ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (2) … ရွှေအင်းတိန် အသွား..

 

ဒီနေ့တော့ အင်းလေးထဲ အလည်သွားကြမှာဖြစ်ပါတယ်…

လည်ဘို့စက်လှေနဲ့ လှေဆိပ်ကို ကားကြိုပို့အတွက် Remember Inn နဲ့ဘဲစီစဉ်ထားပြီး

အဝေးဆုံးနေရာဖြစ်တဲ့ ရွှေအင်းတိန်ဘုရား ကို ပထမဦးဆုံးသွားကြမှာ ဖြစ်ပါတယ်…

1. စက်လှေဆိပ်…

 

2. စက်လှေစထွက်ချိန်…

စက်လှေစထွက်ချိန်ကမ်းပေါ်ကိုပြန်အကြည့်…

ညောင်ရွှေလှေဆိပ်ရေလမ်းကြောင်းကနေ လှေစီးလာရင်းနဲ့ ရေလမ်းကြောင်းတစ်လျှောက် ၀ဲယာမှာ

အိမ်တွေများလာတာရယ်…ရေနဲနေတာတွေ သတိထားမိပါတယ်…သောင်တူးသင်္ဘောနှစ်စီးနဲ့တူးနေတာတွေ့ရပါတယ်…

အရင် ပတ္တမြား နဂါး ကုမ္မဏီက ကျွန်းသေတွေ လုပ်ပြီးစိုက်ပျိုးထားတဲ့ အောင်မြင်တဲ့စိုက်ခင်းတွေနေရာမှာလဲ

အပင်ကျဲကျဲသာ တွေ့ရပါတော့တယ်…

ကျွန်းတွေကြားမလဲ ပေါင်းပင်တွေနဲ့ ကောနေတာသာတွေ့ရပါတယ်…

            3. သောင်တူးသင်္ဘော…

  

4. အရင်က ပတ္တမြား နဂါး ကုမ္မဏီရဲ့ အောင်မြင်တဲ့စိုက်ခင်းတွေနေရာ…

  5. သူများလှေက ကျော်တက်သွားတယ်…

  6. ရွှေအင်းတိန် ကိုအသွား ရေလမ်းခွဲ…

    7. အောင်မင်္ဂလာ ဘုရားများ…

8. စားသောက်ဆိုင်…

 

9. ပန်းတိမ်ဆိုင်…

ရွှေအင်းတိန် ကိုအသွား ရေလမ်းကြောင်းမှာ ထူးခြားတာတာကတော့ ရေကြောင်းကို လှေတစ်စီးဝင်စာသာသာချန်ကာ

တမံတုပ်ထားတဲ့ နေရာတွေ အဆင့်ဆင့်တွေ့ရတာပါဘဲ…ရေတားနေရာတွေမှာ 1 ပေနီးပါး၊အချို့နေရာမှာ 2 ပေ လောက်

မြင့်နေတာကို စက်ရှိန်မြှင့်ပြီး ခုန်တက်သလို မောင်းရပါတယ်…အဲ့လိုနေရာတွေဖြတ်တဲ့အချိန် သမီးတို့ပျော်လို့အော်ကြတယ်…

ဖေဖော်ဝါရီလ လောက်ကစပြီး ရေတားကြရတယ်လို့လှေသမားကပြောပါတယ်…

10. ရေတားတမံ…

 

11. လှေဆိပ်က ပိတောက်ပွင့်ကြွေ…

စက်လှေက ရွှေအင်းတိန်ရွာလှေဆိပ်မှာကပ်ပေးပါတယ်…လှေဆိပ်ဆိုင်တန်းကိုဖြတ်ပြီး ရွာထဲနဲနဲလျှောက်လိုက်ရင်

ဈေးတစ်ခု ရှိပါတယ်…ကျမတို့အဖွဲ့ ဈေးထိပ်ကဆိုင်မှာ ထမင်းကြော်၊ကော်ဖီ စသည်ဖြင့်စားပြီးခဏနားကြပါတယ်…

ဈေးတန်းဆုံးအောင်လျှောက် ချောင်းကူးတံတားလေးကျော်လိုက်ရင် ရွှေအင်းတိန်ဘုရား ဆိုင်းဘုတ်ကို တွေ့မြင်ရပါပြီ…

12. ရွှေအင်းတိန်ဘုရား…

 

ရှည်လျှားလှတဲ့ စောင်းတန်းအတိုင်း 30 မိနစ်လောက်ထပ် လျှောက်ရင်ဖြင့်… သမိုင်းဝင် ရွှေအင်းတိန်ဘုရား ကိုရောက်ပါပြီ…

 

 

ခင်တဲ့

မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..