ပြည်ရွှေဆံတော်ဘုရား

weiweiMay 21, 20124min20922

ပြည်မြို့ကို ရောက်ဖူးကြတဲ့သူများပေမယ့် ဘုရားကို ကပ်ကျော်သွားလေ့ရှိပါတယ်။ တကူးတကမှ မသွားဖြစ်ရင် မရောက်ဖြစ်တဲ့နေရာဖြစ်တာမို့ ရောက်တုန်း မှတ်တမ်းကျန်ခဲ့အောင်နဲ့ မရောက်ဖူးတဲ့သူတွေလဲ ဖူးမြင်ရအောင် မှတ်တမ်းတင်ထားလိုက်ပါတယ်။

ဘုရားမုခ်ဦး
ဓါတ်လှေကားနဲ့တက်ကြတယ်
ဘုရားပေါ်က မြင်ရတဲ့ ပြည်မြို့
ရွှေရောင်တဝင်းဝင်း
ရင်ပြင်တော်ပေါ်မှ စေတီလေးနဲ့တန်ဆောင်း
ထီးတော်အဟောင်းလို့ထင်တာပဲ ...
စေတီတစ်ဆူလုံး ဖူးမြင်ရပုံ
ရွှေဆံတော်ပေါ်မှ ဖူးမြင်ရတဲ့ ဆယ်ထပ်ကြီးဘုရား

ဆယ်ထပ်ကြီးဘုရားကို စောင်းတန်းတစ်ခုကနေ ဆင်းသွားလိုက်ပါတယ် … စောင်းတန်းအဆုံးအောက်ခြေရောက်တော့ ထူးခြားတဲ့ဒီဇိုင်းနဲ့ ခြင်္သေ့နှစ်ကောင်ကို သတိထားမိတယ်။ တစ်ကောင်က ပါးစပ်မှာ ကျားတစ်ကောင်ကိုက်ထားပြီး နောက်တစ်ကောင်က ဂျီတစ်ကောင်ကို ကိုက်ထားပါတယ်။

ပါးစပ်ထဲမှာ ကျား
ပါးစပ်ထဲမှာ ဂျီတစ်ကောင်
ပျက်စီးယိုယွင်းနေတဲ့ အဆောက်အဦးတစ်ခု
အနီးကပ်ကြည့်လိုက်တော့ ပိုလို့တောင် ပျက်စီးနေသေးတယ်
ဘုရားကြီးနားက စောင်းတန်းတစ်ခု
ရုပ်ထုလေးတွေက ချစ်စရာ
အနီးကပ်ဖူးမြင်ရပုံ

ဆယ်ထပ်ကြီးဘုရားမှာ ဇာတ်တော်ရုပ်ထုတွေအများကြီးတွေ့ခဲ့ရပါတယ်။ သန့်ရှင်းသပ်ယပ်တဲ့လက်ရာများနဲ့ လှပတဲ့ဆေးရောင်များကြောင့် လှပခေတ်မှီနေသလို အနီးအနားက ဟောင်းနွမ်းပျက်စီးနေတဲ့လက်ရာများနဲ့ တိုင်လုံးတွေနဲ့ ဘုရားစောင်းတန်းကလဲ ကဗျာဆန်နေပါတယ်။ တောင်တွေပတ်လည်၊ ဘုရားစေတီတွေ ပတ်လည်နဲ့ အချိန်များရရင် တစ်နေကုန်တောင်တက်ပြီး လျှောက်သွားချင်နေမိအောင်ပါပဲ …

လောလောဆယ်တော့ အချိန်သိပ်မရတာကြောင့် သွားခဲ့သမျှလေးပဲ မျှဝေပေးရင်း ….

22 comments

  • Khin Kha

    May 21, 2012 at 4:06 pm

    ပြည်ရွှေဆံတော် ဘုရားက ခြေင်္သေ့တွေရဲ့ပါးစပ်မှာ ကျားနဲ့ဂျီ ကိုက်ထားတာ ထူးဆန်းတယ်။
    ကျန်တဲ့ ဘုရားတွေရဲ့ ခြင်္သေ့တွေမှာအဲဒီလိုမတွေ့ဘူးနော်။

