နိုဗွီရင်တုံခဲ့ရသောလက်တစ်ချောင်း

NovyMay 22, 20121min25044

စစ်ကိုင်းတောင်ကို… အရောက်သွားလို့ ..တရားရှာမလေ……

တရားဓမ်မ တေးသံတွေ ၊ သူတော်စဉ်တွေ ၊ ရဟန်းတွေ ၊ သီလှရှင် ဆရာလေးတွေ

စစ်ကိုင်းတောင်ရိုးတစ်လျောက်မှာတော့

အို.. ဘယ်ကိုကြည့်ကြည့် အေးချမ်းသာယာနေတာပါဘဲ

တောင်ပေါ်က ကြည့်ရင် မြင်ရတဲ့ ရစ်ခွေစီးဆင်းနေတဲ့

မြစ်မင်းဧရာ ၊ သောင်တွေပေါ်က စိုက်ခင်း ညနေစီဆာ နေဝင်ချိန်ဆို ပန်းချီကား တစ်ချပ်ကို ကြည့်နေရသလိုပါဘဲ

အလှူလုပ်ဖို့ စိတ်ကူးနဲ့ မေမေရှိတဲ့ စစ်ကိုင်းတောင်ကို  ရောက်နေတဲ့ ကျမအတွက်တော့ အရမ်းကို

အေးချမ်းသာယာနေတာပေါ့  ညရောက်တော့ မေမေနေတဲ့ ခြေတံရှည် သစ်သားကျောင်းလေးမှာပဲ

ညအိပ်ဖြစ်တယ်ပေါ့

အဲ့ဒီညမှာ ဇာတ်လမ်းကစတာပါပဲ

ကျောင်းလေးရဲ့ဘေးမှာ အုတ်တံတိုင်း ရှိတယ် တံတိုင်းရဲ့ တစ်ဘက်မှာတော့

မြင်းလှည်းတို့ ကားတို့ လူတို့ သွားတဲ့ လမ်းမကြီးပေါ့

ကျမလဲ အအေးကြိုက်တဲ့လူဆိုတော့ အိပ်ယာခေါင်းရင်း ညာဘက်နားလောက်မှာရှိတဲ့

ပြူတင်းပေါက်ကို ဖွင့်ထားတာပေါ့

အို.   လေလေးတဖြူးဖြူးနဲ့ ကောင်းလိုက်တာ

အိပ်ခါနီးကျတော့ ခြင်ထောင်ကို ဖျာအောက်ကို သေသေချာချာဖိ တစ်ခါ အတွင်းထဲကနေ စောင်တွေနဲ့ ပတ်လည်လိုက်ဖိ

ဒီလိုလုပ်နေရတာလဲ ကျမက မြွေခြင်ထောင်ထဲကို ဝင်လာမှာ အရမ်းကြောက်လို့ပေါ့

(ကျမရယ် မြွေရယ် စစ်ကိုင်းရယ် ) က အရင်ကဇာတ်လမ်းတွေရှိခဲ့ဘူးတယ်လေ

အိပ်ယာတစ်ခုလုံးကို လုံခြုံသွားပြီလို့ခံစားမိတော့မှ

လက်မှာပတ်ထားတဲ့ နာရီလေးကိုဖြုတ် ၊ ခေါင်းကလစ်ကိုဖြုတ် အိပ်ယာရဲ့ ညာဘက်ပြူတင်းပေါက်ရှိတဲ့ဘက်မှာ ထားလိုက်တယ်ပေါ့

ပိုက်ဆံအိတ်နဲ့ တစ်ခြားပစ်စည်းတွေကိုတော့ ဘယ်ဘက်အခြမ်းမှာထားပြီးအိပ်ချင်းအမှု့ကို လေပြေလေးခံစားရင်စတင်လိုက်တာ

ကောင်းလိုက်တဲ့ အိပ်ချင်း ဒီအိပ်ချင်းကိုဖျက်ဆီးတာကတော့  ခြင်ထောင်ကို ခေါင်းရင်းဘက်ကနေ တချွတ်ချွတ်နဲ့ တိုးတဲ့အသံ

