၂၀၁၂၊ ဧပြီလ ၂၇ရက်နေ့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် အဲယားပူစီ (Air Pussy) ဥက္ကဋ္ဌ ဦးကြောင်ကြီးမှ ၂၀၁၅ သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ရွေးကောက်ခံသွားမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းစုများအား သူ၏မျိုးဆက် ကြောင်လေးမှ ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ဦးကြောင်ကြီးလက်အောက်တွင် ကြောင်ထရေးဒင်း(Cat Trading)၊ပူစီယူနိုက်တက် အက်ဖ်စီ(PUFC)နှင့် ပူစီများကြီးထွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(PGD Bank)၊ပူစီကွန်စထရက်ရှင်ဂရု(Pussy Construction Group) အပါအ၀င် အခြားစီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံသူများနှင့် ၀န်ထမ်းအင်အားမှာ ထောင်ဂဏန်း ရှိသဖြင့်ထောက်ခံ အားကောင်းနိုင်ကြောင်း သူနှင့်မကင်းမရှင်းသော အသိုင်းအ၀ိုင်းမှ ကြားသိရသည်။မတ်လအတွင်းကလဲ ကြောင်လေးမှာ(ECU) ဥရောပကြောင်သမဂ္ဂနှင့် အမှုရင်ဆိုင်ခဲ့ရာ အနိုင်ရရှိထားသဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်ပရင်းနှီးမြှပ်နှံမှုများ ကျယ်ပြန့်စွာ ဆက်လက်လုပ်ကိုင် နိုင်တော့မည် ဖြစ်သည်။
ကိုးကားသတင်း  Pussy Weekly News, April 28

မြန်မာပြည်ဖွား ကြောင်တရုတ်လူမျိုး စီးပွားရေးလုပ်းငန်းရှင်၊ ကြောင်များစက်ဘီးတွန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ကြုတ်ဝတောင်အား အထူးသစ်ကိုင်း(Special Branch)နှင့် ဆောက်ရမ်း၊ဆောက်တလွဲ၊ဆောက်သုံးမကျ ဦးစီးဌာန(ဆဆဆ )ပြောရေးဆိုခွင့်ရှိ  ဆာက်ထုံချုပ် အောင်ပုတိုက်မှ ကြောင်ဝတုတ်ဂိုဏ်းနှင့် ပတ်သတ်မှုများအား အပြီးတိုင်ဖော် ထုတ်နိုင်တော့မည်ဖြစ်ကြောင်း ပည်တွင်းပြည်ပ သတင်းမီဒီယာများအား တရားဝင် ထုတ်ဖော်ပြောကြား သွားခဲ့သည်။အဆိုပါ ကြောင်ဝတုတ်ဂိုဏ်းသည် ၂၀၁၁ခုနှစ်အတွင်း အလွန်ရေပန်းစားခဲ့ပြီး တရားမ၀င် နွားစာမြက်ရိတ်ခြင်း၊ ရပ်ကွက်များအတွင်း တရားမ၀င် အမှိုက်ကောက် ခံခြင်းနှင့် သင်္ကြန်ကာလများအတွင်း ရေသန့်ဗူးခွံများကို ကျုံးထောင့်၊လမ်းထောင့်များ၌ တရားမ၀င်အ၀ယ်ဒိုင်များ ဖွင့်လှစ် ခဲ့ခြင်းကြောင့် ပြည်သူလူထုအကြား ကျော်ကြားခဲ့သည်။
သတင်း ဆောင့်ကြောင့်ဂျာနယ်, April 29, 2012

