ပျားရည် အသုံးဝင်ပုံ

ခင္ခMay 21, 20121min27317

ဖတ်ခဲ့ဖူးတဲ့ တိုလီမိုလီ စာစုလေးတွေထဲက ပျားရည်အသုံးဝင်ပုံလေးတွေပြောပြချင်ပါတယ်။

ပျားရည်သည် တွဲဖက်အသုံးပြုသော ဆေးဝါးများအား အာနိသင်တိုးပွားစေသည့်သတ္တိရှိသည်။

ဒါကြောင့်မြန်မာဆေးအတော်များများမှာ ပျားရည်နဲ့ရေစပ်ပြီးအသုံးပြုကြတာတွေ့ရပါလိမ့်မယ်။

ပျားရည်သည်အချိုဖြစ်သော်လည်း သတ်မှတ်သည့်ပမာဏအတိုင်း ဆေးနှင့်ရောနှောစားသုံးပါက ဆီးချိုရောဂါသည်များ သို့မဟုတ် အဝလွန်သူများကို ဥပဒ်မပေးကြောင်းတွေ့ရပါတယ်။(ပျားရည် မစစ်ဘဲ သကြားရောရောင်းတဲ့ အတုတွေတော့ သတိထားရမှာပါ။)

ပျားရည်သည်ရှေးအကျဆုံးအချိုဓါတ်ဖြစ်ပြီး ချိုစေသည့် ပစ္စည်းဟု လူတို့နားလည်ထားကြ ပါတယ်။ရှေးဘေဘီလုံခေတ်တွင် လူတစ်ဦးသည် မိမိ၏ သမက်ဖြစ်သူအား ပျားရည်အရက်ကို သမက်ဖြစ်သူသောက်နိုင်သလောက် ထောက်ပံ့ပေးရန် တာဝန်ရှိသည်ဟု အစဉ်အလာတစ်ခုကို သိရပါသည်။ထိုအရက်ကို အိမ်ထောင်ပြုပြီးသည့်အချိန်မှ တစ်လတိတိသောက်ကြရသည်။ ထိုအချိန်မှစပြီး ပျားရည်( honey moon )ဟူပြီး စကားရပ်ပေါ်လာခြင်းဖြစ်သည်။ယခုခေတ်တွင်    ( honey moon )ကို ပျားရည်ဆမ်းခရီးဟု လူသိများလာခဲ့ပါသည်။

ပျားရည်သည်ပန်းဝတ်ရည်ဖြစ်ပါသည်။ထို့အပြင် ပျားရည်တွင် ဗီတာမင် ဘီ-၁၊ ဘီ-၂၊ စီနှင့် နီကိုတင်းနစ် အက်ဆစ်လည်းပါဝင်သည်။အာဟာရတန်ဖိုးမှာ အဆင့်မြင့်သကြားထက်ပိုမိုပါဝင် ပါသည်။ပျားရည်ကိုသကြားအစားသုံးစွဲမည်ဆိုပါက အလေးချိန်အစားထုထည်ဖြင်တိုင်းသုံးပါက ကယ်လိုရီပိုမိုရရှိပါမည်။

သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း+ပျားရည်(၂)ဇွန်း ရောပြီး ဝက်ခြံများကို ညအိပ်ရာဝင်ခါနီးအချိန်လူးပြီး နောက်နေ့နံနက်တွင် ရေနွေးဖြင့်မျက်နှာသစ် ခြင်း စသည်ဖြင့်(၂)ပတ်ခန့် နေ့စဉ်ဆောင်ရွက်လျှင် ဝက်ခြံများပျောက်သည်ဟုသိရပါသည်။

အဆစ်ရောင်ရောဂါအတွက် ပျားရည်(၁)ဆ+သစ်ကြံပိုးခေါက်အနည်းငယ် ရောဖျော်ပြီး လိမ်းဆေးအဖြစ် နာကျင်သည့်နေရာများလိမ်းပေးပါက သက်သာနိုင်ပါသည်။

အပူလောင်ခြင်းအတွက် ပျားရည်+နနွင်းမှုန့်ရောပြီး လိမ်းပေးနိုင်သည်ဟုသိရပါသည်။

အအေးမိ ချောင်းဆိုပါက ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်+ပိတ်ချင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံ+ပျားရည် တစ်ဇွန်း ရောဆပ်ပြီးလျှက်ပေးပါက သက်သာပျောက်ကင်းနိုင်ပါသည်။

