သံတွဲမြို့တွင် စီဒီအမ်အေ ဖုံးလိုင်းများ ပြတ်တောက် ပြတ်တောက် ဖြစ်နေသည်မှာ လပေါင်းများစွာ ရှိခဲ့ပါပြီ ၊

သတိထားကြည့်နေရင်း နေရင်းက ပိုမို ဆိုးရွားလာလျှက်ဖြစ်နေပါသည်၊

စီဒီအမ်အေ ဖုံးစွဲကိုင်အသုံးပြုသူများမှာ မည်သူ့ကို အဖေ ခေါ်ရမှန်းမသိဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီးဖြစ်ပါသည်၊

၎င်း ဖြစ်ရပ်အပေါ် သံတွဲမှ တာဝန်ခံတွင်တာဝန်ရှိသည်ဟုထင်မိပါသည်၊ ဟိုးအရင် လျှပ်စီးမီး ၂၄ နာရီမရခဲ့စဉ်
တာဝန်ခံမှ စက်သုံးဆီခိုးနေသဖြင့် ခဏ ခဏ ပြတ်သည်ဟု ယူဆမိခဲ့ပါသည်၊ ယ္ခုသော် လျှပ်စီးမီး ၂၄ နာရီ
ရရှိနေပါသော်လည်း ဖုံးလိုင်းများမှာ နေ့စဉ် တရက်လျှင် ၅ ကြိမ်ခန့် ပြတ်တောက်နေခြင်းမှာ မည်သူ့တွင်
တာဝန်ရှိသည် ဆိုခြင်းကို နားလည်ခြင်းငှုာ မစွမ်းသာဖြစ်နေရပါသည်၊

မြို့သူမြို့သားများမှာလည်း ဖုံးလိုင်းသောက်ပုံမလာမှုကို သည်းမခံနိုင်ဖြစ်လျှက်ရှိကြပါသည်၊

တခါတရံ ပြတ်တောက်ခြင်းအပေါ် နားလည် ခံစားနိုင်ပါသော်လည်း ယ္ခု မူ နေ့စဉ် ဖြစ်နေပါသဖြင့်
တာဝန်ရှိသူများ အနေနှင့် ဖုံးငှါးသုံးစွဲသူ မြို့သူမြို့သားများအပေါ် နားလည်စာနာ ကိုယ်ခြင်းစာ ပေးနိုင်စေရန်
ဤ ဂဇက်မှ တဆင့် အော်လိုက်ရပါကြောင်း ။

About ဘဲရှုပ်

has written 10 post in this Website..