ကမ္ဘာကျော်တီးဝိုင်း MG Band မှ ပင်တိုင်အဆိုရှင် အာဂ(ခ)Ar Ni Gaသည် လည်ချောင်းသွေးစုနာ ရောဂါကြာင့်ဆေးကုသမှု ခံယူရန် ၆လခန့် အနားယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း လာမည့် မေလ(၁)ရက်နေ့ မေဒေးနေ့တွင် ဧရာဝတီတိုင်း၊ပန်းတနော်မြို့အစုကြီးရွာရှိုးပွဲ၌ လာရောက် သီဆိုမည်ဟု သတင်းရရှိခဲ့သည်။ အဆိုပါသတင်းနှင့် ပတ်သတ်၍ အဆိုတော်အာဂ၏ မန်နေဂျာ မကောက်ကောက်နွယ်ပင်မှ”ဒါတွေက ကောလဟာဟတွေပါ ကိုGaက သီချင်းဆိုရင် မုထ်ဝင်အောင် ရှက်နည်းနည်းတွတ်ပေမဲ့ တခါတရံ အရက်နာကျပီး လည်ချောင်းယောင်တာလောက် ဖြစ်တတ်တာပါ လည်ချောင်းသွေးစုနာဆိုတာ မဖြစ်နိုင်တာပါ သူ့ကို မနာလိုသူတွေက ကောလဟာလတွေ လွှင့်နေတာပါ မသကာ ပါးစပ်မှာ လိပ်ခေါင်းလောက်ဆို လူကြားကောင်းပါသေးတယ်ရှင့် “ဟု DFA(Drinker Free Asia) သတင်းထောက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။MG Bandသည် လာမည့်မေလ အတွင်း တောင်ဆူဒန်၊ ဆီးရီးယားနှင့် ဂျပန်နိုင်ငံ ကျိုတိုမြို့များတွင် ဖျော်ဖြေရန်ရှိပြီး ဒရမ်သမား ရွဲစီမှာ အရက်နာကျ၍ ယင်းဖျော်ဖြေပွဲများသို့ မလိုက်ပါနိုင်ကြောင်း သိရှိရသည်။
ကိုးကားသတင်း DFA (Drinker Free Asia) News, April 30, 2012

ပြည်သူများဆက်ဆံရေးဝန်ကြီး ဦးသူရဂဇော်သည် မေလ(၂)ရက်နေ့က စင်္ကာပူနိုင်ငံသို့အလည်အပတ် ရောက်ရှိနေပြီး နှစ်နိုင်ငံစီးပွားရေးနှင့် ပြည်သူများဆက်ဆံရေးကဏ္ဍများအား အလေးပေး ဆွေးနွေးခဲ့ကာ စင်္ကာပူနိုင်ငံ ဂေလမ်းထဲတလျှောက် ပြည်သူဆက်ဆံရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လက်တွေ့သွားရောက် လေ့လာခဲ့ကြောင်း သတင်းရရှိခဲ့သည်။

သတင်း မောတုန်သတင်းဂျာနယ်, May 2, 2012

ယခုနှစ်လည်ပိုင်းတွင် ပြောင်းလဲတော့မည့် ကျန်းမာရေးဝန်ကြီးနေရာတွင် စကော့တလန် ဂျော်နီဝါကားတက္ကသိုလ်ဆင်း ဒေါက်တာဘလောချက်မှာ ထိပ်ဆုံးမှရေပန်းစားနေကြောင်း သူနှင့်ပတ်သတ်သော ဆရာဝန်များ၊၀န်ထမ်းများ အသိုင်းအ၀ိုင်းမှ ကြားသိရသည်။အဆိုပါသတင်းနှင့် ပတ်သတ်၍ မီဒီယာ များမှ တွေ့ဆုံမေးမြန်းခဲ့ရာ ယခုတလော ဆေးရုံဆေးခန်းများ၊ ဆရာဝန်၊ဆရာမများနှင့် တိုက်ရိုက် ထိတွေ့ပတ်သတ်နေရကြောင်း၊ ကိုယ်တိုင်ကွင်းဆင်းလေ့လာခြင်းကြောင့် အားလုံးနှင့် အဆင်ပြေပါကြောင်း၊ အောက်ခြေပိုင်း လိုအပ်ချက်များကို များစွာတွေ့ရှိရပါကြောင်း၊ ဆေးဂွင်ဖန်တီးခြင်း ကိစ္စရပ်များကို များစွာတွေ့ရှိရပါကြောင်း၊ ဆရာဝန်၊ဆရာမများမှာလည်း အများပြည်သူထင်သလို မဟုတ်ပါကြောင်း ဆရာဝန်ကြီးများ ကိုယ်တိုင်လည်း တရက်လျှင် ၂၄နာရီပတ်လုံး ဆေးရုံ၊ဆေးခန်း ၂၄၀ခန့်အား သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နေရကြောင်း၊ အသပြာမလို စေတနာ အပြည့်ဖြင့် လူနာတစ်ဦးလျှင် ၂မိနစ်နှုန်း ကုသမှုပေးနေကြောင်း ပြောကြားသွားခဲ့သည်။