ကျမအိပ်နေရာကနေနိုးသွားပြီးခေါင်းတစ်ခုလုံးကြီးသွားတယ် စိတ်ထဲမှာခံစားလိုက်မိတာက

ကျမခြင်ထောင်ထဲကို ပြူတင်းပေါက်ကနေ မြွေတိုးဝင်နေပြီးလို့

ကျမအိပ်နေရာကနေဖျက်ကနဲထ လက်ကလည်း ပြူတင်းပေါက်မှာရှိတဲ့ သစ်သားတိုင်းကလေးတွေဆီကို လှမ်းပြီးစမ်းလိုက်တယ်

ကျမကိုင်လိုက်မိတာကတော့ ပြူတင်းပေါက်တိုင်တွေကိုခိုထားတဲ့သန်မာတဲ့လက်ဖျံတစ်ချောင်းပါပဲ

ကျမသိလိုက်ပြီ ဒါမြွေမဟုတ်ဘူး လူရဲ့လက်

လူတောင်မှ ဒီလိုညအချိန်မတော်ကြီးဆိုတော့ လူကောင်းမဟုတ်ဘူး သူခိုး

ဒီတဒင်က အချိန်လေးမှာ ဦးနှောက်ကသူခိုးလို့ ဆုံးဖြတ်လိုက်တယ်ဆိုရင်ပဲ

ရင်ခုန်တာရော ရင်တုံတာရော အစုံခံစားပြီးကြောက်တာရော

ပေါင်းပြီး ကျမဆီကနေ သူခိုးဆိုတဲ့အော်လိုက်တဲ့ အသံက အပြင်ကို ထွက်မလာပဲနဲ့ လည်ချောင်းထဲမှာတင်ပျောက်သွားပါတယ်

သူခိုးကတော့ ဖုတ်ဆို ခုန်ချပြီးအုတ်တံတိုင်းကိုကျော်ပြီးထွက်ပြေးသွားလေရဲ့

ဒီအချိန်မှာ မေမေနိုးလာပြီး ဘာဖြစ်တာလဲလို့ လှမ်းမေးတော့မှာ ကျမသူခိုးလက်ကြီးကို ကိုင်မိတဲ့အကြောင်းငိုပြီးပြောတော့တာပေါ့

ပြီးတော့မှ သူခိုး သူခိုးလို့ ဆက်တိုက်အော်တာပေါ့

ဆရာလေးတွေနိုးလာပြီး ကျောင်းလေးပေါ်တက်လာကျတယ်

ဘာတွေပါသွားလည်းလို့မေးမှ  ပစ်စည်းတွေပြန်စစ်လိုက်တော့ ကျမနာရီလေးပဲပါသွားတယ်

အော်..သူတော်ကောင်းတွေနေတဲ့ နေရာမှာတောင် သူခိုးကလာပြီးခိုးသေးပါလားလို့

ဒီနေ့အထိ မေ့မအောင် ကြောက်လန့်ရင်တုံခဲ့ရတဲ့ လက်တစ်ချောင်း အကြောင်းကို စဉ်းစားမိရင်…….

 

 

 

 

44 comments

  • ဗိုက်ကလေး

    May 22, 2012 at 2:54 pm

    တော်တေးတယ်.
    လက်တစ်ချောင်းဆိုပြီး သုံးထားလို ့
    လက်ညှိုးတစ်ချောင်းဆို လက်ညှိုးထောင်ပြီး ဓာတ်ပုံရိုက်ခံတဲ့ ဟိုလူကြီးလွယ်ဘူး 😆

    တော်တေးတယ် အန်တီနိုရေ
    နာရီတစ်လုံးပဲ ပါတွားလို ့.ပြီးတော့..အချိန်မိလေး သိလိုက်လို ့..
    အဲဒီလက်နေရာမှာ မြွေဆိုရင်တော့ တွားဘီ.တွားဘီ..

