တစ်ခါတုန်းကပေါ့ ကွယ်…….

အရမ်းခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်…ရှိသတဲ့ ကွယ်……

တစ်ကောင်က၀က်ဝံဖြင်ပြီး…တစ်ကောင်ကမြင်းဖြစ်သတဲ့ ကွယ်……..

သူတို့ ကအိမ်နီးချင်းတွေဆိုပေမဲ့ ….ညီအကိုအရင်းလိုချစ်ကြသတဲ့ …..

အင်း….မြင်းကတော့ (နာဂရ…ကိုပေါက်…ကိုကြောင်….ဖရဲ….အလင်းဆက်….တို့ လို)

အရက်နဲ့ ..ဘီယာတို့ ဆိုရင်…လာထားပဲတဲ့ …..

ဘယ်ကပဲလာလာ..ဘယ်ကမှမလာရင်..၀ယ်ပြီးသောက်သတဲ့ …၀က်ငံလေးခင်ဗျ…..

မြင်းကိုခင်တော့ ..မြင်းဝယ်သောက်သမျှ..ပုလင်းခွံ…ဘီယာဘူးခွံတို့ ကို..လိုက်လံသိမ်းဆည်းစုဆောင်းတတ်တာပေါ့ ကွယ်…..

တစ်နေ့ တော့ …မြင်းက..ဆိုင်ကယ်တစ်စီးနဲ့ ရွာထဲ..အဲလေ…တောထဲပတ်နေသတဲ့ …..

ဒါကို..၀က်ဝံလေးကမြင်တော့ …ဟာ…သူငယ်ချင်းရေ…ဘယ်တုန်းက၀ယ်လိုက်သလဲ..လို့ မေးသတဲ့ ကွယ်…။

မြင်းလေးကလည်း…၀ယ်တာမဟုတ်ဘူးကွ….အရက်ပုလင်းထဲက.ကံစမ်းမဲပေါက်တာပါလို့ ဖြေသတဲ့ ..

ဝက်ဝံလေးက..မင်းတော်တော်ကံကောင်းပါလား…လို့ ချီးကူးလိုက်သတဲ့ …

တစ်လလောက်ကြာတော့ …တောထဲမှာ..လေယာဉ်တစ်စီးပျံနေတာကိုတွေ့ ရသတဲ့ …..

လေယာဉ်ကိုတွေ့ တော့ …မြင်းကမော့ ကြည့် လိုက်သတဲ့ …

အလို…သူငယ်ချင်းဝက်ဝံကလေယာဉ်ပျံနဲ့ ..တယ်မိုက်နေပါလားလို့ ….လှမ်းနူတ်ဆက်သတဲ့ ….

ဒါကို..၀က်ဝံကမြင်တော့ ..သူငယ်ချင်းရေ….မင်းဝယ်သောက်ထားတဲ့ ..ပုလင်းခွံတွေရောင်းပြီး…

ဝယ်လိုက်တာပါကွာလို့ ..ပြောလိုက်ရှာသတဲ့ ….ကွယ်….။

ရီစရာလေးကတော့ …ဒါပါပဲကွယ်…….။

ကိုကြောင်…ကိုပေါက်…နာဂရ…ဖရဲ…အလင်းဆက်တို့ လည်းဒီလိုမလုပ်ရဘူးနော်….

မှတ်ချက်။ ။နာမည်တွေကိုယူသုံးထားတဲ့ အတွက်…ရီစရာတစ်အနေနဲ့ ပဲ..သတ်မှတ်ပေးပါ…။

ခွင့် မတောင်းတာကိုခွင့် မလွှတ်နိုင်တောင်…ကျေနပ်ပေးကြပါလို့ …….

ချစ်ခြင်းမေတ္တာဖြင့် 

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။