အောင်ပန်းမြို့အထွက်မှာ တွေ့ခဲရတဲ့နံနက်ခင်းလေး

1 အောင်ပန်းမြို့ မှကလောဘက်အထွက်လမ်းကလေးမှာတွေ့ရတဲ့ နံနက်အာရုဏ်တက်

 

2 ကောက်ကွေ့သောချစ်စရာလမ်းကလေး

 

3တောင်ပေါ်က လှမ်းမြင်ရတဲ့အောင်ပန်းမြို့လေး

 

4 အပေါ်စီးကနေမြင်ရတဲ့ ယာခင်းလေးတွေ(မိုးရာသီမှာဆိုပိုလှတယ် ဒီနေရာလေးက)
5လှပသောတောင်စောင်းကလေး..............

 

6 မူံဝါးဝါးအလင်းရောင်အောက်က ယာခင်းလေးပေါ့
7 အကွက်ကျကျယာခင်းကလေးတစ်ခု အမိူက်တွေကတော့ပွနေတယ် အပေါ်မှာလေ

 

8 လာရာလမ်းကိုနောက်ပြန်ကြည့်လိုက်တော့ ဒီမြင်ကွင်းကိုတွေ့ရပါတယ်

 

9 ကုန်းမော ့မော့ကို တက်လာတဲ့ လမ်းကလေး

 

10 ကလောဘက်ကို အသွားလမ်းက ယာခင်းလေးတွေ မိုးဆိုရင် စိမ်းစိုနေတာ

 

11 စိမ်းစိုသော ထင်းရူးတောနဲ့ ယာခင်းကလေး

 

12ငှက်ပျောပင်လေးတွေနဲ့ စိမ်းစိုစို
13 နေခြည်ဖျန်းပက်ထားတဲ့ အတက်လမ်းကလေး................

 

14 ထွန်ယက်စ ယာခင်းလေးနဲ့ စိမ်းစိုနေသောစိုက်ခင်း
15 အတက်လမ်းလေးပေါ်ကဆိုင်ကယ်လေး

 

“အောင်ပန်းမြို့အထွက်ကနံနက်ခင်းလေးံ”

 

 

အောင်ပန်းကိုရောက်တဲ့ ရက်တွေမှာလဲ  မနက်စောစောလမ်းလျှောက်ထွက်ဖြစ်ပါတယ်။

ပထမတစ်ရက် ဈေးကြီးဘက်ကိုတက်ပြီးမြို့တောင်ဘက်ကိုသွားခဲ့ပါတယ်။

အဲဒီလမ်းဘက်အသွားမှာတော့ ကျန်းမာရေးအရလမ်းလျောက်ထွက်သူတွေကိုတွေ့ခဲ့ပါတယ်။

နောက်ရက်ကျတော့ ကလောမြို့ဘက်အထွက်လမ်းဘက်မှာ ရထားလမ်းလေးနဲ့ယာခင်းလေးတွေရှိတာကိုသတိရတော့ အဲဒီဘက်ကိုထွက်ခဲ့ပါတယ်။

မြို့အနောက်ဘက်လမ်းလေးအတိုင်းလျောက်လာခဲ့ရတာပေါ့။

အဲဒီအနောက်ဘက်ခြမ်းမှာတောင်ကုန်းအတော်မြင့်မြင့်လေးကိုတွေ့ရတော့ နောက်ရက်တက်ကြည့်မယ်လို့

စိတ်ထဲမှာတေးထားလိုက်ပါတယ်။

အဲလိုလျောက်လာရင်း မြို့ဝင်ကြေးနဲ့ဘီးခွန်ကောက်တဲ့ဂိတ်ကလေးကိုလဲကျော်လိုက်ရော ကျနော်ကိုယ်တိုင်တောင်ကုန်းအမြင့်ကြီးပေါ်ရောက်သွားသလိုခံစားလိုက်ရပါတယ။်။