    • Novy

      May 22, 2012 at 3:17 pm

      တူတော်မောင်ဗိုက်ကလေးရေ.
      ဆရာလေးတွေပြောချက်အရတော့ အိပ်နေတဲ့ လူရဲ့ လည်ပင်းက ဆွဲကြိုးကိုတောင်
      ဖြုတ်သွားတဲ့ အဖြစ်မျိုးတွေရှိခဲ့ပါတယ်တဲ့

      သူတော်ကောင်းတွေနေရာမှာ ဆိုးလိုက်တဲ့ သူခိုး

  • Ch@vez

    May 22, 2012 at 3:02 pm

    မြွေဆိုလို့.. ဟီဟိ…

    အဲ့သည်လို လှည်းလမ်းမ တို့ သဲချောင်းတွေတို့မှာ ..
    အဲ့သည့်ကောင်တွေ ခွေပြီး နေတတ်တယ်ဆိုပဲ…….
    ခေါင်းလေးတောင် မပြူဘူး ..ဒါပေမယ့် သူတို့က သားကောင် အနားလာတာကို
    သိနေတယ်တဲ့… sensor ပါတဲ့မြွေ ဆိုပါတော့ဗျာ …
    ဘာကို sensor လုပ်သလဲဆိုတော့ အပူကိုပါတဲ့ ခညား …

    အဲ့သည့်ဆင်ဆာလေး (အချိုင့်လေး)က နှာယောက်နဲ့ မျက်စိကြားမှာ ရှိတာပါတဲ့…
    လူမှာ ဆိုရင်တော့ ပါးချိုင့်လေးပေါ့ ….(အဲ့ဒါကြောင့် ပါးချိုင့်နဲ့လူတွေ အဆိပ်ပြင်းတာနေမှာ)
    အနှီ loreal pit လေးပါတဲ့ မြွေ ကို pit vipers လို့ ခေါ်ပါတယ်ခည….

    ဟုတ်ကဲ့ မြွေပွေးပါ…။

    😀

    စာကို အားပေးရင်း ကြောက်ပါတယ်ဆိုမှ ကြပ်သွားပါသည်…

    • Novy

      May 22, 2012 at 3:20 pm

      ဒေါ်လေးနိုမှာလဲ မြွေကို ကြောက်ရတယ်တော်ရေ့

      နောက်ကြုံမှ
      (နိုဗွီရယ်မြွေရယ်စစ်ကိုင်းရယ်) ဆိုတာလေးရေးအုံးမယ်

    • Ma Ei

      May 22, 2012 at 3:53 pm

      မောင်ဂီရေ…
      (အချိုင့်လေး) ဆိုလို့ ကိုးဂဏန်းလေးရဲ့မေးကွဲလေးကို
      ဟတ်ထိနေတဲ့ရောဂါ ပျောက်သွားပြီလား…

  • kai

    May 22, 2012 at 3:23 pm

    မွန်တိုင်းရင်းသားတွေမှာလေ.. အပျိုရှိတဲ့အိမ်တွေမှာ…ကြမ်းပြင်မှာ.. အပျိုပေါက်ဆိုတာရှိတယ်တဲ့..
    အဲဒါလူပျိုလှည့်လာသူတွေက.. ညဆို..အပေါက်ထဲလက်လာနှိုက်ရတယ်တဲ့..

    အပျိုကကိုင်ကြည့်ပြီး.. လူပျိုကို အိမ်ထောင်ဖက်အဖြစ်ရွေးသင့်မသင့် ဆုံးဖြတ်တယ်ကြားဖူးတာပဲ..
    လက်က..ကြမ်းနေရင်..အလုပ်လုပ်တဲ့သူဆိုပြီး ရွေးတတ်တယ်ဆိုတာပဲ..
    (ဒီခေတ် ကွန်ပျူတာသမားတွေတော့ ရွေးခံရမယ်မထင်..)

