ကိုလက်စထရောအကြောင်း

ခင္ခMay 22, 20121min1347

ဖတ်ခဲ့ဖူးတဲ့ တိုလီမိုလီစာတွေထဲက ပြန်ပြီး share တာနော်။

အခုခေတ်ရေပန်းစားနေတဲ့ ကိုလက်စထရောအကြောင်းလေးပြန်ရေးပြချင်လို့။

များသောကြောင့်မကောင်းသော ကိုလက်စထရောနှင့် နည်းသောကြောင့် မကောင်းသော ကိုလက်စထရောဟူပြီး သွေးထဲမှာ နှစ်မျိုးရှိပါသည်။

သွေးထဲရှိ ကိုလက်စထရောဆိုသော ဓာတ်ပစ္စည်းမှာ သူ့ချည်းသက်သက်အားဖြင့် အန္တရာယ်မပြုနိုင်ပါ။ကိုလက်စထရောဟုခေါ်သော ထိုပစ္စည်းများသွေးထဲတွင် ထိခိုက်လောက်အောင် များလာမှသာ ပြသနာဖြစ်တာပါ။ကိုလက်စထရောမှာ အဓိကအားဖြင့် နှစ်မျိူးရှိပါတယ်။

သိပ်သည်းမှု့နည်းသော LDL ဟုအတိုခေါ်တဲ့ Low Density Lippoprotein ဆိုသည့် ဘေးပြုတတ်တဲ့ပစ္စည်းဖြစ်တယ်။ထို LDL သွေးထဲများနေရင်သွေးကြောများ၏ နံရံအတွင်းမှာ အဆီဖတ်များကပ်လာပြီး နှစ်ကြာတဲ့အခါ ထူထဲမှုဖြစ်လို့ သွေးကြောပိတ်ဆို့တာတွေဖြစ်ပြီး သွေးမလျှောက်တော့ရင် လူကိုအန္ဒရာယ်ပေးနိုင်ပါတယ်။ သွေးဖောက်စစ်လို့ သွေးထဲမှာ LDL ကိုလက်စထရောများ ၁၀ဝ နှုန်းထက်များနေရင် မကောင်းဘူး၊၁၀ဝ အောက်မှာရှိသင့်ပါတယ်။

နောက်တစ်မျိုးက HDL ဟုအတိုခေါ်တဲ့ High Density Lippoprotein ဆိုသည့် လူကိုအကျိုးပြုတဲ့ ပစ္စည်းပါ။ HDL က သွေးထဲမှာပိုနေသော LDL များကို ဖယ်ရှားစွန့်ပစ်ရန် HDL က လုပ်ဆောင်ပါတယ်။ဒါကြောင့် HDL ပစ္စည်းဟာ သွေးထဲမှာ ၄ဝ နှုန်းအထက်ရှိသင့်ပါတယ်။

သွေးထဲမှာ LDL , HDL နှင့် အခြားသွေးတွင်းအဆီဓာတ်များပါဝင်မှု့စုစုပေါင်း ၂၀ဝ အောက်မှာရှိရပါမယ်။ထိုသို့ ကိုလက်စထရောများကို စိတ်ချရတဲ့နှုန်းပမာဏသာ ကိုယ်တွင်းမှာရှိနေဖို့ လိုအပ်ပြီး သွေးစစ်ကြည့်လို့ ရှိသင့်တဲ့နှုန်းအတိုင်းမရှိရင် ဆေးဝါးအကူအညီနဲ့ မှီဝဲစားသုံးရတတ်ပါတယ်။ဒါမှမဟုတ် အစားအသောက်အနေအထိုင် ပြုပြင်လိုက်ရင်လည်း အဆင်ပြေနိုင်ပါတယ်။

အစားအသောက်အနေအထိုင်နဲ့ပက်သက်လို့—

၁။ ပြည့်ဝဆီများစားသုံးမှု့ကိုလျှော့ချပါ။

အသား၊ထောပတ်နှင့်အခြားထုပ်ပိုးရောင်းချသော အစားအစာတွေမှာပါရှိတဲ့ ပြည့်ဝဆီကိုအသည်း ကနေပြောင်းလဲပြီး ကိုလက်စထရောဖြစ်စေပါတယ်။အမဲသားလိုမျိုးအသားကို တပတ်၂ကြိမ်ထက်ပိုမစားသင့်ဘူးလို့ဆိုပါတယ်။

၂။ အမျှင်ပါသောအစားများကို ပိုစားပါ။

အပင်မှရသောအစားများမှရနိုင်ပါတယ်။ ဂျုံကြမ်း၊ပဲ၊ဘာလီ၊ကည့တ် စသည့် ရေတွင်ပျော်ဝင် နိုင်သော အစာများကိုစားသုံးပါ။ထိုအစာများသည် ရေကိုစုပ်ယူပြီး ဝမ်းဗိုက်ထဲမှာ ပွထလာစေလို့ ဝမ်းဗိုက်ပြည့်သော အခြေအနေကို ခံစားစေပါတယ်။

