“ဟယ်လို” တဲ့

manawphyulayMay 22, 20121min25123

ဪ…
ကမ္ဘာ့ရွာတဲ့။
လူအများပြောတဲ့စကား
နားမှာ ပဲ့တင်ထပ်
အထပ်ထပ်ကြားယောင်
လိုင်းကားပေါ်တက်
ကားခအပေး
စပယ့်ယာအသံ
“ဟယ်လို”တဲ့…..။
၂ သိန်းတန်ဖုန်း
ကျယ်ပြန့်နေပြန်
လမ်းဘေးဈေးသည်
ဈေးဝယ်ကို သူ စိတ်မဝင်စား
သူ ပြောနေတာ
“ဟယ်လို” တဲ့……။
လမ်းလျှောက်ရင်း ဝင်တိုက်
တောင်းပန်တဲ့အပြော
ကြားရလေမလား
ဂရုစိုက် နားထောင်
“ဟယ်လို” ကြားရလားတဲ့။
ရွာတော့ ရွာပဲ
တဖြည်းဖြည်းနဲ့
ယဉ်ကျေးမှုမဲ့ရွာများ
ဖြစ်သွားမှာ စိုးရိမ်မိတယ်
“ဟယ်လို” တို့ရယ်……။

23 comments

  • Ch@vez

    May 22, 2012 at 12:39 pm

    အင်း ..သတိထားမိတာလေး ပြောပါ မယ်…
    silence mode ကို manner mode လို့ လည်း ခေါ်သဗျ…
    လူကြားသူကြားထဲမှာ ဖုန်းခေါ်သံ ထမြည်ရင်
    ဝိုင်းကြည့်ပြီး ရိုင်းလိုက်တာ ..ပါ့ဘလစ် ပိုင်နေရာမှာ
    အသံဖြင့် နှောက်ယှက်သမှုပြုတယ် ဆိုပြီး ကောခံထိဖို့တောင်ရှိသေးရဲ့..
    ဒါ့ကြောင့် ဖုန်းလာတာ မက်စိ ဝင်တာ ကို ကိုယ်တယောက်တည်းသာ သိအောင်
    မန်နာ မုဒ် ထားကြတာ…ဖုန်းထုတ်ပြောဖို့ ဆိုတာ ဝေလာဝေး
    ဘတ်စ် ကားတွေ ရထားတွေစီးတုန်း ပြောပါတယ်…

    လိုက်လုပ်ချင်ကြဝူးလားဟင်င်င်င်

  • ထုံးဘဲဥ

    May 22, 2012 at 12:41 pm

    လူဂျီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ တာဝါတိုင်များမထောင်ရသေးပါသဖြင့် ခေါ်ဆိုရျ် မရနိုင်ပါရှင်

  • mocho

    May 22, 2012 at 12:54 pm

    ဟန်းဖုန်းဆိုတာ အရင်တုန်းက လူ ကုံထံတွေရဲ့ အဆောင် အယောင် တခုဖြစ်နေခဲ့ပြီး အများတွက်က အခုမှ စသုံးဖူးတာဆိုတော့ နှိုင်းရရင် မျောက် အုံးသီးရ သလို ဖြစ်နေမှာပေါ့။ နောက်တော့လည်း အသားကျသွားမှာပါ။

  • ဗိုက်ကလေး

    May 22, 2012 at 1:28 pm

    အဲဒီ ဟယ်လိုတွေ ကြားထဲမှာ ကျုပ်တော မဟယ်လိုနိုင်သေးဘူးဂျာ
    ဒေါ်ပိုရီး
    တားကို ဟန်းဒဖုန်း တစ်လုံးလောက် ချီးစမ်းဘာ
    ဟလို ဟလို ကြားလား လူလားဆိုပြီး ပေါချင်လို ့ဘာ

  • may flowers

    May 22, 2012 at 1:53 pm

    အင်း ပြောပါတယ် ။ မြန်မာပြည်မှာသထိန်းတွေများပါတယ်လို့။ စပယ်ယာတွေ

    ဈေးသည်တွေတောင် နှစ်သိန်းတန်းတန် ဖုန်းလေးတွေနဲ့။ ကိုယ်တွေများတော့..ဟင့်

    ဘယ်တော့များမှ ဟယ်လို နိုင်ပါ့မလဲနော်။

    • etone

      May 22, 2012 at 2:10 pm

      အွန် .. ဘာမှလည်းမပေါ်ဘူး … 🙁

  • Ma Ei

    May 22, 2012 at 2:29 pm

    ဟယ်လို…ပြော…
    ဆိုပြီး ကားပေါ်မှာ ပြောချင်ရာ ပြောကြတော့တာဘဲ…
    ဘုရှိုး လှည့်ကြည့်တာကိုတောင် ရီပြလိုက်သေးတယ်…
    ပြောင်ချက်တွေများ…

  • Thit Phyu

    May 22, 2012 at 3:10 pm

    ဟယ်လို..hello..ဟယ်လို..ကြားလား……ကြားလား….နဲနဲရွေ့လိုက်…အေး..အေး ..နဲနဲကြားရတယ်..ဘယ်သူလဲ…အော်….တီ…တီ…ကျသွားပြန်ပြီ

  • kyeemite

    May 22, 2012 at 3:43 pm

    ဟဲလို..ဟုတ်ကဲ့ အားပါတယ်…
    လာပီနော်…(တက်စီဆရာ)…ဆိုတော့ကာ..
    တိုးတက်လာတာပေါ့ဗျာ…ကိုင်ကြဇမ်းဘာဇေ..

