ပြည်သူ့ဂုဏ်ရည်ဆု 2012 စတင်နေဘာပြီ..။

ဒေါ်ရွှေဇီးကွက်ရဲ့အပြော

ဒီနေ့ နယူးယောက်မြို့မှာ ပြည်သူ့ဂုဏ်ရည်ဆု ရံပုံငွေရှာ အစားအသောက်ဈေးရောင်းပွဲ လုပ်ပါတယ်။ လူထောင်ဂဏန်းလာရောက်ပြီး ပွဲစီစဉ်သူများ၊ မြန်မာလူမှုအသင်းအဖွဲ့ကိုယ်စားလှယ်များ၊ ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဌ ကိုကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်တို့ရဲ့ ပြောဆိုချက်များဂို ပရိတ်သတ်ငါးရာကျော်လောက်ဆန့်တဲ့ မူလဒန်းကျောင်းခန်းမလုံးပြည့် အားပေးဂျဘာဒယ်။။
ဆိုဂျမယ်အော်ဂျမယ်နဲ့ မြန်မာအစားအစာဈေးရောင်းပွဲလည်းပါသဗျ...

လော့စ်အိန်ဂျလိစ်မြို့မှာ ဒေါ်လာသုံးသောင်း၊ ဆန်ဖရန်စစ္စကိုမှာ ဒေါ်လာနှစ်သောင်းခွဲ၊ ဆီယက်တဲ့လ်မှာ ဒေါ်ါ်လာတသောင်းနှစ်ထောင့်ငါးရာ၊ ဖလော်ရီဒါဖက်မှာ ဒေါ်လာကိုးထောင်ကျာ်နဲ့ အခြားမြို့များမှာလည်း ထောင်ဂဏန်းများစွာ အလှူငွေများ ရထားပါတယ်။
ပရိတ်သတ် များလွန်းလို့ မတ်တပ်ရပ်ကြည့်သူတင် တသိန်းရှိဒယ်..

နယူးယောက်ကတော့ ရရစားစား အလုပ်သမားလူဒန်းစားမြို့ဖြစ်လို့ ဘယ်လောက်ရမလဲ မသိပါဘူး။ ကြောင်ကြီးလည်း ပါသမျှ အကုန်လှူဂဲ့ပါဒယ်။ ပါသမျှဆို အိမ်ဂထွက်ကထဲက နည်းနည်းလေးဘဲ ထည့်သွားဒါ..။ အတင်းလှူခိုင်းရင် ပိုက်ဆံအိပ် ဖွင့်ပြလိုက်ပြီး ငွေသားအဆင်သင့် မရှိဂျောင်း၊ ခရက်ဒစ်ကတ်နဲ့ဆိုလျင် လှူချင်ဂျောင်း ဒါမှမဟုတ် ပိုက်ဆံချီးလျင်လည်းရဂျောင်း၊ ပွဲစီစဉ်သူများအနေနဲ့ ပွဲခမ်းမမှာ အေတီအမ်ငွေထုတ်စက် ထားပေးသင့်ဂျောင်း ခပ်တည်တည်နဲ့ ပြန်ဟောက်စားလုပ်ပါဒယ်။
ထိုင်နေသူတွေထဲမှာ လွှတ်တော်အမတ်တွေလို အိပ်ငိုက်နေသူမရှိ..
လာမည့် ၂ရရက်နေ့ တနင်္ဂနွေနေ နေ့လည်တနာရီမှာတော့ နယူးယောက်မြို့လည်တနေရာမှာ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမှာဖြစ်ပါဒယ်။ ဆန်ကာတင် ပုဂ္ဂိုလ်ငါးဦးဂဒေါ့……..
၁။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်
၂။ လဖိုင်နော်မိန်း
၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၄။ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ
၅။ ဒေါ်သန်းမြင့်အောင်
၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် စာရင်းဝင် ၅ ဦး တို့မှ မိမိဆန္ဒရှိရာ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်အား အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းစံတော်ချိန် မေလ ၁၁ ရက် (သောကြာနေ့) ည ၁၂ နာရီ မှ မေလ ၂၅ ရက် (သောကြာနေ့) ည ၁၂ နာရီအထိ ဆန္ဒမဲ ပေးနိုင်ပါသည်။ ကွန်ပြူတာအိုင်ပီလိပ်စာတခုဂျင်းအလိုက် နေ့စဉ်မဲပေးလို့ရပါဒယ်။ သူတို့ကိုယ်ရေးအကျဉ်းမှတ်တမ်းများဂို https://www.youtube.com/citizenofburmaaward နဲ့ အသေးစိတ် အချက်လက်များကို http://www.citizenofburma.org/ တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။
ပြည်သူ့ဂုဏ်ရည်ဆုမရ ဦးကြောင်ကြီး 😎