  • မှော်ဆရာ

    May 21, 2012 at 4:14 pm

    ြဲပည်ရောက်ခဲ့တယ်လားအမ
    ပြည်ဟိုဘက် ၃ နာရီလောက်မောင်းရင် ကျွန်တော်တို့ မြို့ကိုရောက်တယ်လေ အမရယ်
    နောက်တစ်ခါ အရောက်လာခဲ့ပါ …
    ကျွန်တော့်မြို့ရောက်ရင် ကြိုက်တဲ့ဆိုင်ဝင် .. ကြိုက်တာသာမှာစား
    ပြီးရင် ကျွန်တော့နာမည်သာပြောလိုက် ….
    (အရင်အကြွေးပါ ထည့်တောင်းလိမ့်မယ်) 😛

    • shwe kyi

      May 21, 2012 at 8:04 pm

      ကိုမှော်ဆရာပြည်ဘယ်ဘက်ကို 3 နာရီလည်း။
      ရွှေကြည်မွေးရပ်မြေက ပြည်ကနေရွှေတောင်ဘက်ကို 1 နာရီခွဲ လောက်သွားရတယ်။

  • ဗိုက်ကလေး

    May 21, 2012 at 4:41 pm

    တစ်ကောင်က ကျားကိုကိုက်
    နောက်တစ်ကောင်က ဂျီကိုကိုက် ဆိုတဲ့ ခြင်္သေ့နှစ်ကောင် သမိုင်းလေး မေးခဲ့ဘူးလား အမရ

    • weiwei

      May 22, 2012 at 9:29 am

      အတိတ်နိမိတ်တစ်ခုခုအတွက် ထုလုပ်ခဲ့တာပါပဲ … အစာရေစာပေါများပြီး ဘေးရန်ကင်းရှင်းအောင်ဆိုတဲ့ သဘောမျိုးပေါ့ .. အတိအကျတော့ မသိဘူး ..

  • may flowers

    May 21, 2012 at 5:29 pm

    ဘုရားပေါ်က မြင်ရတဲ့ပြည်မြို့ရှုခင်းလေးကြိုက်တယ်။ အားပေးသွားပါတယ်နော်။

  • ကိုရင်မောင်

    May 21, 2012 at 6:46 pm

    ပြည်မြို့က ရွှေဆံတော်ဘုရားကိုရောက်ခဲ့ဘူးပေမဲ့
    မဝေရိုက်ပြမှကျား နဲ့ဂျီကိုကိုက်ထားတဲ့
    ခြေင်္သေ့တွေကိုသတိထားမိတယ်…
    ရောက်ဘူးခဲ့တာကြာပြီဖြစ်လို့
    ခုလိုဓါတ်ပုံလေးတွေတွေ့ရတော့..
    ပြန်လည့်အမှတ်ရမိပါရဲ့…
    ကျေးဇူးဘဲမဝေရေ…..

  • Gipsy

    May 21, 2012 at 6:51 pm

    ဟုတ်ပဗျာ…ဖြတ်သွားဖြတ်လာရှိခဲ့ပေမဲ့ ..ကပ်ကပ်ပြီးကျော်သွားမိတာ…
    ဒီလောက်ကြီး ကျယ်ဝန်းမယ်လို့ မထင်မိဘူး…။

  • မမဝေဝေရေ. ဘုရားပေါ်ကနေ မြင်ရတဲ့ နာရီစက်နားက သူငယ်ချင်းအိမ်မှာ ကျနော်
    ရောက်တိုင်းနေတယ်လေ။ပြည်ရွှေဆံတော်ဘုရားကိုနောက်ခံထားပြီး နာရီစင်ရော ဓါတ်လှေကား
    ပါ ပါအောင် လပြည့်နေ ့ကရိုက်ထားတဲ့ပုံလေးတွေ ကွန်နက်ရှင်မကောင်းလို ့မတင်ရဘူး။စိတ်ညစ်
    တယ်ဗျာ။

  • Gipsy

    May 21, 2012 at 7:22 pm

    ဘာမှ စိတ်ညစ်နေနဲ့ အုန်းပွဲ ငှက်ပျောပွဲပေးရင် ကွန်နက်ရှင် တက်လာတယ်ဆိုပဲ…
    လုပ်ကြည့်ဦး….။

  • ခင်ဝမ်း ရဲ့မွေးရပ်မြေကို ရောက်အောင်သွားမယ်ဗျာ။
    မဝေပုံမြင်တော့ ပိုသွားချင်လာပြီ။
    မြစ်ရူ့ခင်းလေးတွေရော မရိုက်ခဲ့ဘူးလား။
    ခင်ဝမ်းသီချင်းထဲကလို……………