ဝမ်းလျှောခြင်းအတွက်(အထူးသဖြင့်ကလေးများ) ဇာတိပ္ဖိုလ်သီး အမှုန့်+ပျားရည်ရောပြီး စားသုံးပါက သက်သာနိုင်ပါသည်။တစ်နေ့(၂)ကြိမ် (၃)ကြိမ်သာသောက်ရပါမည်။

လေ့ကျင့်ခန်းမလုပ်မီ အားရှိရန်ပျားရည်တစ်ဇွန်း သောက်ထားပါက အင်အားဓာတ် အကြာကြီးရရှိမည်။

သွေးထဲတွင် ကိုလက်စထရောများပြားပါက သစ်ကြပိုးခေါက်မှုန့်ကို ပျားရည်နှင့် ခပ်ပျစ်ပျစ် ဖျော်ပြီး ပေါင်မုန့်ယိုသုတ်သလို ပြုလုပ်စားပါက လျော့ကျစေနိုင်ပါသည်။

သစ်ကြပိုးခေါက်မှုန့်(၂)ဇွန်း+ပျားရည်(၁)ဇွန်းကို ရေနွေးဖြင့် သောက်ပါက ဆီးအိမ်ထဲရှိပိုးများကို ထိန်းသိမ်းပေးပါသည်။

ပျားရည်(၁)ဇွန်း+ဟင်းရွက်ဆီ(၁)ဇွန်း+ရှောက်ရည်(၁)ဇွန်း၏လေးပုံတပုံ ကို ရောမွှေပြီး လက်တံတောင်ဆစ်၊ခြေဖနောင့်၊လက်ဖနောင့် စသည့်နေရာများမှ အရေပြားခြောက်သွေ့သည့် နေရာများနှင့် အမာရွတ်များကို လိမ်းပါ။(၁၀)မိနစ်ခန့်ထားပြီး ရေဆေးခြင်းပြုပေးပါက သက်သာ ပျောက်ကင်းနိုင်ပါသည်။

စစ်မှန်သော ပျားရည်ကိုအိမ်တိုင်း ဆောင်ထားသင့်သည်ဟု တင်ပြလိုက်ရပါသည်။

 

 

17 comments

  • water-melon

    May 21, 2012 at 6:13 pm

    နွားနို့ထဲ ပျားရည်ထည့်သောက်ရင် အရပ်ရှည်တယ်ဆိုလား ဖတ်ဖူးပါကြောင်း
    ပြည့်ပြည့်စုံစုံထပ်သိရလို့
    ကျေးဇူး

    • ဗိုက်ကလေး

      May 21, 2012 at 6:16 pm

      ဖျဲသီးကို ဘဲဥနဲ ့ စားရင် စော်ကြည်တယ်ပြောတယ်ဗျ

      • water-melon

        May 21, 2012 at 6:19 pm

        စော်တော့မကြည်ဘူးအေ့
        တစ်ခါထဲ ကျော်သူဆီရောက်မှာတော့သေချာတယ်

      • ကိုရင်မောင်

        May 22, 2012 at 4:19 am

        ဟဲ့…ဗိုက်ရဲ့သူ့ချည်းဘဲမစားခိုင်းနဲ့လေ
        ပျားရည့်ပါဆမ်းလို့…

  • Gipsy

    May 21, 2012 at 6:17 pm

    ပျားရည်ရဲ့အစွမ်းထက်ပုံကတော့ အောချရလောက်ပါတယ်…
    ဟိုတလောက ကျုပ်လဲ ဝမ်းလျောသလိုဖြစ်တော့ ပျားရည်ကို ငါးကျပ်သားလောက်
    သောက်လိုက်တော့ သက်သာသွားတယ်….
    မ khin kha ရဲ့ ကျန်းမာရေး အတွက်ပျားရည်နဲ့အသုံးချမှုတွေအတွက် ကျေးဇူးပါ…
    ကူးယူသွားပါတယ်…။

    • ဗိုက်ကလေး

      May 21, 2012 at 6:21 pm

      အူးလေး
      အဲတာ ကိုခင်ခ ဖြစ်ပါတယ်ခင်ဗျား..

      • Gipsy

        May 21, 2012 at 6:32 pm

        တိန်.. နာပဟ ..
        ဥလေးဂ မွှားသွားလို့ပါကွယ်…
        ခွင့်လွှတ်ပါကွယ်…ကိုယ်မှားနေရင်… အဲလေ….မွှားပန်ပီ….။ :mrgreen:

  • ဗိုက်ကလေး

    May 21, 2012 at 6:20 pm

    ပျားရည် စစ် မစစ် ကိုကော ဘယ်လိုခွဲသလဲခင်ဗျား..