သတင်း 7 Ways Journal, May 3, 2012

မေလ(၄)ရက်နေ့ မနက်ကဂျပန်နိုင်ငံမှ ခေတ္တရောက်ရှိနေသော ဂျပန်နိုင်ငံ ဆီးပွားရေးနှင့်ယင်ထီးမြှပ်နှံမှုကော်မရှင် ဈေးကွက်ဆီးပွားရေးဆိုင်ရာ ထိပ်တုံးအရာရှိ မစ္စယာမကာအင်ဇာဂီအား ပြည်သူ့လွှတ်တော်မလိုအပ်အမတ် ဦးမတ်မင်းမှ သွားရောက်တွေ့ဆုံခဲ့ပြီး ၂နိုင်ငံဆီးပွားရေးနှင့်ဆီးသွားရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ထုတ်ပြရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ထို့နောက် မစ္စတာယာမကာအင်ဇာဂီမှ ၈ျပန်နိုင်ငံနှင့်ဆီးပွားရေးအတွက် အမျိုးသား၊အမျိုးသမီး ကလေးများပါမကျန် ဘီယာများများ သောက်သင့်ကြောင်း၊ မြန်မာနိုင်ငံနှင့် ယင်ထီးမြှပ်နှံမှု အပေါ်တွင်လည်း အလွန်ပင် အရေးထားပါကြောင်း မြန်မာနိုင်ငံသည် ရှေးမဆွကပင် သရက်သီး အလွန်စားကြသဖြင့် ယင်ထီးမြှပ်နှံမှုအတွက် အကျိုးဖြစ်ထွန်းမည် ထင်ပါကြောင်း ပြောကြားခဲ့ပြီး လွှတ်တော်မလိုအပ်အမတ် ဦးမတ်မင်းမှ ဆီးသွားရေးကိစ္စရပ်များနှင့် ပတ်သတ်၍ ၀င်ဒါမီယာ၊အင်းယားလမ်း အစရှိသည့် နေရာများတွင် အများပြည်သူနှင့် သက်ဆိုင်သော ဆီးသွားရေးကိစ္စများအတွက် ဆီးသွားရေးစင်တာများ ဆီးသွားရေးကွန်ယက်များ တည်ဆောက်နေမှုအပေါ် ဂျပန်နိုင်ငံမှ ရင်းနှီးမြှပ်နှံခြင်း ပြုလိုမလိုအား ဆက်လက်မေးမြန်းရာ မစ္စတာဂီမှ အလွန်မှသင့်တော်ပါကြောင်း မြို့လယ်အချက်အချာ နေရာများတွင် ယင်းကဲ့သို့ ဆီးသွားရေး ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအဆောက်အအုံများ များစွာလိုအပ်ကြောင်း လူတစ်ဦးတစ်ယောက် နေထိုင်ယုံအတွက်တည်းဖြင့် အိမ်မြေရင်းနှီးမြှပ်နှံမှုမှာ ငွေးကြေးသန်းပေါင်းများစွာ ဖောင်းပွမနေသင့်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါသည်။ယင်းနောက် မစ္စတာဂီဂီနှင့်အဖွဲ့သည် ရန်ကုန်မြို့အတွင်း ဆီးပွားရေးလုပ်ငန်းများအတွက် ဆောက်လုပ်ထားသော ဘီယာစတေရှင်များအား လှည့်လည် ပတ်သောက်ကျပြီးနောက် မေလ(၅)ရက်နေ့ ညနေ ၅နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်မြို့မှ ဂျပန်နိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

