မှတ်သားစရာအကြောင်းလေးပါ

may flowersMay 21, 20121min14211

မင်းတုန်းမင်းကြီးလက်ထက်က ထင်ရှားတော်မူခဲ့တဲ့ သင်္ဂဇာဆရာတော်နဲ့ အင်္ဂလိပ်သံ

အရာရှိတို့ရဲ့ဘာသာရေးအမေးအဖြေလေးက မှတ်သားစရာ မို့ရွာသားတွေအတွက်ဝေမျှှ

ပေးလိုက်ပါတယ်။  မသိသေးသူများအတွက်  ဝေမျှုခြင်းမို့ သိပြီးသူများသီးခံကြပါနော်။

 

ဒီလိုပါ  မင်းတုန်းမင်းကြီးလက်ထက်တော်အခါက အင်္ဂလိပ်သံအရာရှိ (ဖယ်ယာ) သည်

မင်းတုန်းမင်းကြီးထံသို့ လာရောက်ပြီး မင်းကြီးကိုလျှောက်ထားပါတယ်တဲ့။

”ကျွန်တော်မျိုး သည်…အရှင်မင်းကြီးတို့ ဗုဒ္ဓဘာသာတော်ကျမ်းမှာ ရှိတဲ့ဘဝင်မကျတဲ့

အကြောင်းအရာလေးတစ်ခုကို..စုံစမ်းမေးမြန်ချင်ပါတယ်လို့”

လျှောက်ပါတယ်။

မင်းကြီးကလည်း  ဒီလိုဆိုရင်တော့စကားအရာမှာ ကြွယ်ဝပြီး ဉာဏ်ပညာနဲ့ပြည့်စုံတဲ့

သင်္ဂဇာဆရာတော်ဘုရားကသာ ဒီလိုအဖြေမျိုးကိုဖြေဆိုဖို့သင့်တော်မယ်လို့ကြံပြီး

”ကောင်းပါပြီ..သံအမတ်ကြီး၊ မနက်ညီလာခံအချိန်မှာ နန်းတော်ကိုလာခဲ့ပါလို့”

ဖိတ်လိုက်ပါတယ်။

 

ထို့နောက်မင်းကြီးလည်း သင်္ဂဇာဆရာကိုကိုပင့်လျှောက်စေဟု မင်းချင်းတွေကိုစေ

လွှတ်တော်မူပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မနက်ညီလာခံကို ဝင်ချိန်မှာတော့ အင်္ဂလိပ်သံတမန်တွေဟာ မင်းကြီးကိုဆက်သဖို့ မှန်

ပြောင်းတစ်ခုကို ယူလာခဲ့ပါတယ်။  သင်္ဂဇာဆရာတော်လည်း   နန်းတော်ကိုကြွလာပါ

တယ်။ ပြီးတော့မှာ အင်္ဂလိပ်သံတမန်ဘက်ကို လှမ်းကြည့်ပြီး

”မနေ့က လျှောက်တင်သည့် သင်၏ပြဿနာကို  မေးလျှောက်လော့” ဟုမိန့်ပါတယ်။

အင်္ဂလိပ်သံတမန်ကလည်း သူမတင်မကျဖြစ်နေတဲ့ ပြဿနာတစ်ခုကို မေးလျှောက်ပါ

တယ်။

”ဂေါတမ ဘုရား၏ အရပ်တော်အမြင့်သည် တစ်ဆယ့်ရှစ်တောင်မြင့်သည်ဟု ထိုဘုရား

ကပင်မိန့်တော်မူပါသည်။ သို့ပါသော်လည်း ဤဘုရားသည်ပင်လျှင် မုံညှင်းစေ့အတွင်း

စင်္ကြ ံလျှောက်နိုင်ကြောင်းကို လည်းဆိုပြန်ပါသေးတယ်။ ဆရာတော်တို့၏ ကျမ်းဂန်များ

သည် အမျိုးမျိုးပြောဆိုနေပါသဖြင့် ယုံနိုင်ဖွယ်မရှိပါသောကြောင့် ထင်ရှားအောင်ပြသ၍

ဖြေဆိုပေးပါရန်” လျှောက်ထားပါသည်။

 

ထိုအခါ သင်္ဂဇာဆရာတော်က အင်္ဂလိပ်သံအရာရှိယူလာတဲ့ မှန်ပြောင်းကိုလှမ်းကြည့်ပြီး

”သင်အခု ယူဆောင်လာသောအရာသည် မည်သည့်အရာနည်းဟု” မေးပါတယ်။ အင်္ဂ

လိပ်သံအမတ်ကလည်း မှန်ပြောင်းဖြစ်ကြောင်းပြန်လည်ပြောဆိုပါတယ်။ အဲဒီတော့

သင်္ဂဇာဆရာတော်က နန်းတော်ကနေပြီး မန္တလေးတောင်စောင်းကို မြင်အောင်ကြည့်

စမ်းပါလို့ သံတမန်ကိုစေခိုင်းပါတယ်။ ပြီးနောက် မှ

”သင်ဘာတွေမြင်သလဲလို့  မေးပါတယ်”