    • water-melon

      May 21, 2012 at 6:34 pm

      လျှာနဲ့လျက်ကြည့်ပါ ချိုရင်ပျားရည်
      အရင်တုန်းကတော့ သိတယ်ဗျ
      မေ့နေပြီ ပျားရည်ကို ယူပြီး ခွေးကို လျက်ခိုင်းတယ်ဆိုလားမသိ မလျက်ရင် အစစ်တဲ့

      • aye.kk

        May 22, 2012 at 6:17 am

        ဖရဲ လေးရေ..
        ပျားရည်အစစ်ကသတင်းစာအပေါ်ကိုတင်ရင်..
        ဖယောင်းဆိုတဲ့ဂုဏ်သတ္တိပါဝင်နေတာကြောင့်..
        အောက်ကိုယိုစိမ့်ပေါက်ထွက်ခြင်းမရှိပါဘူး..
        နောက်တခုကပျားရည်အစစ်ရဲ ့ပန်းပေါင်းရနံ ့တွေပါဝင်နေတဲ့အနံ ့ ့ကိုပုရွက်ဆိတ်တွေမနှစ်သက်တဲ့အတွက်ပုရွက်ဆိတ်တွေမတက်ပါဘူး..
        ပျားရည်ကိုသတင်းစာရွက်တခုပေါ်တင်ပြီးအောက်က
        ဖရောင်းတိုင်မီးပြရင်ရုတ်တရက်မီးစွဲလောင်ခြင်းမရှိပါဘူး..။

  • windtalker

    May 21, 2012 at 8:10 pm

    ပျားရည်အစစ် is not only for women but also very good for men !!! အဲဒါ ဘရုတ်ကင်း အင်းဂလိ Kwi

  • “””ရှေးဘေဘီလုံခေတ်တွင် လူတစ်ဦးသည် မိမိ၏ သမက်ဖြစ်သူအား ပျားရည်အရက်ကို သမက်ဖြစ်သူသောက်နိုင်သလောက် ထောက်ပံ့ပေးရန် တာဝန်ရှိသည်ဟု အစဉ်အလာတစ်ခုကို သိရပါသည်။ထိုအရက်ကို အိမ်ထောင်ပြုပြီးသည့်အချိန်မှ တစ်လတိတိသောက်ကြရသည်။ ထိုအချိန်
    မှစပြီး ပျားရည်( honey moon )ဟူပြီး စကားရပ်ပေါ်လာခြင်းဖြစ်သည်။ယခုခေတ်တွင်    ( honey moon )ကို ပျားရည်ဆမ်းခရီးဟု
    လူသိများလာခဲ့ပါသည်။”””

    ဒါဆိုတော့ နော် ပျားရည်ဆမ်းအစ ဘေဘီလုံကပေါ့။မှတ်သားသွားပါတယ် ကိုခင်ခရေ။ကိုခင်ခကို အစကကျနော်လဲ မိန်းကလေးထင်နေတာဗျ။
    ဟီးးးးးးး

  • kai

    May 22, 2012 at 3:31 am

    မြန်မာပြည်ထဲ ရှိနေသလားတော့မသိ..
    စတားဘတ်မှာ.. လက်ဖက်ရည်ကို.. ပျားရည်နဲ့သောက်တာ…
    ကောင်းတယ်ခင်ဗျ..

    Tazo® Chai Tea Lattes mix the exotic with the familiar. This beverage starts with a rich, full-flavored Assam tea and blends five spices that have been used in Indian chai recipes for decades: ginger, cardamom, star anise, cloves and cinnamon. The blend is a “classic masala chai” – the Tazo recipe adds sweetness with honey, organic cane sugar and a hint of vanilla.

    Like most of our beverages, the Tazo® Chai Tea Latte is customizable. If you want to savor some extra cinnamon or try it very vanilla, just ask. One of the more popular customizations you’ve told us about is to add a shot of espresso for an extra kick. There’s an iced version perfect for warm days. And there are a full range of milk options, including soy.

    Here’s an insider’s tip: for a less spicy, sweeter taste, increase the amount of dairy. The milk fat decreases the level of spice you taste. Alternatively, if you’re looking for a spicier, less sweet Chai Tea Latte, ask us to dial up the water – that helps to release the full flavor of all the spices.

    How do you like to customize your Tazo® Chai Tea Latte? We would love to hear from you.