သတင်း ဈေးကွက်ဆီးပွားဂျာနယ် May 4, 2012

ဘောလုံးပွဲလောင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကမ်းကမ်းသည် မေလဆန်းမှ စတင်၍ အများပြည်သူများ ဖုန်းကိုင်ဆောင်နိုင်ရန် အတွက် သူပိုင် ငမိုးရိပ်ချောင်းဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း ပြည်းတွင်းမီဒီယာများအား ထုတ်ပြန်ခဲ့သည်။အဆိုပါ သတင်းနှင့်ပတ်သတ်၍ ဥက္ကကြီးဘက်ကတော့ အများပြည်သူအတွက် ရည်ရွယ်ပီး လုပ်ပေးတာပါ ဘဏ်ကအရစ်ကျ ၀ယ်ယူပြီး ဖုံးခေါ်မရတာတို့ လိုင်းကြပ်တာတို့ စတဲ့မအူမလည် နည်းပညာပိုင်းတွေကိုတော့ တာဝန်ယူ ဖြေရှင်းပေးသွားမှာ မဟုတ်ပါဘူး ဒီအပိုင်းကိုတော့ ဆက်အစုတ်သွယ်ရေးကဘဲ တာဝန်ယူနေတာပါ ကျနော်တို့ဘဏ်တွေ ဘက်က ဖုန်းအလုံးရေ နှစ်သောင်းစာလောက် ကြိုတင်ပေးချေပီးပါပီ မရောင်းရလဲ ရှိသမျှဝန်ထမ်းတွေကို PGD Bankဥက္ကဋ္ဌ ဦးကြောင်ကြီး လုပ်သလို အလကားပေး လိုက်ယုံပါဘဲ” ဟု ဘဏ်တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသွားခဲ့သည်။အရစ်ကျလာဝယ်သူ အန်တီMaMaမှလဲ “အန်တီကပေါ့နော် အိမ်မှာပေါ့နော် ဖုန်းမရှိလို့ပေါ့နော် မဟုတ်ပါဘူးပေါ့နော် ဟိုအရင် သူတို့တွေ ၁၅သိန်း သိန်း၂၀လောက်နဲ့ လိမ်ရောင်းနေစဉ်ကတည်းကပေါ့နော် ၀ယ်လာခဲ့တာပေါ့နော် အခု၂သိန်းကျော်အထိပေါ့နော် ဆိုမာလီမှာတောင် မသုံးတဲ့ စီဒီအမ်အေ ၄၅၀ ဆိုလဲ အန်တီတို့ဝယ်သုံးလာခဲ့တာပါ အခုလဲ အိမ်မှာက အန်တီ့ မြေးလေးမှာတောင် ဖုံးရှိပါတယ် အခုအရစ်ကျ လာဝယ်တယ် ဆိုတာပေါ့နော် အိမ်ကို ရေသန့်ဘူးလာလဲတဲ့ ကလေးတွေကို သနားလို့ ၀ယ်ပေးမလို့ လာခဲ့တာပါ ဟုပြောကြားသွားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော အစုတ်သွယ်ရေးမှ တာဝန်ရှိသူတဦးက ကျနော်တို့ အနေနဲ့ကတော့ ပြည်သူတွေကို ဈေးကောင်းကောင်းနဲ့ ၀န်ဆောင်မှု ကောင်းကောင်းပေးချင်ခဲ့တာပါ အခုလဲ ကျနော်တို့ လိုင်းတွေကောင်းအောင် လုပ်နေပါတယ် အနည်းဆုံးလမ်းတစ်လမ်းကို တာဝါတိုင်တစ်တိုင် တပ်ဆင်နိုင်အောင် ကြိုးစားနေပါတယ် ဒါပေမဲ့ မြေနေရာ အခက်အခဲကြောင့် ဓာတ်တိုင်တွေကို ၀ါးလုံးနဲ့အပေါ်ကနေဆက်ပီး လိုင်းတွေထပ်ချဲ့ပေးဖို့ ပြင်ဆင်ထားပါတယ် မကြာခင်မှာဘဲ လိုင်းတွေကောင်းလဲမှာပါ ဟုပြောကြားသွားကြောင်း သတင်းရရှိပါသည်။တဆက်တည်းမှာပင် ငမိုးရိပ်ဘဏ်နှင့်ကမ်းမြန်မာ ဥက္ကဋ္ဌ ဦးကမ်းကမ်းသည် မေလ ၅ရက်နေ့ ညနေပိုင်းက ဆောက်ကမ်းFC ဘောလုံးအသင်းအား သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာမသေမရှင်လိဒ့်ပြိုင်ပွဲ အတွက် ပြင်ဆင်နေမှုများအား ကြည်ရှခဲ့ပြီး အားကစားသမားများအတွက် ဘီအီးနှင့်ရုံးပတေသီးကင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သတင်း High Drink Sports News, May 5, 2012