    “လက်”ဆိုလို့..” ကြုံ”လို့ပါ.. :mrgreen:

    • Novy

      May 22, 2012 at 3:31 pm

      သူကြီးေ၇

      မနိုကိုင်မိတဲ့ လက်ကတော့ကြမ်းမကြမ်းတော့မသိဘူး
      အတော်တော့ ကြီးသား 😉

      • Gipsy

        May 22, 2012 at 5:07 pm

        တိန်… ကြီးဆို…နှိုက်နေကျမို့ သန်မာကြီးထွားတာနေမှာ….။

    • ဗိုက်ကလေး

      May 22, 2012 at 3:34 pm

      လက်ကြောတင်းသလား မတင်းသလားကို ဤနည်းဖြင့် စမ်းသပ်၍ ရနိုင်သည်လို ့ ဆိုလိုတယ်ပေါ့နော်

      • Ch@vez

        May 22, 2012 at 3:39 pm

        ကွန်ပူတာ ဂလပ်ဖစ် သမားဆို ပိုနုမယ်ထင့်…
        😛

        • ဗိုက်ကလေး

          May 22, 2012 at 3:48 pm

          နောက်ခါ စမ်းကြည့်လို ့ နုထွတ်နေရင် ကွန်ပူတာ ဂလပ်ဖစ်တမားပဲလို ့မှတ်ပေရော့
          😀

    • nozomi

      May 22, 2012 at 3:38 pm

      အဲဒါကြောင့် ဂီဂီ ပြောတာဖြစ်မယ်
      သူငယ်ငယ်က ကောင်မလေးအိမ်သွား အပေါက်ကနိုက်လိုက်တော့
      ကောင်မလေးက
      ဟာ ရှင့် (လက်)ထိပ်က ဖုတောင် နေတယ် ဆိုပြီး မကြိုက်တော့ဘူး လို့ အပြောခံခဲ့ရဘူးတယ်တဲ့

      ကောင်မလေးက လက်ညိုးကို သွားစမ်းမိတာ ၊ ကင်မရာအနှိပ်များလွန်းလို့ လက်ညိုးထိပ်မှာ ဘု တောင် ထနေဆိုပဲ

      ပို့စ် ခေါင်းစဉ် ဖတ်ရတာနဲ့တင် ၊ ဖတ်ကြည့်ချင်စိတ်တွေ သိချင်စိတ်တွေ ဖြစ်သွားပါကြောင်း

      • Novy

        May 22, 2012 at 4:40 pm

        ကိုနိုဇိုမိတစ်ယောက်
        ဘယ်လိုလက်လဲလို့စိတ်ဝင်စားသွားတယ်ဟုတ်

    • flamingo

      May 23, 2012 at 8:38 pm

      သုကြီးကိုခိုင်…..အပျိုပေါက်ဆိုတာရှိပါတယ်..
      ဒါပေမယ့်အပျိုကကိုင်ကြည့်တာမဟုတ်ဘူူးဗျ..
      ယောကျင်္ားကကိုင်ကြည့်တာဗျ…

  • windtalker

    May 22, 2012 at 3:30 pm

    အော်….မနိုရယ် ။ ဖြစ်မှဖြစ်ခဲ့ရလေတယ်
    မောင်ပေ နဲ့ မြွေကြောက်ပုံခြင်း တူနေတယ်
    လမ်းကြုံမှ အမေရိကန်ကြောင် တစ်ကောင် လက်ဆောင်ပေးမယ်။

    • Novy

      May 22, 2012 at 3:34 pm

      ကပေ
      အမေရိကန်ကြောင် နဲ့ မြန်မာကြောင် ဘာကွာလဲဟင်
      သူကမြွေမကြောက်ဘူးလား

      • etone

        May 22, 2012 at 4:55 pm

        အမေရိကန်က ကြောင်က .. ဘူးကြောင်ကြောင် … ၊ မြန်မာကြောင်က အဆီပိတ်သယောင်ယောင် … အဲ့လိုကွာတာ … (တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါချင့် .. ဟိဟိ ) စတာပါ .. ဟိဟိ … ။ နှုတ်ခမ်းမွှေးဆွဲပီး … လစ်ပြီ ဒက်ဂလောက် .. ဒက်ဂလောက် … ။

  • Mon Kit

    May 22, 2012 at 3:31 pm

    မနိုဗွီ ရင်တုန်သလို မွန်ကစ်လဲ ဖတ်ပီး ရင်တုန်သွားရပါတယ်..
    လက်ကြီးကို စမ်းမိတော့ ပိုကြောက်တာပေါ့နော်…
    သရဲထက် လူစင်စစ်ကို ပိုကြောက်လို့ပါ.. သူတို့က ရန်မူနိုင်တယ်လေ…
    မနိုဗွီကို ကိုယ်ချင်းစာနာမိပါတယ်…

    • Novy

      May 22, 2012 at 4:38 pm

      မနိုရဲ့ဘဝမှာ သူခိုးလက်ကို တစ်ခါမှ မကိုင်ဘူလေတော့
      အတော့ကို ရင်တုံ ကြောက်မိပါတယ်
      ဝိုးနဲ့ မွန်ကစ်ရေ.