၃။ သံလွင်ဆီဖြင့်ချက်ပါ

သံလွင်ဆီသည်မြေထဲပင်လယ်ဒေသတွင် စားသုံးသော ဒေသထွက်အပင်မှရသည်။ကျန်းမာရေးအတွက် အကျိုးထူးဖြစ်စေပါတယ်။သံလွင်ဆီ၊နေကြာစေ့ဆီ၊ကာနိုလာဆီ(Canola Oil) တို့တွင် LDL ပါဝင်မှု့နည်းပြီး၊လူကိုအကျိုးပြုသော HDL ပါဝင်မှု့များတာကိုတွေ့ရပါတယ်။သံလွင်ဆီစစ်ဟာ သွေးကြောနံရံမှာ ကိုလက်စထရောတွေ ကပ်ငြိမှု့မဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

၄။ အသားလျှော့စားခြင်းကပိုကောင်းပါတယ်

ဟင်းသီးဟင်းရွက်စားသုံးခြင်းသည် ကိုလက်စထရောကိုကျဆင်းစေရုံမက သွေးကြောထဲရောက်ရှိနေတဲ့ အနည်အနှစ်များကိုပါ ကိုယ့်ကိုဒုက္ခမပေးစေရန် အထောက်အကူပြုတယ်လို့ဆိုပါတယ်။

၅။ ငါးစားသင့်ပါသည်

ငါးတွင် ကျန်းမာရေးအတွက်အထောက်အကူပြုစေတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ်ပါဝင်ပြီး LDL ကိုလျှော့ကျစေသလို အကျိုးပြု HDL ပမာဏကိုတိုးစေပါတယ်။ ထို့ကြောင်အဆီပါသောငါးများစားသင့်ပါတယ်။

၆။ ဆန်လုံးညိုစားပါ

ဆန်ဖြူထက်ချက်ပြုတ်ရာတွင် ပိုကြာပေမယ့် အမျှင်ဓါတ်ပိုတဲ့အတွက် ကိုလက်စထရောလျော့ပါး စေသောအကျိုးကိုပေးပါသည်။

၇။ စပျစ်သီးစားပါ

စပျစ်သီးထဲတွင် ပက်တင်(Petin)ဟုခေါ်သောဓာတ်ပါဝင်လို့ သွေးထဲသို့ကိုလက်စထရောနှင့် အခြားအဆီများ မစုပ်ယူနိုင်ရန်ပိတ်ဆို့ပေးသည်။

၈။ အခွံမာအသီးစားပါ

မက်မွန်သီးကဲ့သို့အခွံမာစေ့များကို သွားရည်စာအဖြစ်စားပေးခြင်းသည် LDL ကိုလျှော့ကျစေကြောင်းလေ့လာချက်များမှာတွေ့ရပါတယ်။

ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

 

7 comments

  • ကျန်းမာရေး ဖက်က ဒေါက်တာ မမများ၊အကိုများ ပိုဆွေးနွေးပေးပါက ပြည့်စုံသွားမှာပါ။
    ကျေးဇူးပါ ကိုခင်ခရေ

  • windtalker

    May 22, 2012 at 1:10 pm

    ရံဖန်ရံခါ အရက်ဘီယာ သောက်သုံးသူတွေအတွက် ကိုလက်စထရောသိပ်မပါတဲ့ အမြည်းလေးများကိုလဲ ပြောပြပေးပါဦးခင်ဗျ ။

    • Novy

      May 22, 2012 at 2:53 pm

      ကပေ.
      ကစွန်းညွန့်လေး နဲ့မြည်း
      အရက်ဘီယာသောက်နေပေမဲ့ အညွှန့် တလူလူထွက်တာပေါ့ 🙂

    • Thel Nu Aye

      May 22, 2012 at 6:07 pm

      သံပုရာသီးဖြစ်ပါကြောင်း။

      • windtalker

        May 22, 2012 at 8:05 pm

        ရက်စက်လှချီလား သဲလေးရဲ ့။ မမနို က မှ တော်သေးတယ် ။ ရန်ကုန်ရောက်ရင် သဲလေးနဲ ့မတွေ ့တော့ဘူး ။ မနိုဆီဘဲ သွားလည်မယ် ။

  • Khin Kha

    May 22, 2012 at 1:19 pm

    ရံဖန်ရံခါ အရက်ဘီယာ သောက်သုံးသူတွေအတွက် ကိုလက်စထရောသိပ်မပါတဲ့ အမြည်းလေးများကိုလဲ ပြောပြပေးပါဦးခင်ဗျ ။
    အဖြေ-စွန်တန်ဟင်းချို သို့မဟုတ် အသားမပါသောဟော့ပေါ့

    • windtalker

      May 22, 2012 at 8:03 pm

      ဟုတ်ကဲ့ အစ်ကိုခင်ခ ရေ
      ကျေးကျေးဘာ ခင်ဗျား ။
      ကျုပ်စားဖြစ်နေတာတွေကတော့ ၊ ငရုတ်ပွအစိမ်းတောင့်ထဲကို ဝက်သားအစာသွပ် ရယ် ၊ ကြာစွယ်ကို ကင်ထားတာရယ် ပါဘဲ ။

Leave a Reply