြည့် သ ဖြင့် ကျောင်း တ နှစ် အောင့် ခံ ထား ရ ၍ ၊ အစ် ကို ခေါ် သ ဖြင့် ကျ မ တို ့မြို ့သို ့ကျိုက် ထီး ရိုး ဘုု ရား ဖူး ရင်း အစ် ကို ပြ မည့် မိန်း ခ လေး အား မြင် ဘူး ချင် မိ ၍ သာ ရောက် လာ ခဲ့ ပြီး မောင် ကြီး မ ပြန် နိုင် ဖြစ် ခဲ့ ရ ကြောင်း ၊ ကျ မ အား ထို အ ချိန် မှ အ စ ပြု ကာ စာ တိုက် မှ စာ များ ရေး သား ပေး ပို ့ ခဲ့ ကြောင်း ပြန် စာ မ ရ ရှိ ခဲ့ ကြောင်း နောက် ပိုင်း ရေ စ္စ တြီ ဖြင့် ပေး ပို ့ရာ လက် ခံ မှု မ ရှိ ခဲ့ ဘဲ စာ တိုက် မှ ပြန် လည် ပေး ပို ့ခဲ့ ကြောင်း ..

နေ ထိုင် ရာ ကျောင်း လိပ် စာ ဖြစ် ထည့် ခဲ့ ရာ ကျောင်း မှ ပြန် လည် ပေး ပို ့ လာ ခဲ့ ရာ မိ ဘ များ သိ သ ဖြင့် အ ဆူ ခံ ခဲ့ ရ ကြောင်း ..
ကျ မ ရန် ကုန် ရောက် လာ သည် ကို သူ ၏ အစ် ကို အား မ ရ မ က မေး မြန်း စုံ စမ်း ခဲ့ ရာ မှ သိ ခဲ့ ကြောင်း ကျ မ အား ချစ် ရေး ဆို ခဲ့ သည့် နေ ့ က လည်း လ က္ခ ဏာ ဖြင့် အ ကြာင်း ပြ ခါ လက် မ ခံ ဘဲ ငြင်း ဆို ခဲ့ မှု နှင့် ပတ် သက် ၍ စစ် မ ရောက် ခင် မျှား ကုန် ဆို သ လို ဖြစ် နေ သည် ဟု သူ ပြော ခဲ့ မိ သည့် အ ကြောင်း ကို ထဲ့ ရေး ထား ပါ သေး သည်။

သူ ့ အား မ ချစ် နှစ် သက် သည် ဟု စိတ် ထဲ မှ ထင် မြင် ခံ စား နေ မှု များ အား စာ က ဗျာ များ ဖြင့် ရေး ဖွဲ ့ထား ရာ နှစ် အုပ် မျှ ရှိ ကြောင်း သူ ရေး သား ထား ကြောင်း သိ ခဲ့ ရ ပြန် ပါ သည်။

နှစ် ရှည် ကာ လ မြောက် များ စွာ ရေး သား ထား သည့် ဒိုင် ယာ ယီ မှတ် တမ်း အား အံ့ ဩ တုန် လှုပ် မိ ခဲ့ ယုံ မျှ မ က ၊ ကျ မ နှ လုံး သား အား ဖမ်း ဆုပ် ရ ယူ နိုင် ခဲ့ လေ စွ..
ဒိုင် ယာ ယီ အား ကျ မ မှ မ ဖတ် ကြည့် မိ ခဲ့ လျှင် ကျ မ နှ လုံး သား အား မည် သည့် နည်း နှင့် မျှ ဖမ်း ဆုပ် ထား နိုင် လိမ့် မည် ဟု မ ဟုတ် နိုင် ဟု တွေး ထင် မိ ခဲ့ ပါ တော့ သည်။

ထို ဒိုင် ယာ ယီ ဆို သည့် သက် မဲ့ စာ အုပ် လေး က ကျ မ နှ လုံး သား ကို အကြီး ကျယ် ဒုက္ခ ပေး ခဲ့ ပါ တော့ သည် ၊ သက် မဲ့ က သက် ရှိ ကို အ နိုင် ယူ နိုင် ခဲ့ ပါ သည်.။
ကျ မ ငယ် စဉ် က မ ဖတ် ရဲ သည့် စာ မျက် နှာ ၊ ထို စာ မျက် နှာ အား ကျော် ခွ ပြီး လှန် လှော ဖတ် ခဲ့ သည် မှာ လည်း မေ တ္တာ လမ်း ကြောင်း ( ဝါ ) နှ လုံး သား ရေး ရာ လမ်း ကြောင်း ပဲ ဖြစ် ပါ သည်။

