သံတွဲမြို့တွင် CDMA ဖုံးလိုင်းများ ဖွတ်ချီးလိုင်း ဖြစ်နေ

ဘဲရႈပ္May 21, 20121min2005

သံတွဲမြို့တွင် စီဒီအမ်အေ ဖုံးလိုင်းများ ပြတ်တောက် ပြတ်တောက် ဖြစ်နေသည်မှာ လပေါင်းများစွာ ရှိခဲ့ပါပြီ ၊

သတိထားကြည့်နေရင်း နေရင်းက ပိုမို ဆိုးရွားလာလျှက်ဖြစ်နေပါသည်၊

စီဒီအမ်အေ ဖုံးစွဲကိုင်အသုံးပြုသူများမှာ မည်သူ့ကို အဖေ ခေါ်ရမှန်းမသိဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီးဖြစ်ပါသည်၊

၎င်း ဖြစ်ရပ်အပေါ် သံတွဲမှ တာဝန်ခံတွင်တာဝန်ရှိသည်ဟုထင်မိပါသည်၊ ဟိုးအရင် လျှပ်စီးမီး ၂၄ နာရီမရခဲ့စဉ်
တာဝန်ခံမှ စက်သုံးဆီခိုးနေသဖြင့် ခဏ ခဏ ပြတ်သည်ဟု ယူဆမိခဲ့ပါသည်၊ ယ္ခုသော် လျှပ်စီးမီး ၂၄ နာရီ
ရရှိနေပါသော်လည်း ဖုံးလိုင်းများမှာ နေ့စဉ် တရက်လျှင် ၅ ကြိမ်ခန့် ပြတ်တောက်နေခြင်းမှာ မည်သူ့တွင်
တာဝန်ရှိသည် ဆိုခြင်းကို နားလည်ခြင်းငှုာ မစွမ်းသာဖြစ်နေရပါသည်၊

မြို့သူမြို့သားများမှာလည်း ဖုံးလိုင်းသောက်ပုံမလာမှုကို သည်းမခံနိုင်ဖြစ်လျှက်ရှိကြပါသည်၊

တခါတရံ ပြတ်တောက်ခြင်းအပေါ် နားလည် ခံစားနိုင်ပါသော်လည်း ယ္ခု မူ နေ့စဉ် ဖြစ်နေပါသဖြင့်
တာဝန်ရှိသူများ အနေနှင့် ဖုံးငှါးသုံးစွဲသူ မြို့သူမြို့သားများအပေါ် နားလည်စာနာ ကိုယ်ခြင်းစာ ပေးနိုင်စေရန်
ဤ ဂဇက်မှ တဆင့် အော်လိုက်ရပါကြောင်း ။

5 comments

  • Khin Kha

    May 21, 2012 at 12:52 pm

    လက်ကိုင်ဖုန်းတွေအကုန်လုံးဖြစ်နေတာပါ။ တစ်ခါတလေခေါ်မရ၊ ခေါ်ရတော့လည်း ကောင်းကောင်း ပြောမရ။ ပြောရပြန်တော့ ခဏလေးနဲ့လိုင်းကကျသွား၊ လိုင်းကျသွားလို့ပြန်ခေါ်တော့ ခေါ်မရ၊ ခေါ်ရပြန်တော့ ကောင်းကောင်းပြောမရ၊ ပြောရပြန်တော့ ခဏလေးနဲ့ လိုင်းကကျသွား၊ လိုင်းကျသွားလို့ ပြန်ခေါ်တော့ခေါ်မရ၊ခေါ်ရတော့လည်း———အဲဒါအခုလုပ်ဆောင်ထားတဲ့ ဆက်သွယ်ရေးကွန်ယက်စနစ် လို့ခေါ်တယ်။