  • ster

    May 22, 2012 at 3:47 pm

    နောက်တော.လဲ ရိုးသွားမှာပါဗျာ။ essential ပစ္စည်းအနေနဲ. နောက်တော. သုံးတတ်သွားကြမှာပါ။

  • ahnyartamar

    May 23, 2012 at 11:10 am

    >blockquote>”ဟယ်လို”
    ကွန့်မင့်ရေးနေရင်း တယ်လီဖုန်းကလာပြန်ပြီ…ဟယ်လို…ဟယ်လို…ဟယ်လို…..ဟာ လိုင်းကကျသွားပြန်ပြီ။

  • jujuma

    May 23, 2012 at 12:22 pm

    ဟယ်လို … ဟယ်လို …
    ဖြည်းဖြည်းပြောလဲ ကြားနိုင်ပါတယ် ရွာသူားတွေရယ် ..
    လူကြားထဲ ဟယ်လို ကြီးက ကျယ်ပါ့တော် .. 😀

  • manawphyulay

    May 24, 2012 at 11:50 am

    သူတို့ပြောတော့ မနောလည်း ပြောချင်တာပေါ့လို့… ဒါကြောင့် ဂျေဝင်တာ အဟိ 😛

  • E.T

    May 24, 2012 at 12:32 pm

    ဖုန်းပြောခလေးတွေ နည်းနည်းထပ်လျှော့ပေးမယ်ဆို မဆိုးဘူး

  • krystal lin

    May 29, 2012 at 12:19 pm

    ဟယ်လို…. အယ်…
    ဖုန်းလိုင်းပိတ်သွားပြီ….

  • manawphyulay

    July 4, 2012 at 3:46 pm

    လူကြီးမင်း ခေါ်ဆိုသော ဖုန်းပိုင်ရှင်သည် ဘီဒိုအတွင်းတွင် သိမ်းဆည်းထားပါသဖြင့် ထပ်မံပြန်လည် ခေါ်ယူပါရှင်…

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 4:22 pm

    အင်းးးးးးးဟဲလို..လို့သာပြောနေတယ်…
    လူကြီးမင်းနဲ့တိုးတာများပါတယ်….
    တာဝါတိုင်မပြီးသေးတာနဲ့…..
    လိုင်းမမိတာတွေ သိပ်များတာပဲနော်…
    ဖုန်းပိတ်ထားတာတွေ လည်းများပါတယ်…
    ဟက်ဟက်…ကုန်မှာကြောက်လို့ပါတဲ့…
    အွန့်….ဒါဆိုဖုန်းကိုင်နဲ့………
    ဟီးးးးးးးးးးးးး

  • နှင်းဆီ ငုံ

    July 4, 2012 at 5:21 pm

    ဟဲလို ….. အန်တီ အန်တီ ဖုန်းကပြောင်းပြန်ကြီးဖြစ်နေတယ် … အော် အေး အေး – လိုဟဲ….

  • မွန်မွန်

    July 4, 2012 at 5:53 pm

    ဟယ်လို..မင်းအသံလေး…
    ဟယ်လို.. ထပ်ပြီးဝေး…

    တကယ်ကို ပြောလေဝေးလေးပဲ…ဖုန်းပြောရင် ပထမဆုံးပြောတဲ့စကားက … “အေး ကြားရလား..ပြောလို့ရလား”

  • မွန်မွန်

    July 4, 2012 at 5:58 pm

    အော်..ပြောချင်တာတောင် ပျောက်သွားပြီ….
    ဟုတ်တယ် အစ်မရေ… ဖုန်းဆိုတာကို အရေးကြုံရင် ဆက်သွယ်ဖို့အတွက်ပဲ လိုချင်တယ်… တစ်ချို့တွေများ စာသင်ခန်းထဲတောင် silent လုပ်ထားဖို့ မသိကြဘူး။ ဟိုက သီချင်းသံထွက်၊ ဒီက သီချင်းသံထွက်နဲ့ ဆရာတွေကို အားနာဖို့ကောင်းတယ်…

    ဟာသတစ်ခုက…
    ရုံးမှာ ဖုန်းပြောရတာများလို့ တစ်ခါသား တံခါးဝက ဧည့်သည်ဝင်လာတာကို လှမ်းထူးလိုက်တာ ဟယ်လို တဲ့..။ ပြီးတော့မှ ရယ်လိုက်ရတာ မောနေတာပဲ… 🙂

Leave a Reply