နှ လုံး သား လမ်း ကြောင်း တ နည်း ဆို ရ ပါ က (ဟာ ဒ ယ လေ ခ) လမ်း ကြောင်း သည် အချစ် နှင့် ပတ် သက် သော စိတ် သ ဘော ထား နှင့် သာ လုံး လုံး သက် ဆိုင် ကြောင်း ကိုင် ရို က ဆို ပါ သည် ။

ထို ဟာ ဒ ယ လေ ခ လမ်း ကြောင်း က ကျ မ ၏ ညာ လက် ဖ ဝါး ပြင် တွင် ကြာ သာ ပ တေး ဂြိုလ် ခုံ အ လယ် မှ စ တင် လျှက် တ နင်း င်္ဂ နွေ ဂြိုလ် ခုံ အောက် တည့် တည့် ၌ ပြတ် လျှက် ထပ် ဆက် ကာ လမ်း ကြောင်း တခု က အိမ် ထောင် ရေး လမ်း ကြောင်း နှင့် ထိ လု နီး ပါး ရှိ နေ သည် မှာ ဆိုး ရွား လှ သည့် မွေး ရာ ပါ လာ ခဲ့ သည့် လ က္ခ ဏာ အ ရေး အ ကြောင်း ပင် ဖြစ် ပါ တော့ သည်..

ကျ မ ၏ လက် ဖ ဝါး ပြင် ဦး ခေါင်း လမ်း ကြောင်း က ဖြောင့် တန်း လျှက် လက် ဝါး စောင်း အ င်္ဂါ ဂြိုလ် ခုံ မှာ အ ဆုံး သတ် သ ဖြင့် စိတ် အ လွန် ထိ ခိုက် လွယ် သော သ ဘော ပင် ရှိ သော် လည်း စိတ် ကူး အ ကြံ ဉာဏ် များ ကို ရဲ ရဲ တင်း တင်း လုပ် ကိုင် ဝံ့ သည့် ( ရုပ် ဝါ ဒီ ဆန် သည့် ) ခေါင်း မာ ပြတ် သား သည့် ဦး ခေါင်း လမ်း ကြောင်း အ နေ အ ထား နှင့် မေ တ္တာ လမ်း ကြောင်း က ကြာ သာ ပ တေး ဂြိုလ် ခုံ အ လယ် မှ စ တင် သော် လည်း တ နင်း င်္ဂ နွေ ဂြိုလ် ခုံ အောက် ကျိုး ပြတ် လျှက် ထပ် ရက် ဆက် နေ ခြင်း ဖြင့် အ နေ အ ထား ကောင်း မွန် ဖြောင့် တန်း မှု မ ရှိ ခြင်း သည် က ဖြောင့် ဖြူး သည့် အချစ် စစ် ဖြစ် လမ်း လွှဲ တိမ်း ချော် တတ် ခြင်း ပင် ဖြစ် ပါ သည်။ တ နည်း ပြော ရ လျှင် အ ချစ် ဦး နှင့် ဖူး စာ ဆုံ ခွင့် ၊ ကံ အ ခွင့် မ ရ ရှိ နိုင် ခြင်း ဘဲ ဖြစ် ပါ သည်။

(ဝေဖန်ထင်မြင်မှုလေးများတောင်းခံအပ်ပါသည်)

21 comments

  • windtalker

    May 21, 2012 at 9:41 am

    အချစ်နဲ့လက်ခဏာ
    ချစ်ခြင်းအတွက် မရှက်ပါ
    နှစ်သက်ခြင်း ရဲ့ပြဿနာ
    ရစ်ဖွဲ့ခြင်းအတွက် ငတ်ရှာ (မေတ္တာ) ။
    ရွှေမင်းသမီးအန်တီအေး နဲ့ ဆုံချင်စမ်းပါဘိ…..