အောက်ငုံကြည့်လိုက်တော့ ချောက်နက်နက်ထဲမှာအိမ်ကလေးတွေအစီအရီ။

အရှေ့ဘက်ကောင်းကင်မှာတော့ နေမင်းက အလင်းရောင်တွေဖျန်းပက်။

တောင်စောင်းရဲ့အောက်မှာတော့ ထွန်ယက်ပြီးစ မြေကွက်တွေရယ် စိုက်ပျိုးပီးစ

ယာခင်းလေးတွေရယ်ကို တွေ့ရပါတယ်။

အဲဒီယာခင်းလေးရဲ့အပေါ်မှာတော့ ထင်းရူးပင်လေးတွေစီတန်းနေတဲ့တောင်နဲ့

ဘေးကပ်ရက်မှာတော့ မီးရထားသံလမ်းလေး။

ထွက်ပေါ်စအလင်းဖျော့ဖျော့ရဲ့အောက်မှာတော့ ကောက်ကွေ့သောလ မ်းကလေးကို

မြင်ရတာ လှတပတ။

ဒီတောင်ကုန်းလေးနားမှာ တစ်ခါတစ်လေမှလာတဲ့ ဆိုင်ကယ်တစ်စီးတစ်လေအသံကလွဲရင်

တိတ်ဆိပ်။

သာယာသော အရောင်လေးများက စိတ်ကို ကြည်နူးစေပါတယ်။

ကဲလှပတဲ့နံနက်ခင်းလေးကို ခံစားကြရအောင်ဗျာ။

 

 

ကိုပေါက်လက်ဆောင် မြန်မာပြည်မှ အလှတရားများ

(24-5-2012)

 

24 comments

  • ကိုရင်မောင်

    May 24, 2012 at 8:45 am

    ဆရာပေါက်ရေ အသက်လေးရလာတော့
    ခုလို နားအေးပါအေး အေးအေးချမ်းချမ်း
    သီပင်စားပင်လေးတွေ စိုက် လို့နေချင်လိုက်ပါဘိ..
    ဒီရှု့ခင်းလေးတွေကြည့်ပြီး ဒီလိုခံသားမိတာပါ
    ကျေးဇူးဘဲကိုပေါက်ရေ…..

  • water-melon

    May 24, 2012 at 8:49 am

    လေးပေါက်
    နောက်ဆို သများလည်းလိုက်မယ်နော်
    သများကိုခေါ်နော်

  • windtalker

    May 24, 2012 at 9:37 am

    ကဲကဲ ဈေးမဖြတ်ရတာ ကြာပြီမို့ ဖြတ်မယ်
    အပေါ်၆ပုံ ကို သဂျီးကို ၁၅၀ဝ စီနဲ့ရောင်း
    ကျန်တဲ့ဟာတွေကို ရွှေမင်းသားက ဝယ်စုထားမယ်တဲ့ဗျား

  • ကိုရင်မောင်ရေ အဲလိုတော့ အနေချင်သားဗျ
    အခုတော့………………….။
    ဖရဲမရေ နောက်တစ်ခါသွားရင်ခေါ်မယ်။
    မောင်ပေ မင်းပြောတဲ့အတိုင်းသာ ရောင်းလိုက်ရလို့ကတော့ကွာ
    ဒိန်…………………………………

  • Ma Ei

    May 24, 2012 at 11:43 am

    ထင်းရူးပင်လေးတွေ
    တောင်တန်းတွေ
    ယာခင်းလေးတွေ…
    မေ့မရတဲ့ အလှလေးတွေပြန်မြင်ရလို့…
    ကျေးဇူးပါကိုပေါက်ရေ…..