  • အင်းးးးးးးးးးတရုတ်စက်တွေကြောင့်များလား—-????
    အင်းးးးးးးးးးးစက်သုံးဆီ မလောက်ငှလို ့လား???????
    အင်းးးးးးးးးးးး(၁၅)သိန်းဖုန်း၊(၅)သိန်းဖုန်းcdmaဖုန်းအားလုံးသုံးမရဘဲ
    တန်ဖိုးနည်း(၂)သိန်းgsmများ ပြော၍ရနေခြင်းမှာ မူလ
    ဖုန်းဝယ်ထားသူများကို စော်ကားနေခြင်းလော??????
    ဗျို ့ပို ့စ်တင်သူ. အာကြီးခင်များ——–သံတွဲမြို ့(၂၄)နာရီလျှပ်စစ်မီးရသည်နှင့်
    ဖုန်းလိုင်း ဘာမျှမပတ်သက်ပါ။သံတွဲ (မဆရ)က ကိုယ်ပိုင်မီးစက်နဲ ့ဘဲတောက်
    လျှောက် runနေတာလေဗျာ။မီးစက်တလှည့်၊ဘထ္ထရီတခါလှည့်သုံးနေတာ။
    သံတွဲမှာ မီတာတယူနစ်ကို(၄၈၀)ကျပ်နဲ ့(၂၄)နာရီမီးရနေလဲ ဖုန်းလိုင်း ဈေး
    ကြီးလို ့ယူမသုံးပါတဲ့။
    အဲတော့ လိုင်းဖွင့်ရင်ပြော၊မဖွင့်ရင်ပိတ်ထားဆိုတဲ့ သဘောလား?????
    ဖုန်းဝယ်တော့လဲ ဈေးကြီးပေး၊ပြောခလဲ အလကားမရ
    ဘာတစ်ခုမှ စိတ်မချမ်းသာရဘူးးးး
    -ီးထဲမှဘဲ———-

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 21, 2012 at 1:27 pm

    ဟုတ်တယ် ကိုအာကြီးရေ …. CDMA တစ်ခုတည်းမဟုတ်ပဲ ကျန်တဲ့ ဟာတွေပါဖြစ်နေတာပါ …တစ်ချို့ဆို တစ်နေကုန် ခေါ်လို့မရတာတွေတောင်ရှိပါတယ် …. ပြီးတော့ prepaid ကတ်ဖြည့်တဲ့အခါလဲ တစ်ချို့ မသိတော့ ခဏခဏ ဖြည့်တော့ လိုင်းကပိတ်သွားပြန်ရော … prepaid က ၁ဝ ခါထက်ပိုဖြည့်ရင် လိုင်းက ၂၄ နာရီတိတိ ပိတ်သွားပါတယ် ….

  • Gipsy

    May 21, 2012 at 5:47 pm

    ဒီသတင်းလေးကိုတော့ ထောက်ခံမှုပေးပါတယ်… ဒီဂနေ့ဆို မနက် ၁ဝ နာရီလောက်
    ကတည်းက ဖုံးလိုင်း နိုးဆာဗစ် စဖြစ်တာ မွန်းလွဲ ၂ နာရီခွဲ ထိတိုင်အောင်ပါပဲ…
    ကဲ . ဘာလုပ်ကိုင်စားသောက်လို့ ရတော့မှာတုန်း …
    မနေနိုင်လို့မေးကြည့်မိတော့လဲ ဒီက ဖြစ်တာ မဟုတ်ဖူး တဲ့ …
    တခြားနေရာက ဖြစ်တာချည်းပဲပြောနေတယ်.. ကြာတော့လဲ ယုံချင်တော့ဘူးဗျို့….
    တာဝန်ရှိသူတွေ အနေနဲ့ ၁၅ သိန်းဆိုလဲ ပေးဝယ်၊ ၅ သိန်းဆိုလဲ ပေးဝယ် သုံးကြရတဲ့
    ပြည်သူတွေကိုလဲ ငဲ့ညှာတော်မူကြပါဦး…..။

  • လစ် သူ

    May 22, 2012 at 2:13 pm

    သံတွဲ က ဖုန်းတွေဟာ စိတ်ဆင်းရဲမှု ဒေါသဖြစ်မှုတွေ ကို ဈေးကြီးပေးဝယ်သုံးနေရသလို ဖြစ်နေပြီပေါ့ ။

Leave a Reply