နိုင်ငံကျော် စာရေးဆရာမ ဆူးမမစူး၏ “ဆူးတို့နဲ့ ပလာယာ”၀တ္ထုအား တသက်တာစာမွှေဆုချီးမြှင့်ခြင်းနှင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ကတော့ပွဲပေး အခမ်းအနားကို ကုန်သူကြီးများဟိုတယ် ကတောင်း၊ကုန်းပြောင်ခန်းမတွင် ကျင်းပခဲ့ရာ ရှေးဦးစွာ စာရေးဆရာမဆူးမမစူးက ယင်းဝတ္ထုဖြစ်ပေါ်လာပုံနှင့် မည်သို့ခံစားရေးဖွဲ့ ဖြစ်ပုံတို့ကို အတိုချုံးဖွဲ့နွဲ့ ရှင်းပြသွားခဲ့ပါသည်။ယင်းနောက် စာရေးဆရာ၊ဒါရိုက်တာ အကယ်လမီ ကြိုက်မီးမှ ယင်းဇာတ်ကားအား ရုပ်ရှင်ရိုက်ဖြစ်ပုံနှင့် ပတ်သတ်၍ “အိမ်အပြန် ကြိုက်တဲ့ အမြည်းလေးဝင်ဝယ်ရင်း စာအုပ်တွေ့တာနဲ့ နောက်ကနေ စဖတ်မိလိုက်တယ် ဖတ်ကြည့်ရင်း မူးသွားတာမို့ မဆိုးဘူးဟ ဒီစာအုပ်လေးဆောင်ထားရင် ဘီအီးဖိုးမကုန်တော့ဘူး ဒါနဲ့စာအုပ်ဝယ်ရင် ပိုက်ဆံကုန်တာမို့ ရပ်ကွက်ထဲရောက်မှ ကလေးတယောက်ကို လမ်းထိပ်က စာအုပ်ဆိုင်မှာ သွားငှားခိုင်းပီး ပြန်မပေးဘဲ သိမ်းထားလိုက်တာ ဟောသူလည်း ဆုရတော့ နေပူတော် ကန်စွန်းရွက်ခင်း စာအုပ်တိုက်က သူဌေးရွာဇယားကျော်က ရုပ်ရှင်ရိုက်ချင်တယ် ဖြစ်လာရော ဒါနဲ့ဘဲ ဟိုMG Bandကဂစ်တာသမား၊ဇာတ်မင်းသား၊အရက်သမား ရေဖြဲတိုက်ကို မင်းရိုက်မလားမေးတော့ ဦးကြိုက်ကျနော့်ကို မရိုက်ရင် ဦးကြိုက်ကို နှစ်တစ်နဲ့ ပြန်ရိုက်မယ်ဆိုလို့ ကြောက်ပီးခေါ်လိုက်ရတယ် နောက်မင်းသမီး ကျတော့ ဟိုအဆိုတော်၊ရုပ်ရှင်မင်းသမီး အီးတုံးဝေက သူ့နှတ်ခမ်းမွှေးတွေကို ကိုရီးယားမှာ လေဆာနဲ့သွားနှတ်ပီး ပြန်လာစဆိုတော့ ရေခန်းနေချိန် နောက်သူ့နဲ့ရိုက်ရင် သူ့အနုပညာကြေးထဲက ကော်မရှင်ဖိုက်ပါဆင့်ပေးမယ်ဆိုပီး အိမ်မှာဘလူးလေဘယ် အတုနဲ့လာလာဘ်ထိုးတော့ လက်ခံဖြစ်သွားတာ ဟုအကယ်လမီ ကြိုက်မီးမှ မချေမငံရှင်းပြသွားပါသည်။ ထို့နောက် အဆိုတော်၊မင်းသမီး အီးတုံးဝေမှ သူ၏တကိုယ်တော်စီးရီး “အိမ်သာတွေနေတဲ့အရပ်”တေးစီးရီးကို ဆက်လက်မိတ်ဆက် သွားကြောင်း သတင်းရရှိပါသည်။