  • Wow

    May 22, 2012 at 3:42 pm

    မြွေလို့ထင်တာတောင် သွားစမ်းရဲသေးတယ် မနိုရယ်…
    ကိုယ်ချင်းစာပါတယ် …
    တော်တော်တော့ကြောက်သွားမှာပဲ

  • Ma Ei

    May 22, 2012 at 3:49 pm

    နိုဗွီရယ်…
    အသံကြားတာနဲ့ လှမ်းစမ်းရသလားကွယ်…
    လူလက်ဖြစ်နေတာ တော်သေးတာပေါ့…
    မြွေဆို ရန်ပြုနေမှ အခက်…
    (ကျမရယ် မြွေရယ် စစ်ကိုင်းရယ် )
    ဇာတ်လမ်းလေး စိတ်ဝင်စားမိပြီ…

    • Novy

      May 22, 2012 at 4:42 pm

      ဟီးဟီး.. ကြောက်တာကို အတည်ပြုဖို့ အတွက်
      လှမ်းစမ်းမိသွားတယ် အိရယ်

  • amatmin

    May 22, 2012 at 3:51 pm

    အမ နိုဗီရေ..
    ကျနော့ အဒေါ်တဦးတုန်းကတော့ အိမ်ထဲဝင်တဲ့ သူခိုးကို..
    ပက်ပင်းတွေ့တဲ့ အချိန်မှာ .ကတ်ကြေးနဲ့ ပစ်ပေါက်လိုက်တာ..
    သကောင့်သား ကတ်ကြေးမှန်ပီး ပြေးပါလေရော.
    သူလည်းနောက်နေ့ညတွေ မှာ.သူခိုးက ရန်ပြန်ရှာလာမှာ စိုးလို့
    ၂ ပတ်လောက် အထိ.လန့်နေခဲ့ရပါကြောင်း 🙂

  • etone

    May 22, 2012 at 4:10 pm

    မနိုရေ .. ရေးပြသွားတာ စိတ်လှုပ်ရှားစရာကောင်းလိုက်တာ … ။တော်သေးတယ် အစ်မရေ .. လက်ပတ်နာရီပဲ ပါပေလို့ပဲ … ။ ရေးပြထားတာ .. တကယ့်ကို အေးချမ်းမှုကိုလည်း ခံစားမိပါတယ် …။ လေလာရာ တံခါးလေးဖွင့်အိပ်တယ်ဆိုတော့ … ။

    အစ်မရေ .. ညီမလည်း ကျောင်းတတ်တုန်းက အဆောင်နေခဲ့ရလို့ … အဲ့လို ခိုးခံရဖူးတယ် …တံခါးဖွင့်အိပ်မိတာပဲ .. ပိုက်ဆံက … ထောင်ဂဏန်းလောက်ပဲ စားပွဲပေါ် ပစ်တင်ထားပြီး ပိုက်ဆံအိတ်ကခေါင်းအုံးအောက် အမြဲထားအိပ်ခဲ့လို့ တော်သေးတယ် … နောက်ရက်ကျတော့ ..သူခိုးစောင့်ဖမ်းတယ် … တကယ်သူခိုးက လာခဲ့ပါတယ် …. ။ ဒါပေမယ့် မမိခဲ့ပါဘူး … ။ သူခိုးလို့ အော်ရမယ့် အချိန် မနိုလိုပဲ လည်ပင်းထဲက အသံထွက်မလာလို့ပါ … ။ ဒါ့ပြင် လက်ကတော့ မြန်မြန်နဲ့ ကောက်ပေါက်လိုက်တာ .. ရေသန့် ဗူးဖြစ်နေတယ် .. အသံမထွက်ပဲ လှုပ်ရှားမှု မြင်တော့ သူခိုးက လစ်သွားတာပေါ့… နောက်တော့ ထပ်မခိုးတော့ဘူး … ။ 😀

