စစ်ကိုင်းတောင်ကို… အရောက်သွားလို့ ..တရားရှာမလေ……

တရားဓမ်မ တေးသံတွေ ၊ သူတော်စဉ်တွေ ၊ ရဟန်းတွေ ၊ သီလှရှင် ဆရာလေးတွေ

စစ်ကိုင်းတောင်ရိုးတစ်လျောက်မှာတော့

အို.. ဘယ်ကိုကြည့်ကြည့် အေးချမ်းသာယာနေတာပါဘဲ

တောင်ပေါ်က ကြည့်ရင် မြင်ရတဲ့ ရစ်ခွေစီးဆင်းနေတဲ့

မြစ်မင်းဧရာ ၊ သောင်တွေပေါ်က စိုက်ခင်း ညနေစီဆာ နေ၀င်ချိန်ဆို ပန်းချီကား တစ်ချပ်ကို ကြည့်နေရသလိုပါဘဲ

အလှူလုပ်ဖို့ စိတ်ကူးနဲ့ မေမေရှိတဲ့ စစ်ကိုင်းတောင်ကို  ရောက်နေတဲ့ ကျမအတွက်တော့ အရမ်းကို

အေးချမ်းသာယာနေတာပေါ့  ညရောက်တော့ မေမေနေတဲ့ ခြေတံရှည် သစ်သားကျောင်းလေးမှာပဲ

ညအိပ်ဖြစ်တယ်ပေါ့

အဲ့ဒီညမှာ ဇာတ်လမ်းကစတာပါပဲ

ကျောင်းလေးရဲ့ဘေးမှာ အုတ်တံတိုင်း ရှိတယ် တံတိုင်းရဲ့ တစ်ဘက်မှာတော့

မြင်းလှည်းတို့ ကားတို့ လူတို့ သွားတဲ့ လမ်းမကြီးပေါ့

ကျမလဲ အအေးကြိုက်တဲ့လူဆိုတော့ အိပ်ယာခေါင်းရင်း ညာဘက်နားလောက်မှာရှိတဲ့

ပြူတင်းပေါက်ကို ဖွင့်ထားတာပေါ့

အို.   လေလေးတဖြူးဖြူးနဲ့ ကောင်းလိုက်တာ

အိပ်ခါနီးကျတော့ ခြင်ထောင်ကို ဖျာအောက်ကို သေသေချာချာဖိ တစ်ခါ အတွင်းထဲကနေ စောင်တွေနဲ့ ပတ်လည်လိုက်ဖိ

ဒီလိုလုပ်နေရတာလဲ ကျမက မြွေခြင်ထောင်ထဲကို ၀င်လာမှာ အရမ်းကြောက်လို့ပေါ့

(ကျမရယ် မြွေရယ် စစ်ကိုင်းရယ် ) က အရင်ကဇာတ်လမ်းတွေရှိခဲ့ဘူးတယ်လေ

အိပ်ယာတစ်ခုလုံးကို လုံခြုံသွားပြီလို့ခံစားမိတော့မှ

လက်မှာပတ်ထားတဲ့ နာရီလေးကိုဖြုတ် ၊ ခေါင်းကလစ်ကိုဖြုတ် အိပ်ယာရဲ့ ညာဘက်ပြူတင်းပေါက်ရှိတဲ့ဘက်မှာ ထားလိုက်တယ်ပေါ့

ပိုက်ဆံအိတ်နဲ့ တစ်ခြားပစ်စည်းတွေကိုတော့ ဘယ်ဘက်အခြမ်းမှာထားပြီးအိပ်ချင်းအမှု့ကို လေပြေလေးခံစားရင်စတင်လိုက်တာ

ကောင်းလိုက်တဲ့ အိပ်ချင်း ဒီအိပ်ချင်းကိုဖျက်ဆီးတာကတော့  ခြင်ထောင်ကို ခေါင်းရင်းဘက်ကနေ တချွတ်ချွတ်နဲ့ တိုးတဲ့အသံ

ကျမအိပ်နေရာကနေနိုးသွားပြီးခေါင်းတစ်ခုလုံးကြီးသွားတယ် စိတ်ထဲမှာခံစားလိုက်မိတာက

ကျမခြင်ထောင်ထဲကို ပြူတင်းပေါက်ကနေ မြွေတိုးဝင်နေပြီးလို့

ကျမအိပ်နေရာကနေဖျက်ကနဲထ လက်ကလည်း ပြူတင်းပေါက်မှာရှိတဲ့ သစ်သားတိုင်းကလေးတွေဆီကို လှမ်းပြီးစမ်းလိုက်တယ်

ကျမကိုင်လိုက်မိတာကတော့ ပြူတင်းပေါက်တိုင်တွေကိုခိုထားတဲ့သန်မာတဲ့လက်ဖျံတစ်ချောင်းပါပဲ

ကျမသိလိုက်ပြီ ဒါမြွေမဟုတ်ဘူး လူရဲ့လက်

လူတောင်မှ ဒီလိုညအချိန်မတော်ကြီးဆိုတော့ လူကောင်းမဟုတ်ဘူး သူခိုး

ဒီတဒင်က အချိန်လေးမှာ ဦးနှောက်ကသူခိုးလို့ ဆုံးဖြတ်လိုက်တယ်ဆိုရင်ပဲ

ရင်ခုန်တာရော ရင်တုံတာရော အစုံခံစားပြီးကြောက်တာရော

ပေါင်းပြီး ကျမဆီကနေ သူခိုးဆိုတဲ့အော်လိုက်တဲ့ အသံက အပြင်ကို ထွက်မလာပဲနဲ့ လည်ချောင်းထဲမှာတင်ပျောက်သွားပါတယ်

သူခိုးကတော့ ဖုတ်ဆို ခုန်ချပြီးအုတ်တံတိုင်းကိုကျော်ပြီးထွက်ပြေးသွားလေရဲ့

ဒီအချိန်မှာ မေမေနိုးလာပြီး ဘာဖြစ်တာလဲလို့ လှမ်းမေးတော့မှာ ကျမသူခိုးလက်ကြီးကို ကိုင်မိတဲ့အကြောင်းငိုပြီးပြောတော့တာပေါ့

ပြီးတော့မှ သူခိုး သူခိုးလို့ ဆက်တိုက်အော်တာပေါ့

ဆရာလေးတွေနိုးလာပြီး ကျောင်းလေးပေါ်တက်လာကျတယ်

ဘာတွေပါသွားလည်းလို့မေးမှ  ပစ်စည်းတွေပြန်စစ်လိုက်တော့ ကျမနာရီလေးပဲပါသွားတယ်

အော်..သူတော်ကောင်းတွေနေတဲ့ နေရာမှာတောင် သူခိုးကလာပြီးခိုးသေးပါလားလို့

ဒီနေ့အထိ မေ့မအောင် ကြောက်လန့်ရင်တုံခဲ့ရတဲ့ လက်တစ်ချောင်း အကြောင်းကို စဉ်းစားမိရင်…….

 

 

 

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011