အတင်းကြမ်းဂျာနယ် မေလ ၇ရက်၊၂၀၁၂

အင်တာနက်မြို့နယ်၊အွန်လိုင်းကျေးရွာအုပ်စု မန်းဂေဇက်ကျေးရွာ၌ နှစ်ဖက်သော ကျေးဇူးရှင်မိဘများနှင့် ဆရာသမားများကိုအမှူးထား၍ ဂဇက်ရွာသူရွာသားများအား ကျေးဇူးတုန့်ပြန်ခြင်းငှာ ကျေးရွာသူကြီး သီရိသုဓမ္မသဂ္ဂီ ဦးခိုင်နှင့် သမ္မီးချာတူးခိုင်တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်းကို မေလ (၉)ရက်နေ့ နံနက် ၁၀နာရီခန့်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ယင်းနောက် အခမ်းအနားမှူးအဖြစ် ဦးပါလေရာက ဆောက်ရွက်ပြီး အဆိုတော် အန်တီပဒုမ္မာ၊ အန်တီTTNUနှင့် အရီးခင်လတ်တို့မှ သူကြီးကိုလိမ္မာစေရန် ဓမ္မတေးများဖြင့် နှစ်သိမ့်ပါတယ်။အခမ်းအနား အစီအစဉ်အရ သူကြီးဦးခိုင်အား ရဟန်းအဖြစ်သို့ ရောက်စေပြီးနောက် ရွာဦးကျောင်းဆရာတော် ဦးဝိမလ(ကြိမ်လုံးဆရာတော်)(လူအမည် မိုက်ကယ်ဂျော်နီအောင်ပု)မှ ဇိမ်ဝါဒီ အမိုက်မှားနောက် လိုက်မသွားကြစေဖို့ ခေါင်းစဉ်ဖြင့် တရားရေအေးတိုက်ကျွေးပါတယ်။ထို့နောက် တက်ရောက်လာသူများ အဘဖောမှ စဉ်းစာကြစေလိုပါတယ် (ရွာသူရွာသားတို့) ခေါင်းစဉ်ဖြင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပါတယ်။ညချမ်းအချိန်ခါမှာတော့ ပန်တရာမောင်ပေ၊ မန်ဒလာလာမယ်ပုတို့ ဇာတ်သဘင် နှင့်အတူ လူရွှင်တော် ဗိုက်ကလေး၊အညစ်ရောင်၊ထုံးဘဲဥတို့မှ ဟာဒယရွှင်ဆေးများတိုက်ကြွေးခဲ့ကြောင်း သတင်းရရှိသည်။