    တိမ်တိုက်တွေရဲ့အဆုံး ဟိုး………………မုိုးကုတ်စက်ဝိုင်းတစ်နေရာမှာ
    နေရောင်တစ်ချို့ရှိနေသေးရဲ့……………..
    အြပြာရောင်လွှမ်းနေတဲ့ရိုးမရဲ့အရိပ်…………………
    တစ်ဖက်ကမ်းမှာ မှောင်မိုက်နေပြီဆိုတဲ့ ပုံလေးမရခဲ့ဘူးလားမဝေ။

  • marblecommet

    May 22, 2012 at 12:51 am

    ရွှေဆံတော်ဘုရားပေါ်ကနေ
    ဧရာဝတီကို လှမ်းကြည့်လိုက်တော့
    ……
    …လဝန်းထဲ..ပွဲကြည့်လှေကလေး
    လှော်ခတ်ဝင်သွား
    လမ်းရွေးမှားသူမြစ်…..
    …….
    ဆိုတဲ့ ကိုချောရဲ့ ကဗျာ တစ်ပိုင်းတစကို
    ရွတ်မိခဲ့ဖူးတယ်……
    ရွှေဆံတော်ပေါ်ကနေ လှမ်းမြင်နေရတဲ့
    တစ်ဘက်ကမ်းက ရွှေဘုံသာမုနိ ကိုရော
    မရောက်ခဲ့ဘူးလား မဝေရေ့……

    • weiwei

      May 22, 2012 at 8:24 am

      ရွှေဘုံသာမုနိကို ရောက်ခဲ့ပါတယ် ….
      ကော်နက်ရှင်တော်တော်ဆိုးလို့ တစ်ခုတင်တိုင်း ၂ ရက်လောက် အချိန်ပေးနေရတယ် …
      ဧရာဝတီမြစ်ကြီးက သဲသောင်ပြင်ကြီးလိုဖြစ်နေလို့ ပြည်ချောင်းသာလို့တောင်နံမည်ပေးထားကြတယ် … ဖြတ်သွားရင်း ဧရာဝတီအလှကို ခံစားခဲ့ရပေမယ့် ဓါတ်ပုံရိုက်ဖို့တော့ မလွယ်ခဲ့ဘူး … နောက်များရောက်တော့မှ သေချာဓါတ်ပုံရိုက်အုန်းမယ် …

  • windtalker

    May 22, 2012 at 8:52 am

    gazette မှာ ကိုပေါက်လို ခရီးသွားရင်း ဓါတ်ပုံမှတ်တမ်းများကို ပြန် ရှဲ ပေးသော အန်တီဝေ အား thank you ပါ။

  • Ma Ei

    May 22, 2012 at 8:53 am

    ဝေဝေရေ…
    ပြည်ရွှေဆံတော် ဘုရားကို အဲ့ဒီဘက်ကဖြတ်တဲ့ ခရီးသွားတဲ့
    အခေါက်တိုင်း ဝင်ရောက်ဖူးမျှော်ဖြစ်ပါတယ်…
    ဓါတ်ပုံလေးတွေ အရမ်းလှပါတယ်…
    အောက်ဆုံးပုံလေး အကြိုက်ဆုံးပါ…

  • ahnyartamar

    May 22, 2012 at 9:05 am

    ဆယ်ထပ်ကြီးဘုရားက အမိုး မိုးလို့မရဘူးလို့ပြောကြတယ် ဘာကြောင့်လဲဆိုတာ သိရင်ပြောကြပါအုံး။

  • ဆူး

    May 22, 2012 at 10:34 am

    ကြားဖူးတာကတော့ အဲဒီ ခြင်္သေ့ကြီးတွေက ရေဆာ တတ်လို့ မြစ်ရေတက်ရင် ခြင်္သေ့ ခြေရင်းနားအထိ ရောက်တတ်လို့ ခြင်္သေ့အရှေ့မှာ ရေတွင်းတူးပေးထားတာ ရှိတယ်။ သောက်ချင်ရင် အဲဒီက သောက်တဲ့.. အဲဒီ သဘောမျိုးပေါ့။

