ကားတွေ စည်းကမ်းဖောက်တာ ဂျာနယ်တွေမှာ ရေးကြ ပြောကြတာလည်း ကြာပါပြီ။ လူတွေလည်း သေခဲ့ကြ သေဆဲပါဘဲ ။

ဒါပေမဲ့ ယာဉ်ထိန်းရဲများနှင့် လမ်းစည်းကမ်းထိန်းသိမ်းရေးကတော့ သတင်းစာထဲမှာဘဲ အစည်းအဝေးခန်းထဲမှာဘဲ လမ်းစည်းကမ်းထိန်းသိမ်းနေပါတယ်။ ဘယ်တော့များ တင်းကြပ်တဲ့ စည်းကမ်းထိန်းသိမ်းမှု့တွေလုပ်မလဲလို့ မျှော်ရင်းနဲ့ မျှော်သူမောရပါပြီ။

မီးပွိုင့်မှာ ရှိတဲ့ ယာဉ်ထိန်းရဲတွေ အရေးကြီး ယာဉ်တန်းရှိမှ ရုံထဲက ထွက်တဲ့ အကျင့် ပြင်ဖို့လိုပါပြီ။ ၀င်ငွေပိုကောင်းနိုင်မဲ့ လိုင်စင်စစ်တာ ၊ ကုန်ကားတွေ ၊ ကားငယ်တွေ လုပ်ငန်းလိုင်စင် စစ်တာတွေ ရပ်ပြီး ယာဉ်မောင်းတွေ စည်းကမ်းသေ၀ပ်အောင် ထိန်းသိမ်းတဲ့ အလုပ် ဦးစားပေးလုပ်သင့်နေပါပြီ။

စည်းကမ်းရှိတဲ့ ယာဉ်မောင်းတွေ မောင်းမရလောက်အောင် စိတ်ညစ်ညူးအောင် စိတ်မရှည်လောက်အောင်ဖြစ်နေတာတွေကို ထိန်းသိမ်းသင့်ပါပြီ။

တကယ်တော့ စည်းကမ်းရှိရင်ရန်ကုန်မြို့ က ကားတွေ ဒီလောက် လမ်းပိတ်ဆို့မူ့ မဖြစ်နိုင်ပါဘူး ။ စည်းကမ်းမရှိကြတဲ့ အတွက် ပိတ်ဆို့ ကုန်တာပါ။
နောက် လမ်းတွေမှာ ဘယ်လိုစည်းကမ်းလေးတွေ ပြောင်းလဲရင် လမ်းပိတ်ဆို့တာ သက်သာမယ် စည်းကမ်းလိုက်နာသူများ ဖြစ်မလဲဆိုတာ သုတေသနပြု လေ့လာပြင်ဆင်သင့်ပါပြီ။

ဥပမာပြောရရင် .. မီးပွိုင့်တွေမှာ ယာဉ်လိုင်း မကူးရ မျဉ်းသေတွေဟာ ယခုထက် ပို ရှည် သင့်ပါပြီ ။ ယခု ယာဉ်လိုင်းမျဉ်းသေ တွေဟာ ဟိုလွန်ခဲ့သော နှစ်ပေါင်းများစွာ ကထဲ ကအတိုင်းပါဘဲ … ကားတွေများလာတဲ့ အတွက် မျဉ်းသေလိုင်းပိုရှည်ပြီး ကားတွေ တန်းစီတဲ့ အကျင့်ဖြစ်အောင် ၀င်ရောက်ထိန်းသိမ်းသင့်ပါပြီ ။

နောက်တစ်ခု ကတော့ အချိန်ပေါ်မူတည်ပြီး ကားလမ်း ဘက်ပြောင်းမောင်းခွင့် ပေးတာပါဘဲ။ ဥပမာ .. နံနက်ရုံးတက်ချိန်ဆို မြို့ထဲဝင်တဲ့ ကားတွေများတဲ့ အတွက် မီးပွိုင့် နားတွေမှာ ကွေ့ကားကို လမ်းတစ်ဘက်ကနေ မောင်းခွင့်ပေးတာမျိုး ၊ ယာဉ်ကြော သုံးကြောက ကနေ လေးကြောအထိ တိုးမြှင့်ပြီး မောင်းခွင့်ပေးတာမျိုး လုပ်သင့်သည်ဟုထင်မြင်ယူဆမိပါသည် ။ ထို့အတူ ရုံးဆင်းချိန်ဆို မြို့ထဲမှ ထွက်ခွာတဲ့ ကားတွေဘက်ကို ယာဉ်ကြော လေးကြော ပေးတာမျိုးလုပ်သင့်ပါသည် ။ ဘန်ကောက်မြို့မှာ အဲ့ဒီလို လုပ်ဆောင်မှု့မျိုး သတိထားမိခဲ့ပါသည်။