မန်းဂေဇက်သတင်းစဉ် မေလ ၁၀ရက်၊ ၂၀၁၂

မေလ(၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လူငယ်ဒါတ်ပုံ ဆရာအမှောင်လူးလဲ၏ တကိုယ်တော်ဒါတ်ပုံပြပွဲ ကြိုတင် စာနှယ်စင်းရှင်းလင်းပွဲအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ရူးနှမ်းစားသောက်ဆိုင်တွင် ကျင်းပခဲ့ရာ သတင်းမီဒီယာများ၊ ဒါတ်ပုံဆရာများနှင့် ၀ါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ထို့နောက် အခမ်းအနားမှူအဖြစ် ဒါတ်ပုံရှည်မင်းသား(မတလ)မှ ဆောင်ရွက်ကာ ဒါတ်ပုံဆရာ အကယ်လမီပန်း၁ထွာ(ပေါက်ညွန့်)မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒါတ်ပုံအမှောင်လူးလဲမှ ပြပွဲပြုလုပ်ရသည့် အကြောင်းရင်းအား ရှင်းလင်းသွားခဲ့ကြောင်း သတင်းရရှိသည်။ယင်းနောက် တက်ရောက်လာသူများကို ဒါတ်ပုံအမှောင်လူးလဲမှ ပြပွဲအကြိုအဖြစ် လျှက်တပြွတ်ရိုက်ချက် အချို့အားပြသခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

လျှက်တပြွတ်ဂျာနယ် မေလ ၁၃ရက်၊ ၂၀၁၂

မေလ(၁၃)ရက်နေ့ ညနေ ၃နာရီခန့်က နယ်စည်းမခြားအရက်သမားများသမဂ္ဂ နှစ်ပတ်လည်အခမ်းအနားအား မန်းလေးမြို့ သုဓမ္မာဇရပ်တန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ယင်းအခမ်းအနားသို့ နယကကြီး ဒါရိုက်တာကြိုက်မီး တက်ရောက်ခဲ့ပြီး သြ၀ါဒစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ထို့နောက် သမဂ္ဂအကြံပေးအရာရှိ ဒေါက်တာဘလောချက်မှ အရက်သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ကောင်းကျိုးဆိုးကျိုးများအား တင်ပြသွားခဲ့ပြီး အတွင်းရေးမှူး ဦးတွမ်တီးCupsမှ သမဂ္ဂရံပုံငွေနှင့် ဘဏ္ဍရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းသွားခဲ့ကြောင်း သတင်းရရှိသည်။ တက်ရောက်လာသူများ ကိုယ်စား ဦးအမူးမင်းနှင့် ဦးသူရဂဇော်တို့ကလည်း “နည်းနည်းသောက် များများမမူးရေး၊ ဆိုင်မှအပြန် ဇာတ်လမ်းမဆက်ရေး၊ ရေတိုထက် ရေရှည်အကျိုးကြည့် မျှင်းသောက်ရေး၊ အိမ်မပိုင်ဘဲ ဂေါ်လီမလုပ်ရေး”စသည့် မူဝါဒဆိုင်ရာကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးသွားခဲ့ပြီး ဥက္ကဋ္ဌကြီး ဦးအာဂသူရာမှ တသက်တာအရက်သမားဆုအား ကိုသောက်ကြမ်းကမ်းအားလည်းကောင်း၊ သူရာသောက်ကြူး လူမူးထူးချွန်(ပထမ)အဆင့်အား လျှောက်မူးရဲစည်အားလည်းကောင်း ချီးမြှင့်ခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မဟာအရက်မင်းကြီးရုံး ဌာနေကိုယ်စားလှယ် မစ္စတာဗေးကလိုက်မှ ဂုဏ်ပြု စကားပြောကြားသွားခဲ့ပြီး အခမ်းမနားကို ည ၈နာရီခွဲခန့်တွင် အောင်မြင်စွာ ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

New NgaMooe Weekly Journal, May 14, 2012

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း