    • aye.kk

      May 22, 2012 at 5:46 am

      ကိုပေရေ…
      ရွှေမင်းသ္မီးလို ့နာမည်တွင်ခဲ့တာက..
      ကျမရဲ ့အမပါ..
      ကျမရဲ ့အမကပေါ့နော်..
      ကျမတို ့မြို ့ကလူအများဝိုင်းပေးကြရတဲ့
      နာမည်အလှဂုဏ်လေးတခုပိုင် ဆိုင်နိုင်ခဲ့တဲ့သူပါဘဲ..။

  • ကြောင်ကြီး

    May 21, 2012 at 9:54 am

    အချစ်ဦးနဲ့လွဲ
    ဖြစ်ဖူးမယ့်အသဲ
    ဂျစ်တူးလှည့်ဆဲ
    ခေတ်မြူးတဲ့ပွဲ..။

  • ဗိုက်ကလေး

    May 21, 2012 at 4:32 pm

    ဒီစာကိုဖတ်ပြီး
    ကျုပ်လဲ အနှစ်သုံးဆယ်လောက် ပြန်ငယ်သွားသလို ခံစားရတယ်ဗျာ
    လူဆိုတာခေါင်းမာတတ်တဲ့အမျိုးဗျ
    ပြီးတော့..
    ကိုယ်တွေ ့ကြုံမှ ယုံတတ်ကြတာကလား..
    ဆက်ပါဦး

    • aye.kk

      May 22, 2012 at 5:55 am

      ကိုကြောင်ကြီး..
      ကွန်မင့်လေးအတွက်..
      thank you.ပါနော်။
      —————————-
      ဗိုက်ကလေး..
      အားပေးတာကျေးဇူးပါ..
      ခေါင်းမာခြင်းရဲ ့အကျိုးကကိုယ့်အတွက်ဆိုကျိုးပဲဖြစ်စေခဲ့တာပါ..။

  • MaMa

    May 21, 2012 at 7:04 pm

    မအေးရေ-
    ကိုယ်တိုင်ရေးအထုပ္ပတ္တိလေးက စိတ်ဝင်စားစရာ ကောင်းတယ်။
    တကယ့်လက်တွေ့မှာရော လက္ခဏာထဲက အတိုင်းပဲလား သိချင်နေတယ်။
    ဆက်ရန်လေး ဆက်ပါဦး…….. 🙂

    • aye.kk

      May 22, 2012 at 5:40 am

      မမရေ..
      အဖြစ်မှန်ပါ..
      ကိုယ်တိုင်ရေးအထ္ထုပတ္တိပါ..
      အားပေးတာကျေးဇူးပါ..
      တကယ့်လက်တွေ ့မှာရော လက္ခဏာထဲကအတိုင်းပါဘဲ..
      ဆန်းကျယ်တဲ့လူ ့ဘဝအကြောင်း..
      အချစ်နဲ ့ကံကြမ္မာလက္ခဏာဇတ်ကြောင်းတွေပါ..။

  • aye.kk

    May 22, 2012 at 5:34 am

    ကိုပေါက်…
    ကွန်မင့်အတွက်ကျေးဇူးပါ..
    အပိုင်း(၃)တင်မဲ့post မှာပုံနှင့်တကွတင်ပါ့မယ်။

  • Moe Z

    May 22, 2012 at 10:31 am

    အန်တီအေးရေ အရမ်းစိတ်ဝင်စားလာပြီနော်
    အပိုင်း (၃) မြန်မြန်လေး
    အဲ .. အမျိုးစပ်ဦးမယ် မိုးစက်လည်း ကျိုက်ထိုမှာနေခဲ့ဖူးတယ် ငယ်ငယ်လေးတုန်းက
    ပြန်သတိရသွားပြီ လွမ်းလိုက်တာ 🙁

  • ဆူး

    May 22, 2012 at 10:42 am

    အန်တီအေးရဲ့ ကိုယ်ရေး အကျဉ်း ဖတ်သွားပါတယ်။
    စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။

