လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် ရွာလုံးကျွတ် ပြိုပျက်

BayoteJune 18, 20101min866

စစ်တွေမြို့နယ်မှ ကျေးရွာ တရွာကို လေဆင်နှာမောင်း တိုက်ခတ်သွားသဖြင့် အိမ်ခြေ အများအပြား ပျက်စီးသွားပြီး ကျေးရွာသား တဦး ပျောက်ဆုံးနေကာ နောက်တဦးမှာ ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

ဇွန်လ ၁၄ ရက်နေ့ ညဉ့် ၁၁ နာရီခန့်တွင် စစ်တွေနှင့် မန်စီ ကားလမ်း အကြားတွင် တည်ရှိသော သဲချောင်းကျေးရွာကို လျှပ်တပြက် လေဆင်နှာမောင်း ဝင်ရောက် မွှေနှောက်သွားခဲ့သည်။

ကျေးရွာသား တဦးက ” လေဆင်နှာမောင်းတိုက်တာက ၃ မိနစ်ဘဲ ကြာပါတယ်။ လေလာတာက တော်တော်ပြင်းပါတယ်။ တခါမှ မတွေ့မမြင်ဖူးပါဘူး။ အိမ်ခြေ ၃၆ လုံး ပျက်စီးသွားပြီး မူလတန်း ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း ပျက်စီးတဲ့ အထဲမှာ ပါဝင်သွားပါတယ်။ ခုချိန်ထိတော့ ကိုကျော်နိုင်က ပျောက်ဆုံးနေပါတယ်။” ဟု ပြောသည်။

လေဆင်နှာမောင်းတိုက်ခတ်မူကြောင့် မိသားစု ၁ရ စု အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပြီး ယခုအခါ မောင်လူပျိုကြီး ဆိုသူကို အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရသည်။

” သက်ဆိုင်ရာ လာကြည့်ရုံကလွဲပီး အကူအညီတွေတော့ မပေးသေးပါဘူး။ ရွာသားတွေက ကိုယ့်အား ကိုယ်ကိုးပီး အိမ်တွေ၊ ကျောင်းတွေကို ပြန်ပြင်နေရပါတယ်။ မိသားစု အတော်များများကတော့ ဆင်းရဲအတွက် အိမ်တွေကို ပြန်မပြင်နိုင်သေးပါဘူး။” ဟု သူက ပြောသည်။

သို့သော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာမှ အကူအညီပေးခြင်း မရှိသေးသဖြင့် ကျေးရွာသားများက အကူအညီ ရရေးကို မျှော်လင့်နေကြသည်ဟု သိရသည်။

Source : နိရဉ္စရာ

6 comments

  • etone

    June 18, 2010 at 3:28 am

    တစ်မျိုးပြီးတစ်မျိုးဖြစ်နေပါလားနော် ။ နောက်ထပ်ဘာဘေးတွေကျဦးမှာလဲ ။

  • snow

    June 18, 2010 at 3:40 am

    ကိုယ့်အားကိုယ်ကိုးရတာတော့ပြောမနေနဲ ့
    မီးသတ်ကားတောင်ကိုယ့်အားကိုယ်ကိုးပြီးဝယ်နေတာကို

    • zuugyi

      June 18, 2010 at 4:50 am

      ဟုတ်ပါ့.. မီးသတ်ကားသီတင်းဖတ်လိုက်ရတုန်းက တော်တော် အံ့ဩ သွားတယ်… အခုလည်း သက်ဆိုင်ရာက အကူအညီမပေးသေးဘူးတဲ့… ရွာသားတွေကို ပြောချင်တာကတော့.. မျှော်မနေပါနဲ့.. ကိုယ်ထူကိုယ်ထနဲ့ ပြန်တည်ဆောက်ရမှာပါပဲ… ဖြစ်နိုင်ရင်တော့ NGO တစ်ခုခုနဲ့ ချိတ်ဆက်လိုက်ပေါ့…. သက်ဆိုင်ရာကိုသာမျှော်နေရင်… ကိုယ်ကျိုးနည်းကုန်မယ်… 🙁

  • intro

    June 18, 2010 at 11:09 am

    စိတ်မကောင်းစရာပဲ… ရာသီဥတုကလဲ အမျိုးမျိုး ဖောက်လွဲဖောက်ပြန်… လူတွေကလဲ ဆင်းရဲတွင်းနက်နေကြတော့… ဟူး…

  • cobra

    June 18, 2010 at 2:43 pm

    ဟုတ်ကဲ့အကူအညီပေးတော့မှာပါ။ဘောလုံးပွဲကြည့်နေလို့မအားသေးလို့ပါ။ဘောလုံးပွဲပြီးရင်သက်ဆိုင်ရာကကူညီပါလိမ့်မယ်။တခြားနိုင်ငံတွေကအကူအညီပေးတာစောင့်နေတာပါ။ဒီနိုင်ငံကပိုက်ဆံတွေကသူ့အ
    မျိုးတွေသုံးနေလို့ပါ။

  • သတင်းလူသား

    June 19, 2010 at 4:17 pm

    ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း တဖြည်းဖြည်းနဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးက ခြိမ်းခြောက်လာနေပါပြီ။ ရှေးအခါက မြန်မာနိုင်ငံဆိုတာ ကပ်ဘေးက လွတ်ကင်းတဲ့နိုင်ငံ၊ ဒုက္ခဘေးက ကင်းငြိမ်းတဲ့နိုင်ငံရယ်လို့ လူကြီးသူမတွေက ဂုဏ်ယူပြောတတ်ကြတာကို အမှတ်ရနေမိပါသေးတယ်။ ခုမျက်မှောက်ကာလမှာတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနည်းတူ သဘာဝဘေးဆိုးတွေနဲ့တဖြည်းဖြည်းရင်ဆိုင် လာနေရပါပြီ။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကထိအောင် ဒီလိုသဘာဝဘေးအန္တရာယ်ဆိုတာ မကြုံဖူးလောက်အောင်ရှားပါးခဲ့ပါတယ်။ အဲလိုအခြေအနေကို ပြန်ပြီးသုံးသပ်မယ်ဆိုရင် နောင်လာမယ့် သုံးလေးနှစ်အတွက်က ရင်လေးစရာပါ။ အားလုံးအသိရှိဖို့နဲ့။ ပတ်ဝန်းကျင်ပျက်စီးရာ ပျက်စီးကြောင်းလုပ်ဆောင်မှုတွေကို ရပ်တန်းက ရပ်ကြဖို့ အချိန်တန်ပြီလို့ပဲဆိုချင်ပါတယ်။ (တကယ်တန်းဆိုရင် အချိန်ကနှောင်းတောင်နေပါပြီ။)

Leave a Reply