  • ဆူး

    May 22, 2012 at 11:34 am

    ပျားရည် စစ်ရင် ပုရွက်ဆိတ် မတက်ဘူး ကြားတယ်။ ပုရွက်ဆိတ်က ပျား ကို ကြောက်လို့လားတော့ မသိဘူး။
    ပျားရည်ထဲ ထညက်ရည် ရောတာတို့ ဘာတို့ လုပ်ကြတယ်။ လူတွေ အကျင့်တော်တော် ပျက်နေကြတာ..
    ပျားရည် က မီးမလောင်ဘူး လည်း ကြားဖူးတယ်။
    ပျားရည် စစ်ရင်တော့ အလွန်ကောင်းတယ် ပြောတယ်။

  • နွယ်ပင်

    May 22, 2012 at 12:10 pm

    လည်ပင်းနာနေရင်လည်း ပျားရည်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း စာလောက်ကို ဖြည်းဖြည်းချင်း သောက်ပေးရင်လည်း သက်သာတယ် ……..

  • kai

    May 22, 2012 at 12:11 pm

    မြန်မာပြည်ရဲ့.. ကွန်ဆာဗေးတစ်တွေဖွင့်ဆိုထားတဲ့.. ငါးပါးသီလနဲ့.. ပျားရည်ပေးတွေ့လိုက်ရမလား..။
    ပျားမွေးမြူ.. ပျားရည်ထုတ်တဲ့..ထုတ်မဲ့သူတွေကို.. ကွန်ဆာဗေးတစ်ရှေးစွန်းစွဲတွေ.. ဘာပြောကြမယ်ထင်သလည်း..။ ?
    အာဟိ.. 😆

    ဆိုတော့..
    ယူအက်စ်မှာ.. ပျားရည်စစ်စစ်များပေါမှပေါ…
    လူတွေအတွက်အကျိုးရှိတာမို့.. ထုတ်တာပေါ့..
    World Honey Production
    The following table is offered as an indicator of the volume of honey produced by country, but keep in mind that most of this honey is industrial-grade and not destined for the honey pots on our tables. Largest producers of honey for both table and industrial use.
    Country Year x1000 Tonnes
    China 2007 200
    EU 2007 189
    Turkey 2007 74
    Ukraine 2007 68
    Argentina 2009 65
    USA 2007 65
    Mexico 2007 56
    Russian Federation 2007 54
    India 2007 52
    Ethiopia 2007 44
    ပျာရည်ဟာ လူတွေအတွက်ဆေးဖက်ဝင်ရင်.. အဲဒီအထဲဘာဓါတ်သဘာဝတွေပါသလည်း.. ကြည့်တယ်.. စစ်တယ်.. စမ်းသပ်တယ်..
    နောက်တော့…
    ဆေးဝါးနဲ့.. နေ့စဉ်သုံးစားစရာတွေ.. မုန့်တွေ.. စသဖြင့်ထုတ်ပါတယ်.. ဆေးနဲ့.. လူ့အသက်တွေကယ်ပါတယ်..။
    တိုးတက်တဲ့လူ့အဖွဲ့အစည်းတွေက အဲဒီလိုနဲ့.. အဲဒါတွေ..ဖြစ်လာပါတယ်..
    “ပျားရည်နဲ့ ဝမ်းချတာ”မဟုတ်.. ဘေးထွက်ဆိုးကျိုးမရှိတဲ့.. “ဝမ်းနှုတ်ဆေးကို ထီထွင်ကြတာ”…

  • htet way

    May 22, 2012 at 12:42 pm

    ကောင်းတယ်ဗျာ ဒီလို ပျားရည် အစွမ်းကို ရှာဖွေ တင်ပြတာ
    ပျားရည် စစ်တော့ ရှားပါတယ် စစ်မစစ် ကို စမ်းတာလည်း နည်းတွေကများပါတယ်
    တို့ ကြည့် လျှက်ကြည့်တာ ပိုကောင်းပါတယ် ။ချက်ဆေးတွေမှာ ပျားရည် ထည့်ရပါတယ် ဥပမာ ရှား
    ဇောင်း လက်ပတ် ချက်ဆေး။
    ကြက်သွန်ဖြူပျားရည်တို့ ဘာဘာညာညာတွေလည်း အပြင်မှာ တွေ့ရပါတယ် ။
    ကိုယ်တိုင် ပျားရည်စစ်နဲ့ ဆင်တုံးမနွယ် စိမ်တာတို့ စမှုံနက် ရောတာတို့ အကျိုးများပါတယ်။
    လေ့တာ တင်ဆက်တာ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

Leave a Reply