  • htet way

    May 22, 2012 at 12:59 pm

    ကျ မ ၏ လက် ဖ ဝါး ပြင် ဦး ခေါင်း လမ်း ကြောင်း က ဖြောင့် တန်း လျှက် လက် ဝါး စောင်း အ င်္ဂါ ဂြိုလ် ခုံ မှာ အ ဆုံး သတ် သ ဖြင့် စိတ် အ လွန် ထိ ခိုက် လွယ် သော သ ဘော ပင် ရှိ သော် လည်း စိတ် ကူး အ ကြံ ဉာဏ် များ ကို ရဲ ရဲ တင်း တင်း လုပ် ကိုင် ဝံ့ သည့် ( ရုပ် ဝါ ဒီ ဆန် သည့် ) ခေါင်း မာ ပြတ် သား သည့် ဦး ခေါင်း လမ်း ကြောင်း အ နေ အ ထား နှင့် မေ တ္တာ လမ်း ကြောင်း က ကြာ သာ ပ တေး ဂြိုလ် ခုံ အ လယ် မှ စ တင် သော် လည်း တ နင်း င်္ဂ နွေ ဂြိုလ် ခုံ အောက် ကျိုး ပြတ် လျှက် ထပ် ရက် ဆက် နေ ခြင်း ဖြင့် အ နေ အ ထား ကောင်း မွန် ဖြောင့် တန်း မှု မ ရှိ ခြင်း သည် က ဖြောင့် ဖြူး သည့် အချစ် စစ် ဖြစ် လမ်း လွှဲ တိမ်း ချော် တတ် ခြင်း ပင် ဖြစ် ပါ သည်။ တ နည်း ပြော ရ လျှင် အ ချစ် ဦး နှင့် ဖူး စာ ဆုံ ခွင့် ၊ ကံ အ ခွင့် မ ရ ရှိ နိုင် ခြင်း ဘဲ ဖြစ် ပါ သည်
    ကျွန်တော်လည်း ထိုနည်း လည်းကောင်း အချစ်ဦးနဲ့ လွဲ ခဲ့ပါကြောင်းဆရာမကြီး ခင်ဗျား။

  • pooch

    May 23, 2012 at 2:20 pm

    အန်တီအေးရေ ဝမ်းနည်းစရာပဲနော်။ တခါတခါကျတော့လည်း လူ့ဘဝက ဆန်းကြယ်သလားလို့ပါ။
    နောက်အပိုင်းတွေ မျှော်နေပါတယ်။

    • aye.kk

      May 23, 2012 at 7:45 pm

      pooch,..
      အန်တီကပေါ့နော်…
      လက္ခဏာနဲ ့ပတ်သက်ပြီးတကယ်ရှူးဘူးတယ်..
      အနှူ၊လူသတ်၊မကောင်းတာလုပ်စားသည့်မိန်းမ/ယောက်ျား၊
      လောင်းကစားသမား၊အရက်သမားစသဖြင့်…
      ဆရာဝန်ကြီးတွေပါမကျန်လေ့လာကြည့်ရှူ ့ခဲ့ဘူးပါတယ်..
      အန်တီအိမ်ထောင်ကျပြီးနောက်ပိုင်း၊လူအများတကာလက်ကိုမကြည့်ဘို ့
      တားမြစ်ပိတ်ပင်မှုခံခဲ့ရပါတယ်..
      ယောက္ခမနဲ ့ခင်ပွန်းဖြစ်သူတို ့ကို အန်တီမလွန်ဆန်နိုင်ခဲ့တဲ့အဖြစ်ရှိခဲ့ရတယ်..
      သားသ္မီးမျက်နှာကိုထောက်တာရယ်၊အမေကိုသည်းခံပါ့မယ်ဆိုတဲ့ဂတိရယ်..
      အလျှော့ပေးပြီးဝါသနာကိုစွန့်လွှတ်ခဲ့ရပါတယ်..
      လေ့လာမှုများတာနဲ ့အမျှဟောချက်ကထိရောက်မှုရှိလှပါတယ်..
      ခုတော့ပစ်ထားတဲ့ဓါးကမသွေးဘဲထားတော့သံချေးတက်နေပါပြီကွယ်….။။