  • MaMa

    May 22, 2012 at 4:19 pm

    တခါတုန်းက သူငယ်ချင်းတစ်ယောက်က သူ့အိမ်ကို သူခိုးဝင်တော့..
    အိပ်နေရင်းက နိုးလာပြီး ကြောက်တာနဲ့ မလှုပ်ရဲပဲ ငြိမ်နေတယ်တဲ့။
    သူခိုးက အထုပ်ကြီးထမ်းပြီး ထွက်သွားတော့မှ သူခိုးလို့ အော်တယ်ဆိုပဲ။
    သူခိုးပြေးမှ ထိုးကွင်းထ ဆိုတာ နင့်ကို ပြောတာဖြစ်မယ်ဆိုပြီး သူငယ်ချင်း အချင်းချင်း အမြဲ စ နောက် ဖြစ်ကြတယ်။

  • ကျနော်အခုနေတဲ့တိုက်ခန်းပြောင်းလာခါစ
    သူခိုးကပ်တာ။

    သူခုးိက သံဇကားနားကနေအထဲကြည့်နေတာ။
    မဒမ်ပေါ်က် က နိုးနေတော့ သံဇကပ်နားရပ်လိုက်တာ သူခိုးလန့်ပြီးထွက်ပြေးရော။
    ကျနော်က မနိုးဘူး။

  • နွယ်ပင်

    May 22, 2012 at 5:04 pm

    မနိုရေ ရင်တုန်ခဲ့ရသော လက်တစ်ချောင်းဆိုတော့
    တစ်အားစိတ်ဝင်စားသွားမိတယ် တော်သေးတာပေါ့
    သူခိုးဖြစ်နေလို့ မြွေဆိုဒုက္ခပဲနော် …

  • မြွေသာအမှန်ဖြစ်ခဲ့ရင် ငါတို့ ဒီပိုစ်လေးဘယ်ဖတ်ခွင့်ကြုံတော့မလဲကွယ်……………………………..

  • kotun winlatt

    May 22, 2012 at 5:40 pm

    လက်တစ်ချောင်းကြောင့် ရင်တုံခဲ့ရသော
    အံတီနိုဗီ…
    ရင်တုန်ကင်းဝေစေရန်..ဂိုးးးရုတ်..ကော်ဖီမစ်ကိုသောက်ပါ..
    အဟဲ..အလကားးးးးစတာ…ပါ…

  • ရွာစားကျော်

    May 22, 2012 at 6:12 pm

    မနိုရေ
    ခေါင်းစဉ်ဖတ်ပြီး မထိတ်သာ မလန့်သာဖြစ်သွားတယ်
    ပို့စ်ဆုံးမှပဲ ဟင်းချနိုင်တော့တယ်.. 😆

  • htet way

    May 22, 2012 at 6:44 pm

    ဆရာမရယ် လက်ဆိုလို့…………..
    သူခိုးဆိုးညွန်း မီးတင်ထွန်းရဲ့ ဝန်းကြသောအခါ..
    အော် သူခိုးမို့လေမြွေသာ ဆို ….ကျွန်တော်လည်းကြောက်တယ်။

  • တညင်သား

    May 22, 2012 at 9:34 pm

    ကျေးဇူးတင် လိုက်တာမနို ရယ် လက်တစ်ချောင်းလုံး ကိုင်မိတာတောင် မမှတ်မိဘူးလား မပြောလိုက်ချင်ဘူး…..:(
    လူကြီးတွေသိမှာစိုးလို့ နာရီပဲယူသွားတာ ပြန်ပေးမှာပေါ့ ……:) 🙂

  • ညလေး

    May 22, 2012 at 10:22 pm

    မမနိုရယ်……..ကြောက်တဲ့ကြားကတောင်….ဘာလဲလို.စမ်းချိန်ရလိုက်သေးတယ်နော်…..
    ဟွန်း..သူခိုး…..မရိုး…လစ်ရင်ထိုး………..