6 comments

  • Moe Z

    May 21, 2012 at 12:34 pm

    ဦးကြောင် သဂျီးပုံရော ??

  • ဗိုက်ကလေး

    May 21, 2012 at 12:46 pm

    ခုလိုဝိုင်းဝန်း အားပေးကြတာ ဝမ်းသာလှသဗျား..
    ဒါနဲ ့..
    အားမငယ်နဲ ့အူးကြောင်
    အူးကြောင်ကို ကြောင်သူ ့ဂုဏ်ရည်ဆု ပေးဖို ့ သဂျီးကို အဆိုတင်သွင်းထားပါတယ်..

  • “” ကြောင်ကြီးလည်း ပါသမျှ အကုန်လှူဂဲ့ပါဒယ်။ ပါသမျှဆို အိမ်ဂထွက်ကထဲက နည်းနည်းလေးဘဲ ထည့်သွားဒါ..။
    အတင်းလှူခိုင်းရင် ပိုက်ဆံအိပ် ဖွင့်ပြလိုက်ပြီး ငွေသားအဆင်သင့် မရှိဂျောင်း၊ ခရက်ဒစ်ကတ်နဲ့ဆိုလျင် လှူချင်ဂျောင်း
    ဒါမှမဟုတ် ပိုက်ဆံချီးလျင်လည်းရဂျောင်း၊ ပွဲစီစဉ်သူများအနေနဲ့ ပွဲခမ်းမမှာ အေတီအမ်ငွေထုတ်စက် ထားပေးသင့်
    ဂျောင်း ခပ်တည်တည်နဲ့ ပြန်ဟောက်စားလုပ်ပါဒယ်။””
    ဆိုတော့လေ ဦးကြောင် ဒေါ်လှဘယ်လောက်လှုူတာလဲ ပြောပြပါအုံး

  • windtalker

    May 21, 2012 at 2:31 pm

    အုကြောင် က ရမ်းလှူလို့ မရပါဘူး အိမ်သူအောင်ပုနဲ့တိုင်ပင် ရပါဦးမယ်။

  • kai

    May 21, 2012 at 4:15 pm

    လော့စ်အိန်ဂျလိစ်မြို့မှာ ဒေါ်လာသုံးသောင်း၊ ဆန်ဖရန်စစ္စကိုမှာ ဒေါ်လာနှစ်သောင်းခွဲ၊ ဆီယက်တဲ့လ်မှာ ဒေါ်ါ်လာတသောင်းနှစ်ထောင့်ငါးရာ၊ ဖလော်ရီဒါဖက်မှာ ဒေါ်လာကိုးထောင်ကျာ်နဲ့ အခြားမြို့များမှာလည်း ထောင်ဂဏန်းများစွာ အလှူငွေများ ရထားပါတယ်။

    အယ်လ်အေထက်တော့.. နယူးယောက်က.. ..ပိုလှူနိုင်မယ်.. မထင်ရေးးးးးးးးးးးးချ..မထင်..
    နယူးယောက်မှမဟုတ်.. ဘယ်မြို့မှ မယှဉ်… မယှဉ်လေးရယ်တဲ့.. နိုင်…။

    ဟေးလားကွယ်မောင်တို့.. ဟေ့စိန်လား..ဟေ့..မြလား.. ဝါးးးးးး 😆

    • ဗိုက်ကလေး

      May 21, 2012 at 4:19 pm

      အူးကြောင်ဂျီး
      အားမငယ်နဲ ့
      ရှိတဲ့ စည်းစိမ်ပြုတ်ပစေ..အယ်လ်အေထက်သာအောင် လှူပလိုက်

Leave a Reply