သံအမတ်ကြီးလည်းသူမြင်တဲ့ တန်ဆောင်းတွေ၊ ဇရပ်တွေ၊ ကျောင်းကန်ဘုရား  နဲ့ လူ

တွေ၊ အခြားမြင်သမျှကို ပြန်လည်လျှောက်ထားသောအခါမှ ဆရာတော်က

”သင်ကြည့်သောမှန်ပြောင်းအဝသည် လက်သုံးဆစ်ခန့်သာရှိပေသည်…ဤမှန်ပြောင်း

လက်သုံးသစ်မျှလောက်နှင့် ဘုရား၊ တန်ဆောင်း၊ ကျောင်း နှင့် လူတွေအကုန်လုံးကို

မြင်ရပေသည်….ထိုအရာဝတ္ထုပစ္စည်းတွေကပင်..သေးငယ်သွား၍ပင်လော..သို့တည်း

မဟုတ်.. မှန်ပြောင်းအဝကပင်ကြီးလာ၍လော” ..ဟုပြန်မေးပါတယ်။ အင်္ဂလိပ်

သံအမတ်ကလည်း

”အရှင်ဘုရား  မန္တလေးတောင်ကြီးသည်လည်း ငယ်သွားခြင်းမရှိပါ…မှန်ပြောင်းဝသည်

သည်လည်း ကြီးသွားတာမဟုတ်ပါဘူးဘုရား..ဤသည်မှာကား မှန်ပြောင်း၏ဂုဏ်သတ္တိ

ကြောင့်သာမြင်ရခြင်း ဖြစ်ပါသည် ဘုရား” ဟုပြန်လည်လျှောက်ထားပါတယ်။

ထိုအခါဆရာတော်က ” သင်သံအမတ်ကြီး..ယခုသင့်လက်ထဲမှာရှိနေတဲ့..မှန်ပြောင်း

ရဲ့သဘာဝဂုဏ်သတ္တိနဲ့..မြတ်စွာဘုရားရဲ့တန်ခိုးတော်သည် မည်သည်ကသာလွန်မည်

ဟုသင်ထင်ပါသလဲ” ဟုပြန်လည်မေးမြန်ပါတယ်။

အင်္ဂလိပ်သံအမတ်ကလည်း မြတ်စွာဘုရား၏ တန်ခိုးတော်ကသာလျှင်ပို၍သာလွန်

နိုင်ကြောင်း  ဤမှန်ပြောင်းကဲ့သို့ရုပ်ဝတ္တုပစ္စည်းများကို မည်သူမဆိုလုပ်နိုင်သော်လည်း

ဘုရားအဖြစ်ကိုမူ ရရှိအောင်ခဲယဉ်းကြောင်းကို လျှောက်ထားပါတယ်။ ထိုအခါ သင်္ဂဇာ

ဆရာတော်က

”အမတ်ကြီး..အစွမ်းသတ္တိပြောပလောက်အောင်မရှိသော  ဤမှန်ပြောင်းလေးအတွင်း

မှာပင် ကြီးမားလှသောမန္တလေးတောင်ကြီးနှင့်တစ်ကွ ကျောင်းကန်ဘုရား လူများစွာတို့

ကိုပေါင်းစုဝင်ရောက်ခြင်းငှာ တတ်နိုင်သေးရင်  လေးသချေင်္နှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်

ကျင့်ကြိုးစားခဲ့သော နိုင်းယှဉ်ချင်းငှာမစွမ်းသာသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်

ကြီးသည်ကား၊ ကြီးမားသောကိုယ်တော်ရှိပေမဲ့ အလိုရှိရင်မုန်ညှင်းစေ့အတွင်းသို့ ဝင်

ရောက်နိုင်သည်ဆိုခြင်းမှာ သံသယဖြစ်ဖွယ်မရှိပေတကား” ဟုပြန်လည်ဖြေကြားပါ

တယ်။ အင်္ဂလိပ်သံအမတ် (ဖယ်ယာ) လည်းဆရာတော်ရဲ့အဖြကို တပည့်တော် သ

ဘောကျ လက်ခံပါတယ်ဘုရားဟုဝန်ခံပါတယ်။

သင်္ဂဇာဆရာတော်ရဲ့ ထက်မြက်တဲ့ဉာဏ်ရည်ကို လေးစားမိ တဲ့ အတွက်ဒီပိုစ့်လေးကို

ရွာသူ ရွာသားတွေဖတ်နိုင်အောင်ဝေမျှပေးလိုက်ပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာ

ကြပါစေ။

11 comments

  • etone

    May 21, 2012 at 2:58 pm

    ယခုလို သိပ္ပံပညာတိုးတက်နေတဲ့ ခေတ်ထဲမှာ … မြတ်စွာ ဘုရားရဲ့ ဂုဏ်တော်နဲ့ ပတ်သတ်လို့ .. …သံသယဝင်သူတွေလည်း ရှိမှာပါ … ၊ တိုက်ခိုက်ချင်လို့ သက်သက် ရစ်တဲ့ လူတွေလည်း ရှိမှာပါ …. သင်္ဂဇာဆရာတော်လို လက်ခံနိုင်လောက်တဲ့ အဖြေမျိုး ပြောနိုင်သူတွေ များများရှိပါစေ … ။ 🙂

  • ထုံးဘဲဥ

    May 21, 2012 at 3:17 pm

    အားပေး ဖတ်ရှု့သွားပါတယ် မေပန်းလေးရေ့

  • may flowers

    May 21, 2012 at 5:40 pm

    ဟုတ်ပါတယ် အိတုံရေ။ ဘာသာရေးနဲ့ ပက်သက်ပြီးဒီလိုမျိုးပြန်ဖြေနိုင်တဲ့ သင်္ဂဇာဆရာတော်ရဲ့

    အဖြေကိုအားကျ လေးစားမိတဲ့အတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ။ သင်္ဂဇာဆရာတော်လိုမျိုး အကိုး

    အကားနဲ့ လက်ခံနိုင်လောက်အောင်ဖြေနိုင်တဲ့ ဆရာတော်တွေများများပေါ်လာဖို့ may flower လည်း

    ဆုတောင်းပါတယ်။

    အားပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါထုံးဘဲဥရှင်။

  • KoNyeinChan

    May 21, 2012 at 6:55 pm

    ကိုးတန်း ဆယ်တန်းလောက်က သင်္ဂဇာစကားပုံများဆိုပြီးသင်ခဲ့ဘူးတယ် ၉၁-၉၂ ဝန်းကျင်.. ဗဟုသုတအရမ်းရစေပါတယ်

  • MaMa

    May 21, 2012 at 7:24 pm

    တကယ်မှတ်သားစရာပါပဲ။
    အခုလို ချက်ကျ လက်ကျ ပြောဆိုနိုင်တဲ့ သင်္ဂဇာဆရာတော်ကြီးရဲ့ တပါးသူလက်ခံနိုင်အောင် ဖြေရှင်းတတ်ပုံလေးတွေ သိရလို့ ကျေးဇူးတင်ပါတယ် မေဖလားဝါးရေ။ 🙂

  • windtalker

    May 21, 2012 at 7:57 pm

    မေလေးရေ ၊ ဖတ်ခဲ့ဖူးပေမယ့် မေ့နေပါပြီ ။ မေလေး ကောင်းမှုနဲ ့ပြန်သိရတာမို ့၊ မေလေး ကို ဘယ်လို ကျေးဇူးတင်ရမှန်းကို ကိုပေ မပြောတတ်တော့ပါဘူးကွယ် ။ ဟီဟိ

  • may flowers

    May 21, 2012 at 9:10 pm

    KoNyeinChan ၊ MaMa နဲ့ windtalker ရေဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်။

  • ဒီအကြောင်းလေးကို ဖတ်ဘူးခဲ့လို့သိပေမယ့် အခုလိုပြန်ရေးပြဘို့တော့ သတိမရမိဘူး။
    လေးစားပါ၏။

  • may flowers

    May 21, 2012 at 10:56 pm

    ဟုတ်ပါတယ်..လေးပေါက်ရယ်။ တော်တော်များများလည်း ဖတ်ခဲ့ဖူးကြမှာပါ။ ဒါပေမဲ့ ဘာသာ၊သာသနာ

    အတွက် ဆရာတော်ဘုရားကြီးရဲ့ ဖြတ်ထိုးဉာဏ်နဲ့ ပြန်လည်ဖြေကြားပုံလေးကို လေးစားမိတဲ့ အတွက်ပြန်

    လည်တင်ပြမိခြင်းဖြစ်ပါတယ်။ အားပေးတဲ့အတွက် ကျေးဇူးပါနော်။

  • may flowers

    May 21, 2012 at 10:58 pm

    အားပေးတဲ့အတွက် ကျေးဇူးပါ အတိသဉ္ဖာ နာဂရချစ်သူ ရေ။

Leave a Reply