ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော် ဗိုလ်မင်းလွင် ကွယ်လွန်

BayoteJune 18, 20101min712

ဗိုလ်မှူးမင်းလွင် (ငြိမ်း) (ဒါးပိန်မြို့)၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ ဦးစီးအရာရှိ(ပ) ပညာသည်(ငြိမ်း)၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း။ အသက် (၈၈) နှစ် သည် ၁၅.၆.၂၀၁ဝ (အင်္ဂါ) နေ့တွင် ကွယ်လွန်သွားပါသဖြင့် ကွယ်လွန်သူ၏ ဆန္ဒအရ ၁၆.၆.၂၀၁ဝ (ဗုဒ္ဓဟူး) နေ့ ညနေ (၃းဝ၀) နာရီတွင် ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်အား မောင်းနှင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက မိသားစုနှင့် အတူ လိုက်လံပို့ဆောင် မီးသဂြိုင်္လ် ပေးခဲ့ကြပါသည်။

Source : http://www.demowaiyan.co.cc/

2 comments

  • သတင်းလူသား

    June 19, 2010 at 5:05 pm

    တန်ဖိုးရှိသူ၊ အဓိပ္ပာယ်ရှိတဲ့လူတစ်ယောက် ဆုံးရှုံးသွားရတာပါ။ စိတ်မကောင်းပါဘူး။ မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်။ နိုင်ငံအတွက်လည်း နစ်နာမှုတစ်ခုပါ။

  • khinmintatthu

    June 19, 2010 at 8:18 pm

    ဟုတ်ပါတယ်.. နိုင်ငံအတွက် တန်ဖိုးရှိသူတစ်ယောက်ဆုံးရှုံးသွားရတယ်ဆိုတာ မမှားပါဘူး… နိုင်ငံကို အကျိုးဆောင်ပေးတဲ့ သူတော်ကောင်းတစ်ယောက်ဆုံးရှုံးသွားရတာ နိုင်ငံအတွက် များစွာနစ်နာဆုံးရှုံးရပါတယ်… ဗိုလ်ချုပ်လို နိုင်ငံကို ကောင်းကျိုးသယ်ပိုးပေးနိုင်တဲ့သူအတွက်ရော ဗိုလ်ချုပ်ရဲ့ မိသားစုနဲ့ပါ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါတယ်…

Leave a Reply