  • may flowers

    May 24, 2012 at 12:45 pm

    ရှုခင်းလေးတွေမြင်ပြီး သွားချင်လိုက်တာ..အရမ်းလှတဲ့ပုံလေးတွေကြည့်ရလို့..ကျေးဇူးလေးပေါက်ရေ။

    မြန်မာပြည်အနှံ့ ခရီးသွားပြီး ပုံလေးတွေ များများရိုက်နိုင်ပါစေလေးပေါက်ရယ်။ ဒါမှ ….ကိုယ်တွေလည်း

    ငွေမကုန်..လူမပန်းပဲ ..လေးပေါက်ကျေးဇူးနဲ့ မြန်မာပြည်အနှံ့ရောက်နိုင်မှာ….ဟီးးးး။

  • may flowers

    May 24, 2012 at 2:10 pm

    မပူနဲ့..လေးပေါက်ရေ။ ဂေဇက်ရွာ ကလူတွေ .. မြန်မာပြည်အနှံ့က…ရှုခင်းလေးတွေ အားရ

    ပါးရ ..ကြည့်ရှုခံစားနိုင်အောင်..(သဂျီးက…လေးပေါက်ကို…စပွန်စာပေးပြီးခရီးသွားခိုင်းမယ်) ဆိုပဲ။

  • လင်းဝေ

    May 24, 2012 at 4:37 pm

    “ မီးရထားလေးကို ကိုယ်စီးကာ ကလောမြို့လေးကို အလည်ရောက်လာ နွေမှာသာယာလို့နေတယ် အေးချမ်းလှပတယ်” ဆိုတဲ့သီချင်းထဲကလိုပေါ့ ကိုပေါက်ကြီးရေ။ အခုကတော့အောင်ပန်းမြို့ကလေး က နွေမှာသာယာနေတာပေါ့။ သိပ်သဘောကျတဲ့မြင်ကွင်းဗျာ။
    ကောင်းကင်ပေါ်ကနေငုံ့ကြည့်လိုက်ရင် ယာခင်းတွေက နီတစ်ကွက်၊ဝါတစ်ကွက်၊စိမ်းတစ်ကွက်နဲ့ သိပ်လှတယ်။

  • moe minthar

    May 24, 2012 at 6:29 pm

    ကိုပေါက်….ကိုပေါက်

    နံပါတ်(၂)ဓါတ်ပုံလေးထဲကလမ်းကလေးကို….နှစ်ယောက်ထဲလျှောက်ချင်လိုက်တာဗျာ…..

    စိတ်ကူးတော ့ယဉ်လိုက်မိပြီဗိူ ့ ့…ဟဲ…ဟဲ
    နောက်တခေါက်ဆိုရင်ခေါ်ဗျာ…..နော်

  • ညလေး

    May 24, 2012 at 9:47 pm

    ဦးပေါက်ေ၇…..ပုံ11 ကိုရွာထဲမှာတွေ.ဖူးတလိုပဲနော်……
    ….အဲ.ရှူခင်းလေးအရမ်းလှတယ်……..အားပေးသွားပါ၏…………..
    ပုံ1 ကတော့ အားမာန်အပြည့်နဲ.“နေမင်း”ကြီးက……..
    “ညလေး”ကိုပြုံးပြနေသလိုပဲ…….

  • မဟာရာဇာ အံစာတုံး

    May 24, 2012 at 9:53 pm

    ဖေဂျီးရေ ..
    နံပါတ် ၃ ပုံထဲက ဟောဟို .. လွတ်နေတဲ့ မြေနေရာလေးမှာ အိမ်လေးတစ်လုံးဆောက်ပြီး အေးအေးလူလူ နေချင်မိတယ်ဗျာ …

  • ကိုလင်းရေ
    အောင်ပန်းက နွေလည်ခေါင်ကြီးမှာ မိုးရွာတာဗျာ.
    သီချင်းထဲက ကလောကတော့ အေးတယ်။
    ပုံ11 က မနှစ် စက်တင်ဘာသွားတုံးက ဒီနေရာလေးတစ်ခါတင်ဘူးတယ်။
    နောက်ဖေစ်ဘုတ်မှာတင်ဘူးတယ်။
    နေရာတူပေမယ့် အချိန်မတူဘူးလေး။
    သားလေးဇာဇာ
    မင်းရယ် ဖေကြီးရယ် မင်းညီ ဇီဇီရယ်နေဘို့ ဝယ်လိုက်ရင်ကောင်းမယ်ထင်တယ်နော်။

  • marblecommet

    May 24, 2012 at 10:51 pm

    10 ရယ် 12 ရယ် 13 ရယ် 14 ရယ်
    ကြိုက်တယ်ဗျာ
    အဲအရောင်လေးတွေက
    အလွမ်းရောင်လေးဒွေမို့…..
    ကိုပေါက်ရေ……
    ကိုပေါက်ပုံလေးတွေ ကြည့်ရင်း စိတ်အေးလက်အေး
    ရှုခင်းပန်းချီလေးတွေ ရေးချင်စိတ်ပေါက်လာတယ်ဗျာ…..