  • Phaung Phaung

    May 23, 2012 at 5:47 pm

    အန်တီအေးရေ…ဖောင်းဖောင်းရဲ့လက္ခဏာပို့ပေးချင်ပါတယ်။ ဘယ်ကိုပို့ရမလဲဟင်

  • aye.kk

    May 23, 2012 at 6:53 pm

    ဆူး…
    ကျေးဇူးနော်..။
    ——————————————-
    htet way,….
    စကားအတင်းစပ်လေးပြောပါရစေပေါ့နော်…
    လက္ခဏာရဲ ့သဘောကပေါ့နော်..
    ငယ်ငယ်ကဘကြီးပြောပြတာက….
    ၁။လူတကာ၏လက်ဖဝါးပြင်ကိုအမြဲတစေလေ့လာကြည့်ရှူ ့လိုက်စားမှုရှိခြင်း..
    ၂။လူရဲ ့လက်ဖဝါးပြင်ရဲ ့အသွေးအရောင်..
    ၃။လူရဲ ့လက်ဖဝါးပြင်ရဲ ့အပျော့အတင်း…
    ၄။လူရဲ ့လက်ဖဝါးရေဇာအထူအပါးဟာသူ ့ဘဝအတွက်အဓိကကျခြင်း..
    ၅။လူရဲ ့လက်ဖဝါးပြင်ကဂြိုလ်ခုံတွေပြည့်ဖြိုး
    ညီညာမှုရှိခြင်း/မရှိခြင်း…
    တို ့ကအဓိကအကြာင်းခြင်းရာအချက်
    အလက်များဖြစ်နေသည့်အပြင်…
    လက္ခဏာအားစစ်ဆေးမည်ဆိုပါကလက်ဖဝါးပြင်အားလက်ဖြင့်
    ကိုင်တွယ်၍သေချာကြည့်ရှူ ့လေ့လာပြီးအားကောင်းသောမှန်ဘီလူးဖြင့်သာ.
    လက္ခဏာအားစစ်ဆေးသင့်ကြောင်းနှင့်
    မိမိ၏လေ့လာလိုက်စားမှုအားနည်းချက်၊အားသာချက်များအပေါ်တွင်လည်းမူတည်နေကြောင်း
    ဗဟုသုတအဖြစ်ပြောပြဘူးပါသည်။
    ကိုင်ရို၏တိကျမှန်ကန်သောဟောဆိုချက်များအား..
    တော်ယုံဉာဏ်ပညာဖြင့်လည်းလိုက်စားရန်မလွယ်လင့်ပါကြောင်းပြောပြထားဘူးပါသည်..။။

  • aye.kk

    May 23, 2012 at 9:11 pm

    နာဂရ..
    ကွန်မင့်အတွက်ကျေးဇူးပါ…
    ဆယ့်ငါးနှစ်သားအရွယ်(ကလေးဘဝ)တုံးက…
    သူ့ဒိုင်ယာယီထဲရေးသားထားတဲ့စာသားလေး..
    ကိုဖတ်ထားဘူးတဲ့အတိုင်းမပြင်မိဘဲနဲ ့ရေးလိုက်မိတာပါ..
    အမှန်တိုင်းရေးပြလိုက်ပေမယ့်ရယ်စရာဖြစ်သွားတာကိုအားနာမိပါတယ်..
    ပြင်လိုက်ပါပြီနော်..။
    အန်တီတို ့နေထိုင်ကြီးပြင်းခဲ့တဲ့ကျိုက်ထိုကမိဘများအိမ်က
    ဘယ်လိုအိမ်မျိုးလည်းဆိုတာစုံစမ်းကြည့်ရင်သိနိုင်ပါတယ်..
    အိမ်နံပါတ်(၇၈/၇၅)၊သီတာလမ်းတောင်ပိုင်းရပ်၊ကျိုက်ထိုပါ။
    အရေးခင်းပြီးနောက်ပိုင်းမိဘတွေဆုံးပါးပြီးမောင်နှမတွေအမွေခွဲလိုက်ပြီမို ့ရောင်းလိုက်ပါပြီကွယ်..။

  • etone

    May 24, 2012 at 4:43 pm

    စာထဲကအတိုင်းဆို … အန်တီအေးက တော်တော်လှမှာပဲနော် …. ။ မြင်ဖူးချင်လိုက်တာ ။ 🙂
    ဒီဇာတ်လမ်းက ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ပြောရလို့ ရတယ်နော် … အကြိမ်ကြိမ်ဆုံခဲ့တာဆိုတော့လေ … ရေစက်လို့လည်းပြောလို့ ရတယ်နော် … ။

  • aye.kk

    May 24, 2012 at 6:00 pm

    လော က ဓံ နဲ ့ဇ ရာ ဖြို လို ့အ လှ ဆို တာ..
    ဝါး မျို ခံ ရ စ မြဲ ပါ…
    အ ရင် တုံး က တော့ လှ တယ် ပြော ရင် အ မှန် မ လွဲ ပါ ဘဲ ..
    သက် သေ အ ရ ဓါတ် ပုံ ပြ မှ ဘဲ ယုံ မှာ မို ့ လို ့လေ..။။

Leave a Reply