  • kyeemite

    May 23, 2012 at 8:14 am

    ဒေါ်နိုဗီ..မြွေကြောက်တယ်လဲပြောသေး..
    လက်နဲ့လဲသွားစမ်းတယ်ဆိုတော့..
    အင်း..တကယ်သာမြွေဖြစ်နေရင်
    သေဘီဆြာ..

  • ကြောင်ကြီး

    May 23, 2012 at 8:42 am

    အဲဒီဂထဲဂ အသားချင်းထိမိဒဲ့ ခံဇားမှုလေးဂို တနေ့မှ မေ့မယနိုင်ဂဲဘာ နိုဗွီဂလေးယယ်..။
    မှတ်ချက်။ နာရီခိုးသွားဂျင်း မဟုတ်ပဲ လက်ချင်းထိမိသည့်အချိန် အတိအကျသိရန် အချိန်အမှတ်အသား အနေဖြင့်ယူသွားဂျင်းဖြစ်သည်။ ဘဝအမှတ်တယ ထိုနာရီအား လူဇိုးသူခိုးလက်မှ ကင်းဝေးဇေရန် တရုတ်တန်းရှိ ပိုမိုလုံခြုံသော ကြေးမုံဂျီးအမိန့်ရ အပေါင်ဆိုင်သို့ အပ်နှံထားရှိဂဲ့ဘာဂျောင်း ခြစ်သောနိုဗွီဂလေး သိဈေအပ်ပါသီ။
    တချိန်ဂ
    အထိအတွေ့
    ရင်မှာပွေ့
    ယနေ့တိုင်မရွေ့
    ဒင်းဂဒေါ့
    တပါးရင်ခွင်ထဲမှာခွေ့
    နိုဗွီဂလေးယေ
    နင့်ဂိုငါမမေ့..။

    • Novy

      May 23, 2012 at 9:40 am

      တညင်သား@
      ကျေးဇူးတင် လိုက်တာမနို ရယ် လက်တစ်ချောင်းလုံး ကိုင်မိတာတောင် မမှတ်မိဘူးလား မပြောလိုက်ချင်ဘူး…..:(
      လူကြီးတွေသိမှာစိုးလို့ နာရီပဲယူသွားတာ ပြန်ပေးမှာပေါ့ ……:)

      ကြောင်ကြီး@
      နာရီခိုးသွားဂျင်း မဟုတ်ပဲ လက်ချင်းထိမိသည့်အချိန် အတိအကျသိရန် အချိန်အမှတ်အသား အနေဖြင့်ယူသွားဂျင်းဖြစ်သည်။

      တညင်သားရူးတူးတူး နဲ့ အမေရိကန်ကြောင်ဘူးတူးတူး ရေ
      မနိုရဲ့ နာရီတစ်လုံးပါသွားတာအကြောင်းမဟုတ်ပေမဲ့
      ဟိုဘက်ကျောင်းမှာတည်းတဲ့ အမကြီးစီက ယူသွားတဲ့ သူ့ရဲ့ အတွင်းပစ်စည်းတွေပြန်ပေးပါတဲ့ 🙂

  • Shwe Tike Soe

    May 23, 2012 at 11:13 am

    အော် အခုမှပဲ ရှင်းသွားတော့တယ် ခေါင်းစဉ်ကြည့်တော့ ရင်တုံခဲ့ရတဲ့ လက်တစ်ချောင်းဆိုတော့…
    မနိုဗွီတော့ ဒုက္ခရောက်ပြီ ဆိုပြီး ဟိဟိဟိဟ…. အပျိုကြီးကိုများ ဘယ်သူ ဘာလုပ်လဲပေါ့..ဟဟဟ
    အခုတော့ သခိုးလက်ကို ဆုပ်ကိုင်းပြီး သခိုးအော်တာ အသံမထွက်တဲ့အကြောင်းကိုးးးးးးး ရှင်းသွားပြီရှင်းသွားပြီ…