  • ကိုပေါက်ရေ ကုန်းမော့မော့ကို တက်လာတဲ့ လမ်းကလေးပေါ်က ဆိုင်ကယ်သုံးဘီးလား၊
    ထော်လာဂျီလား ဗျို ့။

  • ကိုပေါက်ရေ. လမ်းတွေက အတော်ကောင်းတယ်ဗျနော်။ဒါပေမယ့် ကျိုင်းတုံ၊တာချီလိတ်ဖက် လမ်းတွေဆိုးတယ် ပြော
    တယ်နော်။နောက်နှစ်တော့ တာချီလိတ်ဖက် သွားဖြစ်အောင် ကြိုးစားပေါ့မယ်။

  • pooch

    May 24, 2012 at 11:49 pm

    လေးပေါက်ရေ ကလောမြို့ရဲ့ ရှုခင်းကို တိုးတချို့က ဒုတိယဆွစ်ဇာလန်လို့ တောင် တင်စားကြတယ်လို့ ကြားဖူးပါတယ်။ ခုကြည့်တော့လည်း ဟုတ်လောက်တယ်။ အနော်ကတော့ တောင်ကြီးသွားဖြစ်တိုင်း ဖြတ်သွားဖြတ်လာပဲ လုပ်မိလို့ တခါမှ ရှုခင်း အသေအချာ မကြည့်မိဘူး။ နောက်တခေါက်ဆိုရင်တော့ ကလောမှာ တညလောက်တော့ အနည်းဆုံးအိပ်ဖြစ်အောင် အိပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။

    ရှုခင်းတွေကြားက အမှိုက်ပုံကို မြင်ရတာတော့ အတော်လေး စိတ်ကသိကအောက်ဖြစ်မိတယ် ။ 🙁

  • ဒီတစ်ခေါက်သွားတော့ ကလောမှာညအိပ်ဖို့ ကြံခဲ့သေးတယ်။
    ဒါပေမယ့် တည်းခိုခန်းခ ဈေးကြီးတယ်ဆိုတာနဲ့အောင်ပန်းမှာဘဲအိပ်ခဲ့ကြရတာ.။
    ညည်း ထညက်ရည်ဆမ်းထွက်ရင်ကလောသွားလေ နော် မယ်ပုု

  • ကြောင်ကြီး

    May 25, 2012 at 10:45 am

    အောင်ပန်းမှာ
    မောင်ရှမ်းရယ်
    ကောင်ဖမ်းဝယ်
    တောင်တန်းသာ
    မှောင်လွှမ်းတယ်
    ကြောင်ဖမ်း၍မရ..။ 😎

  • ကြောင်ဖမ်းမရတဲ့
    အောင်ပန်းဆိုတဲ့မြို့ကလေးမှာ
    တောင်တန်းတွေပါတ်လည်ဝိုင်းနေတော့
    မောင်ရှမ်းရယ် လွမ်းလို့ဆိုငိုပြန်ရော။
    အဲသဟာမှ အခက်……………..
    ကလေးရယ်အငိုတိတ်အောင်
    ဟိုရွာထိပ်က အပျိုဆောင်ကို ပို့လိုက်မယ်
    အငိုတိတ်ရော့လဟယ်……………………………………………………

  • eros 1500

    May 28, 2012 at 10:02 pm

    eros1500
    မနက်ခင်းလေးတွေကိုသတိရမိတယ်။
    ပုံလေးတွေကိုကြည် ့ရအတွက်ကျေးဇူးပါပဲ။

Leave a Reply