    ပြည်မြို့က အရင် ဒွတ်တဘောင်တို့ ဘာတို့ နန်းမြို့ဆိုက်ခဲ့ပြီး မြို့တည်ခဲ့စဉ်တုန်းက ဘုရားတွေ ရှိတယ်။ ဘောဘောကြီး တို့ ဘာတို့ အခု အုတ်ပုံလောက်ပဲ ရှိလိမ့်မယ် ထင်တယ်။
    ဒွတ်တဘောင် မင်းတို့ ဗိဿနိုးတို့ ဘာတို့ သမိုင်းထဲမှာ သူတို့က နတ်ဘီလူးတွေက မွေးတဲ့ သားသမီးတွေ လိုလို ဘာလိုလို ကြားဖူးတယ်။ ဟုတ်သည် မဟုတ်သည် အပထားပေါ့.. မြို့တည် နန်းတည်ရင် အင်းအိုင် တွေ အဆောင်တွေ အရံအတားတွေ လုပ်တတ်ကြတယ် ဆိုတာ ရှိကို ရှိခဲ့မှာ မိုလို့.. အဲဒီ မြို့မှာလည်း ဝိဇ္ဇာတွေ ဘာညာ နဲ့ ပြောတဲ့ ပါးစပ်ရာဇဝင်တွေ အများကြီး ရှိသေးတယ်။
    ပြည်မြို့ သမိုင်းတော့ သေချာ မသိပေမဲ့ ပါးစပ် ရာဇဝင် အရတော့ အဆောင် အင်းအိုင် လက်ဖွဲ့ အရံအတား လုပ်တဲ့ သဘောဆောင်တာတွေကြောင့် ခြင်္သေ့ ပါးစပ်မှာ အဲလို အကောင်တွေ ကိုက် တာတွေကလည်း အဲဒီကနေ ဆင်းသက်လာတာ ဖြစ်ပါလိမ့်မယ်။

  • ဆူး

    May 22, 2012 at 10:45 am

    ရုပ်တုလေးတွေ ချစ်စရာ ဆိုတဲ့ အရုပ်ကလေးကို ကြည့်တာ ဖိုးသူတော် တယောက် အရှေ့က ဖိုးသူတော် မောလို့ လျှာထွက်နေသလိုပဲ.. သူတို့လည်း နေပူထဲမှာ ရပ်နေရတာ ကြာတော့ မောနေတယ် ထင်တယ်။

    ဘုရား စောင်းတန်းကလည်း အမှိုက်တွေ ပုံထားသလိုပဲနော်။

  • etone

    May 22, 2012 at 11:51 am

    ပြည်ရွှေဆံတော်ကို … မဝေပြလို့ ဖူးခွင့်ရခဲ့ပါတယ် …. ။
    ရန်ကုန်ကနေ နေ့ချင်းပြန်တောင် သွားလို့ ရပေမယ့်… မရောက်ဖြစ်ဘူးဖြစ်နေတယ် … ။
    အဆောင် အဟောင်းကြီးရဲ့ သက်တမ်းက အနည်းဆုံး နှစ်တစ်ရာလောက်တော့ အသာလေးရှိမယ်ထင်တယ် … ပွင့်လင်းတဲ့ ရာသီမှာ ခရီးထွက်ရတာ အကောင်းဆုံးပါပဲ … ။

  • kyeemite

    May 22, 2012 at 1:13 pm

    မဝေရေ..ထုံးစံအတိုင်းမန့်မယ်နော်..
    ..“ကောင်းလိုက်တဲ့ ရိုက်ချက်..
    ဓါတ်ပုံတွေတော်တော်လှတယ်ဗျို့…ဒေသမျိုးစုံခရီးတွေသွားပြီး ကွန်နက်ရှင်မကောင်းတဲ့ကြားက ဓါတ်ပုံလေးတွေတင်ပေးတာ ကျေးကျေးပါ…အားပေးသွားပါတယ်ဗျို့”

    • weiwei

      May 22, 2012 at 1:22 pm

      ခရီးထွက်တာကပိုများပြီး ကော်နက်ရှင်က ပိုဆိုးနေလို့ ဒေသအကြွေးတွေ အများကြီးတင်နေသေးတယ် … ထားဝယ်ခရီးစဉ်တစ်ခုတင်ဖို့ ကျန်ပါသေးတယ် …
      ဆက်လက်အားပေးကြပါအုန်း …

  • MaMa

    May 22, 2012 at 2:51 pm

    မှော်ဆရာတို့ မြို့ကို သွားတုန်းက ပြည်ကို ကပ်ကျော်သွားတာမို့ ပြည်က ဘုရားတွေ မရောက်ဖူးသေးဘူး။
    အခုပုံတွေကြည့်ပြီး ဒီတခါ ခရီးသွားရင်တော့ ဝင်ဖြစ်အောင် ဝင်ဦးမှလို့ တွေးမိသွားတယ်။ 🙂

Leave a Reply