  • Rose Minn

    May 23, 2012 at 2:22 pm

    မနိုရေ rose ဖြင့် ယူတဲ့ လက်ကို အတင်းဆွဲပြီး ဒေါသနဲ့ ထုချလိုက်ချင်တယ်။ ယူချင်အုံး ဟဲ့ ငါ့နာရီလို့ ။

  • pooch

    May 23, 2012 at 3:00 pm

    လက်တစ်ချောင်းဆိုလို့ပါ မနိုရယ်။ တနှစ် အခါတွင်း စစ်ကိုင်းမှာရိပ်သာဝင်ဖြစ်တော့ တောင်ပေါ်က သာသာယာယာ ရှိတဲ့ တည်လက်စ စေတီတဆူရဲ့ အတွင်းထဲမှာ ဘုရား ဦးခေါင်းတော်ကို ဖြတ်ပြီး ခိုးသွားတဲ့ သူတွေထဲက တယောက်ရဲ့ လက်ညှိုးတချောင်း ပြတ်ကျန်နေခဲ့တယ် ပြောပါတယ်။

    ဘယ်လို ကြောင့်များ ဒီလို အမှုတွေ ကျူးလွန်နိုင်တယ် မသိပါဘူး မနိုရယ်။

  • အလင်းဆက်

    May 23, 2012 at 3:22 pm

    တစ်ခါတုန်းကလည်း..ရဟန်းတစ်ပါး.နေတဲ ့တောထဲက ကျောင်း.အိုလေးထဲ.သူခိုး ဝင်ခိုးခဲ့တယ်.တဲ့။
    သူခိုးက ကျောင်းအိုလေးထဲက..ရှိသမျှ ပစ္စည်းတွေ.စု ပြီး.ယူပြေးသွားတာကို ရဟန်းက..တွေ့လိုက်ရတော့..
    ပြေးထွက်သွားတဲ ့ သူခိုးကို ငေးကြည့်နေခဲ့တယ် ။

    ပြီးတော့…ကောင်းကင်ကိုမော့ကြည့်ပြီး စကားတစ်ခွန်း တိုးတိုးလေး..ဆိုတယ်။
    အော်..ငါ့အတွက်…လမင်းကြီး ကျန်ရှိနေပါသေးလား…တဲ ့။

    ရင်ထဲမှာ စွဲနေတဲ ့ ပုံဝတ္ထုလေးပါ ။ ကြုံ.လို ့.ဝင်ရေးသွားတယ်နော် ။

  • Novy

    May 23, 2012 at 3:36 pm

    အားပေးဖတ်ရှု့ သွားတဲ့ ရွာသူား အပေါင်းကို ကျေးဇူးတင်ပါတယ်
    မနို အခုတော့ သူခိုးမကြောက်တော့ပါဘူး ( ထက်မကြုံသေးသမျှ) 😉
    အိပ်ယာနားမှတော့ ဘေ့စ်ဘော်ရိုက်တဲ့ဒုတ် ၊ 2ပေလောက်ရှိတဲ့ ဝါးဆစ်ပိတ်တစ်ချောင်း
    သူခိုးဝင်လာရင် ရိုက်ဖို့အတွက် ဆောင်ထားပါတယ်
    သူခိုးက ကိုယ့်ကို အရင်ရိုက်သွားရင်တော့ မနိုကံပေါ့ ;-(

  • Khin Latt

    May 23, 2012 at 8:54 pm

    မနိုရေ
    ကြားရတာ လန့်စရာပါလား။
    အသိစောလိုက်ပေလို့ပေါ့။
    သူ့လက်ကြီး က မျက်နှာ ကို များ လာစမ်းလိုက်ရင် မျက်နှာသစ်လို့ ဆုံးတော့မယ် မထင်ဘူး။ 😀
    မြွေ ဇာတ်လမ်း ကို စိတ်ဝင်စားလှတယ်ဗျို့။

  • padonmar

    May 23, 2012 at 10:18 pm

    ဂျူနိုလေးကလည်း မနိုလို သတ္တိခဲ ဖြစ်မယ့်ပုံပဲ။
    မြွေဇာတ်လမ်းလေးဆက်ပါအုံး။

Leave a Reply