ဒါဆိုရင် စည်းကမ်းရှိတဲ့ ယာဉ်မောင်းတွေအတွက်လမ်း တရားမျှတစွာ မောင်းခွင့်ရမှာပါ ။ ယခုတော့ စည်းကမ်းမရှိတဲ့ ကားတွေက ယာဉ်ကြော ပြောင်းပြန်မောင်းပြီး ကျော်တက်ပြီးမှ အထဲ အတင်းပြန်ဝင်တိုးနဲ့ စိတ်တို စိတ်ရူပ်စရာတွေဖြစ်စေပါသည်။

အခုလောလောဆယ် အကောင်းဆုံးဥပမာ အနေနဲ့ ပြရရင် ဦးဝိစာရ မီးပွိုင့်မှာ သစ်ပင်တွေခုတ်ပြီး ကွေ့လမ်းတိုးချဲ့ပေးလိုက်တာဟာ ယာဉ်ကြောကျပ်တည်းမှု့ကို သိသိသာသာ ကျသွားစေပါတယ် ။ စည်းကမ်းမဲ့စွာ ကွေ့လမ်းတွေကနေ မကွေ့ဘဲ တည့်တည့်သွားဖို့ ကြိုးစားကြတဲ့ ကားတွေသာ မရှိရင် ဒါထက် ယာဉ်ကြော ပိုချောမွေ့မှာပါ ။

ယာဉ်ကြောတွေ ဘယ်လောက်တိုးတိုး ယာဉ်မောင်းတွေ စည်းကမ်းမရှိရင် ကားတွေကြပ်မြဲ ကြပ်ဦးမှာပါ ။ ဒါတွေကို ကူညီထိန်းကျောင်းပေးဖို့ကတော့ ယာဉ်ထိန်းရဲတွေ ရဲ့ တာဝန်သိမှု့လုပ်ဆောင်မှု့တွေလိုအပ်နေတာပါ ဘဲ ။

ကားလမ်းတွေ မတိုးချဲ့နိုင်ခင်၊ ကားရပ်နားရန် နေရာတွေ မတည်ဆောက်နိုင်ခင်မှာ အလျင်အမြန်နဲ့ ကား ကြပ်တာတွေ လျှော့ကျအောင် ထိန်းသိမ်းပေးနိုင်တာကတော့ ယာဉ်ထိန်းရဲများ ပါဘဲ ။ အမြန်လေ့ကျင်သင်ကြားပေးနိုင်သလို ပတ္တရောင် မော်တော်ဆိုင်ကယ်များနဲ့လည်း အမြန်လုပ်ဆောင်နိုင်ပါသည် ။

စိတ်ကူးယဉ်ကောင်းပြီး ဘတ်ဂျတ် ကုန်တဲ့ မီးပွိုင့်တွေမှာ CCTV ကင်မရာတွေ တပ်မှာ တပ်တာ၊ ဘတ်စ်ကားတွေပေါ်မှာ CCTV မှတ်တမ်းကင်မရာတွေ တပ်မယ်ဆိုတာတွေကို လျှော့ချပြီး လက်တွေ့ကျတာ အမြန်လုပ်သင့်ပါပြီဖြစ်ကြောင်းဆော်သြနိုးဆော်လိုက်ပါရစေ။

တစ်ဘက်ကားလမ်း၏ အလယ်လမ်းကြောင်းထိရောက်နေသော ဘတ်စ်ကား

လမ်းကြောင်းမှန်၏ အတွင်းဆုံးလမ်းပြန်ဝင်ရန် အတင်းတိုးနေသော ဘတ်စ်ကား

မနက် ၉း၁၅ ခန့် ရုံးတက်ရက် မှာတောင် ရျင်းသွားတဲ့ ဦးဝိစာရ မီးပွိုင့် ( ကျောင်းတော့မဖွင့်သေးပါ)ယခုလို လုပ်ဆောင်ချက်အတွက် ချီးကျူးပါသည်။

တန်းစီနေတဲ့ ကားတွေ ကျော်ပြီး ရှေ့ကနေ ကျော်ဖြတ်ဝင်တဲ့ တက်စီကား ၊ သူပိတ်တော့ တည့်တည့်သွားမဲ့ ကားတွေရပ်စောင့်ပေါ့

တန်းစီနေတဲ့ ကားတွေ အားလုံးကို တစ်ဘက်ကားလမ်းကနေ ကျော်ဖြတ်သွားတဲ့ တက်စီ။ ပြီးရှေ့ကျရင် အတင်းပြန်တိုးဝင်တော့မယ်လေ။

ဒီလိုဝင်ငွေ ကောင်းမဲ့ အလုပ်ဘဲ လုပ်တော့မှာလား

ယာဉ်ထိန်းရဲတွေ ၀င်ငွေ ကောင်းတဲ့ လိုင်စင်စစ် တဲ့ အလုပ်ဘဲ လုပ်နေကြတော့မှာလား

(အပ်ကြောင်းထပ်နေတဲ့ ရိုးနေတဲ့ အကြောင်းအရာဖြစ်ပါမယ် ။ ဒါပေမဲ့ ဒီလိုဘဲ တွန်းနေမှ ရွေ့နိုင်မှာလို့ခံယူမိသည့်အတွက် ထပ်တင်ခြင်းဖြစ်ပါသည်)

About ကထူးဆန်